မိမိ၏ ခန္ဓာကိုယ်တွင်းရှိ သဘာဝဖြစ်မူပျက်မူ လက္ခဏာများကို သိမြင်မှတ်ရူနိုင်လျှင် မိမိခန္ဓာကိုယ်မှ အပဖြစ်သောအရာများ (အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့) အာရုံများကို သိမြင်ရူမှတ်နိုင်အောင် တစ်ဆင့်ကျင့်ဆောင်ရပါသည်။
ဤရူမှတ်ခြင်းတွင် (အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့) ဟူသော အာရုံငါးခုမှ မိမိနှင့် အတွေ့အထိများ ထင်ရှားသော အာရုံတစ်ခုကို ရူကွက်အဖြစ် ဦးစွာထားရပါမည်။
အိပ်ပျော်နေသော ကာလမှလွဲလျှင်(အသံဓာတ်)သည် မိမိတို့ အထံသို့ အစဉ်အမြဲ တွေ့ထိတိုးခတ်၍ ပြင်ပအာရုံအဖြစ် ထင်ရှားပေါ်လွင်သော အရာတစ်ခုဖြစ်ပါသည်။ မျက်စိကို ပိတ်ထားသော်မှ အသံကိုကား ကြားနေရတတ်ပါသည်။
ထိုအသံဓာတ်ကို ရူကွက်အဖြစ် ထားပါလျှင် မျက်စိကို ပိတ်၍ အမြင်အာရုံကို ခေတ္တဖျောက်ထားရပါမည်။ အသံကို ရူမှတ်မူ ရှင်းလင်းစေရန် ဖြစ်ပါသည်၊ ထိုအခါ အကြားအာရုံဖြစ်သော (အသံဓာတ်) တစ်ခုတည်းကို အာရုံပြုမိလာပါလိမ့်မည်။ မိမိ၏ ပြင်ပမှ အသံပေါင်းစုံလင်စွာ ကြားနေကြရပါသည်၊ လူသံ၊ ငှက်သံ၊ ခွေးသံ၊ ကားသံ၊ နာရီသံ၊ ပိုးမွှား ပုရစ်မည်သံ စသည်ဖြင့် အသံမျိုးစုံစွာ ကြားရတတ်ပါသည်။ ဤ အသံများထဲမှ ထင်ရှားသော အသံတစ်ခုကို ဦးစွာ အမှတ်ထားလိုက်ပါ၊ အသံတစ်ခုတည်းကို စူးစိုက်မိလျှင် ကျန်သောအသံများကို မှတ်သိမူ မူန်ဝါးသွားပါလိမ့်မည်။ အသံချဲ့စက်၊ ကက်ဆက်တို့မှမြည်သော သီချင်း၊ ဂီတ၊ တီးလုံးသံ တို့ကိုလည်း ထင်ရှားပေါ်လွင်လာပါက မှတ်ရူနိုင်ပါသည်။
မိမိမှတ်ယူသည့်အသံကို အစဉ်တစိုက်လိုက်၍ (ဖြစ်-ပျက်) ရူဉာဏ် ကပ်လိုက်ပါ။
(ဤအချိန်၌ ၀င်လေ ထွက်လေကိုသော်လည်းကောင်း၊ မိမိ၏ခန္ဓာကိုယ်တွင်းဓာတ် အမူအရာများကိုသော် လည်းကောင်း လုံးဝမှတ်ရူရန် မလိုပါ။)
“အသံကိုသာ တအာရုံတည်း ရူမှတ်နိုင်ရန်ဖြစ်၏”
မိမိ၏ စူးစိုက်မူ ရူဉာဏ်နှင့် စိတ်၏တည်ကြည်မူ အားလျော်စွာ ထိုအသံသည် တစ်ခုပြီးတစ်ခု ဆင့်၍ဆင့်၍ နားထဲသို့ တိုးထိလာသည်ကို သိမြင်လာရမည်။ အသံတစ်ခုနှင့်တစ်ခုအကြားတွင် ပြတ်၍ပြတ်၍ နေသည်ကို တွေ့မြင်လာရသည်။ အစဉ်အတန်းအားဖြင့် ရှည်လျှားနေသောအသံကို ပိုင်းလျက် ပိုင်းလျက် ရူမှတ်ပေးရပါမည်၊ အသံတန်းကြီးကို ဖြတ်၍ဖြတ်၍ ရူမှတ်ပေးရမည်။
ကက်ဆက်၊ အသံချဲ့စက်မှဖွင့်လာသော သီချင်း၊ ဂီတ၊ တီးလုံးသံများသည် ခုန်၍ ကြွ၍ တစ်ခုစီ၊ တစ်ခုစီ ပြိုလျက် ပျက်လျက်နေကြသည်ကို မြင်တွေ့လာရပါသည်။
စက္ကန့်စီ စက္ကန့်စီတွင် အသံကလေးများ တစ်ခုနှင့် တစ်ခုဆက်လျက် ပေါ်ကာ ပျောက်ကာ ဖြစ်ကာ ပျက်ကာ နေကြသည်ကို မှတ်ရူမူနှင့်အမျှ တွေ့လာရလိမ့်မည်။
ဤသို့ဖြင့် အသံဟူသည်လည်း အတည်, အတံ့မရှိ၊ အဓိပ္ပာယ်အနှစ်သာရ ဆိုလိုချက်သဘောများ မရှိ၊ ဖြစ်ပျက်သဘောမျှသာ ဖြစ်သည်ကို တွေ့သိ ရူမြင်လာကြရပေလိမ့်မည်။
အဆင်း၊ အနံ့၊ အရာသာ၊ အတွေ့အထိတို့ကိုလည်း တစ်ခုစီ တစ်ခုစီ အာရုံထား၍ အသေအချာ စူးစိုက်ကာ (ဖြစ်ပျက်) ရူဉာဏ်ကပ်လိုက်ပါက ထိုအရာများသည်လည်း ဖြစ်ပေါ်ပြိုကွဲလျက် မမြဲသောသဘောမျှသာ ဖြစ်ကြောင်း တွေ့သိရူမှတ်လာနိုင်ပေလိမ့်မည်။
အဆင်းရုပ်တစ်ခုကိုကြည့်လျှင် ပကတိအားဖြင့် သာမန် မြင်တွေ့နေရသော ရုပ်ဒြပ်၊ ၀တ္ထု၊ ပစ္စည်း၊ သတ္တ၀ါလူများသည် လူပ်လူပ်ရွရွ ဖြုတ်ဖြုတ်မွ၍ ပွပွကြွကြွ ပြိုလျက် ပျက်လျက်သည်လည်းကောင်း၊ ငွေ့ငွေ့ရွေ့ရွေ့၊ စေ့စေ့ဝှေ့ဝှေ့မျှသာ လူပ်ရှားပြောင်းလဲနေကြသည်ကိုလည်း တွေ့မြင် ရူသိလာနိုင်ရပေမည်။
အနံ့ရုပ်ကို ရူမှတ်ရာတွင် အထူးသတိထားရန် လိုပါလိမ့်မည်၊ ပုပ်၊ ညှီ၊ နံ၊ ဟောင်း၊ မွှေး၊ သင်း၊ ကြိုင်၊ လိုင်၊ ကြူ စသည်ဖြင့် အနံ့ရုပ်၏ သဘာဝများ ကွဲပြား များပြားလာသော်လည်း ရူမှတ်ရမူမှာ သိမ်မွေ့ကွယ်ပျောက် နေတတ်သောကြောင့် အထူးဂရုစိုက်၍ မှတ်ယူရပါမည်။ အနံ့ရုပ်ကလေး၏ သဘာဝ (ဖြစ်-ပျက်) လက္ခဏာကို မြင်အောင် တွေ့အောင် အထူးဂရုစိုက်ရန် လိုပါသည်။
အရသာကို ရူမှတ်ရာတွင် စားသောက်နေသော အခိုက်တွင်သာ ပေါ်လွင်သောအရသာကို ရူမှတ်၍ ရနိုင်ပါလိမ့်မည်။ အလွန်နူးညံ့သိမ်မွေ့သော လျှာပေါ်မှ သရုပ်ရသ ဓာတ်ကလေးကို ရူမှတ်နိုင်အောင် အထူးသတိထားရပါလိမ့်မည်။ ချို၊ ချဉ်၊ ငန်၊ ဖန်၊ ခါး၊ သက်၊ အီ၊ ဆိမ့် စသည်ဖြင့် ကွဲပြားသောရသဓာတ်တို့၏ လျှာပေါ်တွင် ဖြစ်ပေါ်ချုပ်ပျက်သော အမူအရာကို ဖမ်းယူရူမြင်နိုင်ရန် အထူးဂရုပြုရပါလိမ့်မည်။
စူးစိုက်မူအားလျော်စွာ ပေါ်လွင်ထင်ရှားသိရှိ ရူမှတ်နိုင်သော အရာများဖြစ်ကြပါသည်။
အတွေ့ရုပ်ကို ရူမှတ်ရာ၌ ပြင်ပမှ တိုးဝင်သောလေ၏ အတိုးအထိမှအစ မိမိခန္ဓာကိုယ်ပေါ်တွင် ၀တ်ဆင်ထားသော အ၀တ်တို့၏ တိုးထိနေမူ သဘောကလေးများပါမကျန် ရူမှတ်နိုင်ကြပါသည်။ လူလူချင်း ထိတွေ့ပူးကပ်မူမှ ခံစားသိမှတ်ရသော ပူမူ၊ အေးမူ၊ နွေးမူ၊ တင်းမာမူ၊ နူးညံ့မူ၊ သဘောမျှသက်သက်တို့၏ ဖြစ်ခိုက်၊ ပျက်ခိုက် အမူအရာများကိုလည်း ရူမှတ်နိုင်အောင် ကျင့်ဆောင်သတိပြုသင့်ကြပါသည်။
ဤသို့ ပြင်ပအာရုံအမျိုးမျိုးကို တစ်ခုစီ တစ်ခုစီ အမှတ်ထား၍ ရူမှတ်လေ့ကျင့်မူပြုပါက ပိုင်ပိုင်နိုင်နိုင် ရူမှတ်လာနိုင်ပါလိမ့်မည်။
ထိုအခါ မိမိခန္ဓာကိုယ်နှင့် ပြင်ပမှ မြင်၊ ကြား၊ နံ၊ စား တွေ့သိရသော အာရုံအားလုံးတို့ကို အချိန်အခါကာလအလျောက် ရူမှတ်လိုက်တိုင်း တစ်ပိုင်းစီ တစ်စစီ၊ အစုလိုက် အပြုံလိုက်၊ ဖရိုဖရဲ ပြိုကွဲလျက်နေကြသည်ကို ရူအား ဉာဏ်အား ထက်မြက်မူအလျောက် ထင်ရှားတစ်ခါ မထင်ရှားတစ်လှည့် ဖြည်းဖြည်းတစ်မျိုး မြန်မြန်တစ်ဖုံ အမျိုးအမျိုး အစုံစုံဖြင့် ရုပ်ဓာတ်၊ နာမ်ဓာတ်တို့၏ အတွင်းအပြင်နှစ်ဖြာ အမူအရာ သဘာဝ သဘောမှန်တို့ကို ပိုင်နိုင်စွာ တွေ့သိရူမြင်လာနိုင်ကြပေလိမ့်မည်။
ဤကဲ့သို့ မိမိခန္ဓာကိုယ်နှင့် ပြင်ပသဘာဝတို့၏ မူလသဘောမှန် အရှိမှန် တရားတို့ကို ပီပီပြင်ပြင် ကြည်ကြည်လင်လင် မြင်တွေ့ ရူမှတ်လာနိုင်သည်နှင့်အမျှ မိမိတို့၏ ဖြစ်တည်မူ ဘ၀၊ နေထိုင်ရမူ လောကဆက်သွယ်မူ သံသရာတို့၏အကြောင်း၊ အကျိုး၊ အကောင်း၊ အဆိုးတို့ကို ပိုင်နိုင်စွာ ခွဲခြားစိတ်ဖြာ ဝေဖန်မူ ပြုလာနိုင်ကြပေလိမ့်မည်။
ထိုအခါ ဆင်းရဲမူ၏ သဘောအမှန်ဖြစ်တည်ရာ သဘာဝတို့ကို သိရှိနားလည် မြင်တွေ့လာကြပေလိမ့်မည်။
ထို့နောက်တွင်ကား ဆင်းရဲမူအဆုံး၏ လမ်းစဉ်အမှန် ကျင့်စဉ်အမှန်ကို မိမိကိုယ်တိုင်ကိုယ်ကျ ဒိဋ္ဌိမြင်တွေ့ ရူသိလျက် ကျင့်ဆောင် လျှောက်လှမ်းနိုင်ကြပေလိမ့်မည်။
ရုပ်နှင့်နာမ်တို့၏ ဖြစ်ပျက်ဆင်းရဲနေမူများကို အဆက်မပြတ် ဉာဏ် သိဉာဏ်ဖြင့် သုံးသပ်ရူမှတ်သွားလျှင် (မြင်-မုန်း-ဆုံး) ဉာဏ်ရ၍ မဖြစ်မပျက်ရာ (အဖြစ်မရှိ၊ အပျက်မလာ) နိဗ္ဗာန်အာရုံထဲသို့ ကျရောက်ချုပ်ငြိမ်းကြရပေလိမ့်မည်။
အတိုကောက်မှတ်ရန် လင်္ကာ
အတွင်းနိုင်က ပြင်ပတစ်ခါ,
စေ့စေ့ဉာဏ်စိုက် ရူလိုက်ပိုင်စွာ၊
ဆင်း၊ သံ၊ နံ့၊ မွှေ့ ထိတွေ့ရသာ,
တစ်ခုထင်ချက် ရူကွက်တင်ကာ၊
ဖြစ်ပျက်မူ မှတ်ရူမြင်သိပါ။
အတွင်းနိုင်က ပြင်ပတစ်ခါ,
စေ့စေ့ဉာဏ်စိုက် ရူလိုက်ပိုင်စွာ၊
ဆင်း၊ သံ၊ နံ့၊ မွှေ့ ထိတွေ့ရသာ,
တစ်ခုထင်ချက် ရူကွက်တင်ကာ၊
ဖြစ်ပျက်မူ မှတ်ရူမြင်သိပါ။
ကျမ်းကိုး။ ။စက္ကန့် သုံးရာ ဘာဝနာ စာအုပ်မှ ကိုးကား ရေးသား ဖော်ပြထားပါသည်။
No comments:
Post a Comment