မိမိ၏ ခန္ဓာကိုယ်သဘာဝမှန်ကို အမြင်ဉာဏ်ပေါက်စေရန် အဆင့်မြင့်တရား ရူမှတ်ခြင်းနည်းလမ်း ဒုတိယဆင့်ဖြင့် ကြိုးစား ရူမှတ်နိုင်ကြပါသည်။
ဆင်းရဲမူအဆုံးသို့ လွန်မြောက်၍ ချမ်းသာမူပကတိကို ခစား ရရှိကြကုန်ပြီးသော ပုဂ္ဂိုလ်တို့၏ အမြင်အရ လောကဟူသော မိမိတို့ နေထိုင်သိမှတ်ရာ ကမ္ဘာကြီးတွင် ဖော်ပြပါအတိုင်း အမှတ်တရားနှစ်မျိုး ရှိပါသည်။
၁။ တကယ်မရှိ ခေါ်ဝေါ်သုံးစွဲ သိမှတ်ရုံမျှဖြစ်သောတရား (မရှိမှန်) နှင့်၊
၂။ စင်စစ် အဟုတ်အမှန်ရှိသော တရား(အရှိမှန်) ဟူ၍ ဖြစ်ပါသည်။
၁။ ခေါ်ဝေါ်သုံးစွဲရုံမျှဖြစ်သောတရား (မရှိမှန်)
မရှိမှန် ဆိုသည်မှာ မိမိတို့မွေးသည်မှအစ သေသည်အဆုံး တစ်လောကလုံး လူသားအားလုံးတို့သည် ဆိုင်ရာဆိုင်ရာ ဒေသကာလ လူမျိုးအလျောက် သိရှိမှတ်သား ခေါ်ဝေါ်သုံးစွဲ ပြောဆိုကြသော အမှတ်အသား စာ၊ စကားများကို ဆိုလိုခြင်းဖြစ်သည်၊ ရေမြေဒေသ၊ အချိန်အခါ၊ လူမျိုးဘာသာကွဲပြား ခြားနားမူအလျောက် မည်တွင်မူ၊ တည်ရှိမူ၊ သုံးစွဲမူ၊ မှတ်သားမူ၊ မတူမညီ ပြောင်းလဲသွားနိုင်သည်။ တစ်သမတ်တည်းအားဖြင့် အမြဲထာဝရ တည်ရှိမှန်ကန် စွဲမြဲနေသော အကြောင်းအခြင်းအရာများ မဟုတ်ကြပါ၊ အသိဉာဏ် ရှိသော လူတို့ ခေါ်ဝေါ်သုံးစွဲမှတ်သားဆက်သွယ်ရုံမျှသာဖြစ်၍ မှန်သည်ဟု အထင်ခံရသော(အထင်မှန်)များ ဖြစ်ကြသည်။
မိမိတို့သည် မွေးသည်မှ သေသည်အဆုံး ဤအထင်မှန်ဖြစ်သော မရှိမှန်တရားများ နယ်ပယ်သာလျှင်ပြုလုပ်ပြောဆိုကြံစည်တွေတောကြ၍ အချင်းချင်း ဆက်သွယ်နားလည်ကြရသည်။
၂။ စင်စစ် အဟုတ်ရှိသော အမှန်တရား (အရှိမှန်)
အရှိမှန် ဆိုသည်မှာ ပကတိသဘာဝမျက်စိဖြင့် ထင်ရှားမြင်သော သိမှတ်နိုင်သည်မဟုတ်ပေ။ သိမ်မွေ့သောစိတ်(ဉာဏ်မျက်စိ) စူးစိုက်သော စိတ်တို့ဖြင့်သာ ခံစားသိမှတ်ရှိသော အကြောင်း အခြင်းအရာများ ဖြစ်ကြသည်။ ဤတရားမျိုးသည် မည်သူမဆို၊ မည်သည့်သတ္တ၀ါမဆို၊ လူတိုင်း သတ္တ၀ါတိုင်းအတွက် မပြောင်းလဲ မဖောက်ပြန် မရွေ့လျား အစဉ်အမြဲ မှန်ကန်နေသော တရားဖြစ်သည်။ မည်သည့်နေရာ၊ ဒေသ၊ ကာလ လူမျိုးဘာသာ ကျား-မ မရွေး အမှန်အရှိအတိုင်း သဘာဝကို ခံစားသိမှတ်ရသော အရာမျိုးဖြစ်သည်။ ဤအကြောင်းတရားနှင့် ထိစပ်ဆက်ဆံမိသူတို့သည် စာ စကား အမှတ်အသား သုံးစွဲမူ ကွဲပြားသော်လည်း အခြင်းအရာကို သိမှတ်ခံစားမူအားဖြင့် မကွဲမပြားတူနေသည်။ ဤအကြောင်းအခြင်းအရာများသည်သာလျှင် လောက၌ စင်စစ် အဟုတ်တကယ်ရှိသော အမှန်တရား(အရှိမှန်) ဖြစ်သည်။ ဤတရားတို့ကို မြင်သိနိုင်မှသာလျှင် အမြင်မှန်ဖြစ်သည်။
ဤအမြင်မှန် အရှိမှန်တရားကို ထူးသောစိတ်၊ ထူးသောဉာဏ်(တစ်နည်း) စူးစိုက်သောစိတ် စူးစိုက်သောဉာဏ်ဖြင့် သိအပ် မြင်အပ် တွေ့ထိ ခံစားအပ်ပါသည်။
ထိုအရှိအမှန်တရားကို အကြမ်းအားဖြင့် သုံးပိုင်း ခွဲခြားနိုင်ပါသည်။
၁။ ဖောက်ပြန်ပြောင်းလဲတတ်မူသဘော (ရုပ်တရား)
၂။ သိမှတ်ခံစားတတ်မူသဘော (နာမ်တရား)
၃။ ဖောက်ပြန်မူ သိမှတ်ခံစားမူ သဘောများ (ရုပ်နာမ်) အားလုံး ချုပ်ဆုံးမူသဘော (နိဗ္ဗာန်တရား) ဟူ၍ ဖြစ်ပါသည်။
၁။ ရုပ်တရား
ရုပ်တရားကို ထင်ရှား သိသာအောင် ဖွဲ့စည်းဖော်ပြသောအရာတို့မှာ ဓာတ်တရားများ ဖြစ်ကြသည်။
ဓာတ်တရားဟူသည် ရုပ်၏ အခြင်းအရာကို စုစည်းဖွဲ့တည်နေသော အခြေခံ မူလအရာများဖြစ်ကြသည်။ အကြမ်းအားဖြင့် ဓာတ်တရား လေးမျိုးရှိသည်။
(၁) ပထ၀ီ (အခဲဓာတ်) = ခုခံ၊ ခက်မာ၊ ပျောင်းပျော့၊ နူးညံ့သောသဘာဝ မှန်သမျှသည် အခဲဓာတ်(ပထ၀ီ) ဖြစ်သည်၊ အခဲဓာတ်၏ အခြင်းအရာကို ထိတွေ့၊ ကိုယ်တွယ်သောအတွေ့တွင် မာခြင်း၊ ပျော့ခြင်း၊ နူးညံ့ခြင်း စသည်ကဲ့သို့ ခံစားသိမှတ်ရခြင်းဖြင့် တွေ့သိနိုင်သည်။
(၂) အာပေါ (အဖွဲ့ဓာတ်) = ပျော့်ပြေ၊ ယိုစီး၊ ဖွဲ့စည်း၊ ပူးကပ်တတ်သော သဘာဝမှန်သမျှသည် အဖွဲ့ဓာတ်၏ အခြင်းအရာကို ထိတွေ့ကိုင်တွယ် ခြင်းအားဖြင့် ထင်ရှားမသိသာနိုင်ပေ၊ ဓာတ်တို့၏ ပျော့ပြေခြင်း၊ ယိုစီးခြင်း ပူးကပ်ခြင်း၊ အမူအရာတို့ကို မြင်တွေ့ ခံစားရခြင်းဖြင့်သာ သဘောပေါက် သိရှိနိုင်သည်။
(၃) တေဇော (အငွေ့ဓာတ်) = လောင်မြိုက် ရင့်ကျက်စေတတ်သောသဘော မှန်သမျှသည် အငွေ့ဓာတ်(တေဇော) ဖြစ်သည်၊ တေဇောဓာတ်၏ အခြင်းအရာကို ထိတွေ့ကိုင်တွယ်သော အတွေ့တွင် ပူငွေ့ခြင်း၊ အေးငွေ့ခြင်း၊ နွေးငွေ့ခြင်း စသည်ကဲ့သို့ ခံစားရခြင်းဖြင့် တွေ့သိနိုင်သည်။
(၄) ၀ါယော (အဝှေ့ဓာတ်) = လူပ်ရှား ထောက်မ၊ တွန်း သဘာဝမှန်သမျှသည် ၀ါယောဓာတ် ဖြစ်သည်။ ဤဓာတ်သည် အရွှင်ဓာတ်၊ အလန်းဓာတ်ဖြစ်သည်။ လူပ်ရှား ရွေ့ရှား၊ ခါရန်း၊ ခုန်ကြွနေသော သဘောကို တွေ့ထိခံစား ထောက်လှမ်းမှန်းဆခြင်းအားဖြင့် သိမှတ် ခံစားနိုင်သည်။
ဤဓာတ်လေးမျိုးတို့တွင် အာပေါ(အဖွဲ့ဓာတ်) မှလွဲ၍ ကျန်ဓာတ်သုံးမျိုးတို့ကို မိမိတို့၏ ခန္ဓာကိုယ်အတွေ့တွင် ထင်ရှားမြင်သာစွာ တွေ့သိ မှတ်ရူနိုင်ကြသည်။
၂။ နာမ်တရား
သိမှတ် ခံစားမူသဘော (နာမ်တရား) နှစ်မျိုးကွဲပြားသည်။
(၁) စိတ် = ပြညွှန်သောအာရုံ (ခံစားသိမှတ်ဖွယ်ရာ) မှန်သမျှကို ဖမ်းယူ သိတတ် နားလည် ခံစားသော သဘောကို ဆိုသည်။
(၂) စေတသိက် = အာရုံကို ခံစားမူအလျောက် ဖြစ်ပေါ်သော စိတ်၌ယှဉ်သည့် ပုံဟန်အမူအရာ သဘာဝများကို ဆိုသည်။
၃။ နိဗ္ဗာန်တရား
ဖောက်ပြန်မူ (ရုပ်)နှင့် သိမှတ်မူ(နာမ်)တို့မှ လွတ်မြောက်သော၊ ချုပ်ငြိမ်းသော၊ တစ်သီးတခြားဖြစ်သော ဤတရားသည် ဆင်းရဲမူအားလုံး၏ ကုန်ဆုံးမူအားလုံး၏ ကုန်ဆုံးရာဖြစ်သည်၊ ဆင်းရဲမူ၏ အဆုံးဖြစ်သည်။
ရုပ်တရားနာမ်တရားတို့သည် ဖြစ်ပျက်ဆင်းရဲမူနှင့် စပ်ယှဉ်နေကြ၍ နိဗ္ဗာန်တရားသည် ဖြစ်ပျက်ဆင်းရဲမူနှင့် လုံးဝကင်းသော တရားဖြစ်သည်။
ဤတရားကို ရုပ်နာမ်ထင်ရှားသိရှိလျက်ဖြင့် အခိုက်အတန့် အာရုံပြု၍ ရောက်ရှိခံစားနိုင်သည်။
ရုပ်နာမ်ထင်ရှားမဲ့ ချုပ်ငြိမ်လျက် အပြီးတိုင် ပကတိ ရောက်ရှိနိုင်သည်။
ဖော်ပြပါ ရုပ်၊ နာမ်၊ နိဗ္ဗာန် တရားသုံးမျိုးတို့ကို သိရှိနားလည်ထားရန် လိုအပ်သည်။
အဆင့်မြင့်တရား ရူမှတ်ခြင်း (ပထမဆင့်)တွင် နှာခေါင်းဝမှ ထွက်လေ ၀င်လေကို (မမြဲ)ဟု ရူမှတ်ခဲ့သည်။
ယခု ဒုတိယအဆင့် ရူမှတ်ရာတွင် ထွက်လေ ၀င်လေ ရူမှတ်မူကို စွန့်လွှတ်လိုက်ရမည်၊ ခွာလိုက်ရမည်၊ ထွက်လေ ၀င်လေ၏ တိုးထိမူအာရုံကို (သိ) ဟူ၍လည်းကောင်း၊ (မမြဲ) ဟူ၍လည်းကောင်း လုံးဝ မရူမှတ်တော့ပါ။
ထွက်လေ ၀င်လေကို ရူမှတ်စဉ်က စွဲမြဲရရှိခဲ့သော စူးစိုက်မူစိတ်ကို မိမိ၏ ဦးခေါင်းပေါ်မှ ငယ်ထိပ်နေရာ၊ သို့မဟုတ် မိမိ၏ ရင်ဘတ်အလယ် ရင်ညွှန့်နေရာ၊ သို့မဟုတ် သွေးခုန်နူန်း ထင်ရှားပေါ်နေရာတို့မှ တစ်ခုခုသောနေရာသို့ ပြောင်းလဲရူမှတ်ရပါသည်။
ထိုနေရာသုံးခုအနက်မှ မှတ်လွယ်သိလွယ်သော တစ်ခုသောနေရာတွင် ရူမှတ်သောစိတ်ကို စိုက်ထား တည်ထား စွဲထား၍ (ဖြစ်ပျက် ဖြစ်ပျက်) ဟု နှလုံးသွင်းရူမှတ်ပေးရမည်။
ဤကဲ့သို့ စူးစိုက်ရူမှတ်ရာတွင် လောကဝေါဟာရအားဖြင့် ပြောကြဆိုကြသော မရှိမှန် အထင်မှန်များ ဖြစ်ကြသည့် အဟုတ်မရှိ တကယ်မရှိသော ခေါင်း၊ ခါး၊ ကိုယ်၊ လက်၊ ခြေ၊ အသွေးအသား၊ အရိုး၊ အကြော၊ အူသိမ်၊ အူမ၊ ကျောက်ကပ်၊ နှလုံး၊ သည်းခြေ စသည်ဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ အမည်နာမ အာရုံ ၀တ္ထုများကို တွေးတော နှလုံးသွင်း မှတ်သိဆင်ခြင် ရူမှတ်၍ လုံးဝမပြုလုပ်ရပါ။
အထက်တွင် ဖော်ပြခဲ့သော အရှိမှန်တရား ရုပ်၏ ဖွဲ့စည်းမူ အမူအရာပြ ဓာတ်သဘောများဖြစ်ကြသော ပထ၀ီ၊ တေဇော၊ ၀ါယောတို့၏ ထင်ရှားသိသာသော သဘာဝများကိုသာ တွေ့သိဖမ်းယူမှတ်ရူနိုင်အောင် စိတ်ဖြင့်ကြံဆ ရှာဖွေ တွေးမြင် ရူသိရပါမည်။
တင်းမူ တောင့်မူ ကိုက်မူ ခဲမူတို့သည် ပထ၀ီဓာတ်၏ ခံစားတွေ့သိရသော အမူအရာများ ဖြစ်ကြသည်။
ပူမူ ရှိန်မူ အေးမူ နွေးမူ သဘာဝငွေ့မူ လောင်မူတို့သည် တေဇောဓာတ်၏ ခံစားတွေ့သိရသော အမူအရာ သဘာဝများ ဖြစ်ကြသည်။
ရွေ့ရွေ့ လူပ်လူပ် ရွရွပွပွ ကြွကြွမွမွ သိမ့်သိမ့်ရန်းရန်း ခုန်ကြွနေသော သဘောများသည် ၀ါယောဓာတ်၏ ခံစားတွေ့သိရသော အမူအရာ သဘာဝများ ဖြစ်ကြသည်။
ယားသည်ဟူသော ခံစားမူမှာ ၀ါယောဓာတ်၏ ခံစားသိမှတ်ရသော သဘာဝလက္ခဏာတစ်ခု ဖြစ်သည်။
ခန္ဓာကိုယ်တွင် ချွေးများစိုရွှဲ စေးထန်းလာခြင်းသည် အာပေါဓာတ်၏ သဘာဝရူမြင်သိနိုင်သော သဘောတစ်ခုဖြစ်သည်၊ အာပေါဓာတ်ကို မြင်သိနားလည်ရုံမျှ ဖြစ်သည်။ ခန္ဓာကိုယ်အတွေ့တွင် အာပေါဓာတ်ကို ရူမှတ်၍ မရပေ။
ခန္ဓာကိုယ်ပေါ်မှ ထင်ရှားပေါ်လာသော ရုပ်ဓာတ်တို့၏ သဘာဝကိုသာလျှင် (ဖြစ်-ပျက်) (ဖြစ်-ပျက်)ဟု စိတ်မှ ရွတ်ဆို၍ စိုက်ကြည့်ရ ရူမှတ်ရသည်။ အမူအရာတစ်ခုကို တွေ့မြင်ရူမိလျှင် ထိုအမူအရာကို မလွတ်တမ်း မလစ်တမ်း စောင့်ကြည့်ရူမှတ်ရသည်။
ထို့နောက် စိုက်ကြည့်ရူမှတ်နေသော နေရာတွင် ဓာတ်အမူအရာများကို ပိုင်ပိုင်နိုင်နိုင် တွေ့မိ ဖမ်းမိ ရူမိလျှင် ထိုနေရာမှ တစ်ဆင့်တိုး၍ ဖြန့်၍ ချဲ့၍ ကား၍ ဖွ၍ နေရာကျယ်ပြန့်အောင် ခန္ဓာကိုယ်တစ်ကိုယ်လုံး နှံ့အောင် ပြန့်အောင် အထက်မှအောက် အောက်မှအထက် စိတ်ဖြင့် စုန်ဆန်းသွားလာ ရူမှတ်ရသည်။
ဦးခေါင်းငယ်ထိပ် ရင်ညွှန့် သွေးခုန်ရာနေရာ စသည်တို့မှာ နေရာပြသော အညွှန်းများ ဖြစ်ကြသည်။ ထိုနေရာများမှ ထင်ရှားသော ဓာတ်အမူအရာများကိုသာ မှတ်ရူရန် ဖြစ်သည်။
မိမိ၏ စူးစိုက်မူနှင့် စိတ်၏ တည်ငြိမ်မူ အလျောက် ခန္ဓာကိုယ် တစ်ကိုယ်လုံး သိမ်းကြုံးလျက်၊ ခြုံငုံလျက်၊ တဖြုန်းဖြုန်း၊ တရုန်းရုန်း၊ တ၀ုန်းဝုန်း၊ တလူပ်လူပ်၊ တဖြုတ်ဖြုတ် ပျက်စီးပြုတ်ကျနေသော ဓာတ်အမူအရာ သဘာဝလက္ခဏာများကို ထင်ရှား တွေ့လာ၊ မြင်လာ သိလာရမည်။ တစ်ကိုယ်လုံး ပူလျက် ရှိန်လျက် အေးလျက် နွေးလျက်လည်း တွေ့လာရမည်၊ ခန္ဓာကိုယ်ကြီး တစ်ခုလုံးသည် ဓာတ်လုံး၊ ဓာတ်ခဲ၊ ဓာတ်တုံး၊ ဓာတ်ရုပ်၊ ဓာတ်ကောင်ကြီးမျှသာဖြစ်သည်ကို တွေ့လာရမည်။
ဤကဲ့သို့ထင်လာလျှင်၊ မြင်လာလျှင်၊ တွေ့လာလျှင်၊ သိလာလျှင်၊ အဆင့်မြင့်ရားရူမှတ်ခြင်း(ဒုတိယအဆင့်) အောင်မြင်ပြီဖြစ်သည်။
မိမိ၏စိတ်မှ (ဖြစ်-ပျက်) (ဖြစ်-ပျက်)ဟု ရွတ်ဆို ရူမှတ်နေမူနှင့် ခန္ဓာကိုယ်အတွင်းမှ ဓာတ်သဘာဝလက္ခဏာများ ပြိုကွဲပျောက်ပ ပျက်စီးနေခြင်းကို ရူမြင်နေရမူ အပ်မိ၊ စပ်မိ၊ ထပ်မိနေလျှင် အဆင့်မြင့်တရား ရူမှတ်ခြင်း (ဒုတိယအဆင့်) အောင်မြင်ပြီဖြစ်သည်။
ဤနေရာ၌ (မမြဲ) ဟူသော စကားနှင့် (ဖြစ်-ပျက်) ဟူသောစကားနှစ်ခု ကွဲပြားနားလည်ရန် လိုပါသည်။
(မမြဲ)ဟူသည် တစ်စုံတစ်ရာ ၀တ္ထုပစ္စည်းများ အကြောင်းအရာများ အတည်မရှိ အတန့်မနေ ပြောင်းလဲ လူပ်ရှား ရွေ့လျားဖောက်ပြန် ပြိုကွဲပျက်စီးနေခြင်းကို ဆိုလိုသည်။
(ဖြစ်-ပျက်) ဟူသည် (ဖြစ်ခြင်း)နှင့် (ပျက်ခြင်း) အမူအရာ အကြောင်းနှစ်ခု၏ စကားစုဖြစ်သည်။ (ဖြစ်ခြင်း) တစ်ခု (ပျက်ခြင်း) အကြောင်းတစ်ခု အသီးအခြား ကွဲပြားသည်။
(မမြဲ) ဟူသောစကားသည် (အဖြစ်-အပျက်) အမူအရာနှစ်ခုကို ပေါင်းစပ်ခေါ်ဆိုထားခြင်းဖြစ်သည်။
(ဖြစ်-ပျက်) ဟူသောစကားသည် (မမြဲ) ဟူသော ပေါင်းစပ်သည့် အကြောင်းတစ်ခုကို အကြောင်းနှစ်ခု နှစ်ရပ်အဖြစ် အမူအရာ သဘာဝလက္ခဏာနှစ်ခုအဖြစ် ခွဲခြားထုတ်ပြ သိမှတ်စေသည်။
ထို့ကြောင့် ဓာတ်အမူအရာတို့၏ ပြိုကွဲ ပျက်စီး ပျောက်ကွယ် နေကြခြင်းကို (ဖြစ်အစပျက်အဆုံး) အမူအရာများ ပိုင်နိုင်ထင်ရှားအောင် ရူမှတ်သိမြင်ကြရမည်။ ( ဖြစ်တစ်ခိုက်-ပျက်တစ်ဖုံ) ဖြစ်-ပျက်ပုံကို မြင်အောင်ရူကြည့်သိမှတ် ကြရမည်။
တစ်ဖန် ထွက်လေ-သင်လေကို ရူမှတ်မူနှင့် ဓာတ်အမူအရာတို့၏ ဖြစ်ပျက်လက္ခဏာကို ရူမှတ်မူနှစ်ခုကို ကွဲပြားအောင် နားလည်ကြရမည်။
စူးစိုက်အား ရူမှတ်အား လျော့ပါးခြင်းကြောင့် စိတ်၏ တည်ငြိမ်မူမရှိပါက ဓာတ်အမူအရာတို့၏ သဘာဝလက္ခဏာများကို ပေါ်လွင်ထင်ရှားစွာ မြင်ရူနိုင်မည်မဟုတ်ပါ။
ထိုအခါ မိမိတို့၏ ရူမှတ်အား ပြန်လည်ပြည့်ဝစေရန် နှာခေါင်းပေါက်ဝမှ ထွက်လေ၀င်လေကို ပြန်လည်၍ ရူမှတ်ကြရပါမည်။
ထွက်လေ ၀င်လေကို ရူမှတ်ခြင်းသည် စိတ်၏ တည်ကြည်မူအတွက် အင်အားစုစည်းခြင်းပင် ဖြစ်သည်။
ဓာတ်သဘာဝ၏ ဖြစ်ခြင်းပျက်ခြင်း အမူအရာများကို တွေ့သိရူမြင်ခြင်းသည် အသိမှန်၊ အမြင်မှန်ကို ရရှိခံစားခြင်း ဖြစ်သည်။
ရူမှတ်မူအချိန်ကာလ ကြာမြင့်မူနှင့် စိတ်၏ စူးစိုက်မူ ကောင်းမွန်ခြင်းအလျောက် ခန္ဓာကိုယ်တွင် ပကတိမှန်ကန်စွာ ရှိနေသော (အရှိမှန်) သဘာဝတရား (ရုပ်နှင့်နာမ်) တို့၏ (ဖြစ်ခြင်း-ပျက်ခြင်း) အမူအရာများကို အသေးစိတ်၍ တွေ့သိ ရူမှတ်လာနိုင်ကြပေလိမ့်မည်။
အရှိမှန်တရားဖြစ်သော ရုပ်၏ ဖောက်ပြားမူ ဓာတ်အမူအရာများ ဖြစ်ပျက်သဘာဝများကို အရှိမှန်တရားဖြစ်သော နာမ်၏ သိမှတ်ခံစားမူဖြင့် ရူမြင်တွေ့သိရ၏။
ရုပ်သည် အရူခံဖြစ်၍ နာမ်သည် ရူမှတ်မူဖြစ်သည်၊ အရာဝတ္ထုတစ်ခုကို ဓားဖြင့်ခုတ်ပိုင်း၏၊ ၀တ္ထုသည် အခုန်ခံ အပိုင်းခံဖြစ်၍ ဓားသည် ခုတ်သူဖြစ်သည်၊ အပိုင်းခံရသောအရာနှင့် ခုတ်သောဓားတို့သည် မမြဲသောသဘောရှိရာ ၀တ္ထုလည်းမမြဲ၊ ဓားလည်းမမြဲ ဖြစ်ပျက်နေကြရုံမျှဖြစ်သည်။ ထို့အတူ အရူခံ ရုပ်နှင့်ရူသော နာမ်တို့သည်လည်း မမြဲ ရုပ်-နာမ် နှစ်ခုစလုံး မမြဲ ဖြစ်ပျက်နေကြရုံမျှ ဖြစ်သည်။ အရူခံလည်းမမြဲ ရူစိတ်လည်းမမြဲ ဖြစ်ပျက်နေကြရုံမျှ ဖြစ်သည်။
ဤသို့ ရူမှတ်သိမြင်မူအလျောက် ပိုင်းခြားဝေဖန် ခွဲခြမ်း၍ သိလာအံ့သော အသိဉာဏ်အမြင်များသည် အဆင့်မြင့် တရားရူမတ်ခြင်းကို ကျင့်ဆောင်သူတို့၏ ရပိုင်မူ ဖြစ်သည်။
အဆင့်တိုးမြှင့် ရူလင့်တစ်ခါ,
အမှန်ရှိနှင့် မရှိနှစ်ဖြာ၊
အမှန်ရှိမူ စေ့ငုသေချာ,
ငယ်ထိပ်ရင်ညွှန့် လူပ်လွန့်ခုန်ရာ၊
ပေါ်ထင်ချက် (ဖြစ်-ပျက်) ရူမှတ်ပါ။
No comments:
Post a Comment