တရုတ်၌ ပျားများ အအုံခံသည့် ပြိုင်ပွဲ ကျင်းပ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရှောင်ယန်းမြို့တွင် ပျားများ အအုံခံသည့် ပြိုင်ပွဲတစ်ရပ်ကို ကျင်းပရာ အသက် ၂၀ အရွယ်ရှိ လယ်သမား ကွန်ကျန်းနှင့် အသက် ၄၂နှစ် အရွယ်ရှိ လယ်သမား ၀မ်ဒါလင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြပြီး ၀မ်ဒါလင်းက အနိုင်ရရှိ သွားကြောင်း သိရသည်။ သူတို့သည် ပျားဘုရင်မများကို အသုံးပြုပြီး သူတို့၏ ခန္ဓာကိုယ်ဆီသို့ တခြားပျားများ ၀ိုင်းအုံလာအောင် ဆွဲဆောင် ခဲ့ကြခြင်း ဖြစ်သည်။ ၀မ်ဒါလင်းသည် မိနစ် ၆၀ အတွင်း သူ၏ ခန္ဓာကိုယ်၌ ပျားအလေးချိန် စုစုပေါင်း ၅၉ ပေါင် လာအုံအောင် စုဆောင်း နိုင်ခဲ့ပြီး ကွန်ကျန်းက ပေါင် ၅၀ သာ စုဆောင်း နိုင်ခဲ့သည်။
မူုရင်းလင့်ခ် နော်ဆိုင်ဟတ်ပါ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။
No comments:
Post a Comment