ကော်လာဂျင်ဆိုတာဟာ ဆဲလ်၊ တစ်သျှူး၊ အရွတ်၊ အရိုး၊ အရိုးနုနဲ့ အရေပြားတွေကို တစ်ဆောက်ပေးထားတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ ကော်လာဂျင်တွေဟာ တွယ်ဆက်တစ်သျှူးတွေ အားလုံးမှာ အဓိက ပါဝင်ပစ္စည်းလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အများဆုံးရှိတဲ့ ပရိုတင်းဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ပရိုတင်းအားလုံးရဲ့ ၂၅-၃၅ရာခိုင်နူန်းအထိ ရှိပါတယ်။ ကော်လာဂျင်တွေဟာ အရေပြားကို တင်းတင်းရင်းရင်းဖြစ်အောင် ထောက်ပံ့ပေးထားသလိုပဲ အဆစ်တွေကို ဒဏ်ခံနိုင်စေဖို့နဲ့ ကြွက်သားတွေ သန်မာစေဖို့အတွက်လည်း ထိန်းသိမ်းပေးပါတယ်။
အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ ကော်လာဂျင်တွေ တဖြည့်းဖြည်း ဆုံးရူံးလာပါတယ်။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အမျိုးသမီးတွေမှာရှိတဲ့ ကော်လာဂျင်ပမာဏဟာ အမျိုးသားတွေထက် ပိုနည်းပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ကော်လာဂျင်အားဖြည့်ဆေးတွေကို တီထွင်အသုံးပြုလာကြပါတယ်။ ကော်လာဂျင်အားဖြည့်ဆေးတွေဟာ အရေပြားရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို တိုးတက်စေရုံသာမက အဆစ်ရောင်နာကိုလည်း သက်သာစေပါတယ်။ ဆံပင်နဲ့ လက်သည်း၊ ခြေသည်းတွေကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။
အဆစ်ကျန်းမာရေး
အဆစ်တွေရဲ့ ကျန်းမာရေးအတွက် ကော်လာဂျင်အားဖြည့်ဆေးတွေက ကူညီနိုင်ပါတယ်။ Science Magazine မှာ ဖော်ပြခဲ့တဲ့ လေးဖက်နာလို့ခေါ်တဲ့ အဆစ်ရောင်ရောဂါတစ်မျိုး (Rheumatoid Arthritis)ကို ကုသဖို့အတွက် ကော်လာဂျင်ကို အသုံးပြုခဲ့ရာအဆစ်တွေရဲ့ ရောင်ရမ်းမူနဲ့ နာကျင်မူကို သက်သာစေတာ တွေ့ရှိကြရပါတယ်။ အဆစ်ရောင်နာလိုမျိုးရောဂါတွေနဲ့ အသက်ကြီးလာခြင်းကြောင့်ဖြစ်တဲ့ အဆစ်တွေရဲ့ နာကျင်ရောင်ရမ်းမူတွေကို ကော်လာဂျင်အားဖြည့်ဆေးတွေက သက်သာစေနိုင်ပါတယ်။ University of Munich နဲ့ Stamford Universityမှာ လုပ်ခဲ့တဲ့ သုတေသနမှာ ဒူးနဲ့ တင်ပါးအဆစ်ရောင်နာဖြစ်နေသူ နှစ်ထောင်ကို လေ့လာခဲ့ရာ ကော်လာဂျင်အားဖြည့်ဆေးသောက် သူတွေထဲက ၇၅ရာခိုင်နူန်းမှာ နာကျင်မူ သက်သာပြီး လူပ်ရှားနိုင်စွမ်း တိုးတက် ကောင်းမွန်လာကြောင်း တွေ့ခဲ့ရပါတယ်။
ကိုယ်အလေးချိန်
သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကော်လာဂျင်တွေဟာ ခန္ဓာကိုယ်အဆီတွေကို လျော့နည်းစေပြီး အဆီနည်း ကြွက်သားတွေကို တည်ဆောက်ထိန်းသိမ်းပေးတဲ့အတွက် ကိုယ်အလေးချိန် လျော့ကျစေဖို့ ကူညီနိုင်ပါတယ်။ အဆီနည်းကြွက်သားတွေကို တည်ဆောက်ထိန်းသိမ်းပေးတဲ့အတွက် ကိုယ်အလေးချိန် လျော့ကျစေဖို့ ကူညီနိုင်ပါတယ်။ အဆီနည်းကြွက်သားတွေဟာ ကိုယ်အလေးချိန် လျော့ကျဖို့အတွက် အရေးကြီးပါတယ်။ အခြေခံဇီဝဖြစ်ပျက်မူနူန်း (BMR)ကို မြန်စေတဲ့အတွက် လေ့ကျင့်ခန်းမလုပ်တဲ့အချိန်မှာ ကယ်လိုရီလောင်ကျွမ်းမူနူန်းကို မြန်စေတာကြောင့်ပါ။
ဆံပင်နှင့် လက်သည်းခြေသည်း
ကော်လာဂျင်တွေဟာ ဆံပင်နဲ့ လက်သည်း၊ ခြေသည်းတွေရဲ့ ကျန်းမာလှပမူအတွက်လည်း အရေးကြီး အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဆံပင်နဲ့ လက်သည်း၊ ခြေသည်းတွေရဲ့ ကျန်းမာသန်စွမ်းမူကို အားဖြည့်ပေးပြီး တောက်ပြောင်လှပစေနိုင်ပါတယ်။
Saturday, 18 June 2011
ကော်လာဂျင်နှင့် ကျန်းမာရေး (အက်စ် - ဆေးဝါးတက္ကသိုလ်)
အမျိုးအစား/ကဏ္ဍ
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment