တစ်ဘ၀လုံးကို ၁၅၀၀နဲ့ ရောင်းစားပစ်ရဲတဲ့ အချစ်သူရဲကောင်း ပုဂ္ဂိုလ်များအတွက် လိမ်လိမ်မာမာနဲ့ချစ် သူကောင်း လုပ်နည်းလေး တင်ဆက်လိုက်ပါတယ်။
အလိုက်သိပါစေ
ချစ်သူကောင်းတစ်ယောက်စာ ကိုယ့်ချစ်သူရဲ့အလိုက်ကို အမြဲကြည့်နေတယ်။ ချစ်သူကို ဘယ်လို ပျော်ရွှင် အောင်ထားမလဲဆိုတာ အမြဲလိုက်ကြည့်နေတတ်တယ်။ မိန်းမတစ်ယောက်ကို ပျော်အောင်ထား ဖို့ဆိုတာ နည်းနည်းတော့ စိတ်ရူပ်ရမယ့် အခြေအနေပါပဲ။ ဒါပေမဲ့နည်းကောင်းတစ်ခုကတော့ ကိုယ့်ချစ်သူအား အခါအခွင့်အလိုက် လိုက်လျောညီထွေးစွာနဲ့ ချီးကျူးပြောဆိုပေးခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ချစ်သူဝတ်တဲ့အ၀တ်အစားပေါ်မှု တည်၍ သော်လည်းကောင်း၊ ရုပ်ပန်းသွင်ပြင်တို့အပေါ်မှုတည်၍ သော်လည်းကောင်း ချီးကျူးပြောဆိုပေးခြင်းဖြင့် ကိုယ့်ချစ်သူအား သာမန်ထက်ပို၍ ထူကဲတဲ့သူအဖြစ် အထင်ရောက်ရှိနေပါစေ။
ဂရုပြုပေးပါ
မိန်းမတွေထဲမှာ မိန်းမမဆန်တဲ့ မိန်းမတွေရှိပေမယ့် မိန်းမအများဟုကတော့ အလှအပနဲ့ ကင်းကွာပြီး မနေနိုင်ပါဘူး။ ဘယ်လောက်ပဲ အလှအပမကြိုက်အုန်းတော့ ကိုယ့်ချစ်သူရဲ့ အာရုံစိုက်မှု၊ အလေးထားမှု ကိုတော့ရရှိအောင် အတတ်နိုင်ဆုံးကြိုးစားပြီး ပြင်ဆင်တတ်ကြတယ်။ ဒီလို ပြင်ဆင်တဲ့အခါမှာလည်း အချိန်ပေးပြီး ပြင်ဆင်ရတာဖြစ်လို့ ကိုယ်ချစ်သူရဲ့ ဂရုစိုက်မှုကို လိုချင်တတ်ကြတယ်။ ဒါကြောင့် ချစ်သူ ကောင်းဖြစ်ချင်တဲ့ ယောက်ျားလေးတစ်ယောက်ဟာ ကိုယ့်ချစ်သူရဲ့ တကူးတက ပြင်ထားတဲ့ အလှအပတို့ကို အလေးအနက်ထားပြီး ထုတ်ဖော်ချီးကျူးပေးရမှာ ဖြစ်တယ်။
လေးစားမှုပေးလိုက်ပါ
ကိုယ့်ချစ်သူ သူငယ်ချင်းတွေ၊ ဆေမျိုး၊ မိဘတွေကို ဂါရ၀တရားထားကြောင်းနဲ့ အရိုးအသေပြုတဲ့အမှု အရာ ကိုယ့်ချစ်သူရဲ့သည်းဘ၀င်ကို ကောင်းကောင်းကိုင်လှုပ်နိုင်စွမ်းရှိပါတယ်။ နောက်ပြိး ကိုယ့်ချစ်သူရဲ့ ကျေးဇူးလည်း အတင်ခံရတတ်ပါတယ်။ ယဉ်ကျေးခြင်း၊ ပျူငှာခြင်း၊ အရိုအသေ ပေးခြင်း တို့ဟာ ကိုယ့်ချစ်သူရဲ့မျက်နှာပန်းကို ကောင်းစွာ ပွင့်လာလိမ့်မယ်။ ကိုယ့်ကြောင့်နဲ့ ကိုယ့်ချစ်သူ မျက်နှာကောင်းရတာဟာ ကိုယ့်အတွက် အမှတ်တိုးစေပါတယ်။ မိုးမိုးရဲ့ ယောက္ခမတောင် နေ့တိုင်းရှိခိုးမယ့်ဆိုတဲ့ စာသားရွတ်ပြီး ကိုယ့်ချစ်သူရဲ့ အချစ်တိုးဆေးကို စားသုံးပါ။
ရိုးသားမှုရှိပါ
အချစ်ရေးတိုင်းမှာ ရိုးသားပွင့်လင်းမှုဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ့်ဘက်ကကိုယ့်ချစ်သူအပေါ် အပြည့်အ၀ရိုးသားမှုရှိပေးတာဟာ ကိုယ့်ချစ်သူရင်ထဲက ဖါင့်မပြောတဲ့ ဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်။ နောက်ထပ် မိန်းကလေးတွေ မုန်းတဲ့ အရာတစ်ခုက ယောက်ျားလေး အတော်များများမှာ လေ့မှားထရှိတဲ့ အရာတစ်ခုပဲ။ ဘာလည်းဆိုတော့ ကိုယ့်ချစ်သူအထင်ကြီးအောင် လိမ်ညာပြီး မရှိတာကို အရှိလုပ်ပြီး ပြောဆိုထားတတ်ကြတယ်။ ဒါကြောင့် ကိုယ့်ဘက်က အဖြစ်မှန်အတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုထားပါ။ ဒါမှ နောက်အဖြစ်မှန် ပေါ်သွားတဲ့အခါမှာ ကိုယ့်ချစ်သူရဲ့ အထင်အမြင်ကြီးမှုကနေ အထင်အမြင်သေးမှုကို ရှိသွားမယ့် အန္ထရာယ်ကနေကင်းသွားမှာ ဖြစ်တယ်။
ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု
Physical Contact ဆိုတာ ချစ်သူတိုင်းမှာ လိုအပ်ပါတယ်။ မိန်းမတွေရဲ အရေပြားဟာ ယောက်ျားတွေ ရဲ့ အရေပြားထက် ပိုပြီးနှုးညံ့တယ်။ ဒီနှုးညံ့မှုက နေအချစ်တိုးစေတဲ့ အကျိုးတရားတွေကို ဖန်တီးနိုင်တယ်။ တကယ်လို့ ကိုယ့်ချစ်သူက အရမ်းကဗျာဆန်နေတယ်ဆိုရင်တော့ သူ့မျက်ဝန်းလေးကို ရီရီဝေေ၀နဲ့ စိုက်ကြည့်ပြီး “လွမ်းလိုက်တာကွာ” ဆိုပြီး ပြောပေးပါ။ ဒါပေမဲ့ မိန်းကလေးတိုင်း ကဗျာမဆန် ကျတာကိုတော့ သတိထားပေးရမှာ ဖြစ်ပါတယ်။
လတ်ဆောင်ပေးပါ
လက်ဆောင်ပေးတဲ့ အခါမှာ သမားရိုးကျလေးထက် နည်းနည်း Surprise လေးပါသွားအောင်ုလပ်ပေးပါ။ ကိုယ့်ချစ်သူရဲ့မွေးနေ့တို့၊ နှစ်ပတ်လည်နေ့တို့မှာ လက်ဆောင်ပေးပါ။ တန်ဖိုးမရှိတာ ရှိတာဟာ အဓိက မကျသော်လည်း မိမိချစ်ရသူကပေးတာမို့ တယုတယတန်ဖိုးထား ပီတိဖြစ်တတ်ကြတာဟာ မိန်းခလေးတွေရဲ့သဘာဝလေးဖြစ်တယ်။
ဘေးတိုက်ရပ်ပါ
ချစ်သူနဲ့ ကိုယ့်ကြားမှာ ချစ်သူကလည်း ကိုယ့်အပေါ် လွှမ်းမိုးတာမျိုး အဖြစ်မခံနဲ့။ ကိုယ်ကလည်း ကိုယ့်ချစ်သူအပေါ် လွှမ်းမိုးချင်တာမျိုး မလုပ်နဲ့။ တစ်ယောက်ကိုတစ်ယောက် လက်ချင်းတွဲပြီး ဘ၀ခရီး လမ်းကို အတူလျှောက်တာက ပိုကောင်းတယ်။ တစ်ယောက်ကို တစ်ယောက် လအမ်းမိုးနေရင် အချစ်ရေး သူခ ပျော်ရွှင်မှု အပြည့်အ၀မရနိုင်တော့ဘူး။
အသေးအဖွဲများကို ဂရုစိုက်တတ်ပါစေ
ယေက်ျားများဟာ မိန်းမတွေရဲ့ ကိုယ်ပေါ်က အလှအပအချို့စာ အချိန်ပေးပြီး ပြင်ဆင်ခဲ့ရတယ်ဆိုတာ မသိဘူး။ မိန်းမတစ်ယောက်ဟာ သူဆိုးထားတဲ့ လာက်သည်းနီပြပြီး လှလားလို့မေးရင် ယောက်ျားဖြစ်တဲ့သူက အင်းလိုက်၊ အဲလိုက်ပဲဆိုရင် ဒါဟာ ချစ်သူကောင်းတစ်ယောက်ရဲ့ လက္ခဏာမဟုတ်ဘူးလို့ သိထားရမှာဖြစ်တယ်။ သူကောင်းဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ချစ်သူရဲ့ အသေးအဖွဲ ပြောင်းလဲမှုလေးတွေကို ဂရုစိုက်ပြီး ချီးကျူးပြောဆိုပေးရမှာ ဖြစ်တယ်။
သွင်ပြင်သန့်ရှင်းသပ်ရပ်ဖို့လို
ချစ်သူကောင်းတစ်ယောက်ရဲ့ ဂုဏ်အင်္ဂါထဲမှာ ရုပ်ပိုင်းဆိုင်ရာမချောတာ၊ ချောတာအပထားပြီး အနေအထိုင် သန့်ရှင်းသပ်ရပ်နေစေဖို့လိုပါတယ်။
ကြင်နာတတ်ပါစေ
ကိုယ့်ဘက်က သူ့အပေါ်ဘယ်လောက် ကြင်နာကြော်ငးကို သူသိအောင်လုပ်ပါ။ ကိုယ့်ရဲ့အပြုအမှု၊ အပြောအဆိုတို့ဟာ သူ့အတွက် ဘယ်လောက်တောင် ကြင်နာယုယထားသလဲဆိုတာ သူနား လည်ပါစေ။
ရန်မဖြစ်ရမည့်သူများ
ကိုယ့်ချစ်သူရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ရန်မဖြစ်မိစေနဲ့။ အငြင်းပွားတာတို့လည်း မလုပ်ပါနဲ့။
အဆက်ဟောင်းကိုလည်း ရန်မပွားနဲ့
တကယ်လို့ ကိုယ့်ချစ်သူမှာ အဆက်ဟောင်းရှိတယ်ဆိုရင် အဲဒီအဆက်ဟောင်းအပေါ်မှာလည်း မလိုတမာမစ္ဆိရိယမ ပွားမနေပါနဲ့။ လက်ရှိပစ္စုပ္ပန်ကို တည့်တည့်ရူပြီး အခုကိုယ့်ဘေးမျာ ရှိနေတဲ့ အကြောင်းကိုသာ အာရုံစိုက်ထားရမှာ ဖြစ်တယ။်
မစနဲ့
ကိုယ့်ချစ်သူကို ချစ်ကျီစားတဲ့အခါမှာ ကိုယ့်ချစ်သူဝတ်ထားတဲ့ အ၀တ်အစားနဲ့ ပတ်သတ်ပြီးတော့ မစမိစေပါနဲ့။
ဒီလောက်ဆိုရင်ပဲ ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ အချက်အလက်လုံလောက် နေပြီဖြစ်တယ်။ ဒါပေမဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားတဲ့အခါမှာ နဂိုကတည်းက ပန်းချွေမင်းသားလုပ်ချင်နေတဲ့ သူဆိုရင်တော့ ဘယ်လိုမှ ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားအားထုတ်နိုင်မှာ မဟုတ်ဘူး။ နဂိုစိတ်ရင်း အခံကလည်း ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ လိုချင်ထက်သန်စိတ်ရှိမှ ဖြစ်လာနိုင်လို့ သတိပေးရင်း မိမိချစ်သူအပေါ်မှာ ချစ်သူကောင်းတစ်ယောက်အရည်အချင်းအပြည့်နဲ့ ထာဝရချစ်ခင် နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
8 days Journal (မေကမ္ဘာခင်)
No comments:
Post a Comment