ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 22 January 2011

အဋ္ဌာနမေတံ ပါဠိ


ဂါထာဖြစ်ပေါ်လာပုံ

မြတ်စွာဘုရားရှင်ကို ဒေ၀ဒတ် လုပ်ကြံသတ်ဖြတ်ရာ၌ မြတ်စွာဘုရားသည် မိမိ၏ အသက်ကို သူတပါးတို့ မသတ်ဖြတ်နိုင်ကြောင်း “အဋ္ဌာန မေတံ” အစရှိသော ပဠိတော်ကို ဟောကြားတော်မူခဲ့သည်။

ပါဠိ

အဋ္ဌာန မေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာဝေါရောပေယျေ၊ အနုပက္က မေန ဘိက္ခ၀ တထာဂတာ ပရိနိဗ္ဗာယန္တိ။

မြန်မာပြန်

ရဟန်းတို့ --- သူတပါး လုံ့လ ပယောဂဖြင့် မြတ်စွာဘုရားကို လုပ်ကြံသတ်ဖြတ်ရန် အကြောင်းမရှိ၊ အခွင့်အလမ်းမရှိ။ သူတပါး လုံ့လပယောဂ မဖက် မိမိသဘောသက်သက်ဖြင့်သာလျှင် မြတ်စွာဘုရား တို့သည် ပရိနိဗ္ဗာန်ဝင်စံကြကုန်၏။

No comments:

Post a Comment