Saturday, 29 October 2011

ဒုက္ခကို အရောင်ဆိုးထားတယ်

http://www.visualphotos.com/photo/2x4010979/girl_eating_a_carrot_cb000072.jpg

နေရာတကာမှာ တွေ့နေကြားနေသိနေရသည်။ အစားအစာနှင့်ဆိုးဆေး ဆိုးဆေးနှင့်အစားအစာ ဆိုးတဲ့သူဆိုးလို့ စားသူတွေကစားကြသလား။ စားတဲ့သူတွေအကြိုက်လိုက်ပြီး ဆိုးတဲ့သူတွေက ဆိုးကြသလား သည်သံသရာကိုတော့ဖြင့် မစောကြောလိုတော့ပါ။ ဆေးမဆိုးထားသော အစားအစာဆိုတာ ဘယ်မှာလဲဟု မေးရမလိုပင်။ ဟုတ်သည် လူတွေကလည်း အစားအသောက်မှာပင် အရောင်လွင်မှ အရောင်လှမှ ကြိုက်တတ်သည်။ လှတာမက်ရင် ညစာခက်မည်။ ဒါပေသည့် ယခုအခါတော့ဖြင့် အားလုံးသတိထားကြရတော့မည်။ ဟာ ဒီလောက်လေးနှင့် ဘာများဖြစ်မှာမို့လို့လဲဟု တချို့က မေးကောင်းမေးလိမ့်မည်။ ယခုခေတ်က သက်သေ သက်ကာယနှင့် လုပ်သောခေတ်ဖြစ်သည်။ ဘလိုင်းမဟုတ်။ သုတေသန စာတမ်းတွေကလည်းထွက်သည်။ ဆက်လက်၍လည်း လုပ်ကြဦးမည်။

လက်ဖက်ခြောက်မှာလည်း တွေ့သည်။ လက်ဖက်မှာလည်း တွေ့သည်။ အချိုရည်တွေမှာလည်း တွေ့သည်။ ဇီးထုတ်ချိုချည်တွေမှာလည်း တွေ့သည်။ အသီးအရွက်တချို့မှာလည်း တွေ့သည်။ နေရာတိုင်းမှာ သူ့မျက်နှာ၊ သူမပါလျှင်မပြီး ဆရာကြီးဆိုတာလိုဖြစ်လာသည်။ တကယ်ပဲ ဆေးသကြားတွေလို ဆရာကြီးဖြစ်လာသည်။

တစ်ချိန်က အလွန်နာမည်ကြီးခဲ့သော သီချင်းတစ်ပုဒ်ထဲကလို ယခုအခါလည်း ထိုသို့ပင် ဒုက္ခတွေကို အရောင်ဆိုးထားသော ဖြစ်ရပ်များ ပေါ်ပေါက်နေပြီဖြစ်သည်။ သတင်းတစ်ပုဒ်ထဲမှာပါသလိုပင် အစားအသောက်များတွင် ဆိုးဆေးပါမပါ စည်ပင်နှင့် ဆေးဝါးနှင့် အစားအသောက်ကွပ်ကဲရေးအဖွဲ့တို့ ပူးပေါင်းကာ ကြီးကြပ်လုပ်ကိုင်သွားကြတော့မည်ဟု သိရသောအခါ ၀မ်းသာမိသည်။ ဟုတ်သည်။ စာဖတ်သူများလည်း အနည်းနှင့်အများတော့ သိကြပြီဖြစ်မည်ထင်သည်။ ဆိုးဆေးပါသော အစားအသောက်များပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ့်ကိုကိုယ်ပင် သတိမထားမိကြချေ။ သည်အစား အသောက်တွေနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြပြီ။ ခန္ဓာကိုယ်ထဲမည်မျှလောက် ၀င်နေကြပြီလဲ။ ခက်သည်ကလည်း လူတွေပင်ဖြစ်သည်။ ဘယ်အရာမဆို လှတာ အရောင်အသွေးတောက်ပတာ အမြင်တင့်တယ်တာလေးတွေကို သဘောတွေ့ချင်ကြတယ်။ အစားအသောက်တွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် စားသောက် ကုန်ထုတ်လုပ်သည် သူတွေကလည်း စားသုံးသူအကြိုက်လိုက်ကာ ထုတ်လုပ်ဖြန့်ချိလာကြရသည်။ ဆိုးဆေးတွေက နေရာတကာမှာ မင်းမူလာကြသည်။ မိမိတို့ နေ့စဉ်စားသောက်နေကြသော အစားအသောက်များတွင်ကော ဆိုးဆေးများ ဘယ်လောက်ပါနေပြီလဲ။

အရောင် အရောင် လူတွေသိပ်သိပ်ကြိုက်ကြပါသော အရောင်တွေကြောင့် လောကကြီးလှမလာပါဘဲ လောကကို အလှဆင်ခြင်းမဟုတ်ဘဲ လောကထဲကလူတွေ မရဏခံတွင်းဝသို့ရောက်အောင် တဖြည်းဖြည်းချင်း ပို့ဆောင်ပေးနေသောအရာပါလား။

အရောင်တွေကလည်း အမှတ်မဲ့နေကြလို့သာ သိသာသည်။ စားပြီးသွားသည်နှင့် လက်မှာ ပါးစပ်နူတ်ခမ်းတွေမှာ စွန်းထင်ကျန်နေခဲ့သည်။

အရောင်တွေကြောင့် စားချင်စဖွယ်ဖြစ်သလို ရောဂါတွေလည်း ၀င်လွယ်လာကြသည်။ အလှကြိုက်သော လူသားတွေက လူတွင်မက အစားအသောက်တွေကိုပါ အရောင်ခြယ်လာကြသည်။ သည်တော့ ရောဂါတွေလည်း ကျယ်လာကြတော့သည်။ အရောင်တွေမှာ စားသောက်ကုန်များတွင် သူ့ပမာဏနှင့် သုံးရသောအရောင်ကြောင့် ခွင့်ပြုမထားသော ဆိုးဆေးများ စက်မူ ကုန်ုထုတ်လုပ်ငန်းများတွင်သုံးသော ဆိုးဆေးများကို သုံးလာကြသည်။

ဘယ်လိုအစားအသောက်တွေမှာ အရောင်တွေဆိုးကာ ဘယ်နည်းဘယ်ပုံ ဒုက္ခတွေပေးနေကြသနည်း။ စားနေကျပဲ ခုကျမှ ဘာတွေများတစခန်းထနေကြတာလဲဟု မေးဖွယ်ရှိသည်။

မျှစ်တို့၏မာယာဟု ဆိုရလောက်အောင် ဈေးတွင် မျှစ်ဘယ်နှမျိုးရနိုင်သနည်း။ သိရသလောက် မျှစ်တွင်အနီနှင့် အ၀ါဟူ၍ ကြားဖူးသည်။ သည်နှစ်မျိုးလုံး ဆေးဆိုးထားသည်ဟု ယခင်ကလုံးဝမသိခဲ့၊ ညံ့လိုက်ပါဘိသာဂိရယ်ဟု ဆိုနိုင်သည်။ ယခုတော့ မျှစ်တို့၏မာယာက ထိုနှစ်မျိုးလုံး ဆိုးဆေးနှင့်ပါပဲဟု သိလာရတော့သည်။ (နောင်ပိုင်းတွင် မျှစ်တို့၏မာယာဟု စာတစ်ပုဒ်လောက်တော့ ရေးရဦးမည်)

နောက်ကော ဘာအစားအသောက်တွေနည်း၊ ပုစွန်ခြောက်၊ လက်ဖက်ခြောက်၊ ချိုချဉ်ထုပ်၊ အချိုရည်များစွာ သည်တော့ ဘာတွေများစားရမှာနည်းဟု စောဒကတက်ဖွယ်ရာရှိသည်။ ဟုတ်ပါသည်။ ဒါတွေနဲ့ကျွမ်းဝင်ခဲ့ကြသည်။ ဒါပေမယ့် ခုတော့သိလာရပြီ၊ သည်တော့ သတိထားကြရတော့မည် မဟုတ်ပါလော။ ဆိုးဆေးများကြောင့် အသည်း၊ အစာအိမ်၊ ဦးနှောက်နှင့်အာရုံကြော၊ ကျောက်ကပ်၊ ဆီးအိမ်၊ စတာတွေမှာ ဥပါဒ်တွေပေးလာကြောင်း ဆေးပညာအထောက်အထားတွေ တွေ့ရှိလာကြသည်။ သည်တော့လည်း သည်လို ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေကို သိလာမှတော့ ဆင်ခြင်ဖို့ အားလုံးမှာ တာဝန်ရှိလာကြသည်။ အယူအဆတွေ၊ ခံယူချက်တွေ၊ အမူအကျင့်တွေ ပြောင်းလဲပြုပြင်ဖို့ ကြိုးစားကြရတော့မည်ပေါ့။ ဘယ်သူတွေမှာ တာဝန်ရှိသနည်း။ အားလုံးမှာ တာဝန်ရှိပါသည်။ ဒုက္ခများမှ ရှောင်ရှားနိုင်ကြပါစေ။ အရောင်လှလှများမှပေးသော ဒုက္ခလှလှများမှ ကင်းဝေးနိုင်ကြပါစေ။

ဒေါက်တာသက်နိုင်မောင် (HEALTH CARE JOURNAL)

အစားအစာ (ပရိုတင်း) နှင့် ကျန်းမာရေး

http://www.cookingnook.com/images/vegetable_recipes_collage.jpghttp://mgaunglay.files.wordpress.com/2010/12/aa3.jpg

အစားအစာများသည် ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပါသည်။ အစားအစာသည် အဆီများနှင့် ကာဗွန်ဟိုက်ဒရိတ်များကဲ့သို့သော လောင်စာများဖြင့် ထောက်ပံ့ပေးပါသည်။ ထိုအဆီများနှင့် ကာဗွန်ဟိုက်ဒရိတ်များသည် ခန္ဓာကိုယ်ထဲတွင် အမျိုးမျိုးသော လူပ်ရှားသွားလာမူများအတွက် လိုအပ်သော စွမ်းအင်များကို ဖြည့်စွက်ထောက်ပံ့ရန်ဓာတ်တိုးခြင်း (သို့မဟုတ်) အောက်စီဂျင်ပေါင်းခြင်းများ ဆောင်ရွက်ပေးပါသည်။ အစားအစာများသည် ခန္ဓာကိုယ်တည်ဆောက်မူအတွက် ပရိုတင်းကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်၏ တစ်သျှူး၊ အသားမျှင်များကိုလည်း ထိန်းသိမ်းပေးပါသည်။ အစားအစာသည် ဗီတာမင်နှင့် သတ္တုဓာတ်များကို ခန္ဓာကိုယ်ထဲတွင် အသက်ရှင်မူလုပ်ငန်းစဉ်များကို ထိန်းညှိပေးခြင်းဖြင့် ကူညီပေးပါသည်။ နေထိုင်မကောင်းခြင်း၊ မကျန်းမာခြင်းများကို ဆန့်ကျင်ကာ ခန္ဓာကိုယ်ကို ကူညီပေးပါသည်။

အမိုင်နိုအက်ဆစ်အမျိုးမျိုး

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်မှာ ဟစ်တီဒင်းလိုင်စင်း၊ ထရစ်တိုဖန်၊ ဖီနိုင်လ်လနင်း၊ မက်သီအိုနင်း၊ သီအိုနင်း၊ လူစင်း၊ အိုင်အိုလူစင်းနှင့် ဗေလင်းတို့ ဖြစ်ပါသည်။ တစ်ပိုင်းတစ လိုအပ်သော အမိုင်နိုအက်ဆစ်များမှာ အာဂျင်းနင်း၊ တိုင်ယိုစင်း၊ စစ်စတင်း၊ ဂလိုင်စင်းနှင့် ဆာရင်းတို့ဖြစ်ပါသည်။ မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များနှင့် ဂလူးတာမစ်အက်ဆစ်၊ အက်စ်ပါတစ်အက်ဆစ်၊ အယ်လ်လနင်း၊ ပရိုလင်းနှင့် ဟိုက်ဒရိုအောက်စီပရိုတင်းတို့ဖြစ်ပါသည်။

ပရိုတင်းဓာတ်ချို့တဲ့ခြင်း၏ ဆိုးကျိုးများ
ပရိုတင်းဓာတ်ချို့တဲ့ခြင်းသည် ကလေးနှင့်လူကြီးများတွင် အမျိုးမျိုးသော နည်းလမ်းပေါင်းစုံ ရှိတတ်ပါသည်။ ကလေးများတွင် ကိုယ်အလေးချိန်လျှော့နည်းခြင်း ကြီးထွားဖွံ့ဖြိုးမူမရှိခြင်းနှင့် ရောဂါပိုးဝင်လွယ်၍ သေဆုံးခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။ မိခင်နို့ဖြတ်ပြီးနောက် ပရိုတင်းဓာတ်ကြာရှည်စွာချို့တဲ့ပါက အာဟာရချို့တဲ့ရောဂါ (သို့မဟုတ်) ကရိုတင်းဓာတ်ချို့တဲ့သည့် လက္ခဏာစုဖြစ်တတ်ပါသည်။ ၎င်းလက္ခဏာများမှာ ခန္ဓာကိုယ်ကြီးထွားမူနှေးကွေးခြင်း၊ ပတ်ဝန်းကျင်၏လူံ့ဆော်မူ၊ ထိခိုက်မူကိုမခံနိုင်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးဖောရောင်ခြင်း၊ ဆံပင်များခြောက်သွေ့ခြင်းနှင့် အင်အားမရှိပဲ အရောင်ပြောင်းခြင်း၊ အရေပြားခြောက်သွေ့ခြင်ပြီး အင်အားမရှိပဲ အက်ကွဲခြင်း၊ အရောင်ပြောင်းခြင်း၊ ၀မ်းလျှော၊ ၀မ်းပျက်ခြင်း၊ သွေးအားနည်ခြင်း၊ ရောဂါဒဏ်ကို ခံနိုင်ရည်မရှိခြင်းနှင့် အသည်းအဆီဖုံးခြင်းတို့ဖြစ်ပါသည်။

လူကြီးများတွင် အစားအစာထဲ၌ ဓာတ်ချို့တဲ့ပါက ကိုယ်အလေးချိန်လျှော့ကျခြင်း၊ သွေးအားနည်းခြင်း၊ ရောဂါဖြစ်ပွားမူဒဏ်ကို ခံနိုင်ရည်မရှိခြင်း၊ ခြေထောက်တွင် ဖောရောင်ခြင်းနှင့် ၀မ်းဗိုက်တွင် အရည်များစုခြင်း (ရေဖျဉ်းဝင်ခြင်း) တို့ဖြစ်တတ်ပါသည်။

ပရိုတင်းလိုအပ်မူ
အစားအစာထဲတွင်ရှိသော ပရိုတင်းသည် ကွဲပြားခြားနားသော အမျိုးမျိုးသော ပစ္စည်းများမှ ရရှိနိုင်ပါသည်။ ၎င်းတို့မှာ ကောက်ပဲသီးနှံ့များ၊ ပဲအမျိုးမျိုး၊ မြေပဲ အဆီပါသောအစေ့များ၊ နို့အမျိုးမျိုးနှင့် အသားတို့ဖြစ်ပါသည်။

အစားအစာများသည် ခန္ဓာကိုယ်အတွက် လက်တွေ့အသုံးဝင်စွာ လုပ်ငန်းများဆောင်ရွက်ပေးပါသည်။ အစားအစာများကို (၁)စွမ်းအင်ကိုဖြစ်စေသောအစားအစာများ (၂)ခန္ဓာကိုယ်တည်ဆောက်မူကို ဆောင်ရွက်ပေးသောအစားအစာများနှင့် (၃) ရောဂါမဖြစ်ပွားစေရန် ကာကွယ်ပေးသောအစားအစာများဟူ၍ ခွဲခြားထားပါသည်။

ကာဗွန်ဟိုက်ဒရိတ်နှင့် အဆီဓာတ်များကြွယ်ဝသော အစားအစာများကို စွမ်းအင်ဖြစ်စေသော (သို့မဟုတ်) စွမ်းအင်ထုတ်လုပ်ပေးသော အစားအစာများဟူ၍ ခေါ်ပါသည်။ ကောက်ပဲသီးနှံများတွင် အသင့်အတင့် ပမာဏရှိသော အသားဓာတ်များအပြင် သတ္တုဓာတ်များနှင့် ဗိုက်တာမင်အချို့များလည်းပါရှိပါသည်။ အာဟာရဓာတ်နည်းပါးသော အစားအစာများအား စားသုံးခြင်းသည် အရေးကြီးသော အကြောင်းရင်းများ ဖြစ်ပါသည်။

ပရိုတင်း(သို့မဟုတ်)အသားဓာတ်ကြွယ်ဝသော အစားအစာများကို ခန္ဓာကိုယ်တည်ဆောက်ပေးသော အစားအစာများဟုခေါ်ပါသည်။ ၎င်းတို့တွင် နွားနို့၊ အသား၊ ငါး၊ ကြက်ဥ(ဥမျိုးစုံ)၊ ပဲအမျိုးမျိုး၊ အဆီဓာတ်ပါဝင်သော အစေ့များ၊ မြေပဲနှင့် အဆီနည်းသော ဂျုံမူန့်များပါဝင်ပါသည်။

များသောအားဖြင့် တိရစ္ဆာန်များမှရရှိသော ပရိုတင်းများသည် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော အာဟာရအာနိသင်(တန်ဖိုး)များ ပို၍မြင့်မားစွာ ပါဝင်ပါသည်။ ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် ပိုမိုလိုအပ်ပါသည်။ နို့၊ ဥအမျိုးမျိုးနှင့် အသားများမှ ရရှိသော ပရိုတင်းများကို များစွာသော ပမာဏရရှိရန် လိုအပ်ပါသည်။

ပရိုတင်းလိုအပ်မူသည် အသက်အရွယ်နှင့် ဇီဝကမ္မပြောင်းလဲမူ အခြေအနေများပေါ်တွင် မူတည်ပါသည်။ တိရစ္ဆာန်မှာ ရရှိသော ပရိုတင်းများမှာ ဥအမျိုးမျိုး၊ ကြက်ဥ၊ နို့(နွားနို့)၊ သိုးသားနှင့် ငါးတို့ ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်မှ ရရှိသော အသားဓာတ်များမှာ ကောက်ပဲသီးနှံများ (ဥပမာ - ဆန်၊ ပြောင်း၊ ဂျုံ)၊ ပဲအမျိုးမျိုး (ဥပမာ - စတောပဲ၊ ကုလားပဲ၊ မတ်ပဲ)၊ အဆီထွက်သောအစေ့များနှင့် အခွံမာသီးများ (ဥပမာ - အုန်းသီး၊ မြေပဲ) နှင့် ပဲပိစပ် (သို့မဟုတ်) ပဲပုပ်တို့ ဖြစ်ပါသည်။

အကြံပြုချက်
ကျွန်ုပ်တို့ အသက်ရှင်ရန် ကျန်းမာရေးသည် အလွန်အရေးကြီးပါသည်။ အစားအစာတွင် ကာဗွန်ဟိုက်ဒရိတ်၊ အဆီဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်နှင့် ရေများအရေးကြီးသကဲ့သို့ ပရိုတင်းဓာတ်သည်လည်း မရှိမဖြစ်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ခန္ဓာကိုယ်တည်ဆောက်မူတွင် လိုအပ်သော ပရိုတင်းဓာတ်များ၊ ခန္ဓာကိုယ်အားရောဂါမဖြစ်စေရန် ကာကွယ်ပေးသော ပရိုတင်းဓာတ်များ လုံလောက်စွာ၊ ကျန်းမာရေးနှင့်အညီ စားသုံးသင့်ပါသည်။

ဒေါက်တာမြင့်သန်းထွန်း (HEALTH CARE JOURNAL)


3D ကြည့်ရင် သတိပြုစရာ

http://admintell.napco.com/ee/images/uploads/gadgetell/glasses.jpg

3D ရုပ်ရှင်က နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပြီး တချို့လူတွေမှာ ခေါင်းကိုက်၊ အမြင်အာရုံေ၀၀ါး၊ နေမကောင်းဖြစ်၊ ခေါင်းထဲငြီးစိစိဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးနှောက်ကမျက်စိကတစ်ဆင့် ပို့လိုက်တဲ့ ပုံရိပ်တွေကို သေသေချာချာ မစိစစ်နိုင်လို့ ဖြစ်တယ်လို့ဆိုကြပါတယ်။

ရေရှည်ကုသမူ
ရေရှည်က မျက်စိနှစ်လုံးအတူတူ အလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးဖို့ပါပဲ။ ဒါမှမဟုတ် မျက်မှန်အသစ်တပ်ပေးဖို့လိုပါတယ်။

ရေတိုကုသမူ
3D မျက်မှန်ကို ချွတ်လိုက်ပြီးထိုင်လိုက်ပါ။ အသက် နှစ်ချက်ခပ်ပြင်းပြင်း ရှူပြီး မျက်စိတွေကို ပိတ်လိုက်ပါ။ မိမိတစ်တောင်ဆစ်များကို ဒူးပေါ်မှာတင်၊ ရှေ့ကိုကိုင်ပြီး ဦးခေါင်းကို မိမိရဲ့ လက်ဖ၀ါးထဲမှာ နားနေပါစေ။ ဘယ်လက်ဖ၀ါးကို ဘယ်ဖက်မျက်စိပေါ်မှာတင်၊ လက်ချောင်းတွေနဲ့၊ နဖူးကိုထိထား၊ လက်ဖနောင့်နဲ့ မေးရိုးကိုပင့်ထား မျက်စိပေါ်မှာတော့ လက်ဖ၀ါးရဲ့ချိုင့်နေတဲ့ နေရာကွက်လပ်ကို တည့်တည့်တင်ပြီး မျက်တောင်ခပ်ဖို့ နေရာချန်ထားပါ။ ညာဖက်လက်၊ ညာဘဖက်မျက်စိကိုလည်း ဒီအတိုင်းပဲပြုလုပ်ပြီး ညာလက်ချောင်းတွေကို ဘယ်လက်ချောင်းတွေပေါ်မှာ ယှက်ထားလိုက်ပါ။ ပြီးရင် အသက်ကိုပြင်းပြင်း ရှူလိုက်ပါ။ (အနည်းဆုံး ၄မိနစ်) နားနားနေကြည့်ပါ။

3D ဗီဒီယို (သို့မဟုတ်) 3D games တွေကို ကြည့်နေ၊ ကစားနေရင်ကြားမှာ ခေတ္တ ခေတ္တရပ်နားပါ။

ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)

အစာပြွန်လမ်းကြောင်းနှင့် အခြားလမ်းကြောင်းမှ တစ်ဆင့်ရရှိနိုင်သော ဗိုင်းရပ်စ်ရောဂါများ

http://t2.gstatic.com/images?q=tbn:ANd9GcTZ4GI99LyIfecrjUcsStA7VkBxdYp0kHtQqtCCuR6f2HXcXa8BW_nk3YCBuQ

ပိုလီယို အကြောသေရောဂါ၊ အသည်းရောင်အသားဝါ (အေ၊ ဘီ၊ စီ) ခွေးရူးပြန်၊ ၀က်(စ်ထ်) နိုင်းဖီဗာ၊ ဦးနှောက်ရောင်ရောဂါ၊ ရေယုန်ရောဂါ အမျိုးအစား (၁) နှင့် (၂)၊ ကြွက်နို့နှင့် အေအိုင်ဒီအက်စ်ရောဂါ တို့သည် အစာပြွန်လမ်းကြောင်းနှင့် အခြားလမ်းကြောင်းများမှတဆင့် ရရှိနိုင်သော ဗိုင်းရပ်စ်ရောဂါများ ဖြစ်ကြပါသည်။

၁။ ပိုလီယိုအကြောသေရောဂါ

ပိုလီယိုအကြောသေရောဂါသည် တစ်ချိန်တုန်းက ကြောက်ရွံ့စိုးရိမ်ရသောရောဂါဖြစ်ပြီး ယခုအချိန်တွင် ကာကွယ်ဆေးများရှိသောကြောင့် ရှားပါးစွာတွေ့ရပါသည်။ ပိုလီယိုရောဂါ ဖြစ်ပြီးနောက်ရောဂါစုသည် တစ်ခါတစ်ရံဖြစ်ပွားပါသည်။

ဤရောဂါသည် သန့်ရှင်းမူအားနည်းသော နေရာများထဲတွင်ရှိသော အသက်ရှူလမ်းကြောင်းအရည်များ (သို့မဟုတ်) ပါးစပ်မှစအို၊ စအိုမှပါးစပ်လမ်းကြောင်းတို့ဖြင့် တိုက်ရိုက်ကူးစက်နိုင်ပါသည်။

ရောဂါ၏ ၉၀-ရာခိုင်နူန်းသည် လက္ခဏာမပြဘဲရှိတတ်ပါသည်။ ၅-ရာခိုင်နူန်းသည် မူမှန်သော ရှေ့ပြေးလက္ခဏာများနှင့်အတူ ကျောကုန်းနာခြင်းနှင့် ကြွက်သားများလူပ်ခြင်း (သို့မဟုတ်) တောင့်ခြင်းပေါင်းစပ်ဖြစ်ပေါ်ခြင်း (၀.၁)ရာခိုင်နူန်းမှ (၂)ရာခိုင်နူန်းသည် သွတ်ချာပါဒ (သို့မဟုတ်) လေဖြတ်ခြင်းဖြစ်ပေါ်တတ်ပါသည်။

ထိုရောဂါမဖြစ်စေရန် ကလေးဘ၀ အစေားဆုံးအချိန် (၁လခွဲ၊ ၂လခွဲ၊ ၃လခွဲ)တွင် ကာကွယ်ဆေးတိုက်ကျွေးပါ။ ရောဂါ ထိတွေ့မူများ စုံစမ်းစစ်ဆေး၍ဖြစ်နိုင်သော နည်းများဖြင့်ကုသပါ။

၂။ အသည်းရောင်အသားဝါ (အေ)
၎င်းရောဂါသည် ယခုအချိန်တွင် ရောဂါဖြစ်ပွားမူရှားပါးသော်လည်း မှတ်တမ်းတင်ထားသော လူနာအရေအတွက်မှာ တိုးပွားလျက်ရှိပါသည်။ ကူးစက်သော အသည်းရောင်အသားဝါဟူ၍လည်း ခေါ်ပါသည်။ မသန့်ရှင်းသော ရေနှင့်အစားအသောက်မှ ကူးစက်သည်။ ရောဂါရှိသော လူ၏မစင်၊ ကျင်ကြီး၊ ကျင်ငယ်နှင့် အခြားခန္ဓာကိုယ်မှ ထွက်သောအရည်များမှ ကူးစက်နိုင်ပါသည်။ တစ်နည်းအားဖြင့် ပါးစပ်မှ စအို၊ စအိုမှပါးစပ်သို့ ကူးစပ်လျက်ရှိပါသည်။

အများဆုံးတွေ့ရသော လက္ခဏာများမှာ ရုတ်တရက်အဖျားရှိခြင်း၊ ကိုယ်လက်အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ နေထိုင်၍မကောင်းပဲ မအီမသာဖြစ်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ပျို့ခြင်း၊ ၀မ်းဗိုက်တွင် သက်တောင့်သက်သာမရှိခြင်းနှင့် အသားဝါခြင်းတို့ဖြစ်ပါသည်။

ရောဂါမဖြစ်ပွားစေရန် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးပြုလုပ်ပါ။ အန္တရာယ်ရှိသော လူများအား ရောဂါပိုးကို ဆန့်ကျင်သော ပစ္စည်းအဖြစ်လုပ်ဆောင်သော ပရိုတင်းအုပ်စုအမ် (lg M) ကာကွယ်ဆေးထိုးခြင်း ပြုလုပ်ပါ။

၃။ အသည်းရောင်အသားဝါ (ဘီ)

၎င်းကိုသွေးကြောင့်ဖြစ်သော အသားရောင်၊ အသားဝါရောဂါဟူ၍လည်း ခေါ်ပါသည်။ အသည်းရောင် အသားဝါ(အေ) ထက်သေဆုံးမူများပါသည်။ အသည်းကင်ဆာ၊ ရေဖျဉ်းဆွဲခြင်း၊ အသည်းခြောက်ခြင်းများ ဖြစ်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် ရောဂါကူးစက်ခံရသူ သန်း ၃၅၀-ကျော်ရှိပြီး သေဆုံးသူ ၁-သန်းလောက် ရှိပါသည်။

ရောဂါသည် သွေးမှသွေး(သို့မဟုတ်) သွေးမှအရေပြားသို့ ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါသည်။ ရောဂါပိုးရှိသူနှင့် လိင်တူ၊ လိင်ကွဲဆက်ဆံခြင်း၊ ရောဂါရှိမိခင်မှ ကလေးကိုကူးစက်ခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်ကိုအသုံးပြုခြင်း၊ မူးယစ်ဆေးဝါးအကြောထဲသို့ထိုးခြင်း၊ ရောဂါပိုးရှိသူ၏ သွေးကိုသွင်းမခြင်းနှင့် နှာခေါင်းနှင့်ပါးစပ်မှထွက်သော နှာရည်နှင့်တံတွေးတို့မှလည်း ကူးစက်နိုင်ပါသည်။

အများဆုံးတွေ့ရှိရသော လက္ခဏာများမှာ တဖြည်းဖြည်းနှင့် အစားအသောက်ပျက်လာခြင်း၊ ၀မ်းဗိုက်တွင် သက်သောင့်သက်သာမူမရှိခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ ဖြစ်ပါသည်။

ထိုရောဂါကို ကာကွယ်ရန် အန္တရာယ် မြင့်မားနိုင်သောလူများတွင် ကာကွယ်ဆေးထိုးထားခြင်း၊ တစ်ခါသုံးဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များကို အသုံးပြုခြင်း၊ ခွဲစိတ်ကိရိယာများအား ပိုးသတ်ထားခြင်းနှင့် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးခြင်းတို့ကိုပြုလုပ်ပါ။

၎။ အသည်းရောင်အသားဝါ (စီ)
၎င်းရောဂါသည် ပိုမိုဆိုးဝါးပြင်းထန်သော အမျိုးအစားဖြစ်ပါသည်။ (၈၀)ရာခိုင်နူန်းသည် ပြင်းထန်သော ရောဂါကိုခံစားရပါသည်။ ကူးစက်ခံရသူ (၁၀)ရာခိုင်နူန်းသည် အသည်းပျက်စီးတတ်ပြီး (၅)ရာခိုင်နူန်းသည် အသည်းကင်ဆာဖြစ်တတ်ပါသည်။ ကမ္ဘာပေါ်တွင် ကူးစက်ခံရသူ သန်း(၁၉၀)ခန့် ရှိပါသည်။ ယခင်က အသည်းရောင်အသားဝါ (အေ) မဟုတ် (ဘီ) မဟုတ်ဟူ၍လည်းခေါ်ပါသည်။

သွေးမှတစ်ဆင့် တိုက်ရိုက်ကူးစက်တတ်ပါသည်။ ရောဂါရှိသူအသုံးပြုပြီးသော ဆေးထိုးအပ်စူးခြင်း၊ ရောဂါရှိသူ၏ သွေးကို သွင်းမိခြင်း၊ ရောဂါရှိသူနှင့် ဆေးထိုးအပ်အတူသုံးစွဲသော မူးယစ်ဆေးစွဲသူမှ ကူးစက်နိုင်ပါသည်။ မိခင်မှ ကလေးကိုကူးနိုင်ပြီး၊ မိခင်နို့ရည်မှလည်း ကူးနိုင်သည်။

အများဆုံးတွေ့ရသော လက္ခဏာများမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ၀မ်းဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် အသားဝါခြင်းတို့ဖြစ်ပါသည်။

ကာကွယ်ဆေးမရှိပါ။ BIBAVIRIN နှင့် INTERFERON ဆေးနှစ်မျိုးပေါင်း စပ်၍ ကုသနိုင်ပါသည်။ အသည်းရောင်အသားဝါ (ဘီ) ကဲ့သို့သော ကာကွယ်နိုင်ပါသည်။

၅။ အေအိုင်ဒီအက်စ်ရောဂါ
အမေရိကန်ပြည်ထောင်စုတွင် ၁၉၈၁-ခုနှစ်၌ လိင်တူဆက်ဆံသောအမျိုးသားများတွင် ပထမဆုံးတွေ့ရှိ ရပါသည်။ မှတ်တမ်းများလည်း ရှိပါသည်။ ယခုအချိန်အခါတွင် လူမျိုး၊ ဘာသာယောက်ျားနှင့် မိန်းမ၊ ကလေးနှင့် လူကြီး၊ လိင်တူနှင့် လိင်ကွဲမရွေး ဖြစ်ပေါ်လျက်ရှိပါသည်။ ပြန်လည်ကေင်းမွန်သောလူရယ်လို့ သက်သေမပြနိုင်သေးပါ။

ရောဂါရှိသူ၏ သွေး၊ သုက်ရည် (သို့မဟုတ်) မိန်းမကိုယ်မှအရည်များ၊ သွေးစီးကြောင်းထဲသို့ဝင်၍ ကူးစက်ပါသည်။ များသောအားဖြင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ စအိုတွင်ဆက်ဆံခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်ဖြင့် ဆေးထိုးခြင်း၊ မသန့်ရှင်းသော ကိရိယာများဖြင့် တက်တူးထိုးခြင်း၊ ရောဂါရှိသောမိခင်မှ သန္ဓေသားကိုကူးစက်ခြင်း၊ ရောဂါပိုးရှိသော သွေးနှင့် သွေးပစ္စည်းများကို အသုံးပြုခြင်းနှင့် ရောဂါပိုးရှိသော ကိုယ်ခန္ဓာအစိတ်အပိုင်းများကို အစားထိုးခြင်းတို့ကြောင့် ရောဂါကူးစက်နိုင်ပါသည်။

ရှေ့ပြေးလက္ခဏာများမှာ တစ်လကျော်၍ အဖျားရှိခြင်း၊ ၀မ်းလျှော၊ ၀မ်းပျက်ခြင်း၊ ချောင်းဆိုးခြင်း၊ တစ်လအတွင်း ကိုယ်အလေးချိန် (၁၀)ပေါင်ထက်ကျော်၍ ကျခြင်း၊ မှက္ခရုများထွက်ခြင်း၊ ရေယုန်များ ပေါက်ခြင်း၊ ပြည်တည်နာများပေါက်ခြင်းနှင့် အကျိတ်များထွက်ခြင်းစသည်တို့ ဖြစ်ပါသည်။

ဤရောဂါမဖြစ်ပွားစေရန် ရောဂါကူးစက်ခြင်းမရှိသောသူများနှင့်သာ လိင်ဆက်ဆံပါ။ ပိုးသတ်ထားသော ဆေးထိုးပြွန်နှင့် ဆေးထိုးအပ်များကို အသုံးပြုပါ။ ကျန်းမာရေးဝန်ထမ်းများသည် လူနာကိုင်တွယ်သည့် အချိန်တိုင်းတွင် ပိုးသတ်ထားသော လက်အိတ် (သို့မဟုတ်) ကိရိယာများကို အသုံးပြုပါ။ ရောဂါပိုးဝင်ရောက်ခြင်းမှ ကင်းဝေးစေရန် ကွန်ဒုံးကိုအသုံးပြုပါ။ ပြည်သူလူထုကို ပညာပေးပါ။ ART ဆေးဝါးများဖြင့် ထိရောက်စွာကုသပါ။

၆။ ရေယုန်အမျိုးအစား (၁)

များသောအားဖြင့် လျှာနှင့်မျက်နှာတွင် ရောဂါပိုးဝင်ရောက်တတ်ပါသည်။ ဗိုင်းရပ်စ်ပိုးသည် တစ်ချိန်ဝင်ပြီးချိန်မှစ၍ ခန္ဓာကိုယ်ထဲတွင် ဘ၀တစ်လျှောက်လုံးရှိနေ တတ်ပါသည်။ ရောဂါပိုးဝင်ရောက်ခြင်း၏ ၆၀-ရာခိုင်နူန်းသည် ပြန်လည်လူပ်ရှား ထကြွနိုင်ပါသည်။ ကလေးများတွင် အများဆုံးဖြစ်ပွားတတ်ပါသည်။ ရောဂါပိုး ရှိသူ၏ တံတွေးများဖြင့် ကူစက်တတ်ပါသည်။

လက္ခဏာသည် မပြဘဲရှိတတ်ပါသည်။ ရှေ့ပြေးလက္ခဏာများမှာ အရည်ကြည်အိတ်များနှင့် သက်ဆိုင်သော အနာများဖြစ်ပေါ်တတ်ပါသည်။ ရောဂါပိုးရှိသောသူနှင့် မထိတွေ့ပါနှင့် မွေးကင်းစကလေးများနှင့် ဝေးကွာသောနေရာတွင် သီးခြားထားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

၇။ ရေယုန်အမျိုးအစား (၂)
အမျိုးသမီးများတွင် အမျိုးသမီးမျိုးပွားအင်္ဂါ (သို့မဟုတ်) သားအိမ်ခေါင်းပေါ်၌ ရေယုန်အမျိုးအစား (၂)မျိုး ဖြစ်ပေါ်တတ်ပါသည်။ လူကြီးများတွင် အများဆုံးဖြစ်ပွားတတ်ပါသည်။ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်ပါသည်။

အများဆုံးတွေ့ရသော လက္ခဏာများမှာ ရေယုန်အနာများသည် ပထမဆံးနာကျင်မူကိုခံစားရခြင်း၊ အရည်ကြည်အိတ်များ ဖြစ်ပေါ်လာခြင်းတို့ဖြစ်ပါသည်။ အဖျားရှိခြင်း၊ ပြန်ရည်ကြိတ်ဂလင်းများ ရောင်ခြင်းနှင့် ဆီးသွားရာတွင် နာကျင်ခြင်းတို့ဖြစ်ပါသည်။ ဤရောဂါမဖြစ်ပွားစေရန် မွေးကင်းစကလေးများကိုကာကွယ်ရန် ၀မ်းဗိုက်ခွဲ၍ မွေးဖွားပါ။ လိင်ဆက်ဆံရာတွင် ကွန်ဒုံးကို အသုံးပြုပါ။

၈။ ကြွက်နို့
ကြွက်နို့အမျိုးမျိုးရှိပါသည်။ ပြားသောကြွက်နို့နှင့် ချည်မျှင်ပုံရှိသော ကြွက်နို့များရှိပါသည်။ ခြေဖ၀ါးနှင့် မျိုးပွားအင်္ဂါများတွင် ဖြစ်ပေါ်တတ်ပါသည်။ ဆေးကုသမူမပြုလုပ်ဘဲ ပျောက်ကွယ်တတ်ပါသည်။ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ရောဂါများတွင် အများဆုံးတွေ့ရပါသည်။

ရောဂါသည် တိုက်ရိုက်ကူးစက်နိုင်ခြင်း (သို့မဟုတ်) ကိုယ်တိုင်တစ်သျှူးထဲသို့ ကာကွယ်ဆေးထိုးခြင်း တို့ကြောင့် ဖြစ်တတ်ပါသည်။ ကူးစက်ခံရပြီးရောဂါရှိတတ်ခြင်း (သို့မဟုတ်) ကိုယ်အလေးချိန်ကို ထိန်းထားသော ဧရိယာများတွင် ဖြစ်ပွားတတ်ပါသည်။ အနာများသည် တိုက်ရိုက်ကူးစက်မူမရှိပါ။ မျိုးပွားအင်္ဂါတွင် ကြွက်နို့များရှိပါက ကွန်ဒုံးအသုံးပြုခြင်းဖြင့် အန္တရာယ်နည်းပါးနိုင်ပါသည်။

၉။ ခွေးရူးပြန်ရောဂါ
တိရစ္ဆာန်မှ လူကိုကူးစက်ပြီး ကိုက်ခံရခြင်းကြောင့်ဖြစ်ပါသည်။ မကုသဘဲထားပါက သေဆုံးနိုင်ပါသည်။ ရောဂါပိုးရှိသော တိရစ္ဆာန်၏ တံတွေးများသည် သွေးစီးကြောင်းထဲသို့ ၀င်၍ ကူးစက်ခြင်းဖြစ်ပါသည်။ လူမှလူကိုကူးစက်တတ်သော လူနာတစ်ဦးတစ်ယောက်မှ မရှိပါ။

အများဆုံးတွေ့ရသော လက္ခဏာများမှာ ကိုက်ခံရသောနေရာ (သို့မဟုတ်) ပြန့်နှံ့သွားသောနေရာတွင် နာကျင်မူ (သို့မဟုတ်) ပူလောင်မူရှိခြင်း၊ ကိုက်ခံရသော နေရာ၌ အေးခြင်း၊ ယားခြင်းနှင့် ထုံကျင်ခြင်းခံစားမူများရှိခြင်း ရှေ့ပြေးလက္ခဏာများနှင့်အတူ ချောင်းအဆက်မပြတ်ဆိုးခြင်း၊ အာရုံကြောများထိခိုက်၍ တုန်လူပ်ချောက်ချားခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ထိသိမူလွန်ကဲခြင်း၊ သးငယ်အိမ်ကျခြင်း၊ နှလုံးခုန်နူန်းမြန်ခြင်း၊ အသက်ရှူရာတွင် ခက်ခဲခြင်း၊ သွားရည်နှင့် မျက်ရည်များအလွန်ကျခြင်း၊ ချွေးအလွန်ထွက်ခြင်း၊ အခြားဗဟိုအာရုံကြောဆိုင်ရာ ရောဂါများဖြစ်ခြင်း၊ ပြင်းထန်စွာရေငတ်ခြင်းနှင့် ရေကြောက်ခြင်းတို့ဖြစ်ပါသည်။

ကာကွယ်မူအနေဖြင့် ခွေးနှင့်ကြောင် အားလုံးကို မှတ်ပုံတင်လုပ်ပါ။ လိုင်စင်ပြုလုပ်ပါ။ ကာကွယ်ဆေးထိုးပါ။ ခွေးလေ ခွေးလွင့်နှင့် တောရိုင်းသတ္တ၀ါများကို ထိန်းချုပ်ပါ။ အန္တရာယ်များသော သူများအတွက် ကာကွယ်ဆေးထိုးပါ။

၁၀။ ဦးနှောက်ရောင်ခြင်း
၎င်းရောဂါသည် နွေရာသီနှင့် မိုးဦးရာသီများတွင် တွေ့ရပါသည်။ ရောဂါပိုးရှိသောခြင်ကိုက်ခြင်းကြောင့် ကူးစက်ပါသည်။ အများဆုံး တွေ့ရှိရသောလက္ခဏာများမှာ ရုတ်တရက် အဖျားရှိခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ လည်ပင်းနှင့် ကျောကုန်းများ တောင့်တင်းလာခြင်း၊ ဂယောက်ခြောက်ချားဖြစ်ခြင်း၊ သတိမေ့ခြင်း၊ လေဖြတ်ခြင်း၊ တက်ခြင်း၊ ကြွက်သားများထိန်း၍ မရခြင်းနှင့် စိတ်ဖောက်ပြန်ခြင်းတို့ ဖြစ်တတ်ပါသည်။

ဤရောဂါမဖြစ်ပွားစေရန် ခြင်များကို ထိန်းချုပ်ပါ၊ ခြင်ပေါက်ဖွားမူရှိသောနေရာ မရှိအောင်ပြုလုပ်ပါ။ ခြင်မကိုက်စေရန် ကာကွယ်ပါ။ ခြင်လိမ်းဆေးများကို အသုံးပြုပါ။ ဆေးစိမ်ခြင်ထောင်အသုံးပြုပါ။

၁၁။ ၀က်(စ်ထ်)နိုင်းဖီဗာ(သို့မဟုတ်) အဖျားတက်ခြင်း
ရောဂါပိုးသည် လျင်မြန်စွာပြန့်နှံ့နိုင်ပါသည်။ ကျူးလပ်မျိုးစိပ်ဝင်ခြင်းများကြောင့် ဖြစ်ပွားပျံ့နှံ့နိုင်သော ဗိုင်းရပ်စ်ရောဂါပိုးဖြစ်သည်။ ထိုရောဂါပိုးကြောင့် ဖျားခြင်း၊ ဦးနှောက်ရောင်ခြင်း၊ တုပ်ကွေးကဲ့သို့ လက္ခဏာရပ်များနှင့် ပြန်ရည်အကြိတ်များကြီးထွားခြင်းတို့အပြင် ရင်ခေါင်းနှင့် ၀မ်းဗိုက်များတွင် နီရဲသောအနီပြင်ကြီးများ ဖြစ်ပေါ်တတ်ပါသည်။ လက္ခဏာသည် အလွန်ပြင်းထန်ပါက နာဗ်ကြောရောဂါများနှင့် လေဖြတ်သွက်ချာပါဒဖြစ်တတ်ပါသည်။

ရောဂါမဖြစ်စေရန်ခြင်များကို နှိမ်နှင်းပါ။ ခြင်ကိုက်ခံရခြင်းမှ ရှောင်ကြဉ်ပါ။ ရောဂါဖြစ်စေသော အကြောင်းအရင်းကို ရှာဖွေပါ။ ခြင်ပေါက်ဖွားနိုင်သောနေရာများကို ရှင်းလင်းပါ။

ဒေါက်တာမြင့်သန်းထွန်း (HEALTH CARE JOURNAL)

ရောဂါမျိုးစုံသည် ကိုယ်အေးခြင်းမှလာသည်

http://www.urooj.co/enews/posts/userfiles/Tips%20for%20Good%20Health,%20Health%20and%20Fitness%20Tips.jpg

ကျောက်ကပ် အားနည်းခြင်းဟာလည်း ကိုယ်နွေးငွေ့ကျဆင်းတာကြောင့်ဖြစ်ရတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်တယ်။ ကျွန်တော် (မူရင်းစာရေးဆရာ ဂျပန်လူမျိုး ဒေါက်တာ အီရှိဟာရမူစမိ) ငယ်စဉ်တုန်းက လူကြီးတွေရဲ့ ကိုယ်နွေးငွေ့က ၃၆.၅ ဒီဂရီစင်တီဂရိတ် ရှိခဲ့ကြသည်။ ကလေးတွေရဲ့ ကိုယ်နွေးငွေ့က လူကြီးတွေရဲ့ ကိုယ်နွေးငွေ့ ထက်တောင်ပိုမြင့်တယ်။ ၃၆.၈-၃၇ ဒီဂရီစင်တီဂရိတ်ထိ ရှိကြတယ်။ ဒါပေမယ့် ခုခေတ်အခါမှာ (၄၀)ရာခိုင်နူန်းသော ကလေးတွေရဲ့ ကိုယ်နွေးငွေ့က ၃၆-ဒီဂရီစင်တီဂရိတ် သာသာလောက်ပဲ တွေ့မြင်နေရတယ်။ အဲဒီကိုယ် နွေးငွေ့ နိမ့်ကျတဲ့ကလေးတွေ အရွယ်ရောက်လို့ လူကြီးတွေဖြစ်လာတဲ့အခါ ကျောက်ကပ်အားနည်းရောဂါ ထပ်ပေါင်းလိုက်ရင်တော့ ကလေးရနိုင်တဲ့ အခြေအနေဟာ ပြဿနာကြီးတစ်ရပ် ဖြစ်လာပြီး ဖြေရှင်းလို့မရနိုင်တော့တဲ့ ပြဿနာအထိတောင် ဖြစ်လာနိုင်ပါတယ်။

မူမမှန်တဲ့ အစားအသောက်အကျင့်စရိုက်က မိမိရဲ့ကျန်းမာရေးအပေါ် သြဇာသက်ရောက်တယ်ဆိုတာ သင်လက်ခံပါသလား။ အားလုံးသိရှိပြီး ဖြစ်တဲ့အတိုင်း အစားအစာတွေဟာ လူတွေရဲ့ သွေးတွေ ကြွက်သားတွေကို ဖန်တီးပေးတယ်ဆိုတာ သိကြပါတယ်။ ထမင်းစားတာဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်ရောဂါရစေတယ်။ အခုခေတ်ရဲ့ ယေဘုယျအမြင်မှာ ပရိုတင်းမြင့်မားတဲ့၊ အဆီဓာတ်များတဲ့ အနောက်တိုင်း အစားအစာတွေက ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုတာမြင်ကြတယ်။ ကျန်းမာရေးကို အထူးဂရုစိုက်တတ်ကြတဲ့ လူအများအပြားတို့က အစားအစာတွေရဲ့မူရင်း အသီးအနှံပင်တို့ရဲ့ လတ်ဆတ်မူနဲ့ စိုက်ပျိုးတဲ့ နည်းစနစ်တို့အပေါ်ကိုပါ ဆန်းစစ်တဲ့အထိ ဖြစ်လာကြတယ်။ သူတို့စားရမယ့်အသီးအနှံ့တွေ၊ ဟင်းသီးဟင်းရွက်တွေဟာ ဓာတ်မြေသြဇာကင်းတဲ့ အော်ဂဲနစ် စိုက်ပျိုးရေးနည်းစနစ်နဲ့ ထုတ်လုပ်တာ ဟုတ်မဟုတ်ဆိုတာကို သတိပြုလာကြတယ်။ ထုတ်လုပ်တဲ့ ဒေသကတိုက်ရိုက်လာတာ ဟုတ်မဟုတ် အလေးထားဂရုပြုလာကြတယ်။

အစားအသောက်ဟာ ကျန်းမာရေးရဲ့ ဇာစ်မြစ်ဖြစ်တယ်။ အစားအစာတွေရဲ့ ပင်ရင်းစိုက်ပျိုးရေးပုံစံတွေနဲ့ ချက်ပြုတ်နည်းပုံစံတွေနဲ့ အလေးထားတာဟာ ကောင်းမွန်လှတဲ့စနစ်ပါ။ ဒါ့အပြင် ထပ်သတိထားသင့်သေးတာက ထမင်းစားတဲ့အခိုက်မှာ ဖြေးဖြေးကြေညက်အောင် ဗိုက်ထဲကလည်းဝတယ်၊ စိတ်ထဲကလည်းဝပြီလို့ ခံစားမိစေတယ်။ ရင်းနှီးတဲ့ မိသားစုဝင်တွေ မိတ်ဆွေရင်းချာတွေနဲ့အတူ စားရင်းပျော်ပျော်ရွှင်ရွှင် ပြောဆိုရင်းနဲ့ဆိုရင် ပိုပြီးအရသာလည်းရှိ စားလိုက်တဲ့အစာတွေထဲက အဟာရတွေလည်းပိုပြီးရရှိစေတယ်။ ပျော်ရွှင်မူလည်းပိုရရှိစေတယ်။ အဲဒါဟာ အစားအသောက်နည်းမှန်ပါပဲ။ ဖြစ်ကတတ်ဆန်း ဗိုက်ဝပြီးရောနည်းနဲ့ ကသုတ်ကယက် စားနည်းမျိုးကတော့ နည်းမမှန်ဘူး။ စနစ်မှန်တဲ့ ကျန်းမာရေးညီညွတ်တဲ့ ထမင်းကို အနပ်တိုင်း အနပ်တိုင်းအလေးထားပြီး စားသင့်တယ်။

အစားအသောက်တွေကို ပိုကောင်းအောင်စီစဉ်နိုင်ဖို့အတွက် ပထမဦးစွာ လူများစုကြီးက မှန်တယ်လို့ ယူဆထားတတ်ကြတဲ့ အယူအဆတွေကို သဘောပေါက် နားလည်ဖို့လိုအပ်လှပါတယ်။

နားလန်ထကျန်းမာရေးစောင့်ရှောက်မူ စခန်းမှာလာပြီး အစာလျှော့စားတဲ့လူနာတွေကို ရက်သတ္တပတ်တစ်ပတ်နှစ်ပတ် အစာလျှော့ကျွေးပြီးတဲ့နောက် ကျန်းမာလာပြီဆိုရင် အစာတွေ ပြန်ကျွေးဖို့စတင်တဲ့ အစီအမံကတော့ ပထမ ၃-၄ရက်မှာ ထမင်းရည် ဆန်ပြုတ်တို့ကို အရင်ကျွေးပါတယ်။ ပြီးတော့မှ ပုံမှန်အစားအသောက် ထမင်းဟင်းတွေ တစ်ဆင့်ပြီးမှတစ်ဆင့် ကျွေးပါတယ်။ နာလန်ထအစာ စစားတဲ့ကာလရဲ့ အစီအမံကစတင်ပြီး အစာလျှော့စားတဲ့ကာလဟာ အစာအိမ်နဲ့အူတွေကို အနားပေးတဲ့ အချိန်တွေဖြစ်ပါတယ်။ အစာအိမ်နဲ့အူတွေကို ရုတ်တရက်ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုးကို မထမ်းဆောင်စေသင့်ဘူး။ တစ်ပတ်နှစ်ပတ်လောက် အနားပေးထားပြီးမှ ချက်ချင်းပုံမှန်အစားအသောက်မျိုး စားစေတာဟာ ဗိုက်နာတာ ၀မ်းလျှောတာ ပျို့အန်တာမျိုးတွေဖြစ်ပေါ်စေပြီး စိတ်ဆင်းရဲစေတဲ့ အခြေအနေမျိုး ဖြစ်စေတယ်။ အခြေအနေဆိုးဝါးရင် အူတွင်းပိတ်ဆို့မူ အန္တရာယ်မျိုးကြုံနိုင်သေးတယ်။

လူတွေဟာ နေ့စဉ်နေ့တိုင်း “အစားစာဖြတ်”တဲ့ အမူသေးမျိုး ရှိကြတာချည်းပဲ။ အဲဒါကဘာလဲဆိုတော့ ညအိပ်ပျော်သွားချိန်ကစပြီး မနက်အိပ်ရာထချိန်တစ်ညလုံးမစား မသောက်ဘဲနေကြတယ်မဟုတ်လား၊ အဲဒါသည်ပင်လျှင် “အသေးစား အစားအသောက်ဖြတ်တောက်ခြင်း” ပဲလေ။ အဲဒါကြောင့် “မနက်စောစော breakfast ဆိုတာ အစာဖြတ်တောက်ခြင်းရဲ့ ပထမဆုံး စားသောက်ပွဲလို့ ဆိုရမှာပါ။ အင်္ဂလိပ်စကားလုံးရဲ့ အဓိပ္ပာယ်ရှင်းလင်းလှပါတယ်။ (fast=အစားအသောက်ဖြတ်ခြင်းဖြစ်ပြီး၊ breake= ချိုးဖျက်ပစ်တာ ဒီတော့ breakfast ဆိုတာ အစားသောက် ဖြတ်ခြင်းကို ချိုးဖျက်ပစ်လိုက်တာ တစ်နည်း အစားအသောက်စစားတာ) ဒီနေရာမှာ အယူအဆမှား တစ်ချက်ရှိနေပါတယ်။ လူအများက “မနက်စောစောစားတာ တစ်နေကုန်အတွက် အရေးကြီးတယ်။ ကောင်းကောင်းနဲ့ များများစားရမယ်”လို့ ယူဆခဲ့ကြတယ်။ စားချင်စိတ်မရှိဘဲနဲ့လည်း အ၀စားကြတယ်။ ဒါပေမယ့် အစာဖြတ်ထားပြီးမှ ပထမဆုံးအဲဒီလိုစားလိုက်တာဟာ အစာအိမ်နဲ့အူတွေအတွက် ကြီးလေးတဲ့ ၀န်ထုပ်ဖြစ်စေတယ်။ အနောက်တိုင်းက စားသလိုမျိုး မဟုတ်ပေမယ့်လည်း ၀န်ထုပ်ဖြစ်စေတာပါပဲ။

လူကြီးတွေအတော်များများ စားချင်သောက်ချင်စိတ်မရှိကြတော့ ဒီလိုအခါမျိုးမှာ မနက်စာတင်မဟုတ်ပါဘူး။ စားချင်စိတ်မရှိတဲ့အခါ ဘာမှမစားဘဲနေတာ အမှန်ကန်ဆုံးပါပဲ။ နေထိုင်မကောင်းတဲ့ ရောဂါသည်တွေကိုလည်း “စားပေးမှအားရှိမှာပေါ့ ဒါမှလန်းဆန်းလိမ့်မယ်”လို့ မတိုက်တွန်းပါနဲ့။ စားလိုက်မိလို့ အစာမကြေဖြစ်တာ ၀မ်းကိုက်တာ အော့အန်တာတွေ ဖြစ်ပေါ်ခံစားရတတ်သေးတယ်။ ထိုနည်းတူစွာပဲ မနက်စောစောကို အတင်းဓမ္မ စားလိုက်တာဟာလည်းပဲ ကောင်းကျိုးထက် ဆိုးကျိုးပိုသက်ရောက်စေမှာပါ။ မနက်စောစောဟာ အစာပြတ်ပြီးနောက် ပထမဆုံးစားသောက်တာ ဖြစ်တဲ့အတွက် မုန်လာဥနီနဲ့ ပန်းသီးသတ္တုရည်သောက်၊ ချင်းလက်ဖက်ရည်သောက်ရုံနဲ့ ကောင်းကောင်းကြီး လုံလောက်ပါပြီ။ ဒါမှ အစာအိမ်၊ အူတို့ကို ၀န်ထုပ်မပိစေမှာဖြစ်တယ်။ နှစ်မျိုးလုံးက အရည်တွေဖြစ်နေတဲ့အတွက် အစာအိမ်နဲ့ အူတွေအစာချေတဲ့ အလုပ်တာဝန်ကို ရှောင်စေနိုင်တယ်။ အဲဒီလိုဆိုတော့ ခန္ဓာကိုယ်ကလိုအပ်တာကို သတ္တုဓာတ်တွေ၊ ဗီတာမင်တွေ ကာဘိုဟိုက်ဒရိတ်တွေကို ပြုလုပ်ဖန်တီးတဲ့ဘက်မှာ ပိုပြီး လုပ်ဆောင်စေနိုင်မှာ ဖြစ်တယ်။

ဟင်းသီးဟင်းရွက်များနဲ့ သစ်သီးတွေဟာ ကျန်းမာရေးအစားအသောက်များဖြစ်တယ်လို့ အများက အသိအမှတ်ပြုကြတယ်။ ဒါပေမယ့် ဒီအစာနှစ်မျိုးတို့ဟာ အရည်ဓာတ်တွေများပြားတဲ့အပြင် သစ်သီးတွေဆိုရင် ရေခဲသေတ္တာထဲထားပြီးမှ စားကြတာများတယ်။ ဒါကြောင့် ကိုယ်ခန္ဓာကို အေးစေတဲ့ သတ္တိရှိတယ်။

ဟင်းသီးဟင်းရွက်အစိမ်းစားမယ်ဆိုရင် ကိုယ်နွေးဓာတ်မြင့်တက်စေတဲ့ ကြက်သွန်၊ မုန်လာဥနီတို့နဲ့ တွဲစားသင့်တယ်။ ဒါမှ အပူအအေး မျှတသွားပါတယ်။ အသီးအရွက် သုတ်စားတယ်ဆိုရင်လည်း ကြက်သွန်နီတို့ ငရုတ်သီးတို့ထည့်ပြီးမှ ရောသုတ်တာပိုကောင်းတယ်။ သစ်သီးအနေနဲ့ ပန်းသီး၊ ချယ်ရီသီးတို့ဟာ ခန္ဓာကိုယ်ကို အေးစေမှာမဟုတ်ပါဘူး”

မောင်မောင်လိုင် (အပ်စိုက်ကု) (HEALTH CARE JOURNAL)

Friday, 28 October 2011

ကလေးများတွင် ဖြစ်ပွားတတ်သော မြင်လွှာကျိတ်ရောင်ခြင်းသည် မျိုးရိုးလိုက်တတ်သောရောဂါဖြစ်

http://t2.gstatic.com/images?q=tbn:ANd9GcR_D7_wggeVBRoen8m8tR4hhfiUpjG_jkjcpusGMfKTiPDWCLilL617mUbR

ကလေးငယ်များတွင် ဖြစ်တတ်သော မြင်လွှာကျိတ်ရောင်ရောဂါ Retinoblastoma သည် ကင်ဆာအကျိတ်တစ်မျိုးဖြစ်ပြီး မျိုးရိုးလိုက်တတ်သော ရောဂါဖြစ်ကြောင်း အမိ သို့မဟုတ် အဖတွင် မြုံနေသော မြင်လွှာကျိတ်ရောင် ရောဂါဗီဇများရှိပါက အဆိုပါကလေးတွင် မြင်လွှာကျိတ်ရောင်ရောဂါ ဖြစ်တတ်သည်။ မြင်လွှာကျိတ်သည် တစ်ခုထက်ပို၍ဖြစ်ပေါ်နိုင်ပြီး မျက်လုံးနှစ်ဖက်လုံးတွင် ဖြစ်ပေါ်နိုင်ပါသည်။

မြင်လွှာကျိတ်ရောင်ရောဂါဖြစ်ပေါ်နေသော ကလေးများတွင် အနည်းငယ်ကိုသာ မွေးလျင်မွေးချင်း ရောဂါလက္ခဏာသိမြင်နိုင်ပြီး အချို့မှာ အသက် ၁၂-လမှ ၁၈-လအတွင်း သတိထားမိကြသည်။ ရောဂါခံစားရသော ကလေးအများစုသည် စနစ်တကျကုသပါက ပုံမှန်အမြင်စွမ်းအား ပြနလည်ရရှိလေ့ရှိသည်။ မြင်လွှာကျိတ်ရောင်ရောဂါဖြစ်ပွားသူများ၏ ၆၀-ရာခိုင်နူန်းမှာ မျိုးရိုးလိုက်သူများ မဟုတ်ကြချေ။ ၎င်းတို့သည် မျက်လုံးတစ်ဖက်တွင်သာဖြစ်လေ့ရှိပြီး ပုံမှန်စစ်ဆေးကုသမူခံယူလျှင် ပျောက်ကင်းနိုင်သည်။ ရောဂါပျောက်ကင်းသည့်တိုင် ကလေးအသက် ၅-နှစ်အထိ မကြာခဏစမ်းသပ်စစ်ဆေးသင့်သည်။

MN (HEALTH CARE JOURNAL)

အရိုးပွခြင်းကို ကာကွယ်ရန် အစား ၁၀-မျိုး

http://www.wallpaperpimper.com/wallpaper/Food/Vegetable/Culinary-Best-Quality-Vegetable-Salad-1-9TK3IQBQ5C-1600x1200.jpg

ပန်းဂေါ်ဖီအစိမ်း (Broccoli)
ပန်းဂေါ်ဖီအစိမ်းသည် မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်-ကေ နှင့် ဗီတာမင်-ဘီတို့ကြွယ်ဝသော ဟင်းရွက်ဖြစ်သည်။ ထို့အပြင် ဗီတာမင်ပါဝင်မူလည်း မြင့်မားတာကြောင့် အရိုးအတွင်း ကယ်လ်စီယမ် စုတ်ယူနိုင်မူကို တိုးမြှင့်ပေးသည်။

ဆလတ်ရွက်

ဆလတ်ရွက်သည် အရည်ပါဝင်မူ မြင့်မားသောကြောင့် အခြားအာဟာရပါဝင်မူ နည်းပါးသည်ဟု အသိများသော်လည်း ၎င်းတွင် အရိုးသန်မာစေသော ကယ်လ်စီယမ်နှင့် ဗီတာမင်-ကေတို့အပြင် အခြားဒြပ်ပေါင်းများလည်း ပါဝင်သည်။

ပဲတောင့်ရှည်

၎င်းသည် ဗီတာမင်-ကေ အလွန်ကြွယ်ဝသောအစာဖြစ်သည်။ အရိုးတွင်း ကယ်လ်စီယမ်သိပ်သည်းမူကို မြင့်မားစေ၍ အရိုးကို သန်မာစေသည်။ ဗီတာမင်-ဘီ အုပ်စုပါဝင်သောကြောင့် အရိုးပွခြင်းကို ဟန့်တားနိုင်သည်။

ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်သညလည်း အရိုးကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်-ကေ၊ ဖိုးလစ်အက်ဆစ် (folic acid)နှင့် ဗီတာမင်-ဘီတို့ ကြွယ်ဝသည်။ ထို့အပြင် ကယ်လ်စီယမ်နှင့် ဗီတာမင်-စီ ပမာဏလည်းများစွာ ပါဝင်သည်။

ဟင်းနုနွယ်

ဗီတာမင်-ကေနှင့် folic acid များစွာပါဝင်သော ဟင်းနုနွယ်သည် အရိုး ကျန်းမာရေးအတွက် စိတ်ပူသူများ၏ ထမင်းဝိုင်းတွင် မပါမဖြစ်ပါဝင်သင့်သော ဟင်းတစ်ခွက်ဖြစ်သည်။

လက်ဖက်ခြောက်
လက်ဖက်ခြောက်တွင် အရိုးကိုသန်မာစေမည့် သတ္တုဓာတ်များစွာပါဝင်သည်။ သို့သော် သကြားခတ်၍ သုံးဆောင်ပါက ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်ကြောင်း သတိချပ်သင့်သည်။

ကညွတ်

ကညွတ်သည် အာဟာရလွန်စွာမျှတသော ဟင်းရွက်တစ်မျိုး ဖြစ်သည်။ ၎င်းတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်သောကြောင့် အရိုးများကို ကြံ့ခိုင်သန်မာစေသည်။

တရုတ်နံနံ

၎င်းတွင် ပါဝင်သော ဗီတာမင်-ကေ(၀မ်း)သည် အရိုးကို ဖျော့မည် Osteoclasts ခေါ်ကိုယ်တွင်း ဆဲလ်တစ်မျိုးကို ဟန့်တားနိုင်သည်။ ထို့အပြင် အရိုးတွင်း ကယ်လ်စီယမ်ပမာဏစုပ်ယူမူ အားကောင်းအောင်လည်း ကူညီပေးသည်။

သံပယိုသီး

သံပယိုသီးသည် ချဉ်သော်ငြားလည်း ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုနိုင်သော အစားအစာဖြစ်သည်။ အရိုးနှင့် သွားများကို သန်မာစေရုံသာမက ကိုယ်ခံအားကိုလည်း တိုးမြှင့်ပေးသည်။

နှံစားသီးနှံများ

၎င်းတို့သည်လည်း အရိုးကျန်းမာရေးအတွက် လိုအပ်သော သတ္တုဒြပ်များစွာပါဝင်သောကြောင့် နေ့စဉ်သုံးဆောင်သင့်သည်။

စန္ဒီ (ဆေး - ၂) (HEALTH CARE JOURNAL)


Thursday, 27 October 2011

ဆေးပြင်းလိပ်အန္တရာယ်

http://bluecrystals-inc.com/wp-content/uploads/2011/06/smoking-kills-bluecrystalsinc.jpg

ယနေ့ခေတ်တွင် စီးကရက်သောက်ခြင်း၏ အန္တရာယ်ကို လူအများသိရှိနားလည်လာကြပြီဖြစ်သည်။ ရုပ်ရှင်ဇာတ်လမ်းများတွင်ပင် စီကရက်သောက်သည်ကို သိပ်မတွေ့ရတော့ချေ။ စီးကရက်သောက်သည့် အလေ့အထကို လူအတော်များများ စွန့်ပစ်ခဲ့ကြပြီဖြစ်သည်။ သို့သော် ဆေးပြင်းလိပ်များကိုမူ သောက်နေကြဆဲဖြစ်သည်။ ရုပ်ရှင်များ၊ ပိုစတာများတွင် ချမ်းသာကြွယ်ဝသည့်သူများနှင့် အချို့သော နာမည်ကြီးမင်သား၊ မင်းသမီးများ ဆေးပြင်းလိပ်သောက်သည်ကို တွေ့ရှိရသည်။ ရုပ်ရှင်ကြိုက်သူ၊ မိမိနှစ်သက်သော မင်းသား၊ မင်းသမီးများကို လိုက်လံအတုခိုးတတ်သော လူငယ်များအတွက် အန္တရာယ်ပင်ဖြစ်သည်။

ဆေးပြင်းလိပ်သောက်သူများသည် မိမိဘာသာ ဆေးပြင်းလိပ်သည် စီးကရက်ကဲ့သို့ အန္တရာယ်မရှိဟု ထင်မှတ်ကြသည်။ ဤသည်မှာ အမှားပင်ဖြစ်သည်။ ဆေးပြင်းလိပ်သောက်သူများသည် ဆေးလိပ်ကို ဖွာရုံသာဖွာကြ၍ မရိုက်ကြသဖြင့် စီးကရက်ကဲ့သို့ အဆုတ်ကင်ဆာဖြစ်နိုင်ချေ မများသော်လည်း ဆေးလိပ်ငွေ့ထိတွေ့ရာ လမ်းကြောင်းတစ်လျှောက်ရှိ နူတ်ခမ်း၊ လျှာ၊ အာခေါင်နှင့် လည်ချောင်းကင်ဆာ တို့ဖြစ်စေနိုင်သည်။

ထို့အပြင် ဆေးပြင်းလိပ်သောက်ခြင်းသည် မုန့်ချိုအိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ နှလုံးရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားမူနူန်း တိုးပွားစေသည်။

ဆေးပြင်းလိပ်သည် စီးကရက်ထက် အရွယ်အားဖြင့် ပိုကြီးသောကြောင့် ဆေးရွက်ကြီးပါဝင်မူ ပမာဏလည်း ပိုများသည်။ ထို့အပြင် သောက်သုံးချိန်လည်း ပိုကြာသောကြောင့် ဆေးလိပ်တွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများနှင့် ထိတွေ့ချိန်လည်း ပိုကြာသွားသည် ဆေးပြင်းလိပ်လိပ်ထားသည့် ပုံစံမှာလည်း ဆေးလိပ်တွင်ပါရှိသည့် ထိုဓာတုဗေဒပစ္စည်းများကို ပို၍ သိပ်သည်းဆများစေသည်။ ၎င်းသည် စီးကရက်ထက် လေထုညစ်ညမ်းစေသော ကာဘွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ကို ပိုထုတ်ကြောင်းလည်း လေ့လာတွေ့ရှိရသည်။

ဆေးလိပ်ကို စွဲစေသော နီကိုတင်းပမာဏလည်း ဆေးပြင်းလိပ်တွင် ပမာဏပိုမိုပါဝင်သည်။ ဆေးပြင်းလိပ်အကြီးစားများတွင်ဆိုလျှင် နီကိုတင်း ၂၀၀-မီလီဂရမ်ခန့်ထိ ပါဝင်တတ်၍ ၎င်းပမာဏမှာ သာမာန်စီးကရက်တွင် ပါဝင်သော ပမာဏထက် ၂၃-ဆခန့်ပိုများလေသည်။ စီးကရက်နှင့် ဆေးပြင်းလိပ်၏ ကွာဟချက်မှာ ဆေးပြင်းလိပ်သောက်သူများသည် ဆေးလိပ်ငွေ့ကို မရိုက်ကြသောကြောင့် ၎င်းအငွေ့ကို နူတ်ခမ်းနှင့် ခံတွင်းရှိ ဆဲလ်များကသာစုတ်ယူကြသည်။ ထို့ကြောင့် အဆုတ်ကင်းဆာထက် ခံတွင်းနှင့် လည်ချောင်းကင်ဆာပိုအဖြစ်များကြသည်။

သို့ဖြစ်ပါ၍ ရုပ်ရှင်ဇာတ်လမ်းများကို ကြည့်၍ နှစ်ခြိုက်ကြသော အတုယူတတ်ကြသော လူငယ်လူရွယ်များ ဆေးပြင်းလိပ်၏ ဆိုးကျိုးများကို သိရှိ၍ ဆင်ခြင်နိုင်ရန် ဖော်ပြလိုက်ရပါသည်။

စန္ဒီ (ဆေး - ၂) (HEALTH CARE JOURNAL)

နှလုံးနှင့် ကိုယ်ခန္ဓာကျန်းမာရေး

http://www.viscoimages.com/photo/123783-Student-guy-eating-an-apple.jpghttp://www.answerfitness.com/wp-content/uploads/Fit_Woman_With_Apple_2.jpg

ခန္ဓာကိုယ်ရှိ အဆီပိုများလျော့ကျစေရန် ကိုယ်ခံအားကို တိုးပွားစေကာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သော အစားအစာအချို့ကို ဖော်ပြလိုက်ပါသည်။

၁။ ပန်းသီး
ပန်းသီးကို တစ်နေ့တစ်လုံး ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကို ဥပါဒ်ပေးနိုင်သော အဆီများကို ၂၃ရာခိုင်နူန်းခန့် လျော့ချနိုင်သည်။ တစ်နှစ်ခန့်ပုံမှန်စားသံးသော သူများတွင် အစားမဆင်ခြင်သည့်တိုင် ကိုယ်အလေးချိန်တဖြည်းဖြည်း လျော့ကျနေကြောင်း လေ့လာတွေ့ရှိရသည်။

၂။ အမြစ်များ
မုံလာဥနီ၊ အာလူး၊ ပိန်းဥနှင့် ကန်စွန်းဥတို့သည် ကိုယ်ခံအားကိုတိုးမြှင့်စေမည် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝကြသည်။ အရသာလည်းရှိ၍ အာဟာရလည်း ကြွယ်ဝသော ၎င်းအစားအစာများသည် သာမန်လူများအတွက် ကောင်းမွန်သော်လည်း အဆစ်နာရောဂါ ရှိသူများအတွက်မူ မသင့်တော်ပေ။

၃။ သစ်တော်သီး
အခြားအရည်ရွှမ်းသော အသီးအနှံများကဲ့သို့ပင် သစ်တော်သီးများသည်လည်း ဗီတာမင်ကြွယ်ဝရုံမျှမက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မူကိုလည်း ကာကွယ်ပေးသည်။ အစိမ်းထက် သစ်တော်သီးအမှည့်က ဗီတာမင်ပါဝင်မူ ပိုများသည်။ အမျှင်ဓာတ်လည်း များသောကြောင့် အူမကြီးနှင့် နှလုံးကျန်းမာရေးအတွက် များစွာ အထောက်အကူပြုလေသည်။


အို....အိုကြီးအိုမများအတွက် အိုနာဆိုတာ ဒါများလား

http://www.leehansen.com/clipart/Holidays/GrandparentsDay/images/grandma-1.gif

အရွယ်တော် တစ်ဆိတ်ဟိုင်းလို့ အရွယ်လွန် မိန်းမသားများ ဟုပဲဆိုဆို၊ သက်ကြီးအမျိုးသမီးများ ဟုပဲပြောပြော၊ သက်ကြီးရွယ်အို အမေ၊ အဒေါ်၊ အဖွားများအတွက် ဒုက္ခပေးနေတာ ညည်းညူသံ ကြားဖူးကြပါလိမ့်မည်။ ဒုက္ခပေးတာ ဘယ်လိုမျိုးလဲဆိုတော့ ဆီးမထိန်းနိုင်တာပါပဲ။ ချောင်းဆိုးတဲ့ အခါမှာပဲဖြစ်ဖြစ်၊ နှာချေတဲ့အခါမှာပဲဖြစ်ဖြစ် ဆီးလွတ်သွားတာဖြစ်ပါတယ်။ အိမ်မှာနေရင်လည်း ဒုက္ခရောက်တယ်။ သာရေး နာရေး လူမူရေးကိစ္စ အပြင်ထွက်ရင်လည်း အရှက်ကွဲရတယ်လို့ ဆိုပါတယ်။ တရားစခန်းဝင်ချင်တာလည်း ဆီးမထိန်းနိုင်လို့ ရိပ်သာမသွားရဲဘူတဲ့။ အဲဒီဆီးမထိန်းနိုင်တဲ့ ပြဿနာရဲ့ အဓိကအကြောင်းရင်းတွေက ဘာကြောင့်များပါလိမ့်။ ဆီးမထိန်းနိုင်တဲ့ ပြဿနာကို ခွဲခြားကြည့်မယ်ဆိုရင် အဓိကအားဖြင့် (၂)မျိုးရှိပါတယ်။ ပထမတစ်မျိုးက နောက်ခံတခြားအကြောင်း တွေကြောင့် ဒုတိယအဆင့်အနေနဲ့ ဆီးမထိန်းနိုင်တာ။ ဒုတိယတစ်မျိုးကတော့ သူ့မူရင်းကိုက သီးသန့် ဆီးမထိန်းနိုင်တဲ့ရောဂါပါ။ ပထမတစ်မျိုးကို အကျယ်တ၀င့်ရှင်းပြရရင် -

(၁) Vesico-Vaginal fistula လို့ခေါ်တဲ့ ဆီးအိမ်နဲ့ မိန်းမကိုယ်နဲ့ တွဲနေတဲ့ပြွန်လေး ရှိနေတာကြောင့် တစ်ချိန်လုံးဆီးထွက်ကျနေတာ။ တောက်လျှောက်ယိုစီးနေပြီး ထိန်းလို့မရတာဖြစ်ပါတယ်။

(၂) ဦးနှောက်မှာ ဒဏ်ရာရတယ်။ ကျောရိုးမှာ ထိခိုက်ဒဏ်ရာရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ရဲ့ ဆီးသွားခြင်းကို ထိန်းချုပ်တဲ့ အစိတ်အပိုင်း ထိခိုက်ပျက်စီးသွားတယ်ဆိုရင် ဆီးမထိန်းနိုင်တော့ပါဘူး။ ဥပမာအားဖြင့် လေဖြတ်သွားတယ်။ ဦးနှောက်သွေးကြောပိတ်တယ်ဆိုရင် ဆိးတို့ဝမ်းတို့ မထိန်းနိုင်တော့ပါဘူး။

(၃) ဆီးအိမ်ရောင်တဲ့အခါမှာ သာမိုစတက်လိုမျိုးသဘောနဲ့ လွယ်လွယ်နဲ့ ဆီးသွားချင်တယ်။ ပြေးနိုင်ရင်ပြေး၊ မပြေးနိုင်ရင် ထွက်ကျတတ်ပါတယ်။

(၄) ကိုယ်ဝန်ဆောင်နေတုန်းအချိန်မှာ ဟော်မုန်းဓာတ်နဲ့ ခန္ဓာကိုယ်အနေအထား ပြောင်းလဲမူကြောင့် ယာယီဆီးမထိန်းနိုင်တာဖြစ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ ဆီးအိမ်နဲ့ မိန်းမကိုယ်နဲ့တွဲနေတဲ့ ပြွန်လေးလည်းမရှိဘဲနဲ့၊ ဦးနှောက်နဲ့ အာရုံကြောမကြီးတွေမှာ ဘာပြဿနာမှမရှိဘဲနဲ့၊ ဆီးအိမ်ရောင်တဲ့ပြဿနာ၊ ကိုယ်ဝန်ပြဿနာလည်း မရှိဘဲနဲ့ သီးသန့်ကိုပဲ သူ့မူရင်းကိုက ဆီးမထိန်းနိုင်တဲ့ရောဂါ ဖြစ်တာရှိပါတယ်။ အဲဒီရောဂါ ဟုတ်မဟုတ်ဆန်းစစ်တဲ့အခါမှာရော၊ ကုသတဲ့နေရာမှာပါတော်တော်လေး ပြဿနာပေါ်ပါတယ်။ အခုဖွံ့ဖြိုးနေတဲ့နိုင်ငံနဲ့ အနောက်နိုင်ငံတွေမှာ ဒီရောဂါ ရှာဖွေဆန်းစစ်တဲ့အပိုင်းက တော်တော်တိုးတက်နေပါပြီ။ ဆီးအိမ်အတွင်းမှာ ဖိအား(Pressuse) ဘယ်လောက်ရှိသလဲ၊ ဆီးသွားနေစဉ်မှာ ဘယ်လို ထိန်းချုပ်တဲ့ ဆောင်ရွက်မူရှိသလဲ၊ ဒါတွေကို တိုင်းတာဆန်းစစ်နိုင်ပါတယ်။ ဆီးသွားနေစဉ်မှာ Micturation Cystogram နဲ့ ဗွီဒီယိုရိုက်သလိုမျိုး စီးရီးအလိုက်ဓာတ်ပုံရိုက်ပြီး ဘယ်လောက်အထိ ထိန်းချုပ်နိုင်တယ်၊ ဘယ်နေရာဖြင့် ပျက်စီးနေတယ်ဆိုတာကို လေ့လာပါတယ်။ အဲဒီစက်မျိုးတွေဟာ ဖွံ့ဖြိုးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ အင်္ဂလန်၊ ဆွတ်ဇာလန်နိုင်ငံတွေမှာတောင် ဆေးရုံကြီးတိုင်းမှာ မရှိသေးပါဘူး။ သိပ်ကိုခက်ခဲပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘယ်လောက်ထိ လုပ်ပေးနိုင်သလဲဆိုရင် ဆီးအိမ်ကဖိအားကို တိုင်းနိုင်တယ်။ ကျောက်ကပ်တစ်ခုက တစ်မိနစ်အတွင်း ဆီးဘယ်လောက်ထွက်သလဲဆိုတာ တိုင်းတာနိုင်ပါတယ်။ Urethra လို့ခေါ်တဲ့ ဆီးလမ်းကြောင်းမှာ ထိပ်ပိုင်းကနေဘယ်လောက်ထိန်းနိုင်သလဲ၊ အလယ်ပိုင်းကနေဘယ်လောက်ထိထိန်းနိုင်သလဲ။ ဆီးအိမ်ရဲ့အညှာလည်ပင်း (Bladder Neck)ကနေ ဘယ်လောက်ထိန်းနိုင်သလဲ ဒီလောက်အထိ တိုင်းတာ ဆန်းစစ်ပေးနိုင်ပါတယ်။

ခုနကပြောခဲ့သလို ဆီးမထိန်းနိုင်တဲ့ လူနာတွေ ဆီးမထိန်းနိုင်တာအတွက် မြန်မာပြည်မှာပဲ ကုသလို့ရပါသလား။ ဒါမှမဟုတ် နိုင်ငံခြားသွားရောက်ကုသဖို့ လိုအပ်သလားဆိုတဲ့ မေးခွန်းကို မကြာမခဏအဖြေပေးရတတ်ပါတယ်။

ဆီးမထိန်းနိုင်ခြင်းအတွက် အထူးစက်ကိရိယာတွေနဲ့ အထူးစမ်းသပ်စစ်ဆေးမူပြုလုပ်ပြီး ကုသမှသာ ရာနူန်းပြည့်နီးပါး အောင်မြင်နိုင်စရာရှိပါတယ်။ ဒါပေမယ့် ဒီပြဿနာဖြစ်တဲ့ လူနာတိုင်း ပြည်ပသွားကုမှပဲ
ပျောက်ကင်းမှာလားဆိုတော့ ဒီလိုတော့လည်းမဟုတ်ပါဘူး။ အတွေ့အကြုံရှိတဲ့ သားဖွားမီးယပ် အထူးကုနဲ့ ဆီးနဲ့ကျောက်ကပ်ပါရဂူတို့ ပူးပေါင်းပြီး ခွဲစိတ်ကုသလိုက်ရင် (၅၀)ရာခိုင်နူန်း လွယ်လွယ်လေးနဲ့ ပျောက်ပါတယ်။ အတွေ့အကြုံရှိတဲ့သူဖြစ်တဲ့အပြင် စိတ်ရှည်ပြီး ကုသတဲ့နည်းလမ်း ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများက ကုသပေးတာဆိုရင်တော့ (၇၅)ရာခိုင်နူန်းလောက် ကျွန်မတို့နိုင်ငံမှာ ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ ဆီးမထိန်းနိုင်ခြင်းပြဿနာဟာ ဆိုးဆိုးရွာရွားကြီးမဟုတ်ဘဲ အသက်သာဆုံးအဆင့်နဲ့ အလယ်အလတ်အဆင့်တို့ဆိုရင် ရာနူန်းပြည့်နီးပါး ခွဲစိတ်အောင်မြင်နိုင်ပါတယ်။

ဒီလို ဆီးမထိန်းနိုင်တာဟာ ယာယီဖြစ်ချင်ဖြစ်မယ်၊ ကိုယ်အလေးချိန်လျှော့ဖို့လိုချင်လိုမယ်၊ ချောင်းဆိုးတာကုဖို့လိုချင်လိုမယ်၊ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ပါရဂူများနဲ့ ခွဲစိတ်ကုသဖို့လိုချင်လို တတ်ပါတယ်။ ဒါကြောင့်မို့ နေ့စဉ်နဲ့အမျှခံစားနေရတဲ့ ဒီဝေဒနာဒုက္ခကို လွယ်မထားဘဲနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ စောစောစီးစီးပြသပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမူ ခံယူသင့်ပါတယ်။

နောက်ထပ် အသက်လေးဆယ်ကျော် အများအားဖြင့် ငါးဆယ်ကျော် အမျိုးသမီးများအကြားမှာ ကြားရတတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုကတော့ ဘုရားလည်းကြာကြာရှိခိုးလို့မရ၊ တရားလည်းကြာကြာထိုင်မရနဲ့ ဒုက္ခရောက်နေရပါတယ်၊ အထိုင်များရင်ခါးနာပြီး တင်းကျပ်ကျပ်၊ တစ်ဆို့ဆို့ကြီးဖြစ်လာတယ်၊ အရိအရွဲတွေလည်း ထမီမှာရွှဲနစ်နေတော့တာပဲ၊ တစ်ခါတစ်လေဆို အောက်ပိုင်းက နာပြီးစပ်နေတယ်။ အဲဒါဘာကြောင့်ပါလဲတဲ့။ တကယ်တော့ အဲဒီဝေဒနာဟာ “သားအိမ်ကျတဲ့ရောဂါ” ဖြစ်နိုင်ပါတယ်။ အဲဒီလူနာမှာ သားသမီးများများမွေးခဲ့လို့ဖြစ်စေ၊ ကလေးမီးဖွားရာမှာ အပြင်လက်သည်တွေနဲ့ ကြုံသလိုမွေးရင်း ဗိုက်ပေါ်ကနေ-ကလေးကို အတင်းတွန်းချလို့ဖြစ်စေ၊ နောက်တစ်ခုဖြစ်နိုင်တာက အသက်ကြီးလာတဲ့အခါမှာ အီစထရိုဂျင် (Oertrogen) ဟော်မုန်းဓာတ်ထုတ်တာနည်းသွားပြီး သားအိမ်ကို ၀ိုင်းဝန်းမတင်ထားတဲ့၊ ဆိုင်းထားပေးကြတဲ့ အရွတ်တို့အကြောတို့၊ ကြွက်သားတို့ အားနည်းသွားလို့ဖြစ်စေ-သားအိမ်ဟာ သူရှိသင့်တဲ့ နေရာမှာမရှိဘဲ အောက်ကိုလျှောကျနေတော့တာ။ အဲဒီလို သားအိမ်လျှောကျနေတော့ သားအိမ်ခေါင်းက အပြင်သို့ ထွက်လာပါတယ်။ အဲဒီတော့ သားအိမ်နဲ့ တစ်နွယ်ငင်တစ်စင်ပါဆိုသလို ဆက်နွယ်နေကြတဲ့ အရွတ်တွေ အကြောတွေကိုပါ သားအိမ်နဲ့အတူ အောက်ကိုဆွဲချသလို ဖြစ်လာတော့တာပေါ့။ အောက်ကိုဆွဲတဲ့ အခါကျတော့ အဲဒီအင်္ဂါအစိတ်အပိုင်းဟာ အာရုံကြောနဲ့ ဆက်စပ်နေတာကြောင့် အမြဲတမ်းခါးနာနေတတ်တယ်။ တင်းကျပ်ကျပ် တစ်ဆို့ဆို့ဖြစ်နေတတ်ပါတယ်။

အရွယ်လွန်အသက်ကြီးအမျိုးသမီးများမှာ တွေ့ကြုံရတတ်တဲ့ မီးယပ်ရောဂါ ဝေဒနာတစ်မျိုးကိုလည်း ပြောပြချင်ပါသေးတယ်။ ဒါကတော့ အပျိုကြီးတွေမျာ အဖြစ်များတတ်တာပါ။ လူနာကညည်းညူတတ်တဲ့ အသံလေးကို ကြားဖူးအောင် နားထောင်ကြည့်ကြစို့လားရှင်။ “ဆရာမရေ ကျွန်မကလေ အသက်(၄၀)ပြည့်ပြီးပေမယ့် အိမ်ထောင်မပြုဘဲ မိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ အပျိုကြီးတစ်ဦးပါရှင့်။ ကျွန်မဟာ အရင်တုန်းက ဓမ္မတာသွေးပေါ်တာ မှန်မှန်ပါပဲ။ ဘာပြဿနာမှ မရှိပေမယ့် အခု ဓမ္မတာသွေးပေါ်ရင် တအားကိုက်ခဲပြီးနာကျင်လို့ ရေနွေးပုလင်းကပ်ရပါတယ်။ ဗိုက်ထဲက တင်းကျပ်ကျပ်ကြီးလိုခံစားရပြီး ချက်အောက်ဖက်မှာ အလုံးလေးစမ်းမိသလိုပါပဲ။ အဲဒါဘာဖြစ်နိုင်သလဲဟင်။ ကျွန်မ ဘာလုပ်ရမလဲ ဆရာမရယ်။ အကြံဉာဏ်ပေးပါဦးရှင့်တဲ့။

အဲ့ဒါဆိုရင်တော့ ဖြစ်နိုင်တာက “အပျိုကြီးအလုံး”လို့ ကျီစယ်ပြောကြတဲ့ “Myoma” လို့ ခေါ်တဲ့ အသားလုံး ဖြစ်ဖို့ များပါတယ်။ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအလုံး (Benign Tumor) ဖြစ်ပါတယ်။ များသောအားဖြင့် အိမ်ထောင်သားမွေးမပြုဘဲနေတဲ့ အပျိုကြီးတွေမှာ အဖြစ်များပါတယ်။ အသက်(၄၀)နှစ်နဲ့အထက်မှာ အဖြစ်များဆုံးရောဂါပါ။ တချို့အိမ်ထောင်သည် အမျိုးသမီးတွေမှာလည်း ကလေး(၁)ယောက်၊ (၂)ယောက်စသဖြင့် ကလေးနည်းတဲ့သူ၊ နောက်ဆုံးကလေးရပြီး (၈)နှစ် (၉)နှစ် (၁၀)နှစ်စသည်ဖြင့် ကလေးမမွေးတာ ကြာပြီဖြစ်တဲ့ အိမ်ရှင်မတွေမျာလည်း ဖြစ်တတ်ပါတယ်။ လူနာတွေ သတိထားမိနိုင်တဲ့ လက္ခဏာတွေကတော့ ဆီးစပ်မှာ၊ ၀မ်းဗိုက်အောက်ပိုင်းမှာ အလုံးကို စမ်းမိတတ်ပါတယ်။ ပြီးတော့ အလုံးရှိတဲ့ အနေအထားပေါ်မူတည်ပြီး ဓမ္မတာသွေးဖောက်ပြန်မူတွေ ဖြစ်လာတော့တာပါပဲ။ တစ်လတစ်ခါပေါ်ရမယ့် အစား (၂)ခါ (၃)ခါပေါ်တာ ရှိတယ်။ ဒီလိုမှမဟုတ်ရင် တစ်လမှ တစ်ခါပဲ ပေါ်ပေမယ့် အခါတိုင်း တစ်လ (၃)ရက်ပေါ်နေကျ ကနေ (၁၀)ရက် (၁၅)ရက်အထိ များသွားတတ်ပါတယ်။ အချို့ကျပြန်တော့လည်း ဓမ္မတာသွေးလာတာ မှန်နေပေမယ့် အရင်က ကိုက်ခဲနာကျင်မူမရှိဘဲ ဒီအလုံးရှိလာတဲ့အတွက် ဓမ္မတာသွေးပေါ်တဲ့အခါ နာကျင်ကိုက်ခဲလာပါတယ်။ ဒီအလုံးတွေဟာ ကင်ဆာရောဂါမဟုတ်လို့ အသက်သေလောက်အောင်ထိ အန္တရာယ်မကြီးမားပေမယ့် ဆိုးကျိုးတွေကတော့ အများကြီးပေးနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ ပြီးတော့ ဒီအလုံးတွေဟာ ဆေးထိုးဆေးစားဆေးသောက်နေရုံနဲ့ ပျောက်ကင်းသွားမှာမဟုတ်ဘဲ ခွဲစိတ်ကုသဖို့ အမှန်တကယ်လိုအပ်ပါတယ်။ အလုံးကိုသေချာအောင် စမ်းသပ်စစ်ဆေးပြီး T.V ဓာတ်မှန်လို့ခေါ်တဲ့ Ultrasound ရိုက်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နီးစပ်ရာသားဖွားမီးယပ်ဆရာဝန်တွေဆီ အမြန်ဆုံး သွားရောက်ပြသစေချင်ပါတယ်ရှင်။

အဲဒီလိုမျိုး လူနာအများစုဟာ သားအိမ်မှာ အသားလုံးရှိလို့ သားအိမ်ထုတ်ပစ်ကြတာများပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ပဲရှိသေးတာမို့ နောက်ထပ် သာသမီးလိုချင်ပါသေးတယ် ဆိုရင်တော့ များသောအားဖြင့် ဒီလိုအသားလုံးဖြစ်တဲ့ လူနာတော်တော်များများမှာ သားအိမ်တစ်ခုလုံး ထုတ်ပစ်စရာ မလိုအပ်ပါဘူး။ လူနာရဲ့အနေအထားပေါ်မူတည်ပြီး စဉ်းစားစရာတွေရှိပါတယ်။ လိုချင်တဲ့သာသမီး အရေအတွက်လည်း ပြည့်စုံပြီ၊ အသက်လေးဆယ်ကျော်၊ သွေးဆုံးခါနီးပြီ၊ ဒါမှမဟုတ် သွေးဆုံးပြီးပြီ၊ အဲဒီလိုအနေအထားရှိတဲ့ လူနာရဲ့သားအိမ်မှာ အသားလုံးတွေ့ရင် အလုံးရောသားအိမ်ရော အားလုံးထုတ်ပစ်လိုက်တာပါပဲ။ ဒါပေမယ့် အသက်ငယ်သေးတယ်၊ အိမ်ထောင်သားမွေး ဖြစ်သေးတဲ့အရွယ်မျိုး၊ နောက်ထပ် သားသမီးလိုချင်သေးတဲ့ အိမ်ရှင်မမျိုး၊ မိမိဆန္ဒအလျောက် သားအိမ်ချန်ချင်တဲ့လူနာမျိုး သူတို့အတွက် သားအိမ်ကအသားလုံးကိုပဲ ထွင်းထုတ်ပြီး သားအိမ်ကို ချန်ထားပေးတတ်ပါတယ်။ ဆရာဝန်ကို မိမိဖြစ်ချင်တဲ့ ဆန္ဒ ပွင့်ပွင့်လင်းလင်းတင်ပြပြီး တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။

နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။

ဒေါက်တာနိုက်တင်ဂေးလ် (HEALTH CARE JOURNAL)

လမ်းပေါ်မှ ကလေးများ ကော်ဘူးရှူမူ များပြားလာ

အရွယ်ရောက်ပြီး လူငယ်များသည် ကော်ဘူးများကို မူးယစ်ဆေးသဖွယ် ရူရှိုက်နေကြပြီး သုံးစွဲသူများတွင် ငွေကြေးချို့တဲ့သူ အခြေအနေမဲ့ကလေးငယ်များ အများဆုံး ပါဝင်နေကြောင်းသိရသည်။

ငွေကြေးချို့တဲ့ သူကလေးငယ်အများစုသည် ရန်ကုန်မြို့အတွင်းရှိ လမ်းတကာသို့ဝင်ထွက် သွားလာလေ့ရှိပြီး ပြန်လည်ရောင်းချနိုင်သည့် ပလပ်စတစ်၊ ကော်၊ ဘီယာဘူးခွံစသည်ပစ္စည်းများကို ရှာဖွေကောက်ယူကာ တစ်ဆင့်ရောင်းချပြီး ရရှိလာသည့် ငွေကြေးတချို့နှင့် ထိုကော် ဘူးများဝယ်ယူသုံးစွဲနေကြောင်း သိရသည်။ ထိုကော်ဘူးများ သုံစွဲခြင်းသည် ထမင်းဆာလောင်မူနှင့် လက်ရှိကြုံတွေ့နေရသည့် ဒုက္ခ၊ ပြဿနာများကို ခေတ္တမေ့လျော့နိုင်သည့်အပြင် ၀ယ်ယူရန်လွယ်ခြင်း၊ ဈေးသက်သာခြင်း စသည်တို့ကြောင့် သုံးစွဲနေကြောင်း သိရသည်။

ဖိနပ်ကပ်ခြင်း၊ ပိုက်ဆက်ခြင်း စသည်တို့တွင်အသုံးပြုသည့် ထိုကော်ဗူးများသည် စိမ်းရွှေရွှေအနံ့ရှိပြီး၊ မူးမော်ရီဝေစေခြင်း၊ သတိလစ်မေ့မျောစေခြင်းတို့ကို ဖြစ်စေနိုင်သည့်အပြင် ကြာကြာသုံးစွဲပါက အဆုတ်နှင့် အာရုံကြောကိုပါ ထိခိုက်နိုင်ကြောင်း သိရသည်။

မေသဒ္ဓါ (HEALTH CARE JOURNAL)

HIV ရောဂါပိုးကာကွယ်နိုင်သောဂျ(လ်) (GEL)

HIV ရောဂါပိုး သုတေသနပညာရှင်များက အမျိုးသမီးများ လိင်ဆက်ဆံစဉ် သူတို့၏ ပါတနာအမျိုးသားများက ကွန်ဒုံး(Condom)ကို အသုံးမပြုစေကာမူ HIV ရောဂါပိုးအား အကာအကွယ်ပေးနိုင်သော မိန်းမယောနိ(Vagina)အတွင်း ထည့်သွင်းနိုင်သည့် ဂျဲလ်တစ်မျိုးကို တည်ထွင်လိုက်ပြီဖြစ်၏။ ယင်းကို vaginal gel ဟုခေါ်ပြီး ယင်းတွင် HIV ပိုးကို သေစေနိုင်သော tenofovir ဆေးပါဝင်၏၊ ယင်း gel က HIV ပိုးကူးစက်မူကို အမျိုးသမီးများတွင် (၅၄)ရာခိုင်နူန်း ကာကွယ်နိုင်သည်ဟု ဆိုပါသည်။

ထို့ကြောင့် ယင်း Tenofovir ဆေးပါ gel က အမျိုးသမီးများ၏ အမျိုးသားပါတနာများ ကွန်ဒုံးကို အသုံးမပြုပဲနေပါက လုံခြုံမူအတွက် အရေးပါပေသည်ဟု တောင်အာဖရိကမှ AIDS ပရိုဂရမ်သုတေသနဒါရိုက်တာ ပရော်ဖက် ဆာ Salim Abdool ကပြောကြားခဲ့၏။ သူက ဆက်လက်၍ တောင်အာဖရိကနိုင်ငံမှာ လာမည့်အနှစ် ၂၀အတွင်း HIV ရောဂါပိုးကူးစက်မည့် case အသစ် ၁.၃သန်းနှင့် သေဆုံးမူပေါင်း ၈၀၀,၀၀၀ ကျော်ကို အကာအကွယ်ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။


ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)

သွေးဆုံးချိန်မှာ ဘယ်လိုနေထိုင်သင့်သလဲ

http://www.clipartguide.com/_named_clipart_images/0511-0809-2919-0136_Boy_Visiting_With_His_Grandmother_clipart_image.jpg

အစားအသောက်
ဝမ်းဝရုံထက် ပိုမစားပါနဲ့။ လက်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊ အသီးအနှံ့၊ နို့၊ ဒိန်ချဉ်၊ သားငါး၊ ဆန်၊ ဂျုံတို့ကို မျှတအောင်စားပါ ကော်ဖီ၊ လက်ဖက်ရည်၊ အဆီ၊ အငန်၊ သကြားလျှော့စားပါ။

ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ပါ။

ကိုယ်လက်လူပ်ရှားမူ မှန်မှန်ပြုလုပ်ပါ။

ညအိပ်မပျော်ရင်

ညအိပ်ရာဝင်နို့သောက်ပါ။ ကိုယ်လက်လူပ်ရှားပါ။ စိတ်ဖိစီးမူလျှော့ချပါ။

မူးဝေရင်တုန်လျှင်
သွေးတိုး၊ နှလုံးရောဂါရှိမရှိ စစ်ဆေးပါ။

အသားအရည်ခြောက်ရင်

နေပူမခံပါနဲ့။

အဆီပါတဲ့ ကရင်မ်လိမ်းပါ။

အိမ်ထောင်ရေးမှာ

အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံမူကို စိတ်ဝင်စားမူနည်းသွားတတ်တယ်။ ခင်ပွန်းသည်က နားလည်ဖို့လိုပါတယ်။ မိမိကျန်းမာရေးကို ဂရုစိုက်ပြီး ရင့်ကျက်တဲ့ ဉာဏ်ပညာနဲ့ စိတ်ချမ်းသာစွာ နေနိုင်ပါတယ်။

သွေးဆုံးချိန် ခံစားရသော ဝေဒနာအချို့ စိုးရိမ်ရန်မလိုအပ်

http://frangallo.files.wordpress.com/2011/04/grandmother_flat12.jpg

အမျိုးသမီးများ အသက်ကြီးလာသည့်အခါ မဟော်မုန်းဓာတ်ထုတ်လုပ်မူ လျော့နည်းသွားပြီး သားဥမကြွေတော့ဘဲ လစဉ်ရာသီသွေးရပ်ဆိုင်းသွားခြင်းကို သွေးဆုံးပြီဟုခေါ်ပါသည်။ အမျိုးသမီး တစ်ဦးနှင့်တစ်ဦး သွေးဆံးချိန်မတူညီကြကြောင်း အချို့ ၃၅နှစ် နောက်ပိုင်းတွင် သွေးဆုံးတတ်ကြောင်း၊ အများစုမှာ ၄၅နှင့်၅၀ကြားတွင် သွေးဆုံးတတ်ကြောင်း သိရသည်။

အဆိုပါအချိန်တွင် ခံစားရသော ဝေဒနာအချို့မှာ ထုံကျင်ခြင်း၊ ညောင်းညာကိုက်ခဲခြင်း၊ ချွေးထွက်မျာခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း စသည်တို့ဖြစ်သည် အခြားကျန်းမာရေးပြဿနာများအနေဖြင့် အရိုးပွပြီးကျိုးလွယ်ခြင်း ဆေးလိပ်သောက်ပြီး ၀လွန်းသူ၊ သွေးတိုးရှိသူများ၊ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်တတ်ကြောင်းသိရသည်။

ယေဘုယျခံစားရသော ဝေဒနာအချို့ကို စိုးရိမ်ရန်မလိုအပ်ဘဲ ကိုယ်လက်လူပ်ရှားမူ မှန်မှန်ပြုလုပ်ခြင်း၊ စိတ်ဖိစီးမူများလျော့ချခြင်း၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက် သစ်သီးဝလံများ စားသုံးခြင်းနှင့် လူမူရေးကိစ္စများပြုလုပ်ခြင်းဖြင့် သွေးဆုံးချိန်ကို ဖြတ်သန်းနိုင်ကြောင်း သိရသည်။

MN (HEALTH CARE JOURNAL)

Wednesday, 26 October 2011

စပျစ်သီးနီထဲက ဓာတ်

http://farm1.static.flickr.com/47/127551550_86de8b2ad1.jpg

စပျစ်သီးနီ (red grapes) တွေထဲမှာ တွေ့ရတတ်ပါတယ်။ အဲဒီဓာတုဒြပ်စင်ကို resveratrol လို့ခေါ်ပါတယ်။ အဲဒီဒြပ်စင်ကို အများကြီး high doses ပေးရင် လူမှာဖြစ်စေ၊ တိရစ္ဆာန်မှာဖြစ်စေ၊ သွေးထဲက ဂလူးကို့(စ်) ပမာဏကျသွားပါတယ်။ Resveratrol က Sirtl လို့ ခေါ်တဲ့ Sirtuin ကို လူံ့ဆော်အားပေးပါတယ်။ Sirtuins တွေဟာ ပရိုတိန်းတွေဖြစ်ပြီး လူ့ဇီဝကမ္မဖြစ်စဉ်ကို အများကြီးလွှမ်းမိုးမူရှိပါတယ်။ ဂလူ့ကိုစ့်နဲ့ အင်ဆူလင်ရဲ့ သတ္တိကိုထိန်းထားနိုင်ဖို့မှာ Sirtuins တွေက အရေးပါပါတယ်။

Sirtl ဟာ resveratrol ထက် အများကြီးအားရှိပါတယ်။ သူတို့ကို နောင် ဆီးချိုရောဂါတွေမှာ ကုသဖို့ စမ်းသပ်နေပါပြီ။

ဆီးချိုတက်တူး
လူ့ရဲ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းနိုင်တဲ့ ဆေးမင်ကြောင်ဆိုးဆေးအရည် တစ်မျိုးကို သိပ္ပံပညာရှင်တွေ တည်ထွင်လိုက်ပါပြီ။ လူနာကိုယ်ထဲ အဲဒီဆေးအရည်ကို ထိုးထည့်ထားပြီဆိုရင် သွေးတိုင်းသကြားဓာတ်မြင့်လာတာနဲ့ အဲဒီ tatoo လေးတွေ အရောင်ပြောင်းပြီး တောက်ပလာမယ်။ သွေးဖောက်ပြီး သကြားဓာတ်စစ်စရာမလိုတော့ပဲ tatoo ကိုကြည့်ရုံနဲ့ သကြားအတက်အကျသိနိုင်ပါပြီ။

ပင်မဆဲ(လ်)ကုသမူ (Stem Cell Therapy)

တစ်ချို့ဆီးချိုရောဂါရှင်တွေမှာ သူတို့ခန္ဓာကိုယ်က ပင်မ stem cell ကိုပဲ ထိုးသွင်းလိုက်တာနဲ့ ပန်ကရိယရဲ့ islet cells တွေကို အသစ်ပြန်လည်ဖြစ်ပေါ်စေတာကို အံ့သြဖွယ်တွေ့ရှိရပါတယ်။ အဲဒီ လူနာတွေမှာ insulin အင်ဆူလင်ထိုးစရာ မလိုတော့ဘူး။ အသစ်ပြန်ဖြစ်လာတဲ့ lslet ဆဲလ်တွေက အင်ဆူလင်ထုတ်ပေးလို့ပါပဲ။ stem cell နဲ့ ကုသမူဟာ စမ်းသပ်နေဆဲဖြစ်ပြီး ရေရှည်မှာ stem cell ကပဲ ကင်ဆာပြန်ဖြစ်တာမျိုးကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)

ရယ်စရာ ဟားစရာလေးများ

http://whatafy.com/content/attachments/3928d1312442549-laugh.gif

ဘ၀၏ကောင်းကွက်များ
၁။ ကမ္ဘာဂြိုဟ်ပေါ်တွင် အသက်ရှင်နေထိုင်ရသသည်မှာ ဈေးကြီးသည်။ သို့သော် တစ်နှစ်တစ်ကြိမ် “နေ” ကို အခမဲ့ပတ်ခွင့်ရသည်။

၂။ တစ်မိနစ်ဆိုတဲ့အချိန် ဘယ်လောက်ကြာတယ်ဆိုတာ အိမ်သာတံခါးရဲ့ ဘယ်ဘက်မှာ သင်ရောက်နေသလဲဆိုသည့်အပေါ် မူတည်ပါသည်။

၃။ မွေးနေ့ပွဲများကျင်းပရခြင်းမှာ ကောင်းပါသည်။ မွေးနေ့ပွဲများကျင်းပရလေ သင်ပိုပြီး အသက်ရှည်လေဖြစ်သည်။

၎။ သင်သည် ကမ္ဘာပေါ်တွင် တစ်ဦးတည်း လူသားဖြစ်နေနိုင်သလို သင်သည် လူသားတစ်ဦးအတွက် ကမ္ဘာကြီး ဖြစ်နိုင်ပါသည်။

မင်းပဲဝင်ငွေကောင်းတယ်ဆို

ဇနီးမောင်နှံနှစ်ဦး ပြောနေကြသည်ကား -
“မင်းသားမြို့မှာ အလုပ်လုပ်ပြီးပြန်လာကတည်းက အချိုးပြောင်းနေပါလား”
“ဘာတွေ ပြောင်းနေတာလဲ ရှင်”
“ငါဥပုသ်စောင့်ရင် လှူဖို့ငွေ အကြွေလေးတောင်းတာမပေးလို့”
“ရှင်ပဲလိုင်းကား စပါယ်ယာသွားလုပ်ခိုင်းတာကိုး”
“ဟိုက်”

ဗဟုသုတအဖြစ်ပြောတာပါကွာ

ဝန်ထမ်းတစ်ဦးဂျာနယ်ကို ဖတ်ပြီးသကာလ -
“ဒေါ်လာဈေးတွေကျနေပြီတဲ့ မိန်းမရေ”
“ဒေါ်လာဈေးကျတော့ ဘာဖြစ်လဲ”
“ဘာဖြစ်ရမလဲ ရွှေဈေးတွေပါ လိုက်ကျတာပေါ့ကွ”
“ဘာလဲ ရှင်က ကျွန်မကို ရွေဝယ်ပေးဖို့ စဉ်းစားမိလို့လား”
“ဟိုက်”

ကျွမ်းကျင်ရာ

အလုပ်လုပ်တတ်တဲ့လူတွေက အလုပ်လုပ်တယ်။
အလုပ်မလုပ်တတ်တဲ့လူတွေက စာသင်တယ်။
စာမသင်တတ်တဲ့လူတွေက စီမံခန့်ခွဲတယ်။

အထက်လူကြီး

- မင်းအလုပ်တစ်ခုလုပ်တာ အချိန်ကြာရင် မင်းကနှေးကွေးတယ်။
မင်းရဲ့ အထက်လူကြီးလုပ်တာနှေးရင် သူကစေ့စပ်သေချာတာ။

- အလုပ်တစ်ခုကို မင်းမလုပ်ဖြစ်ရင် မင်းကပျင်းတယ်။
အထက်လူကြီးကမလုပ်ဖြစ်ရင် သူကအလုပ်များလို့။

- မင်းကအမှားလုပ်ရင် မင်းဟာတုံးလို့အလို့။
အထက်လူကြီးအမှားလုပ်ရင် လူဆိုတာမှားတတ်တယ်လို့မှတ်။

- မင်းက အလုပ်တစ်ခုကို မလုပ်နိုင်ဘဲလုပ်ရင် အခွင့်အာဏာကို သုံးတာ။
အထက်လူကြီးကဲ့ အဲဒါကိုလုပ်ရင် ဦးဆောင်ဦးရွတ်လုပ်တတ်တာ။

- မင်းကရပ်တည်ချက်တစ်ခုကို အလျှော့မပေးရင် ခေါင်းမာတာ။
အထက်လူကြီးဆိုရင်တော့ ဆုံးဖြတ်ချက်ခိုင်မာတာ။

လွဲချက်

အမျိုးသားတစ်ဦး စူပါမားကတ်တစ်ခုတွင် ဈေးဝယ်ထွက်နေရင်း အမျိုးသမီးတစ်ဦး သူ့ကို လက်လှမ်းပြသည်ကို မြင်လိုက်ရသည်။
အမျိုးသမီးက သူ့ကို နူတ်ဆက်လိုက်သောအခါ အမျိုးသားက အံ့အားသင့်သွားပြီး “မင်းကိုယ့်ကိုသိသလား” ဟုမေးရာ အမျိုးသမီးက “ရှင်က ကျွန်မကလေးတွေထဲက ကလေးတစ်ယောက်ရဲ့ အဖေလို့ထင်တယ်” ဟု ဆို၏။
အမျိုးသားလည်း အံ့အားသင့်သထက် အံ့အားသင့်သွားကာ သူ့စိတ်ထဲတွင် အပြေးအလွှားစဉ်းစားရင်း သူ့မိန်းမအပေါ်သစ္စာဖောက်မိတာကို သတိရပြီး “အော်... မင်းကို... ဒါနဲ့ ကိုယ်ကလေး ဘယ်အရွယ်ရောက်ပြီလဲ” ဟု မေးပါ၏။
ဤတွင် အမျိုးသမီးက အမျိုးသားအား စေ့စေ့ကြည့်ရင်း “ရှင်ဘာတွေပြောနေတာလဲ၊ ကျွန်မကရှင့်သားရဲ့ ကျောင်းဆရာမရှင့်” ဆိုသောအခါ အမျိုးသားမှာ...

Monday, 24 October 2011

အကြွေးဖြင့် စင်ကာပူတွင် အလုပ်လုပ်နေကြသူများ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicW-EiUr74d9vh4EU-jcdwegHEAQ8xk5hfmQy2_Ga6EDJibewjaDpZyNt33opgVa_HtN-tEFETTsvpRJXUfHW0J-isX6sjhRHDW6ZDLcVLS-A9oLhNrc31BLzdZXZjpAaOUZzmy0yfrEla/s1600/lonely+girl.jpg

နှစ်စဉ်နှစ်တိုင်းဒေသတွင်း နိုင်ငံများမှ ငယ်ရွယ်သောမိန်းကလေး များသည် အန္တရာယ်နှင့် ကြုံတွေ့နိုင်သည်ကို မသိလိုက်မသိပါသာဖြင့် အစုလိုက်အပြုံလိုက် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာကြသည်။ ထိုနိုင်ငံမှ ရှင်သန်လျှက်ရှိသည့် လိင်လုပ်ငန်းများတွင် အကြပ်ကိုင်စေခိုင်းခံရခြင်းနှင့် လှည့်ဖျားခံရခြင်းတို့ နည်းလမ်းများဖြင့် လိင်ကျွန်များ ဖြစ်နေကြရသည်။ တချို့မိန်းကလေးများသည် သိက္ခာရှိသည့် အလုပ်မျိုးရမည်ဟု လိမ်ညာသည့် ကတိစကားများကြောင့် ရောက်လာကြသူများဖြစ်သည်။ တချို့မှာ လိုလိုလားလာဖြင့် လိင်လုပ်သားလုပ်ရန်လာကြသူများလည်း ရှိကြသည်။ ထိုသူတို့သည် ထိုလုပ်ငန်း၏ လုပ်ငန်းခွင်အခြေအနေနှင့် အခကြေးငွေရရှိမူတို့တွင် လှည့်ဖျားခံရမူများနှင့် ကြုံကြရသည်။

ထိုအမျိုးသမီးငယ်လေးများသည် စင်ကာပူနိုင်ငံတွင် တရားမ၀င်အလုပ်လုပ်ရသည်၊ အခကြေးငွေရယူ၍ လိင်လုပ်ငန်းလုပ်ရခြင်းသည် ထိုနိုင်ငံ၏ တည်ဆဲဥပဒေကို ချိုးဖောက်သည်ဟု ယုံကြည်ထားကြသည်။ သို့ကြောင့် နိုင်ငံခြားမှလာရောက်ကာ ထိုလုပ်ငန်းအလုပ်လုပ်ကြသည့် သူများအနေဖြင့် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိ တရားစွဲဆိုနိုင်ခြင်းမရှိဘဲ၊ တိတ်တိတ်ကလေး မိခင်နိုင်ငံသို့ပြန်လေ့ရှိကြသည်။ သူတို့၏လုပ်ခကို အလုပ်ရှင်ထံမှ အတင်းအကြပ်တောင်းဆိုရယူနိုင်မူမရှိကြ။

ထိုနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာအတွက် လူကုန်ကူးသည့်ပြစ်မူများသည် သတင်းပို့တိုင်ကြားခြင်းမရှိဘဲနှင့် တိတ်တဆိတ်တိမ်မြှုပ် ပျောက်ကွယ်နေဆဲဖြစ်နေသည်။ ထို့ကြောင့် ထိုလိင်ကုန်ကူးသန်းရောင်းဝယ်မူ လုပ်ငန်းသည် အလွန့်အလွန်ကို လူမသိသူမသိဖြစ်နေသည်။ သုတေသနပြုသူများက ထိုမိန်းကလေးများဖြစ်သည်ဟု ခေါ်ဆိုကြသည်။ သူတို့၏သတင်းစကားကို တိုးတိုးတိတ်တိတ် ပြောဆိုမူများဖြင့်သာ ကြားကြရသည်။ သို့သော်မည်သည့်အခါမျှ သူတို့ အသိုင်းအ၀ိုင်းမှ အသံထွက်လေ့မရှိကြ။

စင်ကာပူနိုင်ငံတွင် လူကုန်ကူးခံရသည့် အမျိုးသမီးအများစုသည် ၎င်းတို့အလုပ်အကိုင် ရှာဖွေမရသည့်အတွက် ကုန်ကျစရိတ်၊ လေယာဉ်လက်မှတ်ခနှင့် နေထိုင်စရိတ်စသည့် ကုန်ကျစရိတ်အားလုံးကို အလုပ်ရသည့်အချိန်မှစ၍ အကြွေးဖြင့်လုပ်ခထဲမှ စဖြတ်တောက်တော့သည်။ ၎င်းတို့သည် ကြွေးမြီးနှောင်ဖွဲ့ ခိုင်းစေခံရခြင်ဖြစ်သည့် လူကုန်ကူးခံရသည့် အမျိုးအစားထဲမှာ ပါဝင်သည်။ ထိုသူတို့သည် ခရီးမထွက်ခွာမှီကတည်းက ထိုသို့ပေးဆပ်ရမည်ဖြစ်ကြောင်း အလုပ်သမားစုဆောင်းသူများက ပြောပြထားခြင်းမရှိ၊ အထူးသဖြင့် လိမ်လည်ခေါ်ယူခဲ့သည့် အလုပ်မျိုးဆိုလျှင် အလုပ်၏ သဘောသဘာဝပါ အသိပေး ထားခြင်းမရှိပေ။

Straits Times သတင်စာမှ အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့မှ အမျိုးသမီးကို တွေ့ဆုံမေးမြန်းမူပြုလုပ်ခဲ့ရာ သူမသည်လည်း အခြားအင်ဒိုနီးရှား အမျိုးသမီးများလို ပြည့်တန်ဆာလုပ်ငန်းတွင် အကြွေးဖြင့် ရောင်းစားခံခဲ့ရသူဖြစ်သည်။ ၂၀၀၇-ခုနှစ်က သူမ၏သူငယ်ချင်းဖြစ်သူ ဆာမာရမ်းမြို့ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ရမည်ဟုပြောဆိုကာ ခေါ်ဆောင်သွားပြီးနောက် ပြည့်တန်ဆာခေါင်းထံ သူမ၏သူငယ်ချင်းက စင်ကာပူဒေါ်လာ ၁၄၀၀(10 million rupiah) အကြွေဖြင့် ရောင်းစားခံခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်က ၎င်း၏အမျိုးသမီးခေါင်းအလုပ်ရှင် (mamasan)က စင်ကာပူနိုင်ငံတွင် လိင်လုပ်ငန်းလုပ်ပါက ထိုထက်ငွေပိုရမည်ဟုပြောသဖြင့် လက်ခံကာ စင်ကာပူနိုင်ငံတွင် လိင်လုပ်သားအဖြစ် လုပ်ကိုင်ရန် သဘောတူခဲ့သည်။ သို့သော် စင်ကာပူနိုင်ငံတွင် ထပ်မံအကြွေး စင်ကာပူဒေါ်လာ ၂၀၀၀ဖြင့် ရောင်းစားခံလိုက်ရပြန်သည်။ မကြာလိုက်ပါ။ သူမအလုပ်ဆင်းသည့် တစ်ပတ်အတွင်းတွင် or chard towerအား စင်ကာပူရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးခြင်းခံရပြီး ဘာတန်မြို့သို့ ပြည်နှင်ခံခဲ့ရသည်။ နောက်သုံးလအကြာမှာ ပြည်တန်ဆာခေါင်းကပင်သူမအား နိုင်ငံကူးလက်မှတ်အတုဖြင့် စင်ကာပူသို့ ပြန်ပို့ပြန်သည်။ စင်ကာပူနိုင်ငံရှိ Gey Lang တွင် လိင်လုပ်ငန်းလုပ်ကိုင်စေသည်။

ထိုရောမှာလည်း တစ်ပတ်ခန့် အလုပ်လုပ်နေစဉ်အတွင်း စင်ကာပူရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်း ဖမ်းဆီးခံရကာ ပြည်နှင်ခံရပြန်သည်။ သူမအနေဖြင့် စင်ကာပူနိုင်ငံတွင် ဘာလုပ်ရမည်၊ ဘာတွေလိုအပ်သည်၊ ဘာတွေဖြစ်လိမ့်မည်ကို အားလုံးသိရှိထားကြသော်လည်း သူတို့၏ အကြွေး ယခုလောက် များလာလိမ့်မည်ကိုတော့ မသိရှိခဲ့ကြဟုဆိုသည်။ ထိုသို့သော အကြွေးများပြန်ဆပ်ရမည်ကို သိသည်အတွက် စင်ကာပူနိုင်ငံမှ မထွက်ခွာနိုင်ဖြစ်ရသည်။

စင်ကာပူနိုင်ငံတွင် လိင်လုပ်ငန်းလုပ်နေကြသည့် ဖိလစ်ပိုင်မှ အမျိုးသမီးများသည် စင်ကာပူဒေါ်လာ ၁၂၀၀ မှ ၃၈၀၀ ထိ အကြွေးများတင်နေကာ အင်ဒိုနီးရှားမှ အမျိုးသမီးများသည် စင်ကာပူဒေါ်လာ ၈၀၀ မှ ၂၅၀၀ ထိ အကြွေးများဖြင့် ကြွေးမြီးနှောင်ဖွဲ့မူဖြင့် လိင်လုပ်ငန်းတွင် အလုပ်လုပ်နေကြဆဲ ဖြစ်သည်ဟု Ecpat report (end child prostitution, Child Pornography and trafficking of Children for Sexual Purposes)၏ တွေ့ဆုံးမေးမြန်းမူ အစီရင်ခံစားမှ ဖော်ပြထားပေးသည်။

Source: The Straits Times (June 11 2011)

ဝင်းနိုင်ထွန်း (HEALTH CARE JOURNAL)

ကိုယ်ဝန်ဆောင်စဉ်တွင် အစာအာဟာရကို ပိုမိုစားသင့်

http://1.bp.blogspot.com/_Uu0GIZX4wEA/S_DfAdLFFeI/AAAAAAAAGKA/uCOwaQ8Je8w/s1600/Empirelinethinkstock.jpg

ကိုယ်ဝန်ရှိလာလျှင် သန့်ရှင်းလတ်ဆတ်သော အစာများကို ကိုယ်ဝန်မရှိခင်ကထက် ပိုမိုစားသုံးသင့်ကြောင်း၊ အစာအာဟာရစားသုံးရာတွင် ကိုယ်ဝန်ဆောင်များအနေနှင့် နည်းနည်းချင်း မကြာခဏ စားသုံးရမည်ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးမှ ပြောကြားသည်။

ကြီးထွားလာမည့်သန္ဓေသား၊ သားအိမ်၊ အချင်း၊ မွေးဖွားစဉ်သွေးဆုံးရူံးမူ၊ မွေးပြီး နို့ချိုတိုက်ကျွေးရန် ကလေးပြုစုရန်တို့အတွက် ကိုယ်ဝန်ဆောင်မိခင်သည် အာဟာရပြည့်ဝရန်လိုအပ်ကြောင်း အစာအုပ်စုသုံးစုထဲမှ အနည်းဆုံး တစ်ခုစီပါဝင်အောင် နေ့စဉ်စားသုံးသင့်ကြောင်း သိရသည်။ အချို့လူများသည် အစာအုပ်စု(၃)စုကိုပင် သေချာမသိရှိကြကြောင်း အဆိုပါဆရာဝန်မှ ပြောကြားသည်။ အစားအုပ်စု (၃)စုမှာ -

၁။ အင်အားကိုဖြစ်စေသော (ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ကောက်ညှင်း၊ သကြား၊ ထန်းလျက်၊ ဆီ၊ ထောပတ်)

၂။ ကြီးထွားမူကိုဖြစ်စေသော (အသား၊ ငါး၊ နို့၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး)

၃။ ရောဂါကာကွယ်ပေးသော (ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အမျှင်ပါသော အသီးအနှံများ) ဖြစ်သည်။

MN (HEALTH CARE JOURNAL)

မြန်မာနိုင်ငံတွင် အတွင်းတိမ်ကြောင့် မျက်စိကွယ်သူ နှစ်သိန်ကျော်ရှိနေ

http://www.stanprokopenko.com/blog/images/draweyes/finished-eye.jpg

ကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့နေသူ ၃၁၄ သန်းရှိနေပြီး မျက်စိကွယ်သူပေါင်း ၄၅သန်းရှိနေကြောင်း၊ မျက်စိကွယ်သူ ၄၅ သန်းအနက် ၈၀ ရာခိုင်နူန်းမှာ ကာကွယ်ကုသ၍ ရသောရောဂါများဖြစ်ပြီး ၉၀ရာခိုင်နူန်းသော မျက်စိကွယ်သူများသည် မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြောင်း ၂၀၁၁-ခုနှစ်ကမ္ဘာမျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မျက်စိကွယ်ခြင်းကိုဖြစ်စေသော အဖြစ်အများဆုံးမျက်စိ ရောဂါသည် အတွင်းတိမ်ကြောင့်ဖြစ်ကြောင်း၊ အတွင်းတိမ်ကြောင့် မျက်စိကွယ်သည့်နူန်းသည် မြန်မာနိုင်ငံတွင် နှစ်သိန်းကျော်ရှိကြောင်းဝန်ကြီးမှ ဆက်လက်ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မူကုသိုလ်ရှင် ပြည်သူလူထု၏ ပံ့ပိုးလှူဒါန်းမူများကြောင့် အတွင်းတိမ်ခွဲစိတ်မူများကို အခမဲ့ဆောင်ရွက်ပေးလျှက်ရှိပြီး လူတိုင်းအသက်ကြီးလာသည်နှင့်အမျှ အတွင်းတိမ် ဖြစ်လာတတ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနသည် အတွင်းတိမ်ခွဲစိတ်ခြင်းကို ပြည်သူ့မျက်စိကျန်းမာရေး စောင့်ရှောက်မူ လုပ်ငန်းတစ်ခုအနေဖြင့် အရှိန်ဟုတ်မြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

MN (HEALTH CARE JOURNAL)

Friday, 21 October 2011

River View Garden Housing သာယာရေးကော်မတီမှ သံဃာတော်များကို ဘီပိုးကာကွယ်ဆေးဒါနပြုလုပ်

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ River View Garden Housing သာယာရေးကော်မတီမှ စုပေါင်းစည်းရုံးနိုးဆော်၍ ဒါနပါရမီမြောက်လှူဒါန်းပူဇော်သည့် အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်၊ အလုံမြို့နယ်၊ စာချစာသင် သံဃာတော်အရှင်သူမြတ်တို့အား အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးပေးခြင်းကို အောက်တိုဘာ ၁၃-ရက်နေ့၊ နေ့လည် (၁၂)နာရီအချိန်တွင် အောင်မင်္ဂလာစာသင်တိုက်၊ အလုံမြို့နယ်တွင် ကျင်းပခဲ့သည်။

အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးပေးခြင်းကို Fortune International Limitedမှ တာဝန်ယူဖြန့်ချိသည့် LJVOVAX-B အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေးအား သံဃာတော် (၁၄၀)ပါးနှင့် လူ(၄၀)ဦးတို့ကိုထိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို ၀၊ ၁၊ ၆နည်းဖြင့် ထိုးလာရာ ယခုအခါ ဒုတိယအကြိမ်မြောက် ထိုးပေးခြင်းဖြစ်ပြီး တတိယအကြိမ်ကို ၆-လအကြာ ၁၃-၃-၂၀၁၂ နေ့တွင် ထပ်မံ ထိုးပေးမည်ဖြစ်ကြောင်း သိရသည်။

မေသဒ္ဒါ (HEALTH CARE JOURNAL)

မြန်မာကျွမ်းကျင်သူနာပြု အမျိုးသမီးများအား စင်ကာပူနိုင်ငံ Ren Ci Community ဆေးရုံမှခေါ်နေ

စင်ကာပူနိုင်ငံရှိ Ren Ci Community ဆေးရုံအလုပ်လုပ်ကိုင်ရန် မြန်မာအမျိုးသမီး ကျွမ်းကျင်သူနာပြုများ ခေါ်ယူနေကြောင်းသိရသည်။

အဆိုပါဆေးရုံတွင် သူနာပြုလုပ်ကိုင်လိုသူများသည် B.N.SC(Bachelor of Nursing Science) ဘွဲ့ သို့မဟုတ် Nursing Diploma ရရှိပြီး အခြားဘာသာရပ်ဆိုင်ရာဘွဲ့တစ်ခုခု ရှိရမည်ဖြစ်သည်။ ထို့အပြင် ခုတင်(၅၀)အထက်ရှိ ဆေးရုံကြီးတွင် အနည်းဆုံးခြောက်လ လုပ်ကိုင်ဖူးသူဖြစ်ရန်လိုအပ်ပြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်ရမည်ဖြစ်သည်။

အခြေခံလစာအဖြစ် စင်ကာပူဒေါ်လာ ၆၀၀-၀န်းကျင်နှင့် နေထိုင်စားသောက်စရိတ်အတွက် စင်ကာပူဒေါ်လာ ၂၅၀ ရရှိမည်ဖြစ်ကြောင်း နှစ်နှစ်သက်တမ်း လုပ်ကိုင် ခွင့်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကျွမ်းကျင်လာမူအပေါ်မူတည်ကာ ရာထူး၊ လစာ တိုးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Ren Ci Community ဆေးရုံတွင် လုပ်ကိုင်လိုသည့် သူနာပြုများသည် http://www.renci.com/တွင်ကြည့်ရူကာ ဆက်သွယ်လျောက်ထားနိုင်ကြောင်းသိရသည်။

လွင်လွင်မိုး (HEALTH CARE JOURNAL)

FDA မှ မြို့နယ်အလိုက် ဆေးဝါးရောင်းချမူဆိုင်ရာ သင်တန်းဖွင့်လှစ်မည်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidUitaquQZEo1ZofkV_YM5ZWKJck-oTw8SAipcyyg64PI04Tu-az5TSjRzzj_PHy6OfQkInameuoEPkvphYUGWcIZjzGbCdT6h5LeJrS9FEmpxNrDA1Iin1Ad4w_CIpxufK08kGNTXbpU/s1600/medicine.jpghttp://lh3.ggpht.com/-qsZdL9A-ORk/S8RXU7Qf_LI/AAAAAAAABt8/gLaWsSS9_9A/7268-Clipart-Picture-Of-A-Medicine-Pill-Capsule-Mascot-Cartoon-Character-Holding-A-Pointer-Stick.jpg

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ဆေးဝါးရောင်းချမူဆိုင်ရာသင်တန်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်းသိရသည်။

အဆိုပါသင်တန်း ဖွင့်လှစ်ရခြင်းမှာ ဆေးဝါးနှင့်ပတ်သက်၍ ကျွမ်းကျင်မူမရှိဘဲ စပ်ဆေးများရောင်းချနေခြင်း၊ လမ်းဘေးဆိုင်များ ကွမ်းယာဆိုင်များတွင် အလွယ်တကူရောင်းချနေခြင်း၊ မိမိသဘောနှင့် ၀ယ်ယူသောက်သုံးခြင်းတို့မှ ကာကွယ်နိုင်ရန် ရောင်းချနေမူလျော့နည်းစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဟု FDA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းသင်တန်းအား မြို့နယ်အလိုက် ဖွင့်လှစ်ရန် စီစဉ်ထားပြီး သင်တန်းဖွင့်လှစ်မည့်နေရာ၊ အချိန်၊ သင်တန်းပို့ချမည့် ပညာရှင်တို့အား စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ထိုသင်တန်းတွင် ဆေးဝါးများအကြောင်း၊ ဆေးဝါးများ၏အာနိသင်၊ တွဲစပ်ပုံ၊ အသက်အရွယ်အလိုက် ဆေးပေးသင့်ပုံတို့ကို ပြည့်ပြည့်စုံစုံ သင်ကြားပေးမည်ဖြစ်သည်။

အထက်ပါသင်တန်းများ ဖွင့်လှစ်ခြင်းကြောင့် ကျွမ်းကျင်မူ မရှိဘဲ စပ်ဆေးရောင်းချမူလျော့နည်းသွားက အနာတစ်ခြား ဆေးတစ်ခြားဖြစ်မူများ ကင်းဝေးနိုင်မည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

လွင်လွင်မိုး (HEALTH CARE JOURNAL)

ကျန်းမာရေးအတွက် ကောင်းသော ဂျင်း

http://www.mrtv4.net.mm/public/application/spaw/uploads/images/3_49.jpg

ဂျင်းကို နေ့စဉ်စားသုံးခြင်းဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ ဖြစ်နိုင်ချေကို ကာကွယ်နိုင်ကြောင်း သုတေသန စမ်းသပ်ချက်များမှ တွေ့ရှိထားသည်။ အမေရိကန် ဆေးကျောင်းတစ်ခုတွင် ကျောင်းသား (၁၅)ဦးကို နေ့စဉ်ဂျင်း ၂-ဂရမ်ခန့်စားစေ၍ အခြား (၁၅)ဦးကို အားဆေးများသာကျွေးကာ ၂၈-ရက် ကြာပြီးနောက် ပြန်လည်စစ်ဆေးကြည့်ရာတွင် ဂျင်းစားသူ (၁၅)ဦးတွင် အခြား (၁၅)ဦးထက် အူမကြီးရောင်ရမ်းမူ လျော့ကျနေကြောင်း တွေ့ရှိရသည်။

ဂျင်းစာသုံးခြင်းဖြင့် ရရှိနိုင်သော အခြားအကျိုး ၆-မျိုးကိုလည်း ဖော်ပြလိုက်ရပါသည်။

၁။ သားဥအိမ်ကင်ဆာ
လေ့လာတွေ့ရှိချက်များအရ ဂျင်းစားသုံးခြင်းသည် သားဥအိမ်ကင်ဆာဆဲလ်များ သေကြေပျက်စီးရန် လူံ့ဆော်ကြောင်း သိရှိရသည်။

၂။ ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်း

ကိုယ်ဝန် ပထမ ၄လတွင် ကြုံတွေ့ရသော မနက်ခင်းမူးမော်၊ ပျို့အန်ခြင်းကို ဂျင်းစားခြင်းက သိသိသာသာလျော့နည်း သက်သာစေသည်။

၃။ ယာဉ်ရထားစီးစဉ်မူးဝေခြင်း

ကား၊ ရထားစီးစဉ် မူးဝေခြင်းနှင့် ပျို့အန်ခြင်းတို့အတွက်လည်း ဂျင်းသည် ထိရောက်သော ဆေးဝါးတစ်မျိုးဖြစ်သည်။

၎။ အစာအိမ်နာခြင်း
ရှေးအစဉ်အဆက်မှ တရုတ်လူမျိုးများသည် အစာအိမ်နာခြင်းအတွက် ဂျင်းကို အဓိကသုံးစွဲခဲ့ကြသည်။

၅။ အအေးမိဖျားနာခြင်း
ဂျင်းတွင် ပါဝင်သောဓာတုဗေဒ ပစ္စည်းများသည် အအေးမိဖျားနာခြင်းကို သက်သာစေသည်။ ထို့ကြောင့် အအေးမိဖျားနာပါက ဂျင်းပြုတ်ရည်တွင် သံပယိုသီးလှီးထည့်၍ သောက်သုံးသင့်သည်။

၆။ ရာသီလာစဉ် ကိုက်ခဲခြင်း

ရာသီလာစဉ် ကိုက်ခဲခြင်းအတွက် သုံးစွဲသော ဆေးဝါးများကဲ့သို့ပင် ဂျင်းပြုတ်ရည်သည်လည်း ဆီးစပ်ကိုက်၊ ခါးကိုက်ခြင်းကို သက်သာစေသည်။ ရာသီပထမဆုံးလာသည့်နေ့မှစ၍ တစ်နေ့လေးကြိမ်၊ တစ်ခါသောက်တစ်ခွက်နူန်းဖြင့် ဂျင်းပြုတ်ရည်သောက်ရန် အကြံပြုလိုက်ရပါသည်။

စန္ဒီ (ဆေး-၂) (HEALTH CARE JOURNAL)

ဆေးလိပ်သောက်သူအမျိုးသမီးဦးရေ များပြားလာ၍ အဆုတ်ပွရောဂါဖြစ် အမျိုးသမီးများလာ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA9SzfpR3zJRhbQHmkgymLCa-aRwVcGGGQIGgIOIJGao7Phlm5d-D0Oc33MfD_zgNFj8Z_jkKYVMWohH2sf7dzHdqw8Oz8cLDd0eQEy4zPHx36tXqIJyw5-SZSJhhNXCnV98SFiUKQrYI/s320/smoking-causes-lung-cancer.jpghttp://www.hin4ooe.com/main/temp/Feb%2024,%202011/smok.jpg

အဆုတ်ပွရောဂါသည် အမျိုးသားများတွင် အဖြစ်အများဆုံးရေဂါ ဖြစ်လာသော်လည်း ယခုအခါ ဆေးလိပ်သောက်သူ အမျိုးသမီးဦးရေများပြားလာသဖြင့် အမျိုးသမီးများတွင်လည်း အဆုတ်ပွရောဂါ ဖြစ်ပွားမူ များပြားလာကြောင်း အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။

“အဆုတ်ပွရတဲ့ အကြောင်းရင်းထဲမှာ ဆေးလိပ်သောက်တာက အဓိကအကြောင်းရင်းပဲ။ အရင်က ဆေးလိပ်သောက်တဲ့ အမျိုးသမီးနည်းတယ်။ အခုခေတ်မှာက အမျိုးသမီးဆေးလိပ်သောက်သုံးလာမူက မြင့်တက်လာတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေလဲ အဆုတ်ပွရောဂါရသူ များလာတယ်”ဟု အထက်ပါ ဆရာဝန်ကြီးကဆိုသည်။

အဆုတ်ပွရောဂါ ဖြစ်ပွားမူမရှိစေရန် ဆေးလိပ်ဖြတ်ခြင်း၊ လေထုညစ်ညမ်းသော နေရာကို ရှောင်ကြဉ်ခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်းသိရသည်။ အသက်ရှူမ၀ခြင်း၊ အနည်းငယ် ကိုယ်လက်လူပ်ရှားသွားလာမူ ပြုလုပ်ရုံနှင့် ယခင်ကခက်ခဲမူမရှိသော အသက်ရှူမ၀ခြင်းကို ခံစားလာရခြင်း၊ ရေရှည်ချောင်းဆိုးခြင်း၊ အအေးမိ၍ တုပ်ကွေးဖြစ်ခြင်း၊ ရင်ကြပ်ခြင်း၊ အချိန်တိုင်းလိုလိုမောပန်းခြင်း၊ ကိုယ်အလေးချိန် ကျဆင်းလာခြင်းတို့သည် အဆုတ်ပွရောဂါ၏ လက္ခဏာများဖြစ်ကြောင်း သိရသည်။

အဆုတ်ပွရောဂါကြောင့် ပျက်စီးချို့ယွင်းသွားသည်များကို အကောင်းဖြစ်စေရန် ပြုပြင်မရနိုင်သဖြင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း ကျန်းမာရေးလေ့လာသူတစ်ဦးက ပြောသည်။

လွင်လွင်မိုး (HEALTH CARE JOURNAL)

အွန်လိုင်းဟက်ကာအဖွဲ့တစ်ဖွဲ့တိုက်ခိုက်မူများရပ်နား

ပြည်တွင်းရှိဌာနဆိုင်ရာ ၀က်ဘ်ဆိုက်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ၀က်ဘ်ဆိုက်ရာနှင့်ချီ၍ အနှောက်အယှက်ပြုခဲ့သော Online Hacker တစ်ခုဖြစ်သည့် BHG အဖွဲ့မှ ၎င်းတို့အဖွဲ့၏ တိုက်ခိုက်မူလုပ်ငန်းများအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

အဆိုပါ ကြေညာချက်အား ပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုလတွင် ၎င်းတို့၏ လူပ်ရှားဆောင်ရွက်မူများအား ဖော်ပြလျက်ရှိသည့် ၀က်ဘ်ဆိုက်ကိုပါ ပိတ်ပစ်လိုက်ပြီဖြစ်သည်။

BHG အဖွဲ့သည် ယခုနှစ်များအတွင်း ဌာနဆိုင်ရာဝက်ဘ်ဆိုက်များ၊ အစိုးရဆက်စပ်ဝက်ဘ်ဆိုဒ်များ၊ ဟိုတယ်များ၊ ဖျော်ဖြေရေးဆိုက်များနှင့် ဦးထွန်းလွင်၏၀က်ဘ်ဆိုက် အစရှိသည်တို့ကို ဖောက်ထွင်းဝင်ရောက်၍ အချက်အလက်များ ထိန်းချုပ်ခြင်း၊ ၀က်ဘ်ဆိုက်ပိတ်ခြင်းနှင့် Deface ပြုလုပ်ခြင်းများကို ဆက်တိုက်လုပ်ကိုင်ခဲ့သည်။

ပြည်ပမှ Hacking ၀ါသနာတူများ စုစည်းဖိတ်ခေါ်၍ တိုက်ခိုက်ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပြည်တွင်းရှိ နိုင်ငံရေးအခြေအနေအပြောင်းအလဲ အချို့ကြောင့် ၎င်းတို့၏ လုပ်ငန်းများအား ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ၎င်းတို့၏ ကြောညာချက်တွင် ဖော်ပြထားသည်။

နေလင်းအောင် (7 DAYS NEW JOURNAL)

ချိုချဉ်မွှေးမြ ဆေးဟဒယ

http://images.mylot.com/userImages/images/postphotos/2341572.gif

၁။ မဟာရည်မှန်းချက်ကြီးတဲ့နော်
ဆေးကျောင်းသူနှစ်ဦးလမ်းလျှောက် စကားပြောလာကြသည်ကား
“You က ကျောင်းပြီးရင် ရည်ရွယ်ချက်က”
“အထူးကုဆရာဝန်ကြီးဖြစ်အောင်ဆက်ကြိုးစားမယ်၊ ဒါနဲ့ You ကရော”
“I က ဆေးကုမ္ပဏီဖွင့်မယ်”
“အယ်”

၂။ အတွေ့အာကြုံလား၊ အတွေ့အကြောင်လားကွယ်
ဆေးကျောင်းသား၏ မိဘအား မိတ်ဆွေတစ်ဦးက
“ခင်ဗျားသား ဘယ်နှနှစ်ရောက်ပြီလဲ”
“နောက်ဆုံးနှစ်ရောက်ပြီလေ”
“ဒါဆိုအတွေ့အကြုံတော်တော်ရနေပြီပေါ့”
“အတွေ့အကြုံရမရတော့ မသိဘူး၊ ၁၀တန်းအထိ ဆေးလိပ်မသောက်တဲ့ကောင် အခု တစ်နေ့ တစ်ဘူးလောက်တော့ အသာလေး”
“ဟိုက်”

၃။ တစ်မျိုးပြီးတစ်မျိုး စားပြ၀ါးပြရလို့
ရုပ်ရှင်ရိုက်ကွင်းတစ်နေရာ၌ မင်းသမီးလေးအား
“မင်းသမီး၊ ချောင်းတဟွပ်ဟွပ်နဲ့ ဘာလဲ အအေးမိလို့လား”
“ဟုတ်ဘူးဆရာ”
“ဒါဆို အစားအသောက်မှားလို့လား”
“ဟုတ်တယ် ထင်တာပဲ ဆရာ”
“ဘယ်လို ဟုတ်တယ်ထင်တာလဲ ရှင်းအောင်ပြောစမ်းပါ”
“မနေ့က သရေစာအစားအသောက်ကြော်ငြာတွေ ရိုက်တာများသွားလို့”
“ဟိုက်”

၎။ ဆေးခန်းငှားခတောင်မကြေ ဖြစ်သွားမယ်

လူငယ်တစ်ဦးက ကျောင်းနေဖက် သူငယ်ချင်း ဆရာဝန်လေးအား
“ဟေ့ကောင် ဆရာဝန်ဖြစ်ပြီဆိုပြီး ခေါင်းမော့ရင်ကော့မနေနဲ့ဦး”
“လူရှိန်အောင် ဂိုက်ပေးသင့်သလောက်တော့ ပေးရမှာပေါ့ကွ၊ ဆရာဝန် တစ်ယောက်ဖြစ်ဖို့ ငွေတွေအချိန်တွေ၊ ၀ိရီယတွေအများကြီးစိုက်ထားရတာ”
“မင်းက ဆေးကုစားမယ်ကော့င်ဆိုတော့ ငါက သတိပေးထားတာပါ”
“ဘာဖြစ်လို့လဲကွ”
“မင်းတစ်ယောက်တည်းဆရာဝန်ရှိတယ်မှတ်လား”
“ဟိုက်”

၅။ သူလေးစိမ်းရက်သွားမှာစိုး
ကားတိုက်ခံရ၍ အောက်ပိုင်းချိနဲ့သွားသော လူငယ်အားဆရာဝန်က
“စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ သတ္တ၀ါတစ်ခုကံတစ်ခုပေါ့”
“ကျွန်တော်စိတ်မကောင်းတာ ဒါအတွက်မဟုတ်ဘူး”
“ဒါဆိုဘာအတွက်လဲ”
“ကျွန်တော်က မကြာခင်လက်ထပ်တော့မယ့် သတို့သားလောင်းမို့ပါ”
“ဟိုက်”

၆။ အလှူခံလာရင်လည်း ကန်တော့ပါသေးတယ် ပြောရဦးမလား
ယမကာလုလင်ခင်ပွန်းသည်က ဇနီးသည်အား
“အရက်ကို အသင့်အတင့်သောက်ရင် လေဖြတ်တာကို ကာကွယ်နိုင်သတဲ့ ကွ”
“သောက်ချင်ရင်သောက်ချင်တယ်ပြော ဘာဆင်ခြေမှပေးမနေနဲ့၊ ရှင်လေဖြတ်လို့ မဖြစ်သေးဘူး”
“မှန်တာပေါ့ကွ၊ သားမယားအတွက်ရှာရ၊ ပြောရဦးမယ်လေ”
“အဲဒါကြောင့် မဟုတ်ဘူး၊ ဘောလုံးပွဲလာရင် လေမကန်နိုင်မှာဆိုးလို့”
“ဟိုက်”

(HEALTH CARE JOURNAL)

ပန်ကာလေကြောင့် လေဖြတ်နိုင်သည်

http://myanmarindustry-directory.com/Images/fan.jpg

လေဖြတ်ရောဂါသည် အမြဲအလစ်ချောင်းနေသော ရောဂါဆိုးကြီးဖြစ်ကြောင်း အသက် (၅၀)ကျော်လျှင် အထူးသတိထားသင့်ကြောင်း၊ အစားမှားလျှင်လေဖြတ်နိုင်ကြောင်း၊ ယခုတင်ပြမည့် လေဖြတ်ဝေဒနာဖြစ်ရသူမှာ အသက်(၄၀)ကျော် အရွယ်ကောင်းဖြစ်ပါသည်။

သူသည် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး နိုင်ငံခြားသို့ သွားလေ့ရှိပါသည်။ တစ်ဘက်မှလည်း ဂေါက်သီးရိုက် အားကစားတွင် ထူးချွန်သူဖြစ်ပါသည်။ ပြောရလျှင် ခန္ဓာကိုယ်တုတ်ခိုင် သန်မာပြီးကျစ်လစ်သဖြင့် လေဖြတ်မည်ဟု မထင်ရက်စရာဖြစ်ပါသည်။

ဖြစ်သွားပုံမှာ တစ်နေ့နံနက်စောစော ဖုန်းမြည်လာသဖြင့်ကြည့်လိုက်ရာ နိုင်ငံခြားမှ ဖုန်းနံပါတ်ဖြစ်နေသဖြင့် ကိုင်လိုက်ချိန်တွင် စကားသံမှာ ၀ိုးတ၀ါး လျှာလေးအာလေး အသံဖြစ်နေသဖြင့် မနည်းနားထောင်ရသည်။

“ဆရာ...ဆရာ...ဆရာ...ကျွန်...တော်....ကို....ပါ”

လျှာလေးနေသဖြင့် စူးစိုက်နားထောင်မှ အထက်ဖော်ပြပါ ကျွန်တော့်မိတ်ဆွေ နိုင်ငံခြားမှ ဆက်နေကြောင်းသိရသည်။

သူပြောသည်မှာ သူယခုနံနက် အိပ်ယာထလိုက်ချိန်တွင် လျှာလေးနေပြီး စကားမပီဖြစ်နေကြောင်း၊ ညာဘက်လက်က အားယူကြိုးစားမှ အနည်းငယ်လူပ်နိုင်ကြောင်း ပြောပါသည်။ “ခင်ဗျားညက ဘာစားသလဲ၊ ဧည့်ခံပွဲရှိသလား၊ အရက်သောက်သလား၊ သောက်တာရောများသလား” ဟုတည့်တည့်ပဲ မေးလိုက်ပါသည်။

သူက လျှာလေးနေသဖြင့် ကြိုးစးပြီးပြန်ဖြေသည်မှာ သူအရက်မသောက်ကြောင်းနှင့် ဟိုတယ်မှာလည်း မတည်းခိုဘဲ သူ့မိဘများအိမ်တွင် သွားရောက်လည်ပတ်ရင်း တည်းခိုရာ ထိုသူများမှာ သတ်သတ်လွတ် စားသူများဖြစ်သဖြင့် သူလည်း သက်သက်လွတ်စားနေသည်မှာ ၃ရက်ရှိပြီဖြစ်ကြောင်း ပြောပါသည်။

သွေးတိုးရောဂါရှိမရှိ စစ်ဆေးဖူးရဲ့လား၊ မြန်မာပြည်မှာနေစဉ်က သွေးပေါင်ချိန်စစ်ဘူးရဲ့လားဟု မေးရာ သွေးပေါင် မကြာခဏချိန်လေ့ရှိကြောင်းနှင့် သူ့ရုံးခန်းတွင်လည်း ဒီဂျစ်တယ်လက်ကောက်ဝတ် သွေးချိန်ကိရိယာ ၀ယ်ယူထားပြီး မကြာခဏ ချိန်ကြည့်လေ့ရှိကြောင်း၊ သူ့သွေးပေါင်ချိန်မှာ အမြဲ normal တွင်ရှိကြောင်း ပြောပါသည်။

သူ့မှာ ကြာကြာမပြောနိုင် ပြောရင်း စကားသံကပိုသံကပို၍ လေးလာသဖြင့် ဆေးရုံဆေးခန်းတစ်ခုခုသို့ အမြန်သွားပြီး သွေးပေါင်ချိန်စစ်ဆေးရန်၊ ဖြစ်နိုင်လျှင် နှလုံးအထူးကု၊ အာရုံကြောအထူးကုတို့ထံ ပြရန်အကြံပေးလိုက်ရပါသည်။

သို့သော် နောက်ဆုံးအနေဖြင့် ညက ဘယ်လိုအိပ်လိုက်သလဲလို့မေးရာ သူကဆက်မပြောနိုင်တော့သဖြင့် နံဘေးမှအိမ်ရှင်တစ်ဥိးက ၀င်ဖြေပေးပါသည်။ အဖြေမှာ သူအိပ်သည့်အခန်းမှာ လေးအေးစက်မရှိသဖြင့် ပန်ကာတစ်လုံးပေးထားကြောင်း၊ ညကပူအိုက်သဖြင့် သူ့ရင်ဘတ်တည့်တည့်သို့ ပန်ကာဖွင့်အိပ်ကြောင်း။ တစ်ညလုံး ပန်ကာဖြင့် အိပ်ကြောင်း ပြောပါသည်။

တရားခံမှာ ပန်ကာလေပင်ဖြစ်ပါတော့သည်။ သူသည် အထူးကုဆရာဝန်နှင့် ပြသပြီးထိုနေ့မှာပင် နိုင်ငံခြားဆေးရုံကြီးတစ်ခုတွင် တက်ရောက်ကုသမူ ခံယူရပါသည်။ ဆေးရုံပေါ်မှာ စစ်ဆေးဆဲမှာပင် ဘယ်ခြမ်းတစ်ခုလုံး မလူပ်နိုင်၊ လေဖြတ်သွားကြောင်း၊ နောက် ၃ရက်အကြာတွင် ထပ်မံသိရသည်။ မြန်မာပြည်မှ မိသားစုများ လိုက်သွားမည်ဖြစ်သဖြင့် လေဖြတ်လျှင် သုံးစွဲရမည့် တိုင်းရင်းဆေးလိမ်းဆေး၊ သောက်ဆေး၊ လျှာပွတ်ဆေးများထည့်ပေးရန် မှာကြားလာပါသည်။

အကြောင်းအရင်းကို သေချာစိစစ်ကြည့်ပါက ထိုကျန်းမာရေးကောင်းမွန်သော မိတ်ဆွေကြီး လေဖြတ်ရခြင်းမှာ ရင်ဘတ်တည့်တည့် ပန်ကာဖွင့်အိပ်သဖြင့် ရင်ဘတ်အတွင်းမှ နှလုံးသွေးကြေားမှာ ရေပိုက်ကိုကျုံ့သွားအောင် အဖျားတွင်ညှစ်ပေးလိုက်လျှင် ရေပန်းထွက်လာ သကဲ့သို့ သွေးဖိအားတက်လာသည်။

သွေးဖိအားညှစ်အားကို မခံနိုင်သောအခါ ဦးနှောက်အတွင်းရှိ သွေးကြောငယ်ကလေးများ ပေါက်သွားခြင်း (သို့) ဖိအားများ၍ ဖြတ်မျောလာသောသွေးခဲ၊ အဆီခဲလေးများ ပိတ်ဆို့သွားခြင်းကြောင့် ဦးနှောက်မှာ အလုပ်မလုပ်နိုင် ဖြစ်ရလေတော့သည်။

ဦးနှောက်အတွင်းတွင် စကားပြောခြင်းကို ပြုလုပ်သည့် speech center ကို သွေးခဲပိတ်သွားသောအခါ စကားမပီမသဖြစ်လာသည်။

ထို့နောက် ပိုဆိုးလာသောအခါ ကိုယ်တစ်ခြမ်းသေခြင်း၊ လေဖြတ်ခြင်းအထိ ဖြစ်ရလေသည်။ ထိုသို့လေဖြတ်ခြင်းမျိုးကို ကုသလျှင် ပြန်ကောင်းလာနိုင်သော်လည်း ခက်ခက်ခဲခဲကြိုးစားရမည်။ အချိန်ယူရမည်ဖြစ်လေသည်။ ဆေးရုံမှ ဆင်းလျှင်ပင် စကားပီဖို့ ပြန်လည်သန်စွမ်းဖို့အတွက် အနှိပ်၊ အကြောပြင် ကာယကုထုံးကုသမူ စသည်များဖြင့် ပြန်လည်ထူထောင်ရေး Rehablitation လုပ်ရဦးမည်ဖြစ်သည်။ လချီ၍ ကြာတတ်သည်။

အမူမဲ့ အမှတ်မဲ့ကိစ္စလေးမှာ အကြီးအကျယ်ဖြစ်သွားသောအရာများ လောကတွင် များစွာရှိပါသည်။ အစစသတိထားနေသူများပင် အမှားပြုမိတတ်သည်။ သည်သို့ပင် ကျန်းမာရေးလိုက်စားသူဖြစ်စေ၊ အသက်ငယ်သေးသည့် အရွယ်ကောင်းတွင်ဖြစ်စေ၊ အနေအထိုင်အမှားကြောင့် ဒုက္ခရောက်နိုင်ကြောင်းနှင့် ညပူအိုက်လျှင် ပန်ကာလေခံခြင်း၊ လေ၀င်များသည့် ပြတင်းပေါက်ဖွင့်အိပ်ခြင်း၊ ဦးခေါင်းနှင့် ရင်ဘတ်ကိုဖွင့်၍ လေအေးခံအိပ်စက်ခြင်းများ မပြုသင့်ကြောင်း ရေးသားသတိပေးလိုက်ရပါသည်။

ကြည်လွင်မြင့် (မုဒြာ) (HEALTH CARE JOURNAL)

အသက်ကြီးသူအမျိုးသမီးများ ဗီတာမင်အားဆေးများမသုံးသင့်

http://indiacurrentaffairs.org/wp-content/uploads/2010/07/medicine.jpghttp://www.naturalskincaresecrets.com/images/fruits-veggie43.jpg

အသက်အရွယ် ကြီးရင့်လာချိန်တွင် ဗီတာမင်ဆေးဝါးများသုံးစွဲခြင်းသည် အမျိုးသမီးများအတွက် မကောင်းမွန်ကြောင်း လေ့လာစမ်းသပ်ချက်များမှ တွေ့ရှိရသည်။ အသက် ၆၀ကျော်အမျိုးသမီး ၃၈၇၇၂ ဦးအား လေ့လာစမ်းစစ်ချက်အရ ဗီတာမင်ဆေးလုံးများနှင့် သံဓာတ်အားဆေးသုံးစွဲခြင်းသည် ၎င်းတို့အပေးတွင် ကောင်းကျိုးထက် ဆိုးကျိုးပိုများကာ သေဆုံးမူနူန်းလည်း ပိုမိုမြင့်လာစေသည်။

အသုံးများသော အားဆေးများမှာ ကယ်လ်စီယမ်၊ ဗီတာမင်ဘီ-အုပ်စု၊ ဗီတာမင်-စီနှင့် ဗီတာမင်-အီးတို့ဖြစ်သည်။ ၎င်းတို့အနက် ပုံမှန်စွဲသုံးသင့်ကြောင်းနှင့် ဗီတာမင်နှင့် သတ္တုဓာတ်များကို လိုအပ်သည်ထက်ပိုမိုး မသုံးစွဲသင့်ကြောင်း ကျန်းမာရေးဂျာနယ်များတွင် အဆိုပြုထားသည်။

လိုအပ်သည်ထက် ပိုမိုသုံးစွဲပါက အန္တရာယ်များသော ဗီတာမင်အားဆေးများတွင် ဗီတာမင်-အေနှင့် အီးတို့သည် ထိပ်ဆုံးမှဖြစ်သည်။

ကျန်းမာသော ခန္ဓာကိုယ်နှင့် ဘ၀ကိုရရှိရန် အာဟာရကြွယ်ဝ၍ ဗီတာမင်နှင့် သတ္တုဓာတ်ပေါများသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကိုသာ စားသုံးသင့်သည်။ ဆေးဝါးများဖြင့် ဖြည့်တင်းရန်မှာ အာဟာရချို့တဲ့သူများအတွက်သာ သင့်တော်သောကြောင့် အသက်ကြီးရင့်လာသူ အမျိုးသမီးများ “တန်ဆေး၊ လွန်ဘေး” ဟူသောစကားကို လက်ကိုင်ထား၍ သဘာဝသီးနှံ၊ ဟင်းသီဟင်းရွက်များဖြင့်သာ ကျန်းမာရေးထိန်းသိမ်းကြရန် အကြံပြုလိုက်ရပါသည်။

စန္ဒီ - ဆေး ၂ (HEALTH CARE JOURNAL)

ခေါင်းတစ်ခြမ်းကိုက်ရောဂါ၏ မျိုးရိုးဗီဇ

http://t0.gstatic.com/images?q=tbn:ANd9GcTtO1Vj3m20dlgWgrTzLK6OkStRYusPMZ3IbVdByKn3vFV-A_1st2iyP7t_

သုတေသနက ခေါင်းတစ်ခြမ်းကိုက် လူနာများအတွက် မျှော်လင့်ချက်တစ်ရပ် ဖော်ထုတ်လိုက်ပြီဖြစ်၏။ သိပ္ပံပညာရှင်များက ဦးနှောက်အတွင်း နာကျင်မူကိုဖြစ်ပေါ်စေသော စင်တာများအပေါ် သက်ရောက်မူရှိသော မျိုးရိုးဗီဇ (gene) တစ်မျိုးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ရာ ယင်းစင်တာအား ထိန်းညှိပေးခြင်းဖြင့် ပြင်းထန်သော ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေနိုင်သော သော့ချက်ဖြစ်၏။

ယင်းတွေ့ရှိမူကို အောက်စဖို့ဒ်ယူနီဗာစီတီမှ Dr.Zameel Cader က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။ တစ်ကယ်တော့ ဒီဂျင်းဟာ ကျွန်တော်တို့အားလုံးလိုလိုမှာရှိပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းပေးတာပါ။ ဒါပေမဲ့ ခေါင်းတစ်ခြမ်းကိုက် လူနာတွေမှာတော့ နာကျင်မူခံစားနိုင်မူက နည်းနည်းလျော့နေမယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့သူတွေဟာ အလင်းရောင်၊ အသံနှင့် ထိတွေ့မူစတာတွေကို တုန့်ပြန်ရာမှာ အလွန်ခံနိုင်ရည်နည်းပါးပြီး ခေါင်းကိုက်တတ်ကြတာပါ။ သုတေသနအဖွဲ့ကတော့ အဲဒီမျိုးရိုးဗီဇ gene ကိုပြုပြင်ပြီး ခေါင်းကိုက်ဝေဒနာသက်သာဖို့ ပြင်ဆင်နေပါတယ်။

Dr.Cader က ကျွန်တော်တို့ သိချင်နေတာက အဲဒီမျိုးရိုးဗီဇရဲ့ လူပ်ရှားမူကို ဘယ်အရာက ပိုမိုလာစေတယ်ဆိုတာပါပဲ။ အဲဒါကိုသိဖို့ ထိန်းချုပ်နိုင်ရင် ခေါင်းတစ်ခြမ်းကိုက်ရောဂါမရအောင် ကာကွယ်နိုင်ပြီလေဟု ပြောကြားခဲ့ပါသည်။

ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)

နေ့စဉ် အက်(စ်)ပရင် (Aspirin) သောက်သုံးခြင်းက “ကင်ဆာ” အားကာကွယ်နိုင်

http://t0.gstatic.com/images?q=tbn:ANd9GcS3USG-TdmuhHQzMKnnFzhpoN1-mmDmU5USep_TtSHr7H7Pqo4IlMhpYFsi

သုတေသနပြုချက်အကြီးကြီး ၄ ခု အရ အက်(စ်)ပရင်းဆေးကို နေ့စဉ် ပမာဏအနည်းငယ် (low dose)စီ သောက်သုံးသူများမှာ အူမကြီးကင်ဆာ (colon Cancer)ဖြင့် သေဆုံးနိုင်ချေကို ၃၅ ရာခိုင်နူန်း အထိ လျော့ချနိုင်ကြောင်း လေ့လာတွေ့ရှိရပေသည်။

ယခုဆေးကို လေ့လာမူက ရရှိသော အကျိုးရလဒ်ထူးအပြင် အခြားဆေးတစ်မျိုးဖြစ်သည့် ဆီးချိုရောဂါကုဆေးမဖော်ခင် (metformin)ကလည်း အဆုပ်အူမကြီး ကင်ဆာဖြစ်ပွားမူများကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရ၏။

အထက်ဖော်ပြပါ ဆေးနှစ်မျိုးစလုံးရောင်ရမ်းခြင်းကို လျော့ကျစေပါသည်။ ရောင်ရမ်းခြင်းက ကင်ဆာရောဂါနှင့် ဆက်စပ်မူရှိနေပါသည်။ ဆေးနှစ်မျိုးစလုံးတွင် ပြင်းထန်သော ဘေးထွက်သက်ရောက်မူများ ရှိနေသဖြင့် ကင်ဆာရောဂါအား ကာကွယ်ရန် သက်သက်အတွက် သောက်သုံးရန် သင့်မသင့်ကို ပြောရန် အချိန်စောလွန်းပါသေးသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် ယင်းဆေးများကို သောက်နေရသူများအတွက်တော့ အထူးအကျိုးကျေးဇူးရှိလှပါသည်ဟု ဆိုနိုင်ပါသည်။

ယနေ့ခေတ် သုတေသနပညာရှင်များက ယင်းဆေးနှစ်မျိုး၏ အကျိုးနှင့်အပြစ်ကို မည်သည်က အားသာမူရှိကြောင်း လေ့လာနေကြဆဲဖြစ်ပါသည်။

ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)

အိမ်သာ toilet မှာသတိပြုစရာများ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdO7gHJHjTReJTuEjuGhWcNzIQnlwaQ9UEH3rlrvNF5xzEHBz0mFrhlXpWkSJxFZ2HCFxBs6oKV9FppvVnJSx1LMZa-ss0gu9Z00rqihDVF1h5lRVahwEpqVHd8LFh1GD-vQYhOmHCLi5Z/s1600/Toilet1.gif

UK နိုင်ငံသုတေသနတစ်ခုမှာ လူငါးဦးမှာတစ်ဦးသာ နေ့စဉ်သူတို့ရဲ့ အိမ်သာ(toilet) ကိုဆေးကြောတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ပြောရရင်တော့ ကြောက်စရာ သင့် toilet ရဲ့ ခွက်ထဲက စတုရန်းတစ်လက်မ ဧရိယာမှာ ဘက်တီးရီးယားပိုး ၃ ဒသမ ၂သန်းခိုးလူံ နေနိုင်တယ်ဆိုတာပါပဲ။

ဒါကြောင့် အိမ်သာကို အသုံးပြုပြီးတိုင်း ရေနဲ့ Flush လုပ်တဲ့အချိန်မှာ အိမ်သာအဖုံးကို ပိတ်ထားဖို့လိုပါတယ်။ ရေနံ့ Flush လုပ်လိုက်တိုင်း ဘက်တီးရီးယားပိုးတွေက အပေါ်ကို ၁ ဒသမ ၈ မီတာအထိ ခုန်တက်လာပြီး သင့်ရဲ့သွားတိုက်တံကိုတောင် ညစ်ထေးစေနိုင်ပါတယ်။

ဘက်တီးရီးယားပိုးများ

ရှိဂီလာ Shigella
ပြင်းထန်တဲ့ဝမ်းလျှော်၊ ၀မ်းကိုက်၊ ရောဂါတွေရဲ့ တရားခံလို့ ယူဆကြပါတယ်။

စတက်ဖိုင်လိုကော့ကပ် Styphylococcus
MRSA လို့ခေါ်တဲ့ ပဋီဇီဝဆေးကို အတံတုနိုင်တဲ့ ရောဂါပိုးဖြစ်လာနိုင်ပါတယ်။

ဆာမိုနယ်လား Salmonella

အစာအဆိပ်သင့်စေနိုင်ပါတယ်။

အီကိုလိုင် E.coli
အစာအိမ်ရောင်၊ ၀မ်းလျှောစေနိုင်ပြီး အဆိုးဆုံးကျောက်ကပ် အလုပ်မလုပ်နိုင်တော့တဲ့ Kidney Failure အထိဖြစ်နိုင်ပါတယ်။

စထရက်ကိုကော့ကပ် Streptococcus

လည်ချောင်းနာ၊ အရေပြားအနာနှင့် ဦးနှောက်အမြှေးရောင်ရောဂါတွေ ဖြစ်နိုင်ပါတယ်။

အသဲရောင်ပိုး အေ Hepatitis A
ဖျားမယ် ၀မ်းလျှောမယ်၊ မျက်စိဝါမယ်။

ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)

Wednesday, 19 October 2011

ဝိတိုရိယအထွေထွေရောဂါကုဆေးရုံကြီးတွင် သမီးဦးရတနာလေးကို အောင်မြင်စွာမွေးဖွားသန့်စင်ခဲ့ပြီး

http://www.yoyarlay.com/images/resized/images/stories/yyl/2011/10/18/f_253_4_200_200.jpg

http://www.shwedarling.com/blog/wp-content/uploads/2011/10/itsagirl.jpg

http://www.shwedarling.com/blog/wp-content/uploads/2011/10/baby-oowae.jpg

ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော မင်းသားပြေတီဦးနှင့် မင်းသမီးအိန္ဒြာကျော်ဇင်တို့၏ သမီးဦးရတနာလေးကို ဝိတိုရိယအထွေထွေ ရောဂါကုဆေးရုံကြီးတွင် သားဖွားနှင့် မီးယပ် အထူးကုဒေါက်တာ မေသူမျိုးညွန့်၊ ကလေးအထူးကုပါမောက္ခဒေါ်အေးအေးသိန်း၊ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဒေါ်တင်မေ ဦးနှင့်အဖွဲ့တို့က ၁၄-၁ဝ-၂ဝ၁၁ မှာ မွေးဖွား သန့်စင် ခဲ့ပါသည်။

ထို့အပြင် ကိုပြေတီဦးနှင့် မအိန္ဒြာကျော်ဇင်တို့၏ဆန္ဒအရ ဝိတိုရိယ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆောင်ရွက် လျက်ရှိသော Stem Cell သိုလှောင်ခြင်း လည်းပြုလုပ်ခဲ့ပါသည်။

ထိုStem Cell သို လှောင်ခြင်း ဆိုသည် မှာ ကလေး မွေးဖွားစဉ် မိခင် ၏အချင်း မှ သွေးStem Cell ထုတ်ယူ၍ ပေး ထားခြင်းဖြစ်ပါသည်။ ၄င်းStem Cell သိမ်းဆည်းထားခြင်းဖြင့် မွေး ဖွားလာသော ကလေးအတွက် နောင်ဖြစ်ပေါ်လာနိုင်မည့် ရောဂါပေါင်း ၈ဝ ကျော်အား ကုသပေးနိုင် မည့် အပြင် မိဘနှစ်ပါးနှင့် မောင်နှမသား ချင်းများအတွက်ကိုပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ထိုကဲ့သို့ အချင်းမှ သွေးယူရာတွင် မိခင်ရောကလေးပါ ဘေးဥပဒ်တစ်စုံ တစ်ရာ မရှိဘဲနှင့် နှစ်ပေါင်း ၂ဝ ကျော် သိုလှောင်သိမ်းဆည်းနိုင်ပြီး အကျိုးကျေးဇူး ကောင်းများစွာ ရရှိနိုင်သည်။

ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့မှ ထို Stem Cell သိုလှောင်ခြင်းအား အထူးစိတ်ဝင်စားလျက်ရှိခဲ့ပြီး အသေးစိတ်သေချာလေ့လာခဲ့ပြီးမှ ထိုသို့ပြုလုပ်နိုင်ရန်အတွက် ၀ိတိုရိယအထွေထွေရောဂါကု ဆေးရုံကြီးနှင့် ညှိနိုင်းတိုင်ပင်ကာ လာရောက်မွေးဖွားခဲ့ခြင်းဖြစ်ပါသည်။


(HEALTH CARE JOURNAL)

သုံးနှစ်အရွယ် မိန်းကလေး အရာရာကို ဝါးစားနေတတ်ပြီး လျှပ်စစ်မီးသီး တစ်လုံးလုံးမှသည် အုတ်ခဲများအထိ ဝါးစား

http://swesonemedia.org/assets/images/health_new/glasseatinggirl.jpg

နာတာလီဟေးဟက်စ် အမည်ရှိသုံးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် အရာရာကို ဝါးစားတတ်သည့် အလေ့အထ စွဲလမ်းနေပြီး လျှပ်စစ်မီးသီး တစ်လုံးလုံးကိုပင် ကုန်အောင်ဝါးစား ပစ်သည်ဟု ဆိုသည်။ သူ့၌ အလွန်ထူးဆန်းသော စိတ်ရောဂါ တစ်မျိုးရှိပြီး မဟုတ်မဟတ်အရာများကို ဝါးစားနေရာ အဆိပ်သင့်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည် ဟုဆိုသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလက သူသည် သူ၏ အိပ်ခန်းအတွင်းမှ မီးသီးကိုခွဲကာ ဝါးစားသောကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရ သေးသည်ဟု ဆိုသည်။ အဆိုပါ မိန်းကလေး၌ Pica ဟုခေါ်သော ထူးဆန်းသော ရောဂါရှိရာ ကျောက်ခဲ၊ တုတ်ချောင်း၊ အလှစိုက်ထားသော အပင်များ၊ လျှပ်စစ်မီးသီးအစ ရှိသည့် အစာမဟုတ်သော အရာများကို စားချင်စိတ်ပေါက် နေလေ့ရှိသည် ဟုဆိုသည်။ နာတာလီ အကြိုက်ဆုံးအရာမှာ ကျောက်ခဲများနှင့် တုတ်ချောင်းများ ဖြစ်သည်ဟုဆိုသည်။ သူသည် အုတ်ခဲတစ် လုံးလုံးကိုပင် ချောကလက်ကဲ့သို့ ကုန်အောင် ဝါးစားနိုင်သည် ဟုဆိုသည်။ သူ၏မိခင်ဖြစ်သူ ကောလင်း (၃၁-နှစ်)သည် သူ၏သမီးအား အန္တရာယ်ရှိသော အရာများကို မစားမိစေရန် တစ်နေကုန် စောင့်ကြည့်နေရသည်ဟုဆိုသည်။ အဆိုပါ မိန်းကလေးသည် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် တာရေးဟောင်တေး မြို့၌ နေထိုင်ကြောင်း သိရသည်။


(DM, 26.9.11) NYM

(GOOD HEALTH JOURNAL)

အမျိုးသမီးများ လျစ်လျူရူမိလေ့ရှိသော ကင်ဆာ သတိပေးလက္ခဏာများ

http://t0.gstatic.com/images?q=tbn:ANd9GcTJ3FFDIcH7nQhjSHpuCwrQmxgY-yAMjVncml5rB4wbkIph3cpAwb04Xfnw

အခုဖော်ပြပေးမယ့် လက္ခဏာတွေပေါ်ရင် ကင်ဆာဖြစ်နေပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကင်ဆာရဲ့ လက္ခဏာအနေနဲ့ တွေ့ရတတ်တာကြောင့် ဒီလို သတိပေးလက္ခဏာတွေ တွေ့နေရရင် မပေါ့ဆသင့်ပါဘူး။

1) ချွဲသလိပ်နှင့် ခက်ခက်ခဲခဲ အသက်ရှူရခြင်း၊ အသက်ရူမ၀ခြင်း

အဆုတ်ကင်ဆာလူနာတွေမှာ ပထမဆုံတွေ့ရတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါလည်း မရှိဘဲ အရင်တုန်းက တစ်ကြိမ်မှ မဖြစ်ဖူးတဲ့ ခက်ခက်ခဲခဲ အသက်ရှူရတာလိုမျိုး ဖြစ်ပေးလာရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

2) နာတာရှည် ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း
လူကီးမီးယားသွေးကင်ဆာနဲ့ အဆုတ်ကင်ဆာတို့အပါအ၀င် ကင်ဆာရောဂါအမျိုးမျိုးတို့မှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ဆိုးဆိုးရွားရွား ချောင်းဆိုးတာ၊ လေပြွန်ရောင်တာတွေနဲ့ ဆက်စပ်မူရှိပါတယ်။ ဒီဝေဒနာက အကြာကြီးဆက်တိုက်ဖြစ်နေရင် ဒါမှမဟုတ် ပျောက်ပြီးမှ ပြန်ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

3) မကြာခဏဖျားခြင်း သို့မဟုတ် မကြာခဏ ကူးစက်ပိုးဝင်ခြင်း
ဒီလက္ခဏာတွေက ပုံမှန်သွေးဖြူဥနဲ့ သွေးနီဥတို့ ထုတ်လုပ်မူကျဆင်းတာကြောင့် ကိုယ်ခံစွမ်းအားစနစ် ကျဆင်းတဲ့ လူကီးမီးယားသွေးကင်ဆာရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။

4) အစာမျိုရခက်ခဲခြင်း
အစာရေမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာတွေကြောင့် အစာမျိုချရခက်ခဲတတ်သလို တစ်ခါတစ်ရံ အဆုတ်ကင်ဆာရဲ့ ပထမဆုံးလက္ခဏာတစ်ရပ်လည်း ဖြစ်နေတတ်ပါတယ်။

5) လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတို့ရှိ သားနံရည်ကျိတ်များ ရောင်ခြင်း

သားနံရည်ကျိတ်တွေကြီးတာက ပြန်ရည်ကြောစနစ်အပြောင်းအလဲကို ဖော်ပြနေသလို ကင်ဆာရဲ့ သတိပေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ချိုင်းအောက်ရှိ သားနံရည်ကျိတ်ကြီးတာက ရင်သားကင်ဆာရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။

6) သွေးထွက်လျှင် မရပ်ခြင်း
သွေးနီဥနဲ့ သွေးချပ်ပြားတွေ ပုံမှန်မဟုတ်တာကြောင့် သွေးထွက်ရင် မတိတ်တော့တာမျိုး ဖြစ်တာက သွေးကင်ဆာရဲ့ လက္ခာတစ်ရပ်ဖြစ်နိုင်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ လက်ချောင်းနဲ့ လက်လိုနေရာတွေမှာ သွေးစို့နေတာမျိုး ဖြစ်တတ်သလို သွားဖုံးသွေးယိုတာလည်း ဖြစ်တတ်ပါတယ်။

7) အားနည်းခြင်းနှင့် နုံးချည့်ညောင်းညာခြင်း
အလုပ်မှာ ထိုင်ပြီးလုပ်နေရပေမယ့် ညဘက် ကားမောင်းပြီး အိမ်ပြန်တဲ့အခါမှာ ပင်ပန်းလွန်းနေတာမျိုးပါ။ ဒီလို အလိုလိုနေရင်း အားနည်းတာ၊ နုံးတာတွေက ကင်ဆာရောဂါအမျိုးမျိုးနဲ့ ဆက်စပ်မူရှိပါတယ်။ ဒါကြောင့် အကြောင်းရင်းမသိဘဲ ပင်ပန်းနေရင် ဆရာဝန်နဲ့ပြပါ။

8) လေပွခြင်း၊ ဗိုက်တင်းခြင်းနှင့် ဗိုက်ပူလွန်းခြင်း

ဒီလက္ခဏာတွေက မမျိုးဥအိမ်ကင်ဆာရဲ့ သတိပေးလက္ခဏာ ဖြစ်တတ်တာကြောင့် ရုတ်တရက်ဖြစ်လာရင်နဲ့ တာရှည်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

9) အစာကိုမစားနိုင်ခြင်း သို့မဟုတ် ဗိုက်ပြည့်နေခြင်း
ဒါကလည်း မမျိုးဥအိမ်ကင်ဆာနဲ့ ဆက်စပ်မူရှိနေပါတယ်။ ဘာမှမစားရသေးပေမယ့် စားချင်စိတ်လည်းမရှိ၊ စားလည်း မစားနိုင်ဘူးလို့ အမျိုးသမီးတွေက ဆိုလာရင် ဗိုက်ပူနေသလား လေပွနေသလားဆန်းစစ်ပြီး ဆရာဝန်ထံသွားဖို့ တိုက်တွန်းပါ။

10) တင်ပဆုံ သို့မဟုတ် ၀မ်းဗိုက်နာခြင်း
ဒီလက္ခဏာတွေက သားအိမ်အသားလုံးနဲ့ တခြားမျိုးဆက်ပွားလမ်းကြောင်း ပြဿနာတွေကြောင့် ဖြစ်တတ်သလို တချို့ကင်ဆာတွေနဲ့လည်း ဆက်စပ်မူရှိပါတယ်။

11) သွေးထွက်ခြင်း ၀မ်းထဲ သွေးပါခြင်း
အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာက လိပ်ခေါင်းနဲ့ လွဲမှားတတ်ပါတယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေပြခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

12) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း
ကိုယ်အလေးချိန်ကျလာပြီး အစားအသောက်၊ လေ့ကျင့်ခန်းစတဲ့ အနေအထိုင်ပြောင်းလဲမူ မရှိဘူးဆိုရင် ဘာကြောင့်လဲဆိုပြီး အဖြေရှာသင့်နေပါပြီ။ ကိုယ်အလေးချိန်ကျတာက အူမကြီးနဲ့ တခြားအစာခြေစနစ်တစ်လျှောက်ရှိ ကင်ဆာတွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။

13) ဗိုက်နာခြင်း
ဒီလိုလက္ခဏာတွေကို တာရှည်ခံစားရတာက အူမကြီးနဲ့ အစာဟောင်း အိမ်ကင်ဆာတွေနဲ့ ဆက်စပ်မူရှိတတ်ပါတယ်။

14) ရင်သားနီခြင်း၊ နာခြင်းနှင့် ရောင်ရမ်းခြင်း
ရင်သားမှာ ဖြစ်တဲ့ အကျိတ်တွေကိုလည်း အမျိုးသမီးတိုင်း သတိပြုမိပါလိမ့်မယ်။ ဒါပေမဲ့ ရင်သားနီတာ၊ နာတာနဲ့ ရောင်တာတွေ ပေါ်ခဲ့ရင်လည်း မပေါ့ဆသင့်ပါဘူး။

15) နို့သီးခေါင်း ပြောင်းလဲခြင်း
နို့သီးခေါင်းက ယားတာ၊ အဖတ်တွေလန်တာ၊ (ကိုယ်ဝန်မရှိဘဲ၊ နို့တိုက်မိခင်မဟုတ်ဘဲ) အရည်ထွက်တာ၊ ပုံစံပြောင်းတာတွေကလည်း ရင်သားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

16) ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းများခြင်း၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း
အမျိုးသမီးအများစုက ဒီလိုလက္ခဏာတွေခံစားရရင် သားအိမ်ကင်ဆာနဲ့ ဆက်စပ်မူရှိနေတတ်ပါတယ်။

(ဇွန်ခိုင်ဦး - ဆေးဝါးတက္ကသိုလ်)

(GOOD HEALTH JOURNAL)

Tuesday, 18 October 2011

ကျန်းမာရေးပိုကောင်းအောင်

http://medtips.in/wp-content/uploads/2011/08/Hand_Body_Lotions.jpg

ရေစိုခံ Sunscreen ကို သတိထားပါ
အလှကုန်ပစ္စည်းထုတ်ကုန်ပေါ်မှာ ရေစိုခံ Sunscreen လို့ စာတန်းကပ်ထားတဲ့ စာတွေမြင်တိုင်း ပင်လယ်ကမ်းစပ်မှာ သင့်ကို တစ်နေကုန် နေရာင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်တယ်လို့ မထင်ပါနဲ့။ ရေနဲ့ဖျက်လို့ မပျက်တာကိုပဲ ဆိုလိုတာပါ။ နှစ်နာရီကြာတိုင်း အဲဒီ Sunscreen တွေကို ပြန်လိမ်းပေးရပါမယ်။

မလိုင်အပြည့်ပါဝင်သည့် နို့တွေဟာ သင့်နှလုံးကို ဒုက္ခမပေးနိုင်ပါ

အာဟာရ၊ ဇီဝရုပ်ဖြစ်ပျက်မူနဲ့ နှလုံးသွေးကြောရောဂါဆိုင်ရာ ဂျာနယ်မှာ သွေးကြောရောဂါဆိုင်ရာ ဂျာနယ်မှာ ဖော်ပြချက်အရ မလိုင်အပြည့်ပါဝင်တဲ့ နို့တွေမှာ ပြည့်ဝဆီတွေ အများအပြားပါနိုင်နေပေမယ့် နှလံးရောဂါဖြစ်နိုင်ခြေကို မမြင့်မားနိုင်ဘူးလို့ ဆိုပါတယ်။ နို့ထွက် ပစ္စည်းတွေမှာ ကယ်လ်စီယမ်၊ ဗီတာမင်ဒီ၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ Conjugated Linolecic Acid (CLA) အပါအ၀င် အကျိုးရှိတဲ့ အာဟာရများစွာပါဝင်ပြီး သူတို့ဟာ ပြည့်ဝဆီတွေရဲ့ ဆိုးကျိုးကို ဖယ်ရှားနိုင်လို့ပါ

သွေးဖိအား များနေသလား၊ သွေးတိုးနေသလား
သင့်မှာ သွေးတိုးနေရင် (သွေးပေါင်မြင့် နေရင်) Acetaminophen (Tylenol) ဆေးမသောက်ခင် ဆရာဝန်နဲ့ အရင်စစ်ဆေးပါ။ ဆွီဒင်မှ လေ့လာမူ အသစ်အရ အဲဒီအကိုက်အခဲပျောက်ဆေးဟာ သွေးဖိအားတိုးမြှင့်တက်စေနိုင်လို့ပါ။

ကလေးရဖို့ ကြိုးစားနေသလား၊ ကိုလာမသောက်ပါနဲ့
နေ့စဉ် ကိုလာတစ်ခွက် ဒါမှမဟုတ် ဒါထက်ပိုသောက်မိတဲ့ အမျိုးသားတွေဟာ ကိုလာမသောက်သူ အမျိုးသားတွေထက် သုက်ပိုးအရေအတွက် ၃၀ရာခိုင်းနူန်းလျှော့ချနိုင်တယ်လို့ American Epidemiology ဂျာနယ်မှာ ဖော်ပြထားပါတယ်။ သုတေသီတွေက ကိုလာကြောင့် သုတ်ပိုး ဘယ်လိုထိခိုက်တယ်ဆိုတာ မပြောပြနိုင်သေးပေမယ့် ကိုလာမှာ ပါဝင်တဲ့ ကဖင်းကြောင့် မဟုတ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး (GOOD HEALTH JOURNAL)