စင်စစ် မြတ်စွာဘုရားကိုယ်တော်တိုင်ပင် လောကကြီးတစ်ခုလုံး မောဟတည်းဟူသော အမိုက်မှောင်ဖုံးနေသော်လည်း တရားဟောလျှင် သိနိုင်လောက်သော အသိဉာဏ်ပါရမီရှိသူများ ရှိနေသေးကြောင်း၊ ဟောမည့်သူမရှိက ထိုအသိဉာဏ် ပါရမီရှိသူများ မဂ် ဖိုလ် နိဗ္ဗာန်မှ ဆုံးရူံးကြရရှာတော့မည့်အကြောင်း သိမြင်တော်မူပြီးပင်ဖြစ်သည်။
တရားဟောရန် ဆုံးဖြတ်ဝန်ခံတော်မူပြီးနောက် မိမိကိုယ်တော်မြတ်အပေါ် ကျေးဇူးပြုဖူးသည့်အပြင် ဟောလျှင် သိနိုင်သူများအား တရားဦးဖြင့် ကျေးဇူးတုံ့ဆပ်ရန် အကြံဖြစ်တော်မူသည်။ ထိုအကြံအရ ဘုရားမဖြစ်မီ အလောင်းတော်ဘ၀က မိမိအား လောကီဈာန်အဘိညာဉ်ရအောင် ကျေးဇူးပြုခဲ့ပေဖူးသော လောကီဆရာ အာဠာရရသေ့ကြီးနှင့် ဥဒကရသေ့ကြီးတို့ အဘယ်အရပ်၌ ရှိနေကြသည်ကို ဆင်ခြင်ကြည့်ရူတော်မူသည်။ အာဠာရဆရာကြီး ကွယ်လွန်သည်မှာ ၇-ရက်မျှသာ ရှိသေး၍ ဥဒကဆရာကြီးကား ယမန်နေ့ည သန်ခေါင်ယံ ကလေးကမှ ကွယ်လွန်သွားသည်။ ဘ၀လွတ်မြောက်မူကို မရရုံသာမက သူတပါးဟော၍ပင် မနာကြားနိုင်သော ရုပ်ကိုယ်ခန္ဓာမရှိသည့် အရူပ ဗြဟ္မာဘုံ၌ ဖြစ်နေကြကြောင်း မြင်တော်မူရာ -
“ဆုံးရူံးခြင်းကြီး ဆုံးရူံးကာ နစ်နာကြရှာလေစွာ့၊ ငါ့တရားကို နာရသော် လွတ်မြောက်ကြလေရာ၏”ဟု ရင်သပ်တော်မူလေ၏။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Monday, 12 September 2011
ဒုက္ကစရိယာ ကျင့်တော်မူခြင်း (လောကီဆရာကြီးနှစ်ဦး ကွယ်လွန်သွားခြင်း)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment