ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 6 August 2012

ကျောက်စိမ်းများကို Galaxy S2 ဖုန်းသုံး၍ ရှာဖွေတွေ့ရှိ


မရမ်းကုန်းမြို့နယ်အတွင်းရှိ အိမ်တစ်အိမ်တွင် ယခင် ဘိုးဘွားလက်ထက်က မြှုပ်နှံထားသော ကျောက်စိမ်းများကို Gallexy II ဖုန်းသုံး၍ ရှာဖွေတူးဖော်နိုင်ခဲ့ကြောင်း ဘူမိဗေဒပညာရှင် ဒေါက်တာဦးစိုးသိန်းက ပြောသည်။


''ဖုန်းထဲမှာပါတဲ့ သံလိုက် စက် ကွင်းလှိုင်းဆွဲအားတိုင်းတာတဲ့ Application ကို သုံးပြီး လှိုင်းကြိမ် နှုန်း အနိမ့်အမြင့်ကို ကွန်တိုဆွဲကာ လှိုင်းဆွဲအား အမြင့်ဆုံးနေရာမှာ တူး ဖော်စေခဲ့တာပါ''ဟုဆက်ပြောသည်။ သံလိုက်စက်ကွင်း အပြောင်း အလဲကို အသုံးပြုပြီး ရှာဖွေသော နည်းစနစ်သည် သာမန်လူများ၌လည်း အဆင့်မြင့် ဖုန်းများကို အသုံး ပြု၍ ပျောက်ဆုံးနေသော ရှေး ဟောင်းပစ္စည်းများကို အကြမ်းဖျင်း သိရုံဖြင့် ရှာဖွေနိုင်မည်ဖြစ်ကြောင်း ယင်းပညာရှင်က ဆိုသည်။ ယင်းအိမ်ရှင်၏ ကွယ်လွန်သွား ခဲ့သူ အဘိုးက ယခင် အစိုးရများ လက်ထက်တွင် စိုးရိမ်သဖြင့် အိမ်ခြံဝင်းတစ်နေရာတွင် အနက် ၆ ပေခန့်၌ သစ်သားအခင်းများ အောက်တွင် အိုးဖြင့်ထည့်ကာ မြှုပ် နှံထားခဲ့ကြောင်း ၄င်းကပြောသည်။


''အောင်မြင်လို့ ရလာတဲ့ ပစ္စည်းတွေက ရောင်းချတာ သိန်း ဂဏန်းအနည်းငယ်ပဲရလို့ တန်ဖိုး မများပေမယ့်၊ အဘိုးအတွက် ရည် စူးပြီး အလှူအတန်းပြုလုပ်ပေးရလို့ အရမ်းဝမ်းသာပါတယ်''ဟု အိမ်ရှင် က ပြောသည်။ ယင်းရှာဖွေတူးဖော်မှုကို ယခင် လအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တူးဖော်နေစဉ် ရေများထွက်လာ သဖြင့် ရှာဖွေရာတွင် အခက်အခဲ ရှိကြောင်း ၊ အောင်မြင်စွာတွေ့ရှိရန် ၆ ရက်ခန့် ကြိုးစားရှာဖွေခဲ့ကြောင်း အိမ်ရှင် မငုဝါက ပြောသည်။ သတ္တုကြောများ၊ ရွှေကြောများ ကိုလည်း ယင်းအဆင့်မြင့်ဖုန်းများ သုံး၍ အနီးစပ်ဆုံးလွယ်ကူစွာ ရှာ ဖွေနိုင်ပြီး နိုင်ငံပိုင် မြေနေရာများ၌ တူးဖော်ရှာဖွေမည်ဆိုလျှင် ဥပဒေ အရ ငြိစွန်းနိုင်ကြောင်း ဒေါက်တာ ဦးစိုးသိန်းက ပြောသည်။

မော်နီကာသိရသလောက်ကတော့ ဦးစိုးသိန်းက သံလိုက်လှိုင်းကို တိုင်းတာပြီးမှ ပုံဖော်ပြီးတူးတာ။

မြန်မာနိုင်ငံမှာ မြုပ်နေတယ်ဆိုတဲ့ စပစ်ဖိုင်းယားတွေကိစ္စကို သူ ပြောပြတုန်းက 2004ခုနစ်လောက်ဘဲ ရှိသေးတယ်။

ဒဂုံတက္ကသိုလ်က ဘူမိဗေဒဌာနမှာ ပါမေက္ခနဲ့ အငြိမ်းစားယူခဲ့တာပါ။

ရှာရှာဖွေဖွေတင်ဆက်လိုက်ပါကြောင်း
ဒါနဲ.မယုံဘူးဆိုရင် ရွှေဆိုင်သွားပြီးကွင်းဆင်းလေ့လာနိုင်ပါကြောင်း 

မူရင်းလင့်ခ် မော်နီကာ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment