ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 30 April 2011

၈။ ဥဿူရဘတ္တသုတ်


ရဟန်းတို့ ! နေမြင့်မှ ထမင်းချက်သည့် အိမ်၌ဖြစ်သော အပြစ် ၅-မျိုးဟူသည်မှာ -

၁။ ခရီးသွား ဧည့်သည်တို့ကို အချိန်မီ မပူဇော်နိုင်။

၂။ ဗလိနတ်စာ ခံယူကြမည့် နတ်တို့ကို အချိန်မီ မပူဇော်နိုင်။

၃။ သမဏ, ဗြာဟ္မဏတို့ကို အချိန်မီ မပူဇော်နိုင်။
သမဏ, ဗြာဟ္မဏ တို့သည် တစ်ထပ်သာ စားကြသည်၊ ညဉ့်စာစားခြင်းမှ ရှောင်ကြဉ်ကြသည်၊ နေလွဲစာ စားခြင်းမှ ရှောင်ကြဉ်ကြသည်။

၎။ ကျွန်, အမှူလုပ် ယောက်ျားတို့သည် မျက်နှာ မသာယာဘဲ အလုပ်ကို လုပ်ကြသည်။

၅။ အခါမဲ့၌ စားသမျှ ထမင်းသည် သြဇာမရှိ။


အချိန်မီ ထမင်းချက်သော အိမ်၌ ရသော အကျိုး ၅-မျိုးဟူသည်မှာ-

၁။ ခရီးသွား ဧည့်သည်တို့ကို အချိန်မီ ပူဇော်နိုင်သည်။

၂။ နတ်တို့ကို အချိန်မီ ပူဇော်နိုင်သည်။

၃။ သမဏ, ဗြာဟ္မဏတို့ကို အချိန်မီ ပူဇော်နိုင်သည်။

၎။ ကျွန်, အမူလုပ် ယောက်ျားတို့သည် မျက်နှာကြည်သာစွာ အလုပ်လုပ်ကြသည်။

၅။ အချိန်မီ စားသမျှ ထမင်းသည် သြဇာရှိသည်။

ဆောင် - နောက်ကျ၍၀ယ်၊ ထမင်းတည်ကြောင့်၊ ဧည့်သည်နှင့် နတ်၊ သူမြတ်ရဟန်း၊ မလှူဒါန်းနိုင်၊ တစ်စိုင် အလုပ်သမား၊ စိတ်ထား ငြိငြင်၊ အလုပ်ဝင်ကြ၊ နောက်ကျ အစာ၊ သြဇာ မဖြစ်၊ ဤငါးဆစ်၊ မှတ်လစ် အပြစ်များ။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment