ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 20 May 2012

ဆရာကြီးဦးဘခင်၏ ပြင်းပြတဲ့ဆန္ဒ

ဆရာကြီး ဦးဘခင်ဟာ ပြင်းပြတဲ့ စိတ်ဆန္ဒတစ်ခုရှိပါတယ်။ မြန်မာပြည်က အိန္ဒိယကို အကြွေးတင်နေပါတယ်။ ဒီအင်မတန် အံ့သြဖွယ်ရာကောင်းတဲ့ တရားဓမ္မဟာ အိန္ဒိယက ရထားတာဖြစ်ပါတယ်။ အခုအိန္ဒိယမှာ ဗုဒ္ဓဓမ္မ ပျောက်ကွယ်နေပြီဖြစ်တော့ ဒီရတနာမြတ်မွန်ကြီးကို အိန္ဒိယကို ပြန်ပို့ချင်တယ်။

အရင်နှစ်ပေါင်း ၂၂၀၀-ကျော်က ကြိုတင်ပြောထားတဲ့ ပြောကြားချက်တစ်ခု ရှိပါတယ်။ ဒီတရားဓမ္မကို ပထမဦးဆုံး အကြိမ် မြန်မာပြည်ကို ပို့လာစဉ်အခါက ပြောခဲ့တဲ့ စကားတစ်ခွန်းက `ဒီတရားဓမ္မဟာ အိန္ဒိယနိုင်ငံမှာ လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အင်မတန် ကောင်းကောင်းမွန်မွန်၊ စောင့်ရှောက်ထိန်းသိမ်းထားနိုင်တာကြောင့် သူ့နဂိုမူလ ပကတိအတိုင်း သန့်ရှင်းစင်ကြယ်စွာရှိပြီးတော့ ဗုဒ္ဓရဲ့ သာသနာတော် ၂၅၀၀-ပြည့်တဲ့အချိန်မှာ အိန္ဒိယပြည်ကို ပြန်ရောက်သွားပြီး အခြေပြန်စိုက်ပြီးတော့ အိန္ဒိယကနေ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားစေပြီး ကမ္ဘာသူ ကမ္ဘာသားတွေ ဗုဒ္ဓရဲ့ တရားဓမ္မကို ခံစားနိုင်ကြလိမ့်မယ်ဆိုတာ ဖြစ်ပါတယ်။

ဆရာကြီးဦးဘခင်က ဒါကို အင်မတန် ယုံကြည်ပါတယ်။ ဒီတရားဓမ္မကို အိန္ဒိယကို ပြန်ပို့ပြီး အိန္ဒိယမှာ အခြေစိုက်စေချင်ပါတယ်။ ပြီးတော့ အဲဒီကနေပြီးတော့ ဖြန့်ချိချင်တဲ့ ပြင်းပြတဲ့ဆန္ဒရှိပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment