ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 14 May 2012

ဝီရိယပါရမီ

ဝီရိယပါရမီကတော့ ခွန်အားစိုက်ထုတ်ဖို့ရာ ဖြစ်ပါတယ်။ လူတွေဟာ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး လူမူကိစ္စတွေမှာ လူတိုင်းလိုလိုပဲ အားစိုက်ထုတ်ပြီး အလုပ်လုပ်နေကြတာပါပဲ။ ဒီလိုအားစိုက်ထုတ်တာဟာ ၀ီရိယပါရမီမှာ မပါပါဘူး။

ကိလေသာအညစ်အကြေးတွေစင်အောင် အားထုတ်မူဖြစ်တဲ့ တရားအားထုတ်မူလုပ်မှ ၀ီရိယပါရမီ ဖြစ်ပါတယ်။ အခုလို တရားပတ်မှာဆိုရင် ယောဂီတို့ဟာ ၀ီရိယပါရမီကို ဖြည့်ဖို့ရာ အင်မတန်ကောင်းတဲ့ အခွင့်အရေးကြီးပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment