ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 22 August 2012

တောသူမလေးနှင့် ကြည်ပြာရောင်နှလံုးသားတို့၏ ရွှေအင်တာဗျူးအစီအစဉ်


http://api.ning.com/files/HrlfYBbt94SH*rjkKkCeEZQDjsnuQaPWkbH8SD8PHR*q1XOME0-qBzbfT3NyyIPqeMSI7Fh-bBn-MSLdktLAzB-U4MhiZAHQ/01jg052UkWI.gif
ရွှေမိသားစုကြီးအားလုံး မင်္ဂလာပါရှင့်
ဒီတစ်ပတ် ရွှေမြန်မာဥယျာဉ်မှ အပတ်စဉ်ကျင်းပနေကြဖြစ်သော ကျွန်မတို့ ရွှေမြန်မာဥယျာဉ်ရဲ့ အင်တာဗျူးအစီအစဉ်ကဏ္ဍလေးကို ထပ်မံတင်ဆက်ဖို့ အချိန်ကျရောက်လာပါပြီ။ ဒီတစ်ပတ်မှာတော့ အင်တာဗျူးအစီအစဉ်လေးကို တောသူမလေးမှ တာဝန်ယူတင်ဆက်ပေးမှာဖြစ်ပြီး အင်တာဗျူးအတွက် ရွေးချယ်ထားသူလေးကတော့ဖြင့် (ကြည်ပြာရောင်နှလုံးသား)လို့ အမည်ရတဲ့ ရွှေမိသားစုဝင်တစ်ဦးကို တောသူမလေးမှ ရွေးချယ်ပေးထားပါတယ်ရှင်။ ဒီလောက်ဆို ဖြေကြားပေးမယ့်သူရဲ့ နာမည်လေးကိုလည်း သိလိုက်ကြရပြီဆိုတော့ ရွှေမိသားစမှ အစ်ကိုကြည်ပြာရဲ့ အကြောင်းတစေ့တစောင်းလေးကို အားလုံးပဲ သိချင်နေကြပြီလို့ ထင်ပါတယ်။ ဒီတော့ ရွှေမိသားစုကြီးကိုယ်စား တောသူမလေးကနေ အစ်ကိုကြည်ပြာကို မေးခွန်းလေးတွေမေးရင်း အင်တာဗျူး အစီအစဉ်လေးကို စလိုက်ကြရအောင်လားရှင်။

http://friends18.com/img/divider/0051.gif

   http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရေ မင်္ဂလာပါရှင်! ညီမလေးတို့ ရွှေမြန်မာဥယျာဉ်ရဲ့ အင်တာဗျူးကဏ္ဍလေးအတွက် အစ်ကိုကို အင်တာဗျူးလေး မေးချင်လို့ပါရှင်။

 http://www.virtuallandmedia.com/a5/6/a.gifhttp://www.virtuallandmedia.com/a5/6/a.gif
မင်္ဂလာပါခင်ဗျာ.... ဟုတ်ကဲ့မေးပါခင်ဗျာ.. ဖြေနိုင်တာကိုပြောပါ့မယ်။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ပထမဦးဆုံးအနေနဲ့ ရွှေမြန်မာဥယျာဉ်ထဲက မန်ဘာဝင်မိသားစုကြီးအားလုံးကို အစ်ကိုရဲ့ နာမည်အရင်းလေးနဲ့ မိတ်ဆက်ပေးပါအုံးရှင်။

http://www.virtuallandmedia.com/a5/6/a.gifhttp://www.virtuallandmedia.com/a5/6/a.gif
ဟုတ်ကဲ့ ကျနော့်ရဲ့ နာမည်အရင်းကတော့ မောင်ကျော်လှိုင်ပါခင်ဗျာ.... ရွှေမြန်မာဥယျာဉ်ရဲ့မန်ဘာဝင်အားလုံးကို ခင်မင်လေးစားပါတယ်။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရဲ့ မွေးရပ်မြေနဲ့ ယခုလက်ရှိရှင်သန်နေထိုင်နေတဲ့ နေရာလေးကိုလည်း
 ရွှေမိသားစုကြီးကို ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကျနော့်ဇာတိက ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က ဒုံကနိကျေးရွာ ဖြစ်ပါတယ်… ကျနော် ယခုလက်ရှိနေထိုင်နေတာက မလေးရှားနိုင်ငံ ပူချုန်းမြို့မှာပါ။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရဲ့ မိသားစုလေးနဲ့လည်း ရွှေမိသားစုကြီးကို မိတ်ဆက်ပေးပါအုံးရှင်။

http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
မိသားစု ငါးယောက်ပါ… ကျနော်အမေရယ်၊ အမရယ်၊ ဦးလေးရယ်၊ အဒေါ်ရယ်၊ ကျနော်ရယ်ပေါ့... အဖေကတော့ မြောက်ဥက္ကလာပါမှာ နေပါတယ်။

http://friends18.com/img/divider/0051.gif


  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ရွှေမြန်မာဥယျာဉ်ထဲမှာ (ကြည်ပြာရောင်နှလုံးသား)လို့ အမည်ရတဲ့ နာမည်လေးကို စွဲမြဲစွာနဲ့ သုံးဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါအုံးလားရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကြည်ပြာရောင်နှလုံးသားဆိုတာ သီချင်းထဲကနာမည်လေးပါ… အဲသီချင်းကို ကျနော် အရမ်းကြိုက်နေချိန် ရွှေမြန်မာဆိုက်ကို ၀င်ဖြစ်ခဲ့ပါတယ်… ဒီနာမည်လေးနဲ့ပဲ ``မသင်္ကာလို့´´ဆိုတဲ့ ဟာသတစ်ပုဒ် ရေးဖြစ်ရင်းကစလို့ ဒီနာမည်ကို စွဲစွဲမြဲမြဲသုံးဖြစ်ခဲ့တာပါ။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ယခုလက်ရှိ အစ်ကိုမှာ ဘ၀လက်တွဲဖော်(သို့) ချစ်ရသူရှိနေပြီလား၊ တစ်ကယ်လို့မရှိသေးဖူးဆိုရင် အစ်ကိုရဲ့ ဘ၀လက်တွဲဖော်ကို ဘယ်လိုပုံစံမျိုးလေး ရွေးချယ်မယ်ဆိုတာလေးလည်း ပြောပြပေးပါအုံးလားရှင်။

http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ဘ၀လက်တွဲဖော်က ရှိနေပြီးသားပါ... သူကလည်းကျနော့ ဇာတိရွာကပါပဲ... ရည်းစားသက်တမ်း အခုဆိုရင် (၁၅)နှစ် ရှိနေပါပြီ... သူက အရမ်းကို သိမ်မွေ့နူးညံ့တယ်… တည်ကြည်လေးနက်တယ်… နောက်ကျနော့အပေါ်ကိုလည်း လေးစားချစ်ခင်တယ်... အရပ်ရှည်တယ်… အဲဒါတွေက ကျနော်ရွေးချယ်မဲ့ ပုံရိပ်တွေဖြစ်လို့ ကျနော့ဆန္ဒနဲ့လည်း ထပ်တူကျပါတယ်။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရဲ့ လက်ရှိရှင်သန်နေထိုင်နေရတဲ့ ဘ၀ပုံစံနဲ့ အစ်ကို့ရင်ထဲမှာဆန္ဒရှိတဲ့ ဘ၀ပုံစံလေးက ဘယ်လိုလေးလည်းဆိုတာရယ် ဘ၀နဲ့ဆန္ဒထပ်တူကျရဲ့လား ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
သူများနိုင်ငံမှာ အလုပ်လုပ်ရတာဆိုတော့ ကိုယ့်မိခင်နိုင်ငံလောက်တော့ ဘယ်ပြည့်စုံလေးနက်မှုရှိပါ့မလဲ... အထူးသဖြင့် စိတ်ခံစားမှုနဲ့ ပတ်သက်လို့ပေါ့... မလေးကိုစရောက်တော့ အသက်က (၁၇) ပဲရှိပါသေးတယ်... ဘာဆိုဘာမှကို မသိသေးပါဘူး… ကျောင်းတက်နေရင်းတန်းလန်းနဲ့ လူကြုံရှိလို့အမဖြစ်သူက (၂)နှစ်ပဲနေဆိုပြီး မလေးကိုလွှတ်လိုက်တာ…နေရင်းနေရင်နဲ့ ခုဆိုရင် (၉၆)ကဆိုတော့ (၁၆)နှစ်ပေါ့... နှစ်ခေါက်ပြန်လည်ပြီးသွားပါပြီ... အလုပ်မျိုးစုံကိုလည်း လုပ်ခဲ့ဖူးသလို ဒုက္ခပေါင်းစုံကိုလည်း ကြုံခဲ့ဖူးပါတယ်… သုခတွေလည်းခံစားဖူးပါတယ်... အခုလက်ရှိနေနေတဲ့ နေရာပူချုန်းမှာတော့ အေးချမ်းတည်ငြိမ်မှုရတယ်လို့ဆိုရမှာပါ... ငွေလည်းစုနိုင်တယ်… အသက်အရွယ်ပဲရလာလို့လားမသိဘူး.. ပေါင်းသင်းဆက်ဆံရေး တွေလည်း အဆင်ပြေလာတယ်... ကျနော်က အေးအေးချမ်းချမ်းလေးနဲ့ နေရတာကို ပိုသဘောကျပါတယ်… ရှိတာ\မရှိတာထက် စိတ်ချမ်းသာဖို့ကိုပဲ အဓိကထားပါတယ်... ဆန္ဒနဲ့ဘ၀ထပ်တူကျဖို့ မကြိုးစားပါဘူး... ဖြစ်လာတဲ့အပေါ်မှာ စိတ်ကျေနပ်တတ်အောင် နေနိုင်ဖို့ပဲ ကြိုးစားပါတယ်... ဒါကြောင့်ထပ်တူကျသည်ဖြစ်စေ မကျသည်ဖြစ်စေ အဆင်ပြေနေပါတယ်... လုပ်ယူလို့ရလာတဲ့ အရာဟာ... အတုသာဖြစ်တယ်လို့ ခံယူထားတယ်လေ... ဆန္ဒနဲ့ဘ၀ထပ်တူကျတယ်လို့ပဲ ဆိုရမှာပါပဲ။

http://friends18.com/img/divider/0051.gif

  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ရွှေမြန်မာဥယျာဉ်ထဲကို အစ်ကိုစရောက်ဖြစ်ခဲ့ပုံလေးနဲ့ ဥယျာဉ်လေးထဲမှာ စာပေတွေရေးသားဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါအုံးရှင်။

http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကျနော်အိမ်က ဘော်ဒါတယောက်က လက်တော့ ရောင်းချင်တယ်ပြောလို့ ၀ယ်မဲ့သူရောက်လာတဲ့အထဲမှာ ကိုဒီမွန်ပါလာပါတယ်... ဆော့ဝဲတစ်ခုသူ့ကိုမေးရင်းက သူဝင်ထားတဲ့ ရွှေမြန်မာဥယျာဉ်ဆိုက်ကိုဝင်မိတာကစလို့ ဟာသလေးတွေရေး ပိုစ့်တွေဖတ် ကွန်မန်းတွေပေးရင်းနဲ့ပဲ ရွှေမြန်မာဥယျာဉ်ဆိုက်ကို သံယောဇဉ်ဖြစ်လာတယ်လေ...  အဲဒီနောက် မှတ်သားထားသမျှ ဟာသတိုလေးတွေရေးတင်… ဘာသာရေးဆောင်းပါ၊ ကဗျာ၊ နောက်ပိုင်း ရေးထားပြီးသား ၀ထ္ထုတိုလေးတွေတင်ရင်နဲ့ စားပေလောကထဲ ၀င်ရောက်ခဲ့တာပါ... လိုင်းပေါ်မတက်ခင်ကတဲက ရေးထားတဲ့စာတွေရှိပြီးသားပါ... ဘာရယ်လို့မဟုတ်ဘူး... သူများတွေရေးသလို ရေးလို့ရသလားဆိုပြီး စမ်းကြည့်တဲ့သဘောနဲ့ ရေးခဲ့တာပါ... လုံးချင်းဝထ္ထုရှည်တစ်ပုဒ်လည်း ရေးထားတာ ရှိပါတယ်… နောက်ရေးထားတဲ့ ၀ထ္ထုတိုတွေလည်း လေးငါးခုလောက် ရှိပါတယ်... အဲအထဲမှာ ရွှေဆိုက်ကိုတင်ခဲ့တဲ့ ၀ထ္ထုတစ်ပုဒ်က စာမျက်နှာ (၁၄)မျက်နှာရှိပါတယ်... (ဒိုင်ပဲဂွကြီးနဲ့ ပုရွဲဆိတ်ကုန်း) ဆိုတာပါ... တခြား ၀ထ္ထုတိုတွေက စာမျက်နှာ အဲလောက်မများပါဘူး... အဲဒီလိုကိုယ်ရေးပြီးသားတွေကို စမ်းတင်ရင်းက ရွှေဆိုက်မှာစာတွေ  ရေးဖြစ်သွားခဲ့တာပါ။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ညီမတို့ ရွှေမြန်မာဥယျာဉ်လေးကို အစ်ကိုရဲ့အမြင်နဲ့ အစ်ကိုရင်ထဲမှာဖြစ်ပေါ် ခံစားရတဲ့ ခံစားချက်အမြင်လေးကိုလည်း ပြောပြပေးပါအုံးရှင်။

http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ရွှေမြန်မာဥယျာဉ်လေးက ကျနော်အတွက် စာပေတွေ ရေးချင်စိတ်ဖြစ်ပေါ်လာအောင် မြေတောင်မြှောက်ခဲ့တဲ့ ဆိုဒ်ကလေးပါ... ဒီရွှေဆိုက်လေးမှာ နေရတာပျော်တယ်… အားလုံးကလည်း ချစ်ချစ်ခင်ခင်နဲ့ ရင်နှီးဖော်ရွေကြပါတယ်… မိန်းချက်ထဲမှာလည်း ရိုင်းစိုင်းတာတို့ ဘာတို့မတွေ့ရဘူး... တခြားဆိုက်တွေနဲ့လည်း မတူဘူး... ယဉ်ကျေးတယ်လို့ ပြောရမယ်... စာပေကိုလည်း ချစ်မြတ်နိုးကြပါတယ်... ဒီဆိုက်လေးမှာနေရတာ အရမ်းကို ၀မ်းသာပီတိဖြစ်ရပါတယ်... ဆိုက်ကောင်းလေး တစ်ခုပါပဲလို့ ပြောချင်ပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုအနေနဲ့ ဘယ်လိုစာပေကဏ္ဍအမျိုးအစားတွေကို ဖတ်ရူရတာဝါသနာပါပြီး ဘယ်လိုစာပေမျိုးတွေကို ရေးသားရတာကို အားရကျေနပ်မိသလဲဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ဘာသာရေးစာပေတွေ ဖတ်ရတာကိုဝါသနာပါပြီးတော့ ဘယာနကရသစာပေတွေကို ရေးရတာကို အားရကျေနပ်မိပါတယ်... ဂမ္ဘီရပေါ့။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ဘာသာတရားအပေါ် ကိုးကွယ်ယုံကြည်မူနဲ့ ဘာသာရေးစာပေတွေအပေါ်မှာ အစ်ကိုဖတ်ရူ ခံစားသိရှိရတဲ့ အတွေးအမြင်လေးကိုလည်း ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ဘာသာတရားကို ကျနော်လေးစားမြတ်နိုးပါတယ်... ဘုရားကိုကြည်ညိုရင် ဘုရားစကားနားထောင်ရမယ်လို့ သိထားပါတယ်... ဒါကြောင့် ငါးပါးသီလကို လုံအောင်လည်း စောင့်ထိန်းပါတယ်... သုံးပါးကတော့ လွတ်လွတ်ကျွတ်ကျွတ်ရပါတယ်… ကျန်တဲ့နှစ်ပါးကတော့ ရတဲ့အခါလည်းရသလို မရတဲ့အခါလည်းမရတတ်ပါဘူး... မြန်မာပြည်ပြန်လည်တုန်းက မဟာဗုဒ္ဓ၀င် ခြောက်တွဲရှစ်အုပ်ကြီးကို ၀ယ်ချလာတယ်လေ.. လေးလလောက်ဖတ်ယူရတယ်... ဘာသာရေးစာပေတွေ ဖတ်လိုက်ရတာ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးကိုတိုးပွားစေပါတယ်... ဗုဒ္ဓစာပေတွေက လိုလို့ပြန်နှုတ်လိုက်ရတယ် ပိုလို့လျှော့လိုက်ရတယ် ဆိုတာမရှိပါဘူး... တိကျမှန်ကန်တဲ့ ဘ၀အမြင်တွေကို ပေးပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရေးတဲ့စာပေတွေကို ဖတ်ရူအားပေးနေတဲ့ ရွှေမိသားစုကြီးအတွက် အစ်ကို့ရဲ့ ရင်ထဲကဖြစ်ပေါ်လာတဲ့ ဖြစ်စေချင်တဲ့ ဆန္ဒစကားလေးပြောပေးပါအုံးလားရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကျနော်ရေးတဲ့ စာတွေဖတ်ပြီး ကြည်နူးဝမ်းမြောက်ကြပါစေ... အသိဥာဏ်တွေတိုးပွားပါစေ... အမှားအမှန်ကို ခွဲခြားနားလည်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
လူတိုင်းမှာ ၀ါသနာကိုယ်စီရှိကြတယ်ဆိုတော့ အနုပညာ၊ စာပေ၊ ဂီတ အစရှိသဖြင့် အစ်ကိုဘယ်လိုပညာရပ်တွေမှာ ၀ါသနာပါသလဲဆိုတာလေးလည်း သိပါရစေရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကျနော်ဝါသနာပါတာက  အနုပညာနဲ့ပတ်သက်တာတွေအားလုံးလို့ပဲပြောရမယ်... သီချင်ဆိုရင် ကိုယ်တိုင်ရေးပြီးဆိုတယ်... အပုဒ်(၂၀)ရှိတယ်... စီးဒီထုတ်ဖို့မဟုတ်ဘူး ဟိ…ဟိ.. (ရယ်လျက်) စမ်းကြည့်တာ... အဲဒါကို ပိုဝါသနာပါပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုအနေနဲ့ ရွှေမြန်မာဥယျာဉ်ထဲမှာ ကဗျာတွေကို အများဆုံးရေးဖြစ်တာကို တွေ့ရတဲ့အတွက် ကဗျာတွေရေးသားရတဲ့အပေါ် အစ်ကိုရဲ့ ခံစားချက် စိတ်ကူးနဲ့ အတွေးအမြင်လေးကိုလည်း သိပါရစေရှင်။

http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကဗျာတွေရေးရင် အလုပ်ထဲမှာ ရေးတာများပါတယ်… မုထည့်ပြီးရေးပါတယ်... နိုင်ငံအတွက် ဘာသာအတွက်ဆိုရင်တော့ မုထည့်တာခဏနဲ့ရပါတယ်… အချစ်ကဗျာဆိုရင်တော့ မုထည့်ရတာကြာတယ်... အလွမ်းဓာတ်ခံနည်းနေလို့လား မသိဘူး… ဟိ…ဟိ.. (ရယ်လျက်) နောက်ဆုံးမရရင် တယောက်ယောက်ကို ခံစားရင်းစိတ်ညွှတ်ပြီး ရေးပစ်လိုက်တယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
လောကမှာ လူရယ်လို့ဖြစ်လာခဲ့ရင် လူတစ်ယောက်အတွက် ဘယ်လိုကျင့်ကြံရှင်သန်နေထိုင်မှ လူ့ဂုဏ်သိက္ခာကိုစောင့်ထိန်းနိုင်တဲ့ လူပီသတဲ့သူတစ်ယောက် ဖြစ်နိုင်မလဲဆိုတဲ့ အစ်ကိုရဲ့ ခံယူချက်အတွေးအမြင် လေးကိုလည်း ရွှေမိသားစုကြီး အတုယူမှတ်သားရအောင် ပြောပေးပါအုံးလားရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
လောကမှာ လူရယ်လို့ဖြစ်လာရင် ကိုယ့်ကိုကိုယ်လည်းအကျိုးပြု အများအတွက်လည်းအကျိုးပြု စေနိုင်မဲ့အကြောင်းတွေကို လုပ်ရင်းနဲ့ လူပီသအောင်နေကြပါလို့ ပြောချင်ပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ဘ၀မှာ လူရယ်လို့ဖြစ်လာရင် အခက်အခဲတွေ အနဲနဲ့အများတော့ သူသူငါငါ ရင်ဆိုင်ကြုံတွေ့ နေကြရတာပဲဆိုတော့ အဲ့ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတဲ့အခါ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ အခက်အခဲတွေကြားကနေ ကျော်လွှားဖြတ်သန်းခဲ့သလဲ? ကျော်လွှားဖြတ်သန်းကြရမလဲ ဆိုတာလေးကိုလည်း ရွှေမန်ဘာဝင်များအားလုံးအတွက် ပညာပေးစကားလေးအနေနဲ့ ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
အခက်အခဲဆိုတာ ကြုံတွေခဲ့ကြသူတွေချည်းပါပဲ... အဲ့ဒီအခက်အခဲကို ကျော်လွှားဖို့အတွက် အကြောင်းအကျိုးဆင်ခြင်နိုင်မဲ့ ဥာဏ်လေးရှိထားသင့်တယ်လို့ ယူဆပါတယ်... အရင်မလိုပဲ စိတ်ကိုအေးဆေးတည်ငြိမ်အောင်ထားပြီး ပြဿနာကို သိမ်မွေ့နူးညံစွာ ဖြေရှင်းရင်းနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်ထင်ပါတယ်... အဲလိုစိတ်ကိုတည်ငြိမ်နိုင်ဖို့ စိတ်လေ့ကျင့်ခန်းလုပ်ထားသင့်ပါတယ်... ဒါမှ အခက်အခဲရဲ့ လောကဓံတရားတွေကို ကြံကြံခံနိုင်မှာပါ။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုဘ၀မှာ စိတ်အညစ်ဆုံးအချိန်နဲ့ အပျော်ဆုံးအချိန်တွေမှာ ဘယ်လိုအပြုအမူမျိုးတွေ ပြုလုပ်တက်သလဲဆိုတာကိုလည်း ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
စိတ်အညစ်ဆုံးအချိန်မှာ ဘာသာရေးအကြောင်းတွေကိုပြောရင်းနဲ့ စိတ်ဖြေပါတယ်... အပျော်ဆုံးအချိန်မှာ ဂစ်တာတီးပြီး သီချင်းဆိုပစ်လိုက်ပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ရွှေမြန်မာဥယျာဉ်ထဲမှ ၀ါသနာရှင် စာပေချစ်သူ ညီအစ်ကို မောင်နှမတွေ အားလုံးအတွက် အစ်ကိုရဲ့ အားပေးစကားလေးကိုလည်း ပြောကြားပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
စာရေးမကြောက်ကြပါနဲ့… စာရေးတတ်ဖို့ စာများများရေးခြင်းသာ အဓိကလို့အပ်ပါတယ်... ကိုယ့်မြန်မာစာကိုယ်ရေးတာ တခြားဘာသာနဲ့ရေးတာ မဟုတ်ဘူးလို့ ခံယူပြီးရေးကြပါ... ကျနော်လည်း အဲလိုသဘောထားပြီးရေးပါတယ်... ရွှေဆိုက်မန်ဘာအားလုံးကို အခုပြုလုပ်ထားတဲ့ စာပေပြိုင်ပွဲလေးကိုလည်း ပါဝင်လက်သွေးကြပါလို့ ဖိတ်ခေါ်ပါတယ်… အားပေးစောင့်မျှော်နေလျှက်ပါ။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ရွှေမြန်မာဥယျာဉ်အပေါ် ယခုလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ အက်ဒမင်တွေနဲ့ မန်ဘာဝင်တွေအားလုံးအတွက် လိုအပ်မယ်ထင်တဲ့ အကြံဉာဏ်လေးများရှိရင် ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ရွှေရဲ့အက်ဒမင်အားလုံးဟာ... စိတ်ရင်းကောင်းကြသူတွေဖြစ်ပါတယ်... ကိုယ့်ထမင်းကိုယ်စားပြီး အများအတွက် အလုပ်လုပ်ပေးနေကြလို့ လေးစားချီးကျူးမိပါတယ်… စာရေးချင်သူတွေရဲ့ အကျိုးကိုသယ်ပိုးပေးကြလို့ ကျနော်အနေနဲ့လည်း ကျေးဇူးအထူးတင်မိပါတယ်... ရွှေဆိုက်မှာ စာပေဟောပြောပွဲ အသံဖိုင်လေးတွေ လိုချင်သူယူနိုင်အောင် တင်ထားပေးရင် ကောင်းမယ်လို့ အကြံပြုချင်ပါတယ်။

http://friends18.com/img/divider/0051.gif


  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
ရွှေမြန်မာဥယျာဉ်မှာ အပမ်းဖြေနေကြတဲ့ ရွှေမိသားစုကြီးအတွက်  အစ်ကိုရဲ့ ရင်ထဲမှာစွဲမြဲပြီး လက်တွေ့ကျင့်သုံးနေတဲ့ ဆောင်ပုဒ်လေးများရှိရင် ပြောပြပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
စာမှမဟုတ်ပါဘူး ဘယ်အရာပဲဖြစ်ဖြစ် ဖတ်တတ်အောင်သင်ထားပါ… ``သင်သာဖတ်တတ်မယ်ဆိုရင် လူတိုင်းဟာ သင့်အတွက် ဖတ်စာအုပ်တွေပါပဲ´´ လို့ပြောချင်ပါတယ်။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
အစ်ကိုရဲ့ အင်တာဗျူးအစီအစဉ်လေးကို ဖတ်ရူအားပေးကြတဲ့ ရွှေမိသားစုကြီးအတွက် နူတ်ဆက်စကားလက်ဆောင်လေး ပြောပေးပါအုံးရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
အခုလိုကျနော်ရဲ့အင်တာဗျူးအစီအစဉ်လေးကိုဖတ်ရှုပ်အားပေးကြသူ ရွှေမန်ဘာအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး စိတ်ရဲ့သခင်ဖြစ်အောင် ကြိုးစားနိုင်သူတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gifhttp://www.virtuallandmedia.com/a5/6/q.gif
၂၂။ အခုလိုရွှေမြန်မာဥယျာဉ် အင်တာဗျူး အစီအစဉ်လေးဖြစ်မြောက်ရေးအတွက် ညီမလေး မေးမြန်းသမျှကို စိတ်ရှည်သည်းခံပြီး အချိန်ပေးဖြေကြားပေးခဲ့တဲ့ ရွှေမိသားစုဝင် အစ်ကို (ကြည်ပြာရောင်နှလုံးသား)ကို ရွှေအက်ဒမင်နှင့် ရွှေမန်ဘာဝင်များအားလုံးကိုယ်စား တောသူမလေးမှ ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။

 http://www.virtuallandmedia.com/a5/6/a.gif http://www.virtuallandmedia.com/a5/6/a.gif
ကျွန်တော်ကလည်း ရွှေအက်ဒမင်များနှင့်အတူ ရွှေမိသားစုကြီးအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

http://friends18.com/img/divider/0051.gif
  http://www.virtuallandmedia.com/a5/6/q.gif http://www.virtuallandmedia.com/a5/6/a.gif
ရွှေမြန်မာဥယျာဉ်ထဲမှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံးလည်း ဒီလောက်ဆိုရင် အစ်ကို ကြည်ပြာရောင်နှလုံးသားရဲ့ အမေးအဖြေလေးတွေကို ဖတ်ရူလိုက်ရလို့ အားလုံးပဲ ကျေနပ်ဝမ်းသာအားရမိကြမယ်လို့ ထင်ပါတယ်ရှင်။ နောက်အပတ်တွေမှာလည်း ဘယ်သူတွေက ဘယ်လိုလေးတွေမေးပြီး ဘယ်သူတွေက ဘယ်လိုလေးတွေ ဖြေကြအုံးမလဲဆိုတာကို စောင့်မျှော်ဖတ်ရူ အားပေးကြပါအုံးလို့ ပြောကြားရင်း ရွှေမိသားစုကြီးအားလုံးကို တောသူမလေးမှ နူတ်ဆက်လိုက်ပါရစေရှင်။



http://friends18.com/img/divider/0051.gif
http://api.ning.com/files/HrlfYBbt94SH*rjkKkCeEZQDjsnuQaPWkbH8SD8PHR*q1XOME0-qBzbfT3NyyIPqeMSI7Fh-bBn-MSLdktLAzB-U4MhiZAHQ/01jg052UkWI.gif
ရွှေမိသားစုကြီးအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
http://www.virtuallandmedia.com/a5/27/h1.gifhttp://www.virtuallandmedia.com/a5/27/a1.gifhttp://www.virtuallandmedia.com/a5/27/v1.gifhttp://www.virtuallandmedia.com/a5/27/e1.gif  http://www.virtuallandmedia.com/a5/27/a1.gifhttp://www.virtuallandmedia.com/a5/27/n1.gifhttp://www.virtuallandmedia.com/a5/27/c1.gifhttp://www.virtuallandmedia.com/a5/27/e1.gif http://www.virtuallandmedia.com/a5/27/d1.gifhttp://www.virtuallandmedia.com/a5/27/a1.gifhttp://www.virtuallandmedia.com/a5/27/y1.gif

No comments:

Post a Comment