ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 20 May 2012

တိုက်တွန်းချက်နဲ့ ဆုပေး

လူတွေဟာ ဒီတရားနည်းကို ရကြပြီး ကျင့်သုံးကြမယ်ဆိုရင် သူတို့ခံစားနေရတဲ့ ဒုက္ခတွေက လွတ်မြောက်ကြမှာ သေချာပါတယ်။ ဒုက္ခခံစားနေရတဲ့ လူသားတွေအတွက် ယောဂီတို့က မိမိတို့ကိုယ်တိုင် ဒီတရားကို အခြေခိုင်အောင် ကျင့်ကြပြီးတဲ့နောက် တခြားလူတွေကိုလည်း လွတ်မြောက်နိုင်ကြအောင် ကူညီမစကြပါ။ ကူညီမစကြပါ။

ဒုက္ခတွေအမျိုးမျိုးခံစားနေရတဲ့ လူသားတွေ အေးချမ်းမူခံစားနိုင်ကြပါစေ။ ချမ်းသာမူကိုလည်း ခံစားနိုင်ကြပါစေ။ မှန်ကန်တဲ့ တရားနည်းလမ်းအစစ်ကို တွေ့နိုင်ကြပါစေ။

ဘ၀တု သဗ္ဗမင်္ဂလံ = ခပ်သိမ်းသောမင်္ဂလာသည် ဖြစ်ပါစေသတည်း။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment