ဖြေးဖြေးချင်းဟပါ Snappy ရာ...
Gently does it: Tueanjhai Pimsan manages to get her crocodile friend 'snappy' to open his powerful jaws
" အား !!!! " လို့ အော်မိမှာတော့ အသေအချာပါပဲ.... မြင်ကွင်းကတော့ မိန်းမလှလေးတစ်ယောက် တောရိုင်းတိရိစ္ဆာန် မိကျောင်းကြီးတစ်ကောင်နှင့် အသက်ကိုရင်းပြီး အလောင်းအစားလုပ်နေသည့် အသည်းယားစရာအခိုက်အတန့် ပြကွက်တစ်ခုပဲဖြစ်ပါတယ်... အသက် ၂၇ နှစ်အရွယ်ရှိ လှပျိုဖြူလေးကတော့ အချိုသာဆုံးအပြုံးနဲ့ သာမန်လူတစ်ယောက် တွေးပင်မတွေးဝံ့ လောက်သည့် လုပ်ရပ်အဖြစ် သေမင်းတမန် မိကျောင်းကြီး၏ ပါးစပ်အတွင်းသို့ သူမရဲ့ ဦးခေါင်းကို ထည့်ပြနေတာပဲဖြစ်ပါတယ်... သစ်သားအပိုင်းအစကလေးတစ်ခုကို အသုံးပြုကာ ထိုင်းမလေး တွင်ဂျိုင်ပင်ဆန်ဟာ မိကျောင်းကြီးကို ၎င်းရဲ့ ပါးစပ်ကို ဟခိုင်းစေပြီး သူမရဲ့ ဦးခေါင်းကို ထိုပါးစပ်အတွင်း စက္ကန့် ၃၀ ကြာမျှထားပြခဲ့ပါတယ်..
တစ်ကနေ သုံးဆယ်အထိ ရေတွက်ထားနော်... မတွေးရဲစရာပါပဲ...အခုနေများ မိကျောင်းကြီးနှာချေလိုက်ယင်....
Easy does it! Tueanjhai Pimsan stays completely at ease as she puts her head inside the Snappy's mouth for a full 30 seconds
Easy does it! Tueanjhai Pimsan stays completely at ease as she puts her head inside the Snappy's mouth for a full 30 seconds
သူမနှင့် ရေသတ္တ၀ါတို့ရဲ့ ဘုရင်မိကျောင်းကြီးတို့အကြား နားလည်ယုံကြည်စိတ်ချမှုကြောင့် Snappy လို့  တိစ္ဆာန်ရုံ ၀န်ထမ်းများကချစ်စနိုးခေါ်ကြတဲ့ မိကျောင်းကြီးရဲ့ ပါးစပ်ထဲကနေ မိန်းမလှလေး တွင်ဂျိုင်ဟာ အံ့သြစရာကောင်းလောက် အောင်ပင် ဘေးမသီရန်မခ၊ အထိအခိုက်မရှိ ပြန်ထွက်ပြနိုင်ခဲ့ပါတယ်... အဆိုပါ မိကျောင်းနဲ့ လှပျိုဖြူလေးတို့ဟာ မယုံကြည်နိုင်ဖွယ်ရာ ပြကွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်မျှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီးရှိ ဆရီရာချာ တိရိစ္ဆာန်ရုံမှာ တင်ဆက်ပြသလျှက်ရှိနေပါတယ်...
မိန်းမချောလေးတွင်ဂျိုင် ကိုသူ့ရဲ့တည်ငြိမ်အေးချမ်းလှတဲ့ မတုန်မလှုပ်ဟန်နဲ့ တုန့်ပြန်ခဲ့ပေမဲ့ Snappyမိကျောင်းကြီးကတော့ အစာစားချိန်မှာ ကြက်တွေကို အကောင်လိုက်ဝါးမြိုစားတတ်တဲ့ အသားစားတိရိစ္ဆာန်ကြီး ဖြစ်နေပါတယ်..." ဒီလိုသရုပ်ဆောင်ရတိုင်း ကြောက်စိတ်မဖြစ်မိပါဘူး... ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုလုပ်နေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့တဲ့အပြင် တစ်ခါမှလည်း ထိခိုက်ဒါဏ်ရာရမှု မရှိခဲ့လို့ပါပဲ... လူအများစုကတော့ ဒီလိုလုပ်တာဟာ ရူးလို့၊ စိတ်မမှန်တဲ့ သူတစ်ယောက်ရဲ့ အပြုအမူလို့ ထင်မယ်ဆိုတာ ကျွန်မသိပေမယ့် ဒါဟာ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း အလုပ် ဖြစ်သလို ဒီလိုစွန့် စားပြရတာကိုလည်း နှစ်သက် သဘောကျမိပါတယ်..."" ကျွန်မ ဒီမှာ အလုပ်လုပ်နေခဲ့ တာ ခြောက်နှစ်ရှိခဲ့ ပြီး ကျွန်မရဲ့ ခင်ပွန်းဖြစ်သူ ၀မ်ချိုင်းလည်း ဒီမှာပဲ အလုပ်လုပ်နေပါတယ်... ကျွန်မ မိကျောင်းတွေနဲ့ အလုပ်လုပ်တဲ့အခါ သူတို့ကို စိတ်ချယုံကြည်ရပြီး လေးစားရပါတယ်... အချိန်တွေကြာလာတာနဲ့အမျှ သူတို့ ဘယ်လိုသွားလာလှုပ်ရှားတယ်ဆိုတာ သိရှိနားလည်လာပြီး သူတို့ကလည်း ကျွန်မတို့အကြောင်းကို သိရှိနားလည်သွားကြတာပါပဲ..." လို့ သူမကရှင်းပြခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ နေထိုင်လျှက်ရှိတဲ့ အသက် ၅၀ အရွယ်ရှိ ဓါတ်ပုံဆရာ တိုနီဟန်းစ်ကုမ့်ဘ် ဟာ အဆိုပါ မိကျောင်းနဲ့လှယမင်း တို့ရဲ့အံ့ဖွယ်ရာ ပြကွက်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်..." ကျွန်တော့်ဖြင့်တစ်ခါမှ ဒီလိုမျိုးမမြင်ဘူးခဲ့လို့ ပထမဦးဆုံးအကြိမ် စတွေ့လိုက်ရတော့ အကြီးအကျယ်ကို အံ့သြတုန်လှုပ်သွားခဲ့ရပါတယ်... မိန်းကလေး တွင်ဂျိုင်နဲ့ ကြောက်စရာ မိကျောင်းကြီးတို့အခုလို ဘာမှမဖြစ်ပဲ သရုပ်ဆောင်ပြနိုင်တာကိုက တစ်ကယ့်ကို မယုံကြည်နိုင်လောက်စရာ ကောင်းလှပါတယ်..." လို့ သူကထပ်ပြောပြခဲ့ပါတယ်...
ပိုက်ဆံမရယင်လည်း နေပါစေတော့ .... အဲဒီလိုမျိုးတော့ မလုပ်ခိုင်းရက်ပါဘူး... မတော်လို့များ မိကျောင်းက စိတ်ဖောက်ပြန်ပြီး ကိုက်လိုက်ယင် ပြန်လမ်းရှိတော့မှာ မဟုတ်ဘူး...
(from ကိုပီတာရဲ့အတွေးပုံရိပ်များ )မှ ပြန်လည်တင်ပြသည်။
မူရင်းလင့်ခ် ရဲဇော်ကို(မလေး) ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။


No comments:
Post a Comment