ဘုရားရှင်သည် ပါရမီတော်ဆယ်ပါး၊ စရိယာသုံးပါး၊ စွန့်ခြင်းကြီးငါးပါးတို့ကို ဖြည့်ကျင့်ခဲ့သဖြင့် နောက်ဆုံးဘ၀၀ယ် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ရရှိတော်မူခဲ့သည်။ ထိုသဗ္ဗညုတဉာဏ်တော် မြတ်ကြီးကို ရရှိတော်မူခဲ့သည်။ ထိုသဗ္ဗညုတဉာဏ်တော်ဖြင့် သိရမည့်အရာအားလုံးကို အကြွင်းအကျန်မရှိ အလုံးစုံ အကုန်သိမြင်တော်မူသည်။ မသိသည့် အကြောင်းအရာဟူ၍ မရှိပေ။
သိစရာ အကြောင်းအရာအားလုံးထဲက အကြောင်းအရာတစ်ခုစီ၊ အဖြစ်အပျက်တစ်ခုစီကို သိတော်မူရာ၌လည်း အစ အလယ် အဆုံး သိမ်းကျုံးကုန်စင် အကြွင်းမရှိ သိမြင်တော်မူသည်။ ထို့ကြောင့် သဗ္ဗညုတဉာဏ်တော်၏ စွမ်းရည်သုံးပါးအနေဖြင့် -
(၁) ဟောကြားရမည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ အကြွင်းမရှိ အားလုံး သိမြင်တော်မူသည်။
(၂) တရားနာယူမည့် ပုဂ္ဂိုလ်၏ သဘာဝ အခြေအနေမှန်ကိုလည်း အကြွင်းမရှိ အားလုံး သိမြင်တော်မူသည်။
(၃) ဟောပုံဟောနည်းနှင့် စပ်၍လည်း အကြွင်းမရှိ အားလုံး သိမြင်တော်မူသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Monday, 12 September 2011
ဒုက္ကရစရိယာ ကျင့်တော်မူခြင်း (သဗ္ဗညုတဉာဏ်တော်၏ စွမ်းရည်သုံးမျိုး)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment