သုံးလောကထွတ်ထား မြတ်စွာဘုရားသည် ကုသိနာရုံပြည် မြို့အ၀င်လမ်းကွေ့ရှိ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ၀င်ရောက်တော်မူပြီး -
“အာနန္ဒာ ... အင်ကြင်းပင်ပျိုတို့၏ကြား မြောက်ဘက်သို့ ဦးခေါင်းထားကာ ခုတင်ညောင်စောင်းကို ခင်းလော့၊ ငါဘုရား ပင်ပန်းတော်မူလှပြီ။ လဲလျောင်းတော်မူတော့အံ့”ဟု မိန့်တော်မူသည်။
ထိုအချိန်၌ အင်ကြင်းပင်တို့သည် အခါမဲ့ ပင်လုံးကျွတ် ပွင့်ကြကုန်၏။ မြတ်စွာဘုရား ကိုယ်တော်ပေါ်သို့ အင်ကြင်းပန်းဝတ်မူံတို့သည် သင်းထုံ ကြဲဖြန့်လျက် ကြွေကြကုန်၏။ ကောင်းကင်မှ နတ်ပန်းနံ့သာတို့သည်လည်း ကိုယ်တော်ပေါ်သို့ ကျရောက်လာကုန်၏။ နတ်တို့ပူဇော်သော တူရိယာဂီတသံများကိုလည်း ကြားကြရကုန်၏။ စကြ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည် နေရာမလပ် ဆည်းကပ်ပူဇော်လာကြကုန်၏။
လွှတ်တော်ညီလာခံ လုပ်နေချိန်မှာ ရှင်အာနန္ဒာ၏ ပြောကြားချက်အရ ကုသိနာရုံပြည်သား မလ္လာမင်းသား မင်းသမီးများသည် ဦးခေါင်းထက်၌ မိုးကြိုးစက်ကျသည့်ပမာ လွန်စွာတုန်လူပ်ချောက်ချားကာ မြတ်စွာဘုရားထံသို့ ငိုယို ပြေးလွှားလာကြသည်။ မလ္လာမင်းသားတို့အား တရားဟောနေခိုက် ရှင်အာနန္ဒာ ဘုရားရှင်အနားမှ တိတ်တဆိတ် ထွက်သွား၏။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Thursday, 15 September 2011
မြတ်စွာဘုရား၏ နောက်ဆုံးနေ့
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment