ရဟန်းတို့ ! ရဟန်းသည်-
၁။ ရိုသေ တုပ်ဝပ်မူ, တူသော အသက်မွေးမူ မရှိဘဲ သီတင်းသုံးဖော်တို့၌ အာဘိသမာစာရိက တရားကို မည်သည့်နည်းနှင့်မျှ မဖြည့်ကျင့်နိုင်။
၂။ အာဘိသမာစာရိက တရားကို မဖြည့်ကျင့်ဘဲ သေက္ခဓမ္မကို မည်သည့် နည်းနှင့်မျှ မဖြည့်ကျင့်နိုင်။
၃။ သေက္ခတရားကို မဖြည့်ကျင့်ဘဲ သီလအစုကို မည်သည့် နည်းနှင့်မျှ မဖြည့်ကျင့်နိုင်။
၎။ သီလအစုကို မဖြည့်ကျင့်ဘဲ သမာဓိအစုကို မည်သည့် နည်းနှင့်မျှ မဖြည့်ကျင့်နိုင်။
၅။ သမာဓိအစုကို မဖြည့်ကျင့်ဘဲ ပညာအစုကို မည်သည့် နည်းနှင့်မျှ မဖြည့်ကျင့်နိုင်။
ရဟန်းသည် -
၁။ ရိုသေ တုပ်ဝပ်မူ, တူသော အသက်မွေးမူရှိမှသာ သီတင်းသုံးဖော်တို့၌ အာဘိသမာစာရိကတရားကို ဧကန်ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။
၂။ အာဘိသမာစာရိကတရားကို ဖြည့်ကျင့်မှသာ သေက္ခတရားကို ဧကန် ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။
၃။ သေက္ခတရားကို ဖြည့်ကျင့်မှသာ သီလအစုကို ဧကန် ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။
၎။ သီလအစုကို ဖြည့်ကျင့်မှသာ သမာဓိအစုကို ဧကန် ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။
၅။ သမာဓိအစုကို ဖြည့်ကျင့်မှသာ ပညာအစုကို ဧကန် ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။
ဆောင် - ရဟန်းတရား၊ အမြတ်ထား၊ သုံးပါး ကျင့်သိက္ခာ။ (အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ)
အာဒိဗြဟ္မ၊ စရိယနှင့်၊ အဘိသမာစာရိက၊ ဤနှစ်ဝ၊ သီလသာသနာ။
နှစ်ရာ့နှစ်ဆယ်၊ ခုနှစ်သွယ် အကျယ် အာဒိသာ။
ခန္ဓက၀တ်၊ အကျင့်မြတ်၊ မှတ်လေ ဘိသမာ။
အဘိသမာစာရိ၊ မဖြစ်ဘိ၊ အာဒိ ကြောင်မြဲသာ။
သမာပတ္တိ၊ ရှစ်ပါးသိ၊ အဓိစိတ္တသာ။
ဝိပဿနာသုံးတန်၊ မဂ်, ဖိုလ်ဉာဏ်၊ အမှန် ဓိပညာ။
သိက္ခာလိုလား၊ အမျိုးသား၊ ကြိုးစားကျင့်ကြရာ။ (လယ်တီ ၀ိနယသံခိပ်)
ဒုတိယသုတ်ပြီး၏။

Friday, 18 February 2011
၂။ ဒုတိယ အဂါရ၀သုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment