တရားဂုဏ်တော် (၆)ပါး ပါဠိ
- သွာက္ခာတော ဘဂ၀တာ ဓမ္မော
- သန္ဒိဌိကော
- အကာလိကော
- ဧဟိပဿိကော
- သြပနေယျိကော
- ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။
အနက်အကျဉ်းချုပ်
(၁) ဘဂ၀တာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်၊ ဆယ်ပါးသော တရားတော်မြတ်ကို။ သွာက္ခာတော၊ ကောင်းစွာ ဟောကြားတော်မူအပ်ပါပေ၏။
(၂) သိန္ဒိဋ္ဌိကော၊ ကျင့်ဆဲခဏ ယခုဘ၀၌ပင်လျှင် သိမြင်ခံစားရသော တရားတော်ဖြစ်ပါပေ၏။
(၃) အကာလိကော၊ အခါမလင့် ကောင်းကျိုး ချမ်းသာကို ပေးတတ်ပါပေ၏။
(၄) ဧဟိပသိကော၊ လာပါ၊ ရူပါ၊ ကျင့်ကြပါ ဟု ဖိတ်ခေါ် ထိုက်သောတရား ဖြစ်တော်မူပါပေ၏။
(၅) သြပနေယျိကော၊ ကိုယ်၌မကွာ ကပ်၍ ဆောင်ထားအပ်သော တရားတော်ဖြစ်ပါပေ၏။
(၆) ၀ိညို၊ ပညာရှိတို့သည်သာလျှင်။ ပစ္စတ္တံ ဝေဒိတဗ္ဗော၊ ကိုယ်စီကိုယ်င ခံစား သိမြင်ရသော တရားတော်ဖြစ်ပါပေ၏။
တရားဂုဏ်တော် ကဗျာ
တရားစစ်မှန် ကျင့်ကြံကြမှ၊
ချမ်းသာသုခ ရနိုင်မည်။
တရားတုတွေ ကျင့်နေကြလို့၊
ဗုဒ္ဓ၀ါဒ ပြယ်ရသည်။
ယခုမြန်မြန် အမှန်လမ်းသို့၊
တဖန်လှမ်းဖို့ ချိန်တော်ပြီ။
သို့မှတိုင်းပြည် ဘာသာရေးကြောင့်၊
သာယာအေးဆေး ရှိလိမ့်မည်။
တရားဂုဏ် အာရုံပြုရကျိုး
တရားမြတ်ဂုဏ် အာရုံညွတ်လို့၊
မပြတ်မလပ် အောက်မေ့လျှင်။
အမြဲတမ်းသာ ကောင်းစွာနိုးလို့၊
ကြီးမားဖွံ့ဖြိုး အကျိုးထင်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Sunday, 18 September 2011
တရားဂုဏ်တော် (၆)ပါး
အမျိုးအစား/ကဏ္ဍ
ဘုရားရှိခိုးခြင်းဆိုင်ရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment