မိခင်ကျားမကြီးဟာ မမွေးဖွားရသေးခင်မှာပဲ ကိုယ်ဝန်သက်တမ်းမရင့်သေးပဲ သူ့ကလေးကို ဆုံးရှုံးလိုက်ရတယ်။ စိတ်ဓါတ်တွေ တအားထိုးကျသွားပြီး မိခင်ကျားမကြီးရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်းဆိုးရွားလာခဲ့တယ်။ တိရိစ္ဆာန်ဆေး ကုဆရာဝန်တွေက ကျားမကြီးမှာ စိတ်ကျရောဂါ စွဲကပ်နေပြီလို့ အတည်ပြုခဲ့ကြတယ်။ ဒါကြောင့်သူတို့ဟာ ၀က်ပေါက်လေးကို ကျားအ၀တ်အစား ပေးပတ်ပြီး ကျားမကြီးအနားချပေးထားခဲ့ကြတယ်။ ကျားမကြီးဟာ အလွန်ပဲ စိတ်လှုပ်ရှားသွားပြီး ဒီဝက်ပေါက်လေးတွေကို သူ့သားရင်းတွေမခြား ချစ်ခင်သွားခဲ့တယ်။
မူရင်းလင့်ခ် ရဲဇော်ကို(မလေး) ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:
Post a Comment