ဗီယက်နမ် အမျိုးသားတစ်ယောက်ဟာ သေဆုံးသွားတဲ့ သူ့ဇနီးအလောင်းကို တူးယူကာ အိမ်သို့ပြန်သယ်လာပြီး ရွံ့စေးနှင့် ပုံစံခွက်လုပ်၍ ဖုံးအုပ်ကာ သူ့ရဲ့အိပ်ယာဘေးမှာ ညစဉ်တိုင်းဖက်အိပ်လာတာ လွန်ခဲ့တဲ့ငါးနှစ်လောက် ကတည်းကဖြစ်ပါတယ်။ ၅၅ နှစ်အရွယ်ရှိတဲ့ လီဗန်ဟာ ဗီယက်နမ် ကွမ်းနန်ခရိုင် ဟလမ်း မှာနေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။
ဖော်ပြချက်တစ်ခုကတော့ ပထမမှာ လီဗန်ဟာ ၂ဝဝ၃ ခုနှစ် ကတည်းက သေဆုံးသွားပြီဖြစ်တဲ့ သူ့မိန်းမရဲ့ အုတ်ဂူပေါ်မှာ သွားအိပ်ပါတယ်။ ဒီလို တစ်နှစ်ခွဲလောက် ကြာခဲ့တော့ လီဗန် ဆုံးဖြတ်ချက်ချပြီး သူ့မိန်းမမြှုပ်တဲ့ အုပ်ဂူဘေးမှာ လှိုဏ်ဂူတစ်ခုတူးပြီး သူ့မိန်းမဘေးမှာ အတူသွားအိပ်ခဲ့တယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် အရင်ကလို မိုးဒါဏ်လေဒဏ်တွေ မခံရတော့ပါဘူး။
အဲ့လိုနဲ့ဘဲ တဖြည်းဖြည်း သူလုပ်နေတာကို အိမ်နီးချင်းတွေနဲ့ ရပ်ကွက် အာဏာပိုင်တို့က သူ့ကို ထိုကဲ့သို့မလုပ်ပဲ ရပ်ပစ်ဖို့ပြောတော့ ဗန်ဟာ ၂ဝဝ၄ ခုနှစ်မှာ ရပ်တန့်ခဲ့ရပါတယ်။ နောက် ၂ဝဝ၄ နိုဝင်ဘာလမှာ ဗန်ဟာ သူ့မိန်းမအုတ်ဂူရှိတဲ့နေရာကို ပြန်လည်ရောက်လာပြီး မိန်းမရဲ့ ရုပ်အလောင်းကို တူးယူကာ အိမ်သို့ ပြန်လည်ယူဆောင်လာခဲ့ပါတယ်။ ဗန်နဲ့ သူ့သားလေးဟာ ညတိုင်းမအိပ်ခင် သေဆုံးသွားတဲ့ ဇနီးရဲ့ အလောင်းကိုဖက်ပြီးမှ အိပ်ပါတယ်။
“ ကျွန်တော်က လူတစ်ယောက်ဖြစ်ပေမဲ့ သာမန်လူ တစ်ယောက်ရဲ့ဘဝကို မကြိုက်နှစ်သက်ဘူး .. နည်းနည်းလေးတော့ ထူခြားမှပါ.. ကျွန်တော့်မိန်းမက ခန္ဓာကိုယ်ပဲ သေသွားတာပါ ဝိဉာဉ်ကမသေးပါဘူး ကျွန်တော်တို့နဲ့ အတူ အဖော်ပြုနေပါတယ်.. သူနဲ့သွားအိပ်တဲ့အခါမှာလည်း ကျွန်တော်ကြောက်စိတ်လုံးဝမရှိပါဘူး။ ” အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး လိုက်လံ စစ်ဆေးနေပါတယ်။
သေတဲ့ လူကို မီးရှို့ခြင်း သို့မဟုတ် မြေမြုပ်ခြင်း ပြုရပါမယ်။ ထိုအလောင်းဟာ မြေမြုပ်ထားတယ်ဆိုရင်လည်း ဒါမျိုးသယ်လာလို့ မရဘူးဆိုတာ ဥပဒေရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment