ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 19 May 2012

လုံးဝစင်ကြယ်စေချင်ရင် သိမ်မွေ့ဝေဒနာထိရူ

ယောဂီတို့ရဲ့ သိစိတ်နဲ့သာ ရူနေရင်တော့ စိတ်ရဲ့အပြင်ပိုင်း အပေါ်ယံပိုင်းကို စင်ကြယ်စေနိုင်ပါတယ်။ ဒါဟာလည်း ဆိုးတော့မဆိုးပါဘူး။ အနည်းအပါး အပေါ်ယံတော့ သန့်စင်တာပေါ့။ ဒါပေမယ့် သေသေချာချာ လုံးဝစင်ကြယ်စေချင်ရင်တော့ စိတ်ရဲ့အနက်ရိုင်းဆုံး အပိုင်းထိ သိမ်မွေ့ဝေဒနာအထိ ရောက်ရှိရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယောဂီဟာ ကာယာနုပဿနာဖြစ်ဖြစ်၊ စိတ္တာနုပဿနာပဲဖြစ်ဖြစ် ကျင့်မယ်ဆိုရင် ဝေဒနာနုပဿနာ၊ ဓမ္မာနုပဿနာတို့ကိုလဲ ကျင့်ရမှာ ဖြစ်ပါတယ်။ သိမ်မွေ့ဝေဒနာမပါလို့ကို မရပါဘူး။

`အာတာပီ သမ္ပဇာနော သတိမာ´ဆိုရာမှာ အာတာပီ ဆိုတာကတော့ ခွန်အားစိုက်ထုတ်ပြီး ကျင့်တာဖြစ်ပါတယ်။ သမ္မဇာနောကတော့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပျက်နေတဲ့ ဝေဒနာတွေကို ခံစားရပြီး ဆင်ခြင်တတ်တဲ့ ပညာ၊ သူရဲ့ အနိစ္စတရားကို သတိမာ-သတိရှိနေဖို့၊ သတိနဲ့ရူနေဖို့ရာ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment