ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 11 November 2009

သင် လူတော မတိုးရဲဘူးလား

လူအချို့တွင် လူကြောက်သည့်ရောဂါရှိ တတ်ကြ၏။ သူတို့အဖို့ သူစိမ်းတစ်ရံစာအများကြားတွင် မနေတတ်ကြ။ စကားစမြည်းပြောဆိုဆက်ဆံ၇မည်ကိုလည်း အလွန်အမင်းကြောက်ရွံ့နေကြ၏။ အမျိုး သမီးတစ်ဦးဆိုလျှင် သူ၏ ခင်ပွန်းနှင့်အတူသွားရာမှာပင် ခင်ပွန်းသည်၏ မိတ်ဆွေအပေါင်းအသင်းများ နှင့် ဆက်ဆံရန် စိုးရွံ့နေတတ်သည်။ ထိုမျှမက သူ၏သားသမီးများ ကျောင်းမှ ပွဲလမ်းများကိုလည်း တက်ရောက်ရန် ကြောက်ရွံ့နေလေ၏။
“ကျွန်မလူတွေနဲ့ တွေ့ဆုံပြောဆိုရမယ့် ပွဲလမ်းမျိုးကို တတ်နိုင်သမျှရှောင်ပါတယ်။ သူစိမ်းတစ်ယောက် နဲ့ မျက်နှာချင်းဆိုင်မိမှာကိုလည်း စိုးရိမ်တာအမှန်ပဲ။ မလွှဲသာလို့ သာရေး၊ နာရေးသွားရပြန်ရင်လည်း ရောက်တာနဲ့ အိမ်ပြန်မယ့်အချိန်ကိုသာ စိတ်တထင့်ထင့်နဲ့ စောင့်နေမိတော့တယ်” ဟု ပြောဖူး၏။
ယခုတော့ သူထိုသို့ မဟုတ်တော့ပါ။ ပွလမ်းသဘင်တိုင်းလိုပင် တက်ရောက်၍ လူတောတိုးနေပြီ ဖြစ်သည်။ ရင်သွေးငယ်များနှင့်ပတ်သက်သော ကျောင်းအစည်းအဝေးများ၊ ပညာရည်ချွန်ဆုပေးပွဲများ သို့လည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေပါပြီ။ ဤနည်းဖြင့် သူ့တွင် မိတ်ဆွေ အပေါင်းအသင်းများ ၀န်းရံနေပြီဖြစ်၏။
သူ့တွင် ရှက်ကြောက်စိုးရိမ်ခြင်း အလျှင်းမရှိတော့ပါ။ ထိုသို့ ရှက်ကြောက်စိုးရွံ့ခြင်းသည် လူအချို့တွင် အတော်များများ ဖြစ်လေ့ဖြစ်ထရှိကြောင်းလည်း သူသဘောပေါက်ခဲ့သည်။ စင်စစ် ရှက်ကြောက်စိုးရွံ့မှု သည် ကလေးဘ၀တွင် အများအားဖြင့် ဖြစ်ပေါ်လေ့ရှိကြပြီး ထိုကလေးများ ကြီးပြင်လာသောအခါတွင် လည်း ရှက်ရွဲ့မှုက ဆက်၍ပါလာတတ်ပေသည်ဖြစ်ရာ ရှက်ရွဲ့မှုဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှုးလည်းဖြစ် သည်။ ၁၉၇၀ ပြည့်နှစ်များနှင့် ၁၉၈၀ ပြည့်လွန်နှစ်များက ၁၀,၀၀၀ ကျော်ကို စစ်တမ်းကောက်ခဲ့ယူခဲ့ရာ လေ့လာခဲ့သူတို့အနက် ၄၀ ၇ာခိုင်နှုန်းတို့က သူတို့ရှက်ကြောက်စိုးရွံ့တတ်ကြောင်း ဖော်ဖုတ်ခဲ့သည်။ ဖီး လစ်သည် “ရှက်ရွံ့ခြင်းဆိုတာဘာလဲ။ ၇ှက်ရွံ့မှုနှင့် ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်မလဲ” ဟူသော စာအုပ်ကို ရေးသားခဲ့သူလည်းဖြစ်သည်။
စိတ်ပညာရှင် “ဘာနာဒိုကာဒတ်စီ” သည်လည်း လူပေါင်း ၁,၆၀၀ ကို လေ့လာခဲ့ရာ ၄၈ ရာခိုင်နှုန်း က ရှက်ရွံ့တတ်ကြောင်း ဖော်ပြထား၏။ ဖီးလစ်၏ လေ့လာချက်အရ ၁၅ ရာခိုင်နှုန်းသည်လည်း အမြဲတမ်း မဟုတ်သော်လည်း အခါအားလျော်စွာ ရှက်ရွံ့တတ်သည်ဟု သိရ၏။ ရှက်ရွံ့တတ်ခြင်းမှာ အမျိုးသမီးများ၌သာမဟုတ်ပဲ အမျိုးသားများ၌ပါ ဖြစ်တတ်ကြောင်း သုတေသနပြုချက်အရ တွေ့ရှိထား ကြသည်။
ရှက်ရွဲ့ခြင်းကိုကုသရန် နည်းလမ်းမရှိပါချေ။ သို့သော် ထိုသူများအနေဖြင့် မိမိ၏ချမ်းမြေ့ပျော်ရွှင်မှုကို အနှောက်အယှက်မဖြစ်စေပဲ ဤအခက်အခဲများကို ကျော်လွှားအောင်မြင်နိုင်သည့် နည်းလမ်းများကို သုတေသီများက ဖော်ထုတ်တင်ပြနိုင်ခဲ့ပြီဖြစ်ပါသည်။ ပါရဂူတို့၏ အကြံပြုချက်များမှ အကောင်းဆုံးဟု သတ်မှတ်ထားသော နည်းလမ်းတချို့ကို တင်ပြချင်ပါတယ်။

(၁) မိမိဘာကြေက်သလဲဆိုသည့် ဇာစ်မြစ်ကိုသိရှိရန် မိမိ၏ ရှက်ရွံ့မှုကို မှတ်တမ်းတင်ထားပါ
“ရေးသား၍ မှတ်တမ်းပြုစုထားခြင်းသည် အကုန်အကျသက်သာဆုံးဖြစ်၍ အကျိုးအရှိဆုံးနည်းလည်း ဖြစ်သည်” ဟု စိတ်ရောဂါကု ဆရာဝန် “ခရစ္စတိုဖာမက်ကူလတ်ဖ်” ကဆို၏။ “ ကျွန်ုပ်တို့၏ ကြောက်ရွံ့စိတ်များနှင့် ကြောက်ရသည်အတွေးများကို စာဖင့်ချ၍ ရေးလိုက်သောအခါ အံ့ဖွယ်ရာများကို မကြာခဏ တွေ့ရလေတော့သည်” ဟု သူကရေးသားခဲ့၏။
သူ၏ လူနာအမျိုးသမီးကြီး တစ်ဦးမှာ အပျိုကြီးဖြစ်၍ အသက် ၃၅နှစ် ရှိပြီဖြစ်၏။ အပျိုကြီးခမျာ အပြင်ထွက်လည်ပတ်ရမည်ကို အလွန်အမင်းကြောက်ရွဲ့တတ်၏။ ထို့ကြောင့် အပြင်ထွက်လည်ပတ်မှု နှင့်ပတ်သတ်၍ အသေးစိတ်မှတ်တမ်း ရေးစေလိုက်သောအခါ သူအပြင်ထွက်လည်ပတ်ရာတွင် သူနှင့် အတူ လိုက်ပါလည်ပတ်သည့်အမျိုးသားက သူမချစ်မနှစ်သက်ပဲ သူ့ကို ချစ်ကြိုက်နေလျှင် ဘာလုပ်ရမလဲဟု တွေးတောပူပန်၍ ကြောက်ရွံ့ခြင်းဖြစ်ကြော်ငး တွေ့ရှိရ၏။
ထိုသို့ တွေးတောပူပန်ရန်မလိုကြောင်း၊ သူ့ကို ခရစ္စတိုဖာက ရှင်းလင်း ပြောပြခဲ့၏။ ယခုမှု ထိုအပျိုကြီး မမမှာ အချိန်းအချက်ပြု၍ အပြင်ထွက်လည်ပတ်ရမည်ကို မကြောက်တော့ပါ။

၂။ ပွဲတိုးသူအဖြစ်ကို ကိုယ်ပွားဇာတ်ကောင် ဖန်ဆင်းပါ။ ရှက်ကြောက် စိုးရွံ့မှု မဖြစ်အောင် ကြိုးစားလေ့ ကျင့်ပါ
မိမိ၏ ရှက်ကြောက်စိုးရွံ့မှုကို အဖြေရှာရန် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးအကြောင်းကို “ ဖီးလစ်ဇ်ဘောဒို” က ပြန်လည်တင်ပြပေးသည်။ သူကိုယ်တိုင်ပြောသည်မှာ-
“ကျွန်မကိုကျွန်မ” ပြဇာတ်ထဲမှာ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်းတစ်ကောင်လို သဘောထား လိုက်တာနဲ့ ကြောက်ရွံ့စိတ်မရှိတော့ပဲအားလုံး အိုကေသွားတော့တာပဲ”
ဤသို့ မိမိကိုယ်မိမိ ဇာတ်ဆောင်တစ်ယောက်ကဲ့သို့ သရုပ်ဆောင်နေဟန် နှလုံးသွင်းယူနိုင်ခြင်းသည် ပတ်ဝန်းကျင်ကို ကြောက်တတ်သူများ အနေဖြင့် အများဆုံးအဆင်ပြေစေသော နည်းလမ်းဖြစ်၏။
ပတ်ဝန်းကျင်ကို ရှက်ကြောက်တတ်သူများသည် လူအများရှ့ ဟောပြောရန်၊ ကပြရန် ၊ တွေ့ဆုံရန် စသည့် လူများစုကြားလှုပ်ရှားမှုတွင် ရှက်ကြောက်စိုးရွံ့မှု မရှိကြသော်လည်း တစ်ဦးစီတွေ့စဉ် ဆက်ဆံ ရန်ကိုမှု ရှက်ကြောက်နေတတ်ကြပေသည်။
ရှက်ရွံ့တတ်နေသူများအနေဖြင့် မိမိတို့အမှုအရာသည် မိမိအဖို့ အလွန်အမင်း ရုပ်ပျက်ဆင်း ပျက်ဖြစ်မည် ကို စိုးရိမ်တတ်ကြသည်။ မိမိကိုယ်မိမိ သရုပ်ဆောင်နေသည်ဟု သဘောပိုက်၍ လည်းကောင်း၊ မိမိပြောဆိုမည့် စကားလုံးများနှင့် ပြောဆိုပုံများကိုလည်းကောင်း၊ အပြန်အလှန်ချရေး၍ လေ့ကျင့်မွေးမြူခြင်းဖြင့် ကျော်လွှားအောင်မြင်နိုင်ကြောင်း“ ဖိလစ်ဇဘာဒို” က ရှင်းလင်းပြဆိုခဲ့သည်။

၃။ မိမိဘာသာ အိမ်မှာလေ့ကျင့်ပါ
မိမိအိမ်မှာ ကြိုတင်လေ့ကျင့်ခငြ်းကို “ လူမှုဆက်ဆံရေး ရှေ့ပြေးကင်းထောက်လုပ်ငန်း” ဟု “ဘာဒို” က အမည်ပေးထား၏။
တွေ့ဆုံပွဲတစ်ခုသို့ သွားမည်ဆိုပါက ဘယ်သူနှင့်တွေ့ဆုံရမည်၊ သူတို့ ဘာတွေလုပ်ကိုင်ကြမည်၊ ဘာကို စိတ်ဝင်စားကြမည် စသည်တိုပကို ကြိုတင်လေ့လာထားပါ။ မိမိမတွေ့ဆုံဖူးသေးသောသူများအား လုပ်ငန်းနှင့် ပတ်သတ်၍ တင်ပြရန်ရှိပါက၊ သူတို့၏ နောက်ခံသမိုင်းကို လေ့လာထားပါက လက်ငင်း တွေ့ဆုံရင်ဆိုင်ရာတွင် အကျိုးရှိရှိ တွေ့ဆုံနိုင်ကြောင်း ဘာဒိုက အကြံပြုတင်ပြထားသည်။
ဤနည်းဖြင့် အသက် ၄၃ နှစ်အရွယ်ရှိ ဂွမ်းမွေ့ရာချုပ်ရန် ၀ါသနာပါသော အမျိုးသမီးကြီးတစ်ဦးအား မွေ့ချုပ်သင်တန်းသို့ တက်ရောက်ရန်နှင့် တွေ့ဆုံမည့်သူများအကြောင်းလေ့လာ၍ ကြိုတင်ပြောဆိုမှု လေ့ကျင့်စေခဲ့ရာ သင်တန်းတွင် စကားပြောရာမှ မိတ်ဆွေများ တိုးပွားလာခဲ့ပြီး ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်လာ၏။ ပထမဆုံးအကြိမ်မှာပင် အောင်မြင်မှုရ၍ လူအများနှင့် ပေါင်းသင်းဆက်ဆံရခြင်းအပေါ် နှစ်ခြိုက်ပျော်ရွှင်လာပြီး ယခင်ကလောက် ရှက်ကြောက်မှု မရှိတော့ပါဟု ကယ်လီဖိုးနီးယားပြည်နယ်၊ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုကုသရေးဌာန ညွှန့်ကြားရေးမှုးဖြစ်သူ ကိုဗန်းက ပြန်လည်တင်ပြခဲ့သည်။

၎။ ကိုယ်အမှုအရာကို ပြုပြင်ပါ
ရှက်ရွံ့တတ်သူများတွင် မိမိကိုယ်တိုင် သတိမထားမိသော်လည်း အေးတိအေးစက်အမှုအရာနှင့် ကြောက်ရွံ့နောက်တွန့်သည့် လက္ခဏာတို့ တွေ့ရလေ့ရှိ၏။
“ကျွန်ုပ်တို့ အလိုလိုနေရင်း ကြောက်ရွံ့နေမိတယ်။ ခြိမ်းခြောက်ခံနေရသလိုပဲ” ဟု စိတ်ပညာရှင် အာသာဝမ်မာက ဖော်ပြသည့် “ အမှုအရာမျိုး ရှိနေတတ်ကြသည်” ဟု စိတ်ပညာရှင် အာသာဝမ်မာက ပြောဖူး၏။ အာသာမှာ “ ရှက်ရွံ့မှုကို ကျော်လွှားအောင်မြင်ရေး လမ်းညွှန်ဖြစ်သည့် ဆက်သွယ်မှုပြုခြင်း” အမည်ရှိ စာအုပ်ကို ရေးခဲ့သူဖြစ်သည်။
ရှက်ရွံ့တတ်သူများအဖို့ သူတို့၏ အပြုအမှုအပေါ် လူအများဟုက သဘောမပေါက်ကြဘဲ ဘ၀င်မြင့် သည်ဟု ယူဆကာ ဝေေ၀းရှောင်တတ်ကြ၏။ ထိုအခါ ရှက်ရွံ့သူများအဖို့ ပို၍ အားငယ်စရာ ဖြစ်ရသည်။
ထိုသို့သော ရှက်ရွံ့သည့် အမှုအရာများကို ပြုပြင်ပြောင်းလဲလိုက်ခြင်းဖြင့် အံ့ဖွယ်ကောင်းလောက်အောင် အကျိုးကျေးဇူးများ လက်ငင်းခံစား ရရှိနိုင်ပါသည်။
အားလုံးသော ကိုယ်နှုတ်အမှုအရာများကို ကိုယ်စားပြုနိုင်ရန် အင်္ဂလိပ်စကားလုံး တစ်လုံးကို အာသာက တီထွင် အသုံးပြုခဲ့သည်။ ထိုစကားလုံးမှာ SOFTEN ဖြစ်သည်။
S = Smile (ပြုံးပါ)
O = Open Posturn ( လက်ချိတ်ပါ)
F = Forward Lean (ကိုယ်ကိုင်းပါ)
T = Touch (လက်ဆွဲနှုတ်ဆက်ပါ)
E = Eye Contact (မျက်လုံးချင်းဆုံပါ)
N = Nod (ခေါင်းငြိမ့်ပါ)
ဤနည်းခြောက်နည်းဖြင့် လူတောထဲတိုးရဲ ၀င်ရောက်နိုင်ကြောင်း အာသာက အာမခံထားပါသည်။

၅။ မိမိ၏လျှို့ဝှက်ချက်များကို အသိပေးပါ
မိမိအလုပ်ကို တန်ဖိုးထားမြတ်နိုးပါလျက် လစဉ် အစည်းအဝေးများကို ရင်ဆိုင်ရန် ကြောက်ရွံ့နေသူတစ် ဦးက သူ၏ အခက်အခဲကို အထက်အရာရှိ ဖွင့်ဟ၀န်ခံ ပြောကြားခဲ့သည်။ အထက်အရာရှိက သူပြောသမျှ နားထောင်၍ သည့်အတွက် ပြဿနာမရှိကြောင်း၊ နားလည်ခွင့်လွှတ်မှု ပြသခဲ့ရာ ထိုအလုပ်သမားများမှာ စိတ်တည်ငြိမ်မှုရ၍ အစည်းအဝေးတက်ရောက်လာနိုင်ရုံမက စိတ်ပါဝင်စားစွာ ပါဝင် ဆွေးနွေးနိုင်လာသည်။
ရှက်ရွံ့တတ်သူများ၏ အဓိကမကျေနပ်မှုမှာ သူတို့၏ ပြဿနာအပေါ် မိသားစုများ၊ မိတ်ဆွေများနှင့် မိသားဟုဆရာဝန်များကပင် အလေးအနက် မထားဟု ယူဆသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရှက်ရွံ့ တတ်သူများအနေဖြင့် မိမိပြောစကားကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဆုံးဖြတ်မှုမပြုပဲ ဂရုတစိုက် နားထောင်တတ်သူများကိုသာ ရှာဖေါ၍ ရင်ဖွင့်ရန် အကြံပြုထားသည်။

၆။ အဆိုးဆုံးကိုပင် ရင်ဆိုင်ရဲပြီ
ကာလီဖိုးနီးယားတက္ကသိုလ်ရှိ လုပ်ငန်းဆိုင်ရာ စိုးရိမ်ကုသမှုဌာန ညွှန့်ကြားရေးမှူးဟောင်း ဒေါက်တာပေါက်ဘွန်က မိမိ၏ ကြောက်ရွံ့မှုများကို အခြားသူများရှ့တွင် ပြောရဲဆိုရဲရှိစေရန် သူ၏ လူ နာများအား စေခိုင်းခဲ့သည်။ လူအများစုမှာ သူတို့ပြောစကားကို ၀ိုင်း၍ ဟားတိုက်ခံရမှာ လှောင်ပြောင် သရော်မှာကို စိုးရိမ်နေကြခြင်းဖြစ်သည်။ အလေ့အကျင့်ပြုလုပ်ပေးခြင်းဖြင့် မိမိထင်သလိုမဟုတ်ပဲ အဆိုးဆုံးအခြေအနေကို မည်သည့်အခါမှ ရောက်မလာတတ်ောက်ာငး သက်သေပြနိုင်ခဲ့သည်။
လက်တွေ့ ရှက်ကြောက်စိုးရိမ်နေသောကိစ္စမျာ ရုပ်ပိုင်းချို့ယွင်းမှုကို မည်သူမျှ သတိမထားမိတတ်ကြ ကြောင်း သုတေသနပြုချက်အရ သိရှရသည်။

၇။ ဖြည်းဖြည်းခြင်း လေ့ကျင့်ပါ
အသက် ၃၅နှစ်အရွယ် စာအုပ်တိုက်ပိုင်ရှင် အမျိုးသမီးတစ်ဦးသည် စာရင်းကိုင်ဘွဲ့အတွက် တက်ရောက် သင်လိုရန် ဆန္ဒရှိနေ၏။ သို့သော် အတန်းတက်ရမှာကို သူရှက်ရွံ့နေသည်။ သူ့ကို အတန်းရှေ့ခေါ်ထုတ် ပြီး စကားပြောခိုင်းမှာကို စိုးကြောက်နေသည်။ ဤသည် ကိုဗန်းက တဖြည်းဖြည်းလေ့ကျင့်ပေးနိုင်ခဲ့ သည်။
ရှေးဦးစွာ ထိုအမျိုးသမီးသည် တက္ကသိုလ်ပရ၀ုဏ်ကိုပတ်၍ လမ်းလျှောက်၏။ ထို့နောက် ဆွေးနွေးပွဲတစ် ခုသို့ တက်ရောက်ရန် စာရင်းပေးသွားခဲ့သည်။ ဆွေးနွေးပွဲတါင် နောက်ဆုံး၌ထိုင်ကာ တစ်စုံတစ်ဦးနှင့်မျှ စကားမပြောဆိုခဲ့ချေ။ နောက်တစ်ကြိမ်တွင်မှု မိမိနှင့် ခုံခြင်းကပ်လျက်လူအား စကားစမြည်းပြောခဲ့သည်။ နောက်ဆုံးတွင် စာအုပ်ထိန်းသိမ်းရေးသင်တန်းသိုပ တက်ရောက်ရန် စာရင်းပေးသွင်းခဲ့သည်။ သူမကို ရှေ့တန်းသို့ ခေါ်ထုတ်၍ စကားပြောဆိုရာ အလွယ်တကူ တုံ့ပြန်ပြောဆိုနိုင်ခဲ့သည်။ စာအုပ်ထိန်း သိမ်းရေးလုပ်ငန်းကို သူမကိုယ်တိုင်ကျွမ်းကျင်ခဲ့ရာ သူမ၏ ကျွမ်းကျင်မှုအပေါ် သူမကိုယ်တိုင် အံ့သြနေမိသည်။
နောက်ဆုံးတွင် စာရင်ကိုင်သင်တန်းသို့ တက်ရောက်ရန် စာရင်းပေးသွင်းလိုက်သည်။ ဤသို့ဖြင့် ရှက်ကြောက်ခြင်းကို အောင်နိုင်ခဲ့ပြီး နည်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်နိုင်ခဲ့သည်။

ရှက်ရွံ့တတ်သူများသည် အလုပ်ကို တကယ်တမ်းလုပ်ကြရာတွင် ရှက်မနေတော့ပဲ အခက်အခဲကို ကျော် လွှားအောင်မြင်နိုင်ခဲ့ကြသည်။ ဤသည်မှာ ရှက်ရွံ့သူများအတွက်မှု အောင်ပွဲပင်ဖြစ်သည်။
သုတစွယ်စုံမဂ္ဂဇင်း (အောင်သစ်)

No comments:

Post a Comment