ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 3 May 2012

ဝေဒနာကိုရူနေရင် လက္ခဏာ ၃-ပါးကိုသိလာ

ရုပ်နဲ့နာမ် ၂-မျိုးစလုံး တစ်ပြိုင်နက် ဖြစ်ပျက်နေတာဟာ ဝေဒနာတွေကို ရူနေကြတဲ့အခါ သူတို့ဟာ ဖြစ်လိုက် ပျက်သွားလိုက်၊ ဖြစ်လာလိုက်ကြ ပျက်သွားလိုက်ကြနဲ့ မမြဲကြပါလား၊ အနိစ္စတွေပါလားလို့ ဦးနှောက်အသိဉာဏ်နဲ့သာလျှင် မဟုတ်တော့ဘဲ အနိစ္စတရားလားလို့ ဦးနှောက်အသိဉာဏ်နဲ့သာလျှင် မဟုတ်တော့ဘဲ အနိစ္စတရားကို သုတမယ၊ စိန္တာမယဉာဏ်တို့နဲ့ ယုံကြည်ကိုးကွယ် ဆည်းကပ်နေတဲ့ အဆင့်မှာသာ မဟုတ်တော့ဘဲ ဘာဝနာမယအသိဉာဏ်ပညာအဆင့်နဲ့ ကိုယ်တွေ့ခံစားနေရတဲ့ အနိစ္စတရား ဖြစ်လာပါတယ်။


ဝေဒနာတွေဟာ အနိစ္စ အနိစ္စ အနိစ္စပါပဲ။ ငါလည်းမဟုတ် ငါ့ဟာလည်းမဟုတ်ပါ။ ငါလည်း အစိုးမရပါဘူး၊ ငါလုပ်ချင်သလိုလည်း မဖြစ်ပါဘူး။ ဒီဝေဒနာ ဟိုဝေဒနာတွေကို ငါဖန်ဆင်းလို့လည်း မရပါဘူး။ အနတ္တ အနတ္တလို့ ကိုယ်တွေ့သိလာပါတယ်။ ဒီတော့ ခန္ဓာကိုယ်ရဲ့ ဝေဒနာတွေကို ရူနေရင် အနိစ္စ ဒုက္ခ အနတ္တတွေကို ဘာဝနာမယဉာဏ် ပညာနဲ့ သိလာပါတယ်။ ဒီဝေဒနာတွေဟာ ဒုက္ခတွေပဲ။ သာယာစရာ မကောင်းတဲ့ ကြမ်းတမ်းတဲ့ ဒုက္ခဝေဒနာတွေဆိုရင်တော့ ဒုက္ခဆိုတာက ထင်ရှားပါတယ်။


သာယာစရာကောင်းတဲ့ သိမ်မွေ့တဲ့ သုခဝေဒနာတွေကို သဘောကျပြီး စွဲလမ်းတွယ်တာ တပ်မက်လာမိရင်လည်း သူတို့ကလည်း ဒုက္ခတွေပါပဲ။ ဒီအနိစ္စ ဒုက္ခ အနတ္တတွေကို ဘာဝနာမယဉာဏ်နဲ့ လက်တွေ့ခံစားနိုင်တာဟာ ဝေဒနာကို ရူနေတုန်းအခါမှာသာ ဖြစ်ပါတယ်။ ဝေဒနာတွေကို လက်တွေ့မခံစားနိုင်ပါဘူး၊ မရူနိုင်ဘူးဆိုရင်တော့ အနိစ္စ ဒုက္ခ အနတ္တတွေကို သုတမယ စိန္တာမယဉာဏ်တို့နဲ့ သိနေခြင်းမျှသာ ဖြစ်ပါတယ်။


ဒါဟာဦးနှောက်အသိဉာဏ်ကို သန့်ရှင်းစင်ကြယ်စေတာကတော့ မှန်ပါတယ်။ ဒါပေမယ့် စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းကတော့ မသိနိုင်သေးပါဘူး။ ဒီမှာရှိနေတဲ့ ကံကြွေးကံဟောင်းတွေ အနုသယကိလေသာတွေဟာ ပွားသထက်ပွား များသထက်များ ရန်သာရှိပါတော့တယ်။ ဒါပေမယ့် အတွင်းက မစင်ကြယ်သေးတော့ ထပ်ခါထပ်ခါ ပြန်ပြန်ပြီး အညစ်အကြေးတွေက ပေါ်ပေါ်လာကြပြန်ပါတယ်။


ဒါကြောင့် စိတ်ရဲ့ အပေါ်ယံပိုင်းကိုသာ သန့်ရှင်းရေး လုပ်နေတာဟာ တကယ်တော့ သိပ်အဓိပ္ပာယ်မရှိပါဘူး။ တကယ့်အကျိုးကျေးဇူးကို ကောင်းကောင်းခံစားရအောင် ဆိုရင်တော့ တရားကို မှန်ကန်တိကျစွာ ကျင့်ဖို့ရာလိုပါတယ်။ အာတာပီ သမ္ပဇာနော သတိမာနဲ့ ကျင့်ဖို့ရာ လိုပါတယ်။ ဝေဒနာကိုရူတဲ့အခါ ဝေဒနာရဲ့ ဖြစ်ပျက်ဖြစ်ပျက်၊ မမြဲတဲ့ အနိစ္စတရား၊ ကိုယ်မဟုတ်တဲ့ အနတ္တတရား၊ ဆင်းရဲတွေပဲလို့ သိရတဲ့ ဒုက္ခတရားတွေကို ဘာဝနာမယဉာဏ်နဲ့သိပြီး နားလည်သွားပြီဆိုရင် စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းက ကံဟောင်းကံကြွေးတွေ ကိလေသာတွေကို ဖယ်ရှားသုတ်သင်စပြုလာပြီး သန့်ရှင်းရေးစလာပြီ ဖြစ်ပါတယ်။


ဒီတရားဟာ ဂေါတမမြတ်စွာဘုရား တစ်ပါးတည်းက ကျင့်သုံးပြီး ညွှန်ကြားပြသခဲ့တာ မဟုတ်ပါဘူး။ အဆူဆူကုန်သော ရှေးဘုရားတိုင်း အားလုံးကလည်း ဒီတရားကိုပဲကျင့်သုံးပြီး ညွှန်ကြားပြသခဲ့တာ ဖြစ်ပါတယ်။ ဝေဒနာနဲ့ ပတ်သက်လို့လည်း ဥပမာတချို့ကို ပြသခဲ့ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment