ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 15 July 2012

ပင်အပ်တစ်ချောင်းဖြင့် ကြက်ဥခွံများကို ဖောက်ထွင်းကာ အလွန်ထူးဆန်းသောပန်းပုများ ပြုလုပ်



ဆလိုဗေးနီးယား အနုပညာသမားဖရန့်ဂရွမ် (၇၂ နှစ်)သည် ကြက်ဥခွံများကို ပင်အပ်ဖြင့် ဖောက်ထွင်းကာ အလွန်ထူးဆန်းသော ပန်းပုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ သူသည် ကြက်ဥများကို ထိပ်၌ အပေါက်သေးသေးဖောက်ကာ အရည်များကို ဖောက်ထုတ်လိုက်ပြီး ပန်းပုပြုလုပ်ခြင်းဖြစ်သည်။ သူသည် ပင်အပ်အရွယ်အသွားကို အသုံးပြုသည့် လျှပ်စစ်ဖောက်စက်ကို အသုံးပြုသည်။ သူသည် ယင်းရှားရှားပါးပါး ကြက်ဥအနုပညာကို ဖန်တီးလာခဲ့သည်မှာ ၁၈နှစ်ရှိပြီဟုဆိုသည်။ ဂရွမ်သည် ဆလိုဗေးနီးယားနိုင်ငံ မြို့တော်အနီးရှိ စတာရာဗာနီကာရွာကလေး၌ နေထိုင်လျက်ရှိကြောင်း သိရသည်။ သူသည် သူ၏ကြက်ဥပန်းပုတစ်ခုကို ဒေါ်လာ၅၀၀ ဖြင့်ရောင်းချပြီး ဆလိုဗေးနီးယား၊ အိန္ဒိယ၊ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့၌ ပြပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မူရင်းလင့်ခ် ရဲဇော်ကို(မလေး) ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment