စိတ်ဖိစီးမူ ခံစားနေရတဲ့အချိန်မှာ ချောကလက် အနည်းငယ်စားလိုက်ရင် စိတ်ဓာတ်ခွန်အား မြင့်တက်လာတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ အသားအရေအတွက် ချောကလက်က ဘယ်လို အကျိုးကျေးဇူးပေးနိုင်တယ်ဆိုတာကို အခုပြောပြချင်ပါတယ်။
ချောကလက်မှာ ပါဝင်တဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကိုကာ(Coca)မှာ အင်တီအောက်ဆီးဒင့် ပေါကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်နဲ့ အသားအရေကို အိုမင်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ချောကလက်မှာပါဝင်တဲ့ဖလေဗိုးနွိုက် ဒြပ်ပေါင်းဟာလည်း သွေးဖိအားကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မူ အားကောင်းစေတဲ့အတွက် ခန္ဓာကိုယ်ကနေ အဆိပ်တွေ ထွက်ရှိနူန်း တိုးမြင့်စေပါတယ်။
ဒါကြောင့် အသားအရေ လှပနုပျိုရေးအတွက် ချောကလက်မှာ အကျိုးအာနိသင်များစွာ ပါဝင်နေပါတယ်။ ဒါပေမဲ့ ချောကလက်မှာ ကယ်လိုရီပါဝင်မူများတာကြောင့် တစ်ကြိမ်စားရင် ပမာဏ အနည်းငယ်သာ စားပေးသင့်ပါတယ်။
No comments:
Post a Comment