ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 14 May 2012

တိုက်တွန်းချက်နဲ့ ဆုပေး

တရားရှိမှသာ ဘ၀မှာပျော်ရွှင်မူ၊ တကယ့်အေးချမ်းမူ၊ တကယ့်သဟဇာတရှိမူတွေ ဖြစ်နိုင်ပါလိမ့်မယ်။ ဘ၀ရဲ့ ဆင်းရဲတွေက လွတ်မြောက်အောင် ကြိုးစားကြပါ။ မိမိတစ်ဦးထဲအတွက်သာ မဟုတ်ဘဲ သူများတွေ အတွက်လည်း ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ ဒုက္ခတွေ လွှမ်းမိုးနေပါတယ်။ လူသားတွေ ပိုပိုများများ ဒုက္ခတွေက လွတ်မြောက်ကြပါစေ။ တရား ဓမ္မနဲ့ ထိတွေ့မိကြပြီး စိတ်တွေသန့်ရှင်း စင်ကြယ်နိုင်ကြပါစေဆိုတဲ့ စိတ်မျိုးနဲ့ အေးချမ်းစွာ တရားမျှတစွာ နေတတ်အောင် ကြိုးစားကြပါ။ ဒီလိုဆိုရင်တော့ ကိုယ့်အကျိုး သူ့အကျိုး နှစ်မျိုးစလုံးအတွက် အကျိုးခံစားကြရပါလိမ့်မယ်။

အားလုံးကုန်သော သတ္တ၀ါတွေ ကိလေသာအညစ်အကြေးတွေက လွတ်ကင်းကြပါစေ။ လွတ်ကင်းကြပါစေ။ ဒုက္ခဆင်းရဲတွေက လွတ်ကင်းကြပါစေ။ ချမ်းသာကြပါစေ။ အေးငြိမ်းကြပါစေ။ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းကြပါစေ။

ဘ၀တု သဗ္ဗမင်္ဂလံ = ခပ်သိမ်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်း။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment