ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 19 June 2011

လိုရာဆန္ဒပြည့်ဝကြပါစေ (သုဇန)

“ဗုဒ္ဓေါမေ သရဏံ ဧညံ နတ္ထိ”

“ဓမ္မောမေ သရဏံ ဧညံ နတ္ထိ”

“သံဃောမေ သရဏံ ဧညံ နတ္ထိ”


လူအများသည် ကြီးပွားချမ်းသာလိုကြသည်။ အသက်ရှည်ကျန်းမာလိုကြသည်။ ကြံစည်တိုင်းအောင်၍ ဘေးရန်များကင်းရှင်းလိုကြသည်။ ကျက်သရေမင်္ဂလာများလိုကြသည်။ ခွန်အားဗလကြီးမားပြီး စီးပွား၊ ဥစ္စာ၊ ပညာများတိုးတက်လိုကြသည်။ တည်တန့်ခိုင်မြဲလိုကြသည်။ ယုတ်စွအဆုံး လူချစ်၊ နတ်ချစ်တော့ ခံချင်ကြ၊ စောင့်ရှောက်ခ့ချင်ကြသည်။ ဒါက လူ့သဘာဝပင်ဖြစ်သည်။

လိုချင်မူများကြောင့် နည်းမျိုးစုံကျင့်သုံး၍ ရယူနိုင်ရေး ကြိုးစားကြပါသည်။

- ဗေဒင်များ မေးကြသည်။


- ယတြာများချေကြသည်။


- ဘုရားသွားပူဇော်ကြသည်။


- ဂါထာ၊ မန္တာန်များ၊ ပရိတ်တော်များ ရွတ်ကြသည်။


- အဓိဋ္ဌာန်ပုတီးများ စိပ်ကြသည်။


- လောကီလမ်းပေါင်းစုံ ကျင့်သုံးကြသည်။

အခြားသောလမ်းများစွာဖြင့် ဆောင်ရွက်လျက်ရှိကြပါသည်။ အကောင်းဆုံးလမ်းကတော့ ဘုရား၊ တရား၊ သံဃာတို့အား အကြွင်းမဲ့ ယုံကြည်ဆည်းကပ်ကိုးကွယ်ခြင်း လိုက်နာကြခြင်းများသည် အကောင်းဆုံး ဖြစ်ပါသည်။

တစ်ခါက ညီအစ်ကို၊ မိတ်ဆွေများ ညစာစားပွဲတစ်ခု၌ဆုံရင်း မေးခွန်းမေးပါသည်။


“အစ်ကို”


“ဟေ”


“စားသောက်ရင်းနဲ့တော့ အားနာပါတယ် သိချင်လို့ပါ”


“မင်းဟာက ဘာမှန်းမသိ၊ ညာမှန်းမသိ၊ အဆုံးအစ မသိပြောတာပါလား၊ ဆိုပါဦး”


“ဒီလိုအစ်ကိုရယ်၊ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်များဆိုတာထက်၊ ဘုရား၊ တရား၊ သံဃာတွေကို ယုံကြည်စွာ ဆည်းကပ်ကိုးကွယ်ခဲ့ရင် အနန္တအကျိုးရပါတယ်”


“အနန္တတွေ ဘာတွေမပြောနဲ့ဗျာ၊ ကျွန်တော်တို့ ကွင်းကွင်းကွက်ကွက်သိအောင် တစ်ခုပြော ဘာရမလဲ”


အင်း ဒီငတိတွေ ဘာအဓိပ္ပါယ်မှန်းပြီး မေးတယ်မသိပေမယ့် တိုတိုရှင်းရှင်းဖြေမှ ဖြစ်တော့မယ်လို့ သဘောပေါက်လာပါတယ်။

“ဒီလိုကွာ ဘုရား ကိုးကွယ် တန်ခိုးကြွ

တရား ကိုးကွယ် ပညာကြွယ်


သံဃာ ကိုးကွယ် ဥစ္စာကြွယ်” တဲ့

“အဲ့ဒါ တကယ်လား”


“တကယ်ဖြစ်ချင် တစ်ကယ်လုပ်၊ အဟုတ်ဖြစ်မှာပေါ့ကွာ”


“ထပ်မေးဦးမယ်”


“ကောင်းပါပြီ”


“သံဃာတွေမှာ ဧတဒဂ်ဘွဲ့ရတဲ့ ရဟန္တာတွေကို ကိုးကွယ်ဆည်းကပ်ပူဇော်ရင်းပဲ ဒီဧတဒဂ်ဘွဲ့ရဲ့ အကျိုးကျေးဇူးတွေရတယ်လို့ ပြောတယ် ဟုတ်လား”


“မှန်ပါတယ်”


ဒါဆိုရင် “ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးကို ရည်မှန်းပူဇော်ရင် ပညာဉာဏ်ကြီးမယ်”


“ရှင်မောဂ္ဂလာန် ကိုယ်တော်ကြီးကို ရည်မှန်းပူဇော်ရင် တန်ခိုးကြီးမယ်”


“ရှင်ဗာကုလ ကိုယ်တော်ကြီးကို ရည်မှန်းပူဇော်ရင် အသက်ရှည် အနာမဲ့မယ်”


ဆိုတာတွေရော မှန်လား”


“မှန်ပါတယ်”


“ဒါဆိုရင် ရှင်ဥပဂုတ္တမထေရ်ကြီးကို ကိုးကွယ်ရင်ရော”


စိတ်ထဲ “မြတ်စွာဘုရားကယ်တော်မူပါ” လို့ပဲ ရွတ်မိပါတယ်၊ ဖြေရခက်တာ မဟုတ်ပေမယ့် အယူလွဲသွားကြမှာ စိုးတယ်လေ၊ ဒါပေမယ့် လူပိန်း၊ ကတုံးမေးခွန်းမေးပြီး မှတ်ထားမယ့်ပုံပေါ်နေလို့ ဖြေပေးလိုက်ပါတယ်။


“ရှင်ဥပဂုတ္တမထေရ်ကြီးကို ကိုးကွယ်ရင် ဘေးအန္တရာယ်ကင်းရှင်းပြီး စီးပွားတိုးတက်တယ်လို့ ဆိုကြပါတယ်”


“ရှင်းပြပါဦး”


“ဒီလိုကွယ် အဓိကက ဘေးရန်ကင်းပြီး စီးပွားတိုးတက်တယ်လို့ဆိုပေမယ့် ပညာတတ်ပုဂ္ဂိုလ်ကျော်တွေ၊ ပညာရှင်တွေက ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးကို ပူဇော်ဂါထာများ ပြုလုပ်ပူဇော်ပြီး အကျိုးများအောင် လုပ်ခဲ့ကြပါတယ် ဂါထာ (၁၂)ပုဒ်နဲ့ ပူဇော်ခဲ့ပါတယ်။


ရှင်ဥပဂုတ္တဂါထာ (၁၂) ဂါထာ

အသက်ရှည်ရေး
၁။ ဒီဃာယုကံ မဟာထေရံ ဥပဂုတ္တံ နိရင်္ဂဏံ။
ဝန္ဒာမိ သိရသာဒရံ တေန ဒီဃာယုကော အဟံ

ကျန်းမာရေး
၂။ နိရာတင်္ဂ မဟာထေရံ ဥပဂုတ္တံ ယတုတ္ထမံ။
နမာမိ သရသာဒရံ တေန နိရာတင်္ဂေါ သဒါ။

ဘေးကင်းရေး
၃။ နိဗ္ဘယံ တံ မဟာထေရံ၊ ဥပဂုတ္တံ ဂုဏောရတံ။
အဘိဓန္တာမိ ဘာဒရံ၊ ဧတေန နိမ္ဘယော အဟံ။

ကြံတိုင်းအောင်
၎။ စိန္တိတေ စိန္တိတေ ဌာနေ၊ ဇိတံ ဇိတံ ဥပဂုတ္တံ။
နမာမိ မဟာထေရံ တံ၊ တေန စိန္တာ သမိဇ္ဈတု။

လိုတိုင်းရရေး
၅။ ယထာကာမံ ပ၀တ္တန္တံ၊ ထေရံ ဥပဂုတ္တ၀ှယံ။
နာမာမိ ဂုဏံ သရန္တော၊ ယထာကာမံ သမိဇ္ဈတု။

ကျက်သရေတိုးရေး
၆။ သီရိမန္တံ မဟာထေရံ၊ ဥပဂုတ္ထံ ဂုဏုတ္တမံ။
နိမာမိ ဥတ္တမင်္ဂေန၊ တေန သီရိပ၀မုတု။

အခြွေအရံများရေး
၇။ ယသ၀န္တံ မဟာထေရံ၊ တီဟိ ၀ိဇ္ဇာဟိ သံယုတံ။
ဥပဂုတ္တံ နမဿာမိ၊ ဧတေန ယသ၀ါ သုမီ။

ခွန်အားဖြည့်ရေး
၈။ ဗလီယိ ဗလ၀တရံ၊ ဆဠဘိညံ မဟိဒ္ဓိကံ။
ဥပဂုတ္တံ နမဿာမိ၊ ဧတေန ဗလ၀ါ သုမိ။

လာဘ်ပေါများရေး
၉။ လာဘဂ္ဂပ္ပတ္တံ နိဂ္ဂနံ္တမာရဗလ ၀ိမဒ္ဒကံ။
ဥပဂုတ္တံ နမဿာမိ၊ ဏတေန လာဘ၀ါ သုမီ။

စီးပွားဥစ္စာတိုးတက်ရေး
၁၀။ ဗောဇ္ဈင်္ဂ ဓနသမ္ပန္နံ၊ လောကဿ မဂ္ဂဒေသကံ။
ဥပဂုတ္တံ နမဿာမိ၊ ဧတေန ဓန၀ါ သုဓီ။

ပညာတိုးတက်ရေး
၁၀။ ပည၀န္တံ မိတိမန္တံ၊ သမာဓိ ဂုဏသံယုတံ။
ဥပဂုတ္တံ နမဿာမိ၊ တိက္ခဂမ္ဘီရ ပည၀ါ။

နတ်လူချစ်ရေး
၁၂။ ဒေ၀မနုဿ သမ္ပိယံ၊ ရာဇာဓိရာဇပူဇိတံ။
ဥပဂုတ္တံ ဘိပူဇာမိ၊ ဧတေန သမ္ပိယော ဟေဿံ။

သက်ဆိုင်ရာ ဂါထာတစ်ပုဒ်ချင်းဖြစ်စေ၊ အပိုဒ်အားလုံးကိုဖြစ်စေ၊ လိုအပ်သလို အသုံးချနိုင်ရင် အကျိုးရှိတယ်လို့ ဆိုထားတယ်။

ဘယ်ဂါထာ၊ မန္တာန်ကိုလိုအပ်သလို သီးခြားအသုံးပြုလည်းရပါတယ်။ အသုံးချနည်းနဲ့ အကျင့်ကြံနည်းအပေါ် မူတည်ခံစားရမှာပါ။

“ကျေးဇူးပဲနော်”
“အတ္တာဟိ အတ္တနော နာထော
သုခိအတ္တာနံ ပရိဟရန္တု”

No comments:

Post a Comment