ကြည့်ခြင်းကြီးငါးပါးကို ကြည့်ရူဆင်ခြင်ပြီးသောအခါ “ဘုရားဖြစ်ရန် လူ့ပြည်၌ ပဋိသန္ဓေယူတော့မည်” ဟု ၀န်ခံကတိပြုတော်မူလေသည်။ ထိုသို့ ၀န်ခံပြီး မကြာမီပင် တုသိတာနတ်ပြည်မှ စုတေခဲ့သည်။
စုတေပြီးနောက် ကပိလ၀တ်ပြည် သာကီဝင်မျိုးတို့၏ ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင်ကြီး မယ်တော် မာယာဒေ၀ီ၏ ၀မ်း၌ ပဋိသန္ဓေ တည်နေတော်မူသည်၊ အလောင်းတော် ပဋိသန္ဓေတည်သည်နှင့် တပြိုင်နက် မြေငလျင်ကြီး ပြင်းစွာ တုန်လူပ်လေသည်။
ပဋိသန္ဓေ တည်သောနေ့ကား မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ ၀ါဆိုလပြည့် ကြသပတေးနေ့ ဖြစ်သည်။ မယ်တော် မာယာဒေ၀ီသည် ဥပုသ်သီလ စောင့်သုံးလျက် ကျက်သရေတိုက်ခန်း၌ စက်တော်ခေါ်နေစဉ် အောက်ပါ အိပ်မက်ကို မြင်မက်သည်။
“နတ်မင်းကြီးလေးယောက်တို့သည် ဟိမ၀န္တာ၌ရှိသော အန၀တတ်အိုင်၌ မိမိအား ရေချိုးစေပြီးလျှင် နတ်ဝတ်တန်ဆာများ ၀တ်ဆင်စေသည်၊ ထို့နောက် ငွေတောင်၌ အတွင်းရှိ ရွှေဗိမာန်ကြီးထဲ၌ အရှေ့ဘက်သို့ ဦးခေါင်းပြုလျက် အိပ်စက်စေကြလေသည်၊ ထိုအခါ ဆင်ဖြူတော်တစ်စီးသည် လက်ယာနံပါးကို ဖောက်ထွင်း၍ ၀မ်းတွင်းဝင်သကဲ့သို့ ဖြစ်သွားသည်” ဟု အိပ်မက်မက်လေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Saturday, 3 September 2011
အလောင်းတော်သိဒ္ဓတ္ထမင်းသား ဘ၀ဖြစ်စဉ် (လုမ္ဗိနီဥယျာဉ်၌ ဖွားတော်မူခြင်း)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment