Wednesday, 3 November 2010

ပုစွန်ဟင်းလျာနှင့် ပတ်သက်၍

ပုစွန်မီးဖုတ်သုပ်



ပါဝင်သောပစ္စည်းများ -



ပုစွန်ထုပ် = ၁၀ကောင်



ကြက်သွန်နီ = ၅လုံး



သံပရာသီး = ၁လုံး



ငရုတ်သီးစိမ်း = အနည်းငယ်



ဆား = အနည်းငယ်



ဟင်းခတ်မူန့် = အနည်းငယ်



နံနံပင် = အနည်းငယ်



ပြုလုပ်ပုံ -



- ပုစွန်များကို ရေဆေးပါ။ အခွံများ မခွားပစ်ရပါ။



- ပြီးလျှင် အကောင်လိုက် သံဆန်ခါဖြင့် မီးဖိုပေါ်တင်ဖုတ်ပါ။



- ဖုတ်ပြီး ပုစွန်များကို အခွံသင် (အရွယ်တော်လှီးထားပါ။ ခေါင်းခွံမကြိုက်လျှင် ဖယ်ပစ်ပါ။)



- လှီးထားသော ကြက်သွန်နီ၊ သံပရာသီးညှစ်ထည့်၊ ဆား၊ ဟင်းခတ်မူန့်၊ နံနံပင်တို့ဖြင့် သုပ်စားပါ။



- ငရုတ်သီးစိမ်း အနည်းငယ်ထည့်ပါ။





ပုစွန်အစိမ်းသုပ်



ပါဝင်သောပစ္စည်းများ -



ပုစွန်ထုပ်(ခေါင်းမပါ) = ၁၀ကောင်



ကြက်သွန်န = ၅လုံး



သံပရာသိး = ၂လုံး



ဆား = အနည်းငယ်



ဟင်းခတ်မူန့် = အနည်းငယ်



နံနံပင် = အနည်းငယ်



ငံပြာရည် = အနည်းငယ်



ခရမ်းချဉ်သီး = ၃လုံး



ပြုလုပ်ပုံ -



- ပုစွန်ထုပ်များကို အခွံသင်ပါ။



- ထို့နောက် သံပရာသီးညှစ်၍ နယ်ပြီး နာရီဝက်စိမ်ထားပါ။



- ထို့နောက် ပုစွန်များကို အတုံးသေး တုံးပြိး လှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မူန့်၊ ငံပြာရည် အနည်းငယ်တို့ဖြင့် သုပ်ပါ။



- ပြီးလျှင် အပေါ်မှ နံနံပင်အုပ်၍ သုံးဆောင်ပါ။



- ငရုတ်သီးစိမ်းထည့်သုပ်က ပို၍ စားကောင်းပါသည်။





ပုစွန်နှင့် ပဲကြာဆံသုပ်



ပါဝင်သောပစ္စည်းများ -



ပုစွန်ထုပ် = ၅ကောင်



ပဲကြာဆ့ = ၁၀ကျပ်သား



ကြက်သွန်နီ = ၃လုံး



ကြက်သွန်ဖြူ = ၂လုံး



သံပရာသီး = ၂လုံး



ခရမ်းချဉ်သီ = ၂လုံး



ဆား = အနည်းငယ်



ဟင်းခတ်မူန့် = အနည်းငယ်



ငံပြာရည် = အနည်းငယ်



ကြက်သွန်မိတ် = ၁စည်း



ငရုတ်သီးစိမ်း = အနည်းငယ်



သကြား = အနည်းငယ်



ပြုလုပ်ပုံ -



- ရှေးဦးစွာသုပ်ရန် အချဉ်ရည် အရင်စပ်ပါ။



- သံပရာသီးညှစ်၊ သံပရာရည်ထဲသို့ ဆားအနည်းငယ်၊ သကြား၊ ကြက်သွန်ဖြူ ထောင်းပြီးသား ထည့်၍မွှေပါ။



- အပေါ့ အငန် မြည်းပြိး လိုရာထပ်ထည့်ပါ။



- ပဲကြာဆံကို အနည်းငယ်ပြုတ်ပါ။ ပြီးလျှင် ရေအေးထဲသို့ ထည့်စိမ်ပါ။



- ပုစွန်များကို ရေအနည်းငယ်ဖြင့် ကျက်ရုံပြုတ်ပါ။



- အခွံသင်၍ လှီးထားပါ။ ထိုနောက် လှီးထားသော ပုစွန်၊ ပဲကြာဆံ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ စပ်ထားသော အချဉ်ရည်၊ ဟင်းခတ်မူန့်၊ ငံပြာရည်တို့ ထည့်နယ်ပါ။



- ငရုတ်သီးစိမ်း လှီးထည့်ပါ။ အပေါ်မှ ကြက်သွန်မိတ် အုပ်၍ သုံးဆောင်ပါ။





ပုစွန်ခြောက်သုပ်



ပါဝင်သောပစ္စည်းများ -



ပုစွန်ခြောက်အချိုခြောက် = ၁၀ကျပ်သား



ကြက်သွန်နီ = ၅လုံး



ဟင်းခတ်မူန့် = အနည်းငယ်



ငရုတ်သီးစိမ်း = အနည်းငယ်



သံပရာသီး = ၁လုံး



ပြုလုပ်ပုံ -



- ပုစွန်ခြောက်များကို အနည်းငယ်ထုလိုက်ပါ။



- ကြက်သွန်နီ ပါးပါးလှီးထည့်၊ သံပရာသီးညှစ်ထည့်၊ ဟင်းခတ်မူန့် အနည်းငယ်၊ ငရုတ်သီးစိမ်းလှီးထည့်၍ သုံးဆောင်နိုင်ပါတယ်။

- ပုစွန်ခြောက်ပေါ့လျှင် ဆားအနည်းငယ်ထည့်၍ သုပ်ပါ။





ပုစွန်ချဉ်သုပ်



ပါဝင်သောပစ္စည်းများ -



ပုစွန်ချဉ် = ၁၀ကျပ်သား



ကြက်သွန်နီ = ၅လုံး



ဆီ = နှစ်ကျပ်ခွဲသား



ငရုတ်သီးစိမ်း = အနည်းငယ်



နံနံပင် = အနည်းငယ်



ဟင်းခတ်မူန့် = အနည်းငယ်



ပြုလုပ်ပုံ -



- ကြက်သွန်ပါးပါးလှီးပြီး ရေဆေးဆန်ခါနှင့် စစ်ထားပါ။



- နံနံပင်၊ ငရုတ်သီးစိမ်း လှီးထားပါ။



- ပုစွန်ချဉ်ကို ထမင်းများ ဖယ်ပစ်ပါ။



- ပြီးလျှင် အတုံးသေးသေးလှီး၊ စစ်ထားသော ကြက်သွနနီထည့်၊ နံနံပင်ထည့်၊ ငရုတ်သီးစိမ်း၊ ဆီစိမ်း၊ ဟင်းခတ်မူန့် အနည်းငယ်ထည့်၍ သုပ်ပါ။



- အရောင်ကြိုက်လျှင် ငရုတ်လှော်မူန့် ထည့်၍ သုံးဆောင်ပါ။





ပုစွန်လှော်သုပ်



ပါဝင်သောပစ္စည်းများ -



ပုစွန်ကျော့သေးသေး = ၅၀ကျပ်သား



ကြက်သွန်နီ = ၃လုံး



သံပရာသီး = ၁လုံး



ဟင်းခတ်မူန့် = အနည်းငယ်



ဆား = အနည်းငယ်



ငရုတ်သီးစိမ်း = အနည်းငယ်



ငံပြာရည် = အနည်းငယ်



ပြုလုပ်ပုံ -



- ပုစွန်ကျော့သေးသေးများကို ရေဆေး၊



- ပြီးလျှင် ဒယ်အိုးထဲထည့်၊ ဆား အနည်းငယ်ထည့်၍ လှော်ပါ။



- ပြီးလျှင် လှီးထားသော ကြက်သွန်နီ၊ လှော်ထားသော ပုစွန်များ ရောထည့်ပါ။



- သံပရာသီး ညှဏ်၊ ငံပြာရည် အနည်းငယ်၊ ဟင်းခတ်မူန့်တို့ဖြင့် သုပ်စားပါ။



- ငရုတ်သီးစိမ်း ထည့်၍စားလျှင် အလွန်စားကောင်းပါသည်။





ပုစွန်ခွက်ကြော်သုပ်



ပါဝင်သောပစ္စည်းများ



ပုစွန်အရွယ်တော် = ၂၀ကျပ်သား



ပဲပင်ပေါက် = ၂၀ကျပ်သား



ပဲမူန့် = ၂၀ကျပ်သား



ကြက်သွန်နီ = ၅လုံး



ဆန်မူန့် = ၁၀ကျပ်သား



ကောက်ညှင်းမူန့် = ၅ကျပ်သား



ဆား = အနည်းငယ်



သခွားသီး = ၁လုံး



ဆိုဒါ = အနည်းငယ်



ငရုတ်ဆီ = အနည်းငယ်



ဆီ = အနည်းငယ်



ပြုလုပ်ပုံ -



- ပုစွန်များကို ရေဆေး၍ စစ်ထားပါ။ အခွံမသင်ပါနှင့်။



- ပဲမူန့်၊ ကောက်ညှင်းမူန့်နှင့် ဆန်မူန့်တို့ကို ဆားအနည်းငယ်ဖြင့် မပျစ်မကျဲ ဖျော်ထားပါ။



- ပြီးလျှင် ပုစွန်နှင့် ပဲပင်ပေါက်များကို ဆိုဒါမူန့် အနည်းငယ်ထည့်ပြီး နယ်ပါ။



- ဆီအိုးပူလျှင် ဇွန်းခွက်ကြီးထဲသို့ ထည့်၍ ကြော်ပါ။ ပုစွန်ခြောက်ကြော် ဖြစ်လာပါမည်။



- ထိုပုစွန်ခွက်ကြော်ကို ပန်ကန်ထဲထည့်၍ ကတ်ကြေးဖြင့် ညှပ်ပါ။



- ပြီးလျှင် လှီးထားသော သခွားသီး၊ ဟင်းခတ်မူန့်တို့ကို ထည့်ပြီး ငရုတ်ဆီ အချဉ်ရည်ဖြင့် ဖွဖွရောနယ်၍ သုပ်စားပါ။





No comments:

Post a Comment