၁။ ပထမ စက္ကာနုဝတ္တနသုတ်
စကြာရတနာကို လည်စေကြောင်း အင်္ဂါရပ်
ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် စကြ၀တေးမင်းသည် စကြာရတနာကို ကုသိုလ် ကမ္မပထတရား ၁၀-ပါးဖြင့်သာ လည်စေသည်။
ထိုစကြာရတနာကို ရန်သူ လူသတ္တ၀ါ တစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်။
ယင်း ၅-မျိုးမှာ -
ဤလောက၌ စကြ၀တေးမင်းသည် -
၁။ တိုင်းသူပြည်သား၏ အကျိုးစီးပွားကိုလည်း သိသည်။
၂။ မင်းတို့ရိုးရာ စဉ်လာမပြတ် ပြုကျင့်အပ်သော တရားကိုလည်း သိသည်။
၃။ ပြစ်ဒဏ် သတ်မှတ် စစ်တပ်ဗိုလ်ပါ အတိုင်းအရှည်ကိုလည်း သိသည်။
၎။ မင်းစည်းစိမ် ခံစားချိန် စသော အခါကာလကိုလည်း သိသည်။
၅။ မင်း, ပုဏ္ဏားစသော ပရိသတ်အမျိုးအစားကိုလည်း ခွဲခြားသိသည်။
ဓမ္မစကြာကို လည်စေကြောင်း တရား
ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် အရဟံဂုဏ်ရှင် သမ္မာဂုဏ်ရှင် မြတ်စွာဘုရားသည် အတုမရှိသော ဓမ္မစက်ကို လောကုတ္တရာတရား ၉-ပါးဖြင့်သာ လည်စေတော်မူသည်။
ထိုဓမ္မစက်ကို လောက၌ သာမဏ, ဗြာဟ္မဏ, နတ်, မာရ်နတ်, ဗြဟ္မာ မည်သူ တစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်။
ယင်း ၅-မျိုးမှာ -
ဤလောက၌ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသည် -
၁။ သူကျိုး, ကိုယ်ကျိုး နှစ်မျိုးရောမြှောက် မျက်မှောက်တမလွန် ငါးတန်သော အကျိုးစီးပွါးကိုလည်း သိတော်မူသည်။
၂။ သစ္စာလေးပါး တရားကိုလည်း သိတော်မူသည်။
၃။ ပစ္စည်းလေးပါးတို့၌ ခံယူ, သုံးဆောင်မူ အတိုင်းအရှည်ကိုလည်း သိတော်မူသည်။
၎။ အခါကာလကိုလည်း သိတော်မူသည်။
(တစ်ပါးတည်း ကိန်းအောင်းချိန်, သမာပတ်ဝင်စားချိန် စသော အခါ)
၅။ ပရိသတ်ကိုလည်း သိတော်မူသည်။
ဆောင် - အကျိုး တစ်ဖြာ၊ စဉ်လာ တရား၊ တိုင်းရှည်များပါ၊ အခါ, ပရိသတ်၊ ငါးရပ် သိမြင်၊ စကြာရှင်၊ တွင်တွင် စကြာရတနာ လည်စေသူ။
ပထမသုတ် ပြီး၏။

Tuesday, 15 March 2011
၁၄။ ရာဇ၀ဂ် (ဘုရင်နှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
ညီမလေးရေ..
ReplyDeleteနေကောင်းလား..။ မရောက်တာကြာသွားပြီ.။
ခုမှရောက်ခဲ့တယ်ညီမလေးရေ..။
အစစအရာရာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အဆင်ပြေ ချောမွေ့ပါစေ.
ခင်မင်တဲ့
သဒ္ဓါ