ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 13 January 2012

ငါးမိနစ် တရားရူမှတ်နည်း ရှေးဦးပြုဖွယ်

(ငါးမိနစ်) မျှသော အချိန်ကာလကို တရားရူမှတ်ရန် ဆုံးဖြတ် မူကို ပိုင်ပိုင်နိုင်နိုင် ချမှတ်လိုက်ပါ။

သင်၏ တရားရူမှတ်ရန်အတွက် ရောက်ရှိနေသော အခြေအနေသည် ဖော်ပြပါအတိုင်း တစ်မျိုးမျိုးမှာ ဖြစ်ပေလိမ့်မည်။



၁။ သင်သည် လမ်းပေါ်၌ လျှောက်လှမ်းသွားလာ နေခိုက် ဖြစ်မည်။

၂။ အလုပ်ခုံ၊ စာရေးစားပွဲ၊ တန်းလျားခုံ၊ မီးရထား၊ မော်တော်ကား၊ လေယာဉ်၊ သင်္ဘော စသည်များ၌ ထိုင်လျက်နေခိုက် ဖြစ်မည်။

၃။ လုပ်ငန်းဆောင်က တစ်ခုခုကိုဆောင်ရွက်နေဆဲအခါ မတ်မတ်ပြေပြေ ရပ်လျက်နေခိုက် ဖြစ်မည်။

၎။ အိပ်ရာခုတင် ညောင်စောင်းစသည့် လဲလျောင်းရာ တစ်စုံတစ်ခု၌ အေးအေးသက်သာလဲလျောင်းနေခိုက် ဖြစ်မည်။

မည်သို့သော အခြေအနေမျိုးမှာပင် ရှိပါစေ ငါးမိနစ်မျှသောကာလကို တရားရူမှတ်ရန် ပြင်ဆင်မူ ပြုရပါမည်။

တရားစတင်မရူမှတ်မီတွင် အလုံးစုံသော သတ္တ၀ါများအား ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန် အာရုံပြု စိတ်ထား၍ မေတ္တာပွားများလိုက်ပါ။

သင်ရောက်ရှိ ရပ်တည်နေသောနေရာမှ လက်ပတ်နာရီ၊ စားပွဲတင်၊ တိုင်ကပ်နာရီစသည်ဖြင့် နီးစပ်သော နာရီတစ်ခုခုကို အချိန်ကာလ မှတ်သားရန် သတိပြုလိုက်ပါ၊ ယခုကာလ ပေါ်ပေါက်သော လျှပ်စစ်ဓာတ်အား၊ နေရောင်ချည်ဓာတ်အားသုံး မိနစ်၊ စက္ကန့်ပြ နာရီများသည် ပို၍ကောင်းမွန်ပါသည်။

အချိန်ကို မှတ်သားထားပြီးလျှင် ဦးစွာဆင်ခြင်အောက်မေ့မူ ပြုရပါမည်။

ဆင်းရဲမူအပေါင်းမှ လွတ်မြောက်ချမ်းသာကုန်သူတို့၏ ဘ၀ကို ရည်မှန်းတွေးမြင်၍ ယုံကြည်လေးစား အားကျ အတုယူလိုစိတ် ထားလိုက်ပါ။

ဆင်းရဲမူအပေါင်းမှ လွတ်မြောက်နိုင်ကြကုန်သော အကြောင်းခြင်းရာ ကျင့်စဉ်များကို ရည်မှန်းတွေးမြင်၍ ပကတိချမ်းသာမူကို တောင့်တမူပြုပါ။

ထို့နောက် အောက်ပါအတိုင်း စိတ်ဖြင့်၊ နူတ်ဖြင့် တိုးတိုးရွတ်ဆိုပါ။

၁။ ဆင်းရဲမူ၏ အဆုံးကို သိမြင်လွတ်မြောက်ကြကုန်သော ပုဂ္ဂိုလ်တို့အား လေးစားပါ၏။

၂။ ဆင်းရဲမူ၏ အဆုံးကို သိမြင်နိုင်သော ကျင့်စဉ်များကို လေးစားပါ၏။

၃။ ဆင်းရဲမူ၏ အဆုံးကို ညွှန်ပြနိုင်သော ပုဂ္ဂိုလ်များကို လေးစားပါ၏။

ဗုဒ္ဓဘာသာဝင်များမှာ (နမော ဗုဒ္ဓဿ၊ နမော ဓမ္မဿ၊ နမော သံဃဿ) ဟူ၍ ရွတ်ဆိုနိုင်ကြပါသည်။

ယခုအခိုက်တွင် မိမိ၏ ကိုယ်၊ နူတ်၊ စိတ် သုံးပါးစလုံး စင်ကြယ်နေမူ၊ အပြစ်ကင်းနေမူကို သတိပြုလိုက်ပါ။

ထို့နောက် (ငါ၏ကိုယ်နူတ်စိတ်သုံးပါး စင်ကြယ်နေသည်) ဟု နူတ်မှ သုံးကြိမ် ရွတ်ဆိုလိုက်ပါ။

ဤအမူနှစ်ခုကို ရွတ်ပွားဆင်ခြင်းနိုင်ပါလိမ့်မည်။

ဤသည်တို့မှာ ဘာဝနာကျင့်စဉ်ကို မကျင့်ဆောင် မရူမှတ်မီ ရှေးဦးစွာ ပြုသင့်၊ ပြုထိုက်၊ ပြုအပ်သော ကိစ္စများ ဖြစ်ပါသည်။

အတိုကောက်မှန်ရန် လင်္ကာ
ရှေးဦးအစ ပြုရဖွယ်သာ,
ဆင်းရဲမူက လွတ်ကြမှန်စွာ၊
ပုဂ္ဂိုလ်အပေါင်း အကြောင်းခြင်းရာ,
ယုံကြည်လေးစား အားထားစိတ်မှာ၊
စင်ကြယ်မူ တွေးရူကံသုံးဖြာ။

ကျမ်းကိုး။ ။စက္ကန့် သုံးရာ ဘာဝနာ စာအုပ်မှ ကိုးကား ရေးသား ဖော်ပြထားပါသည်။

No comments:

Post a Comment