တရားရူမှတ်၍ စတင်ပြုလုပ်ရန် သင်၏ နှာခေါင်းပေါက် နှစ်ပေါက်မ ၀င်ထွက်နေသော ၀င်လေ ထွက်လေ အသက်ရှူရိုက်မူကို သတိထားစောင့်ကြည့်လိုက်ပါ။
ဝင်ခိုက် ထွက်ခိုက်မှာ နှာဖျားအ၀ အသားကို နူးနူးညံ့ညံ့တိုင်း၍ တိုးထွက်နေသည်ကို သတိပြု၍မှတ်ပါ။
လျှပ်စစ်နာရီတွင် ပါဝင်သော စက္ကန့်ပြသင်္ကေတ ဂဏန်းကလေးများကို သေချာစွာကြည့်ရင်းမှတ်ပါက (သုံးစက္ကန့်)တွင် ထွက်လေ ၀င်လေ တစ်ကြိမ်စီမျှ ၀င်ကြ ထွက်ကြသည်ကို မှတ်မိသိရှိရပါလိမ့်မည်၊ ထွက်လေတစ်ကြိမ် ၀င်လေတစ်ကြိမ်စီတွင် (တစ်စက္ကန့်ခွဲမျှ) အချိန် ပျမ်းမျှအားဖြင့် ကြာမြင့်သည်ကို တွေ့ရပါလိမ့်မည်။
ဤသို့ဖြင့် ကျန်ရှိနေသော(လေးမိနစ်) တွင် စက္ကန့်ပေါင်း(နှစ်ရာ့လေးဆယ်) ရှိရာ ထွက်လေ၀င်လေကို (သိ) မှတ်မူ အကြိမ်ပေါင်း(ရှစ်ဆယ်မျှ) မှတ်မိပေလိမ့်မည်။
ထွက်လေ အကြိမ်ပေါင်း (ရှစ်ဆယ်)နှင့် ၀င်လေ အကြိမ်ပေါင်း(ရှစ်ဆယ်) တို့ကို ရူမှတ်မူ ပြီးစီးသွားပေလိမ့်မည်။
ဦးစွာအစတွင် အချိန်ဂဏန်းမှတ်ရခြင်း ထွက်လေ ၀င်လေအား သတိပြုရခြင်း (သိ)ဟူ၍ နောက်မလိုက်မှတ်ရခြင်းဖြင့် စိတ်ဆန္ဒစောခြင်းတို့ကြောင့် အံဝင်ခွင်ကျ ရူမှတ်မူ ပြီးစီးချင်မှ ပြီးစီးမည်ဖြစ်သည်။ ထပ်ကာထပ်ကာလေ့ကျင့်မူ ပြုပါက (ငါးမိနစ်)ဟူသော အချိန်ကာလအတွင်း ထွက်လေ ၀င်လေ၏ အတိုးအထိကလေးကို (သိ) ဟူ၍ ရူမှတ်မူအား အောင်အောင်မြင်မြင် ရူတတ်မှတ်တတ် သွးပေလိမ့်မည်။
ဤသို့ (ငါးမိနစ်)တာ အချိန်ကလေးကို တစ်ရက်လျှင် တစ်ကြိမ်မျှ ပြုလုပ်နိုင်လျှင် သင်၏ (ဆယ့်နှစ်ရက်) ပြည့်လျှင် (မိနစ်ခြောက်ဆယ်) တစ်နာရီ ပြည့်၍ တရားရူမှတ်မူ အချိန်ကာလပေါင်း (တစ်နာရီ) တိတိ အောင်မြင်ပြီးစွားသွားပေလိမ့်မည်။
တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်မျှ ရက်ဆက် မှန်မှန်ပြု လုပ်ပါက (ဆယ့်နှစ်ရက်) ပြည့်လျှင် (မိနစ်ခြောက်ဆယ်) တစ်နာရီ ပြည့်၍ တရားရူမှတ်မူ အချိန်ကာ လပေါင်း (တစ်နာရီ) တိတိ အောင်မြင်ပြီးစီးသွားပေလိမ့်မည်။
ဤသို့ ကျင့်ဆောင်ခြင်း၏ အကျိုးအာနိသင်သည် မည်ရွေ့ မည်မျှ ကြီးမားများပြားလှသည်ကို သင်ကိုယ်တိုင်ပင် ကာလမခြား ခံစားသိသရှိလာရပေလိမ့်မည်။
အထူးသဖြင့် ဤသို့ရူမှတ်နေဆဲ ကျင့်ဆောင်နေဆဲ နေ့ရက်များတွင် စိတ်တည်ငြိမ်ခြင်း၊ ကြည်လင်ရွှင်ပျခြင်း အကျိုးများကို မုချခံစားလာရမည် ဖြစ်သည်။
ဤသို့ ကျင့်ဆောင်ခြင်းအမူကို သွား၊ ရပ်၊ ထိုင်၊ လှဲခြင်း စသည့် ခန္ဓာကိုယ်အနေအထား လေးမျိုးစလုံးမှာပင် သက်သာ အေးဆေးစွာ ပြုလုပ်နိုင်သည်။
ဤသို့ ညွှန်ပြချက်ကို သဘောပေါက်ပါလျှင် ယခု ဤပိုစ့်ကို ဖတ်ပြီးခိုက်မှာပင် (ငါးမိနစ်တရား ရူမှတ်မူ) ကို ယနေ့အတွက် စတင် ပြုလုပ် လေ့ကျင့်နိုင်ပါသည်။ နေ့စဉ် နေ့စဉ် ပြုလုပ်ကျင့်ဆောင်မူသည် အကျိုးအာနိသင်ကို ရရှိခံစားရမူ ပိုမို၍ ထင်ရှားသိသာခိုင်မာစေပေလိမ့်မည်။
ပကတိ ဖြည်းညံ့လေးမှန်စွာ ၀င်ထွက်နေသောလေကို တည်ငြိမ်သောစိတ်ဖြင့် ရူမှတ်နိုင်ရန် ကြိုးစားပါ၊ စိတ်လူပ်ရှားမူ၊ တုန်လူပ်မူ၊ ဆန္ဒလွန်မူ၊ သဒ္ဓါလွန်၍ ပီတိဖြစ် နှစ်သက်မူ စသည်တို့ကို ထိန်းချုပ်နိုင်သမျှ ထိန်းချုပ်ပါ။
ထွက်လေ၀င်လေ၏ အတိုးအထိကလေးကို ထင်ရှားသိသာစွာ စိတ်(ဉာဏ်မျက်စိ)ဖြင့် မြင်နိုင်ပါသည်။ မိမိ၏ ခန္ဓာကိုယ်ကို ပြင်ပမှာ လေညင်း လေပြည်များ တိုးခတ်ထိဝေသောအခါ ခံစားသိရသည့် သဘောမျိုးကလေးမျှ ဖြစ်သည်။
ထွက်လေသည် ခန္ဓာကိုယ်တွင်းမှလာသဖြင့် ရှိန်ရှိန်ငွေ့ငွေ့နွေးနွေးမျှ ဖြစ်နေပေလိမ့်မည်။
အကယ်၍ ယင်းပကတိပုံမှန်ထွက်လေ ၀င်လေကို ရှူခြင်း(ရှူမူရိုက်မူ) ကို ပြင်းပြင်းကလေး ပြုလိုက်ပါ၊ နှာခေါင်းပေါက်ဝတွင် မိမိ၏ လက်ဝါး၊ လက်ပြင်၊ လက်ချောင်း စသည်တို့ကို ခေတ္တခဏ ကပ်ထား၍ ကြည့်ပါ၊ ထွက်လေ၏ အတိုးကို လက်ဝါးလက်ပြင်၌ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မည်။
ဝင်လေ-ထွက်လေ၏ အတိုးအထိကို ထင်ရှားသိရှိလာသောအခါမှ ရှူရိုက်ပြင်းမူကို ဖြည်းဖြည်းသာသာ ပြန်လျှော့၍ ရူမှတ်မူပြုပါ။
ရူမှတ်နေဆဲကာလ၌ ၀င်လေ-ထွက်လေ၏ တိုးထိမူဖြစ်လတ္တံ့ အကြောင်းအရာများ၊ အကြံအစည်များ၊ စိတ်ကူးအတွေးများကို လုံးဝမတွေးမြင် မကြံဆမရူမှတ်ရပါ၊ စိတ်တည်ငြိမ်မူ အားလျော်စွာ ထင်လာ မြင်လာတတ်သော စိတ်ကူး ပုံရိပ်၊ အာရုံ၊ နိမိတ်၊ အရောင်အဆင်း၊ အလင်း၊ သဏ္ဌာန် အမျိုးမျိုးတို့ကို လုံးဝ အာရုံယူ ရူမှတ်လိုက်ပါမူ မပြုရပါ၊ အထူးသတိထားရပါမည်။
ဝင်လေထွက်လေ၏ တိုးထိမူ သဘောကလေးကို ရူတိုင်း မှတ်တိုင်း သိရှိနိုင်၊ ဖမ်းယူနိုင်၊ မှတ်မိနိုင်သော အချိန်အခါသည် (အခြေခံတရား ရူမှတ်ခြင်း) ၏ ပြည့်ဝအောင်မြင်သော အခြေအနေဖြစ်သည်။
အတိုကောက်မှန်ရန်လင်္ကာ
အခြေခံတရားမှတ်သားသင့်ရာ,
နှာသီးဝဖျား ထင်ရှားသေချာ၊
ဝင်ဘိ ထွက်ဘိ တိုးထိလေမှာ,
ငါးမိနစ်မျှ ကာလချိန်ခါ၊
မလွတ်တမ်း စောင့်ဖမ်း(သိ) လိုက်ပါ။
အခြေခံတရားမှတ်သားသင့်ရာ,
နှာသီးဝဖျား ထင်ရှားသေချာ၊
ဝင်ဘိ ထွက်ဘိ တိုးထိလေမှာ,
ငါးမိနစ်မျှ ကာလချိန်ခါ၊
မလွတ်တမ်း စောင့်ဖမ်း(သိ) လိုက်ပါ။
ကျမ်းကိုး။ ။စက္ကန့် သုံးရာ ဘာဝနာ စာအုပ်မှ ကိုးကား ရေးသား ဖော်ပြထားပါသည်။
No comments:
Post a Comment