ကိရိယက ပြုခြင်း၊ အ, က မရှိလို့ အဓိပ္ပါယ်ရတယ်၊ ပြုသော်လည်း ပြုရာမရောက်ဘူးလို့ ဆိုလိုတယ်၊ ကုသိုလ်, အကုသိုလ်တွေကို ပြုနေပေမဲ့ ပြုရာမရောက်ဘူး၊ ပြုသည် မမည်ဘူးလို့ ယူဆတဲ့ဝါဒဘဲ၊ ဒီဝါဒ အတော်ကြောက်စရာ ကောင်းတယ်၊ လူတစ်ယောက်ကို ဓားနဲ့ ထိုးသတ်တယ်ဆိုပါစို့။ လူ့ခန္ဓာကိုယ်ဆိုတဲ့ ရုပ်ဝတ္ထုဒြပ်ကြီးထဲကို ဓါးဆိုတဲ့ ရုပ်ဝတ္ထုဒြပ်ဝင်ရောက်သွားခြင်းသာ ဖြစ်တယ်၊ အကုသိုလ်ဆိုတာမရှိဘူး၊ ဒီလို ကြံစည်တဲ့ဝါဒ ဖြစ်တယ်။
ဒီဝါဒက နာမ်တရားရဲ့ စွမ်းအင်ကို ထည့်မစဉ်းစားဘူး၊ ရုပ်ဝတ္ထုဒြပ်ကိုသာ စဉ်းစားတဲ့ဝါဒဘဲလို့ ဆိုရမယ်၊ ဒါပေမယ့် အဲဒီမိုက်ရူးရဲတွေက ခေတ်အဆက်ဆက်မှာ ရှိနေတတ်တာဘဲ၊ ဒါကြောင့် ဒီဝါဒတွေ ရပ်တည်နိုင်တာပေါ့။
ဒီအကိရိယ၀ါဒဆိုတာ အကြောင်းကံကို ပယ်တဲ့ ၀ါဒဖြစ်တဲ့အတွက် ရှေးက အဟေတုက၀ါဒနဲ့ ဆင်တယ်လို့ဆိုရမယ်၊ ရှေးဝါဒက ပစ္စုပ္ပန်ဖြစ်ပေါ်နေတဲ့ အကျိုးတရားတွေရဲ့ ထူးခြားချက်ကို မြင်နေရသော်လည် အဲဒီ ထူးခြားချက်တွေဟာ အကြောင်းမရှိဘဲ ဖြစ်တာလို့ယူဆတယ်၊ အတိတ်အကြောင်းကို ပယ်တာပေါ့ နောက်ဝါဒက ပစ္စုပ္ပန်မှာပြုမူနေတဲ့ အပြုအမူတွေဟာ အနာဂတ်အကျိုးအတွက် အကြောင်းမဖြစ်စေဘူးလို့ ယူဆတာပါဘဲ။
မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။
No comments:
Post a Comment