ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 14 May 2012

မေတ္တာပါရမီ

နောက်တစ်ခုက မေတ္တာပါရမီ ချစ်ခြင်း မြတ်နိုးခြင်း ဖြစ်ပါတယ်။ မေတ္တာ မေတ္တာဆိုတဲ့ စကားလုံးလေးကတော့ အမြဲပဲကြားနေကြရတာပါပဲ။ ကျမ်းဂန်တွေထဲမှာရော၊ သူတော်ကောင်းကြီးတွေက ဟောပြတဲ့ စကားတွေထဲမှာရော သတ္တ၀ါတိုင်းအပေါ်မှာ မေတ္တာထားကြပါ။ မေတ္တာထားကြပါဆိုတာဟာ အမြဲပဲ ပါနေတာပါပဲ။

လူတွေအတွင်းကတော့ မေတ္တာမထားနိုင်ကြပါဘူး။ မေတ္တာကလည်း စိတ်အတွင်းက ဖြစ်ပေါ်လာတဲ့ မေတ္တာကမှ စူးရှထိရောက်ပါတယ်။ တန်ခိုးရှိပါတယ်။ မေတ္တာစိတ်ဟာ အတွင်းကဖြစ်ပေါ်လာပြီး တကယ်လည်း ဖြူစင်သန့်ရှင်းတယ်ဆိုရင်တော့ ဒါဟာ မေတ္တာပါရမီပါပဲ။

ခုလို ၁၀-ရက်တရားပတ်လာပြီး အားထုတ်တဲ့အခါ စိတ်ကိုသန့်ရှင်းအောင်၊ ကိလေသာအညစ်အကြေးတွေ စင်နိုင်သမျှစင်အောင် ၉-ရက်ကျင့်ပြီးတော့ မနက်ဖြန် ၁၀-ရက်မြောက်တဲ့နေ့မှာ မေတ္တာဘာဝနာ စီဖြန်းကြရပါလိမ့်မယ်။ မေတ္တာဟာ ဖြူစင်ပြီးတော့ ဘာအလားအာလာကိုမှ မမျှော်လင့်တဲ့မေတ္တာ ဖြစ်ရပါလိမ့်မယ်။ မွန်မြတ်တဲ့ မေတ္တာဟာ တစ်လမ်းတည်းသွားပါတယ်။ အပြန်အလှန် ဘာကိုမှ မမျှော်လင့်ပါဘူး။

ကိုးကွယ်ဝတ်ပြုရာမှာ တစ်ခုခုကို မျှော်ကိုးပြီး အလိုရှိနေရင်၊ မဟုတ်ရင်လဲ စေတနာ့ ၀န်ထမ်းဆိုပြီး ဆောင်ရွက်ရာမှာ တစ်ခုခုများရးမလားဆိုပြီး မျှော်ကိုးပြီး လုပ်နေတယ်ဆိုရင် ဒီဟာက ဖြူစင်တဲ့စေတနာ မဟုတ်ပါဘူး။ အညစ်အစွန်းတွေ ပါနေပါပြီ။ ဒီလိုပါပဲ မေတ္တာမှာလည်း တစ်ခုခုကိုမျှော်မှန်းပြီး အပြန်အလှန်ရှိနေတယ်ဆိုရင်တော့ ဒါဟာ စင်ကြယ်တဲ့ မေတ္တာ မဟုတ်တော့ပါဘူး။ မေတ္တာဟာ တစ်လမ်းသွားပါ။ ကိုယ်ကပဲ အမြဲအပေးသမားပါ။ အယူသမားမဟုတ်ပါဘူး။ မနက်ဖြန် မေတ္တာဘာဝနာကို ကျင့်သုံးကြမှာမို့ အခုလို တရားပတ်ဝင်တာဟာ မေတ္တာပါရမီ ပွားများအောင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment