ပညာပါရမီဖြည့်သည်ဆိုရာ၌ ပထမ မိမိတတ်သိနားလည်အောင် သင်ရ၏၊ တိုးတက်အောင် ကြံစည် စဉ်းစားရာ၏၊ ထိုသို့ တတ်သိနားလည်ထားသော ပညာကို သူတပါးတို့အား တတ်အောင် သင်ပြပေးခြင်း၊ ထိုပညာဖြင့် အများအကျိုးရှိအောင် ဆောင်ရွက်ပေးခြင်းကို ပညာပါရမီဖြည့်ကျင့်သည်ဟု ခေါ်သည်။
ဘုရားအလောင်းတော်သည် ဘ၀များစွာ ပညာပါရမီဖြည့်ကျင့်ရာတွင် မဟောသဓာပညာရှိဖြစ်စဉ်က ပညာတန်ခိုးဖြင့် အများအကျိုးရှိအောင် ရွက်ဆောင်ပုံမှာ ထင်ရှားပေသည်၊ စူဠနီဗြဟ္မဒတ်မင်းသည် ဇမ္ဗူဒိပ်မင်းပေါင်းတစ်ရာကို ဖမ်းပြီးလျှင် အဆိပ်ခပ်သောအရက်ကိုတိုက်၍ သတ်ဖို့ ကြံစည်ထား၏၊ မဟောသဓာသည် ထိုအကြံကို သူ၏ဉာဏ်ပညာအစွမ်းဖြင့် ပျက်အောင် ဖျက်ခဲ့လေသည်၊ စူဠနီဗြဟ္မဒတ်မင်းနှင့် ၀ိဒေဟရာဇ်မင်းတို့ စစ်ခင်းရာ၌လည်း မဟောသဓာသည် တစ်ယောက်တလေမျှ အသက်မသေရအောင် သူ၏ပညာစွမ်းဖြင့် စစ်ပြေငြိမ်းသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Friday, 2 September 2011
ဘုရားအလောင်းတော် ပါရမီဖြည့်ကျင့်ပုံ (ပညာပါရမီဖြည်ကျင့်ပုံ)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment