အချဉ်ရည် (ငရုတ်ဆီ) စပ်ပုံ
- ငရုတ်ဆီကို ရေနွေးဖြင့်ဖျော်ပါ။
- သကြားထည့်၊ ဆားထည့်၊ ငံပြာရည် အနည်းငယ်၊ ဟင်းခတ်မူန့်၊ ထောင်းထားသော ကြက်သွန်ဖြူ၊ ဂျင်းတို့ဖြင့် ဖျော်ပါ။
ဆီချက်ပြုလုပ်ပုံ
- အသုပ် သုပ်ရာတွင် ဆီချက်သည် အဓိကကျပါသည်။
- သို့သော် ဆီကို လျှော့စားသင့်ပါသည်။
- ထို့ကောင့် မလိုအပ်သော အသုပ်များတွင် ထည့်မသုပ်သင့်ပါ။
- ဆီချက်ချက်ရာတွင် ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီ ဆီချက်ဟူ၍ နှစ်မျိုးရှိသည်။
- ဆီအိုးတည်ပြီး ဆီကျက်လျှင် လှီးထားသော ကြက်သွန်နီ(သို့) ကြက်သွန်ဖြူ ထည့်ပါ။
- နီရောင်သမ်းလာလျှင် နနွင်းမူန့် ထည့်ပါ။
- နနွင်းမူန့် အထည့်စောလျှင် ခါးတတ်သည်။ အရောင်လည်း မလှပါ။
No comments:
Post a Comment