မင်္ဂလာပါခင်ဗျာ
ရဲဇော်ကို(မလေး) တာဝန်ယူထားတဲ့ အင်တာဗျူးအစီစဉ်လေးကို
တင်ဆက်ဖို့ရွေးချယ်ထားသူလေးက ကျွန်တော်တို့ ရွှေမြန်မာဥယျာဉ်မှာ
ဘာသားရေးဆောင်ပါးဆု ရွှေမြန်မာဥယျာဉ်က ကျင်ပတဲ့ပြိုင်ပွဲတွေမှာလည်း
ဆုရထားသူလေး ရွှေမြန်မာဥယျာဉ်ရဲ့ ကြိုဆိုရေးတာဝန်ခံ
အက်ဒမင်တောသူမလေးပါပဲ။

မေး
၁။ မင်္ဂလာပါ ညီမလေး အကိုတို့ရွှေမြန်မာဥယျာဉ်အတွက် အင်တာဗျူးလေးမေးချင်လို့ပါနော်။

ဖြေ
ဟုတ်ကဲ့ရှင့်၊ မင်္ဂလာပါအစ်ကို…
ဟုတ်ကဲ့ရှင့်၊ မင်္ဂလာပါအစ်ကို…
မေး
၂။ ပထမဦးဆုံး ရွှေမြန်မာဥယျာဉ်ထဲက သူငယ်ချင်းတွေကို ညီမလေး
နာမည်အရင်းလေးနဲ့ မိတ်ဆက်ပေးပါလား။

ညီမလေးနာမည်က မိုးနှင်းဖြူပါရှင်။
ညီမလေးနာမည်က မိုးနှင်းဖြူပါရှင်။
မေး
၃။ ညီမလေးကို တောသူမလေးလို့ ခေါ်ရတဲ့အကြောင်းအရင်းသိပါရစေ။

ဒီနာမည်လေးကို ရွေးဖြစ်ခဲ့တာကတော့ တစ်ခြားနာမည်တွေဆို လိုင်းပေါ်မှာ
နာမည်တူနေတာတွေ ထပ်နေတာတွေများနေတော့ ဒီနာမည်လေးက
သူများတွေနဲ့လည်းမတူသလို အင်တာနက်ပေါ်မှာ သုံးတဲ့လူသိပ်မများတာရယ်။
နောက်ပြီး နာမည်လေးကို ကြားလိုက်တာနဲ့ တောရွာရဲ့ အေးချမ်းလှတဲ့
သဘာဝပုံရိပ်လေးတွေပါနေတော့ နားထောင်ရတာလည်း အေးချမ်းတည်ငြိမ်သလိုလေးလည်း
ခံစားရတာကြောင့် စိတ်ကြိုက်နာမည်လေးအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်ရှင်။

၎။ ညီမလေး မိသားစုလေးနဲ့ မိတ်ဆက်ပေးပါအုံးနော်။

ညီမလေးတို့က မိသားစု ငါးယောက် ရှိပါတယ်။ ညီမလေးမှာ အစ်ကိုတွေ မောင်လေးတွေ
မပါဘဲနဲ့ ညီအစ်မတွေကြည့်ပဲ သုံးယောက်ရှိပါတယ်။ အဖေ၊ အမေရယ်
ညီအစ်မသုံးယောက်ရယ် ဆိုရင်တော့ အခုလက်ရှိ မိသားစုငါးယောက်
ပျော်ရွှင်ချမ်းမြေ့စွာနဲ့ တည်ရှိနေထိုင်နေပါတယ်ရှင်။

၅။ အကိုတို့ ရွှေမြန်မာဥယျာဉ်ထဲမှာ ညီမလေးရင်ထဲက ဖြစ်ပေါ်နေတဲ့
စိတ်လေးကိုလည်း သိပါရစေ။

ညီမလေးတစ်ခြား ning ဆိုဒ်တွေအများကြီး လိုက်သုံးဖူးပါတယ်။ ဒါပေမယ့်
ဒီဆိုဒ်လေးကိုတော့ မိုးလင်းလို့ စက်ရှေ့ရောက်တာနဲ့ ပထမဆုံး
ဖွင့်ဝင်ရလောက်အောင်ကို အတော်လေးကို သံယောဇဉ်တွယ်မိပါတယ်။
သူများဆိုဒ်တွေနဲ့ မတူညီတဲ့ ထူးခြားချက်လေးတွေကတော့
ပြိုင်ပွဲလေးတွေကျင်းပပေးတာဟာ စာပေချစ်သူတွေအတွက်
ကိုယ်ပိုင်အရည်အချင်းလေးတွေကို စစ်ဆေးနိုင်တဲ့ ထူခြားတဲ့
အခွင့်အလမ်းလေးတစ်ခုကို ရရှိစေတယ်လို့ထင်မိပါတယ်၊ လစဉ်အကောင်းဆုံးဆု
ချီးမြှင့်ပေးတာကတော့ လစဉ် ဥယျာဉ်လေးထဲမှာလာရောက်ပြီး စာပေတွေရေးသားလို့
သိရှိထားတာလေးတွေကို မျှဝေပေးတဲ့သူတွေအတွက် အားအင်တစ်ခုကို
ဖြစ်စေတယ်လို့ထင်မိပါတယ်။ နောက်ပိုလို့ ၀မ်းသာမိတာကတော့ ရွှေထဲမှာရှိတဲ့
မန်ဘာဝင် မိသားစုတွေအားလုံးကလည်း စကားပြောဆိုရာမှာ တစ်ဦးကိုတစ်ဦး
လေးစားချစ်ခင်စွာနဲ့ ပြောဆိုကျပြီး အရမ်းကို လိမ်မာယဉ်ကျေးကြတဲ့အပြင်
တာဝန်ရှိသူအက်မင်တွေအားလုံးကလည်း မန်ဘာဝင်မိသားစုတွေအပေါ်မှာ အင်မတန်
ချစ်ခင်ဖော်ရွေကြလို့ ဒီဆိုဒ်လေးထဲမှာ အပန်းဖြေရတာ အရမ်းကို
စိတ်ချမ်းသာရလို့ ၀မ်းသာပီတိဖြစ်မိပါတယ်ရှင်။

၆။ အကိုတို့ ရွှေမြန်မာဥယျာဉ်ကို အကြံပြုလေးပြောပေးပါလား။

ညီမစိတ်ထဲမှာတော့ ဒီရွှေမြန်မာဥယျာဉ်ကြီးထဲမှာ အားလုံးပြည့်စုံနေတယ်လို့
ခံစားမိတဲ့အတွက်ကြောင့် အကြံပေးစရာထွေထွေထူးထူးမရှိပေမယ့်လို့ အခုလိုပဲ
တစ်ဦးသိရှိထားတာလေးတွေ တစ်ဦးရဲ့စိတ်ခံစားမူတွေကို ရေးသားမျှဝေ
ခံစားဖတ်ရူအားပေးကြရင်း အက်မင်တွေနှင့်အတူ မန်ဘာတွေအားလုံး
ချစ်ချစ်ခင်ခင်လေးလေးစားစားနဲ့ ပျော်ရွှင်စွာ ဆက်လက်ချီတက်ကြမယ်ဆိုရင်
အားလုံးပြည့်စုံနေမှာပါလို့ ပြောချင်ပါတယ်ရှင်။

၇။ ဘာသားရေးဆောင်းပါးတွေ ရေးတင်ရတဲ့ အကြောင်းအရင်းလေး ပြောပြပေးပါလား။

ဘာသာရေးစာတွေကို ဖတ်မှတ်လေ့လာရတဲ့အတွက် တစ်ခုခုဆိုရင်
ရိုးရိုးတွေးတောစဉ်းစားတာထက် ဘာသာရေးရူထောင့်ကနေ
စဉ်းစားဝေဖန်ချင့်ချိန်တက်လာတော့ ရိုးရိုးအသိနဲ့ ဘာသာရေးအသိက
အရမ်းကိုကွာခြားသွားပါတယ်။ သူများက ကိုယ့်တစ်ခုခုများ မခံချင်အောင်
ပြောဆိုပြုမူလိုက်ရင်တောင်မှ သူများကိုအပစ်တင်ရမှာထက် မိမိကိုယ်ပဲ
ပြန်အပစ်တင်တက်လာပါတယ်။ သူများက ကိုယ့်ကို ညာသွားခဲ့တယ်ဆိုရင်တောင်
လူလိမ်လူညာဆိုပြီး ဒေါသမီးတောက်မနေမိတော့ပဲ ဟိုဘ၀က ငါသူများကို
ဒီလိုလုပ်ခဲ့ ပြုခဲ့မိလို့ ငါအခု ပြန်ခံရတာပါလား ဒါတွေအားလုံးဟာ
ငါ့အပစ်တွေပါလားဆိုပြီးမှ ငါလုပ်ခဲ့တုန်းကလည်း သူများဒီလိုပဲ
ခံစားခဲ့ရမှာပဲဆိုတဲ့အသိနဲ့ ကိုယ်ချင်းစာတတ်တဲ့စိတ်လေး
အသိလေးတွေဝင်လာတဲ့အခါ သူတစ်ပါးအပေါ်မှာ မကောင်းမူမပြု မကောင်းတဲ့စိတ်တွေ
မထားတော့ဘဲ အခုဆို “တရားဓမ္မ”အသိတွေနဲ့ အင်မတန်ကို အေးမြပြီး နေထိုင်ရတာ
အရမ်းကိုတန်ဖိုးရှိလှပါလားဆိုတဲ့ စိတ်လေးတစ်ခုတည်းနဲ့
ဒီတရားဓမ္မအသိလေးတွေကို ညီမလေးလိုပဲ တစ်ခြားသူတွေလည်း
လေ့လာသိရှိခဲ့မယ်ဆိုရင်ဖြင့် သူတို့ဘ၀ပူလောင်မူဒေါသတွေပျောက်ပြီး
ညီမလေးလို အေးချမ်းမူနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
ပိုင်ဆိုင်နိုင်ကြပါစေဆိုတဲ့ အတွေးအသိလေးတစ်ခုနဲ့
အင်တာနက်စသုံးဖြစ်တဲ့အချိန်ကစပြီး ဘာသာရေးဆောင်းပါးတွေကို
စိတ်ပါဝင်စားစွာ ရေးသားမျှဝေခဲ့ရခြင်းဖြစ်ပါတယ်။ တရားဓမ္မနဲ့
ထုံမွှမ်တဲ့အချိန်ကသာလျှင် တန်ဖိုးအရှိဆုံးအချိန်ပါပဲရှင်။

၈။ ရွှေမြန်မာဥယျာဉ်ပြိုင်ပွဲတွေမှာ ဆုရတဲ့စာလေးတွေရဲ့ ခေါင်းစဉ်နဲ့
ရင်ထဲက ပီတိစကားလေးကြားပါရစေ။

ညီမလေးက ဘာသာရေးဆောင်းပါးတွေပဲ ရေးဖြစ်မျှဝေဖြစ်တာများတော့ အခုလို
ပြိုင်ပွဲတွေတော့ တစ်ခါမှ ၀င်မပြိုင်ဖူးခဲ့ပါဘူး။ ဒါပေမယ့် ညီမလေး
ဥယျာဉ်လေးထဲကို စရောက်ရောက်ခြင်းပဲ ပင်မစာမျက်နှာမှာ ရွှေမြန်မာဥယျာဉ်ရဲ့
၂-နှစ်ပြည့် အထိမ်းအမှတ်ပြိုင်ပွဲတွေကို တွေ့လိုက်ရတော့ အလိုလို
ဝင်ပြိုင်ကြည့်ချင်တဲ့ စိတ်လေးပေါ်လာတာကြောင့် ခေါင်းစဉ်တွေ
အကုန်ဝင်ပြိုင်ကြည့်ခဲ့ပါတယ်။ အားလုံးက အရမ်းကိုတော်နေကျတာဆိုတော့
အခုမှပထမဆုံးရေးသားပြီး ၀င်ပြိုင်ဖူးတာဆိုတော့ ညီမလေးဆုရမယ်လို့
လုံးဝမထင်ထားခဲ့ပါဖူး။ ဒါပေမယ့် “ပန်းတစ်ဆုပ်နဲ့ ကြိုလင့်နေတဲ့
ရွှေဥယျာဉ်” ဆိုတဲ့ ကဗျာလေးမှာ တတိယဆုရရှိခဲ့တာပါ။ မထင်မှတ်ပဲ
ရလိုက်တဲ့ဆုလေးအတွက် ပြောမပြတက်အောင်ပါပဲ။ ညီမကဗျာလေးကို အားပေးခဲ့တဲ့
ရွှေမန်ဘာများနဲ့ ရွှေအက်မင်များကိုလည်း ညီမလေးကျေးဇူးအထူးတင်ပါတယ်လို့
ဒီနေရာလေးကပြောချင်ပါတယ်ရှင်။ ဒုတိယတစ်ခါရခဲ့တဲ့ ဆုလေးကတော့
တစ်လတာဘာသာရေးဆောင်းပါးဆုလေးဖြစ်ပါတယ်။ ဆုရခဲ့တဲ့ပိုစ့်လေးကတော့
“မြတ်စွာဘုရားဝါဆိုတော်မူရာ မြို့၊ ရွာ၊ ဒေသများ” ဆိုတဲ့ ပိုစ့်လေးကို
အစ်ကိုအပြာရောင်ချစ်သူက ရွေးချမယ်ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
တစ်ခြားဆုတွေရတာလည်း ပျော်ရွှင်ရသလို ခုလို ဘာသာရေးဖက်မှာ ဆုရရှိတာကတော့
ဘာနဲ့မှမတူအောင် ၀မ်းသာပီတိဖြစ်ရပါတယ်။ ဆက်လက်ကြိုးစားသွားမှာမို့
ဆက်လက်အားပေးကြဖို့လည်း မျှော်လင့်ပါတယ်ရှင်။

၉။ ရေးနေတဲ့ဘာသာရေးဆောင်းပါး တချို့သောစာတွေကို စာဖတ်သူတွေအတွက်
ညီမလေးရင်ထဲက စကားလေးပြောပြပေးပါလား။

ဘာသာရေးဆောင်းပါးတင် မဟုတ်ပဲ၊ သုတ၊ ရသ၊ ဆောင်းပါး မည်သည့်စာပေတွေကိုမဆို
မိမိဖတ်လိုက်သမျှ ဖတ်မိသမျှ စာပေတွေအားလုံးကိုလည်း အချိန်ပေးရတာနှင့်
ညီမျှအောင် ဖတ်ရူ ဝေဖန် ဆင်ခြင် သုံးသပ်ရင်း စာတစ်ပုဒ်မှာပါဝင်တဲ့
တစ်ကယ့် အနှစ်သာရ အမှန်အကန်ကို ရှာဖွေတွေ့ရှိပြီး သိရှိတဲ့အတိုင်း
လက်တွေ့ကျင့်သုံးနိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

၁၀။ ညီမလေးရှေ့ကိုဘာတွေဆက်လုပ်မယ်ဆိုတာသိချင်ပါတယ်။

ညီမက ကွန်ပျူတာကို ၀ါသနာပါပါတယ်။ ကွန်ပျူတာကိုလည်း အချိန်ရရင်
ရသလိုလေ့လာနေပါတယ်။ ကွန်ပျူတာသင်တန်းဖွင့်ဖို့တော့ စိတ်ကူးလေးရှိပါတယ်။
အကောင်ထည်မပေါ်သေးပေမယ့် ကြိုးစားနေတုန်းပါ။ ရှေ့ဆက်ပြီးတော့လည်း အခုလို
အင်တာနက်သုံးဖြစ်နေသမျှ ကာလပတ်လုံးမှာ ဘာသာရေးစာပေလေးတွေကို
လေ့လာဖတ်ရူမျှဝေကာ ဗုဒ္ဓအဆုံးအမနဲ့အညီ ကျင့်ကြံနေထိုင်ရင်း အမျိုးဘာသာ
သာသနာအကျိုးကို သယ်ပိုးနိုင်တဲ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးကောင်းတစ်ယောက်
အဖြစ် ချစ်ခင်ရတဲ့မိသားစုနှင့်အတူ ပျော်ရွှင်စွာ
ဆက်လက်လျှောက်လှမ်းသွားပါ့မယ်ရှင်။

၁၁။ နောက်ထက်စာပေလှုပ်ရှားမှာ ဘာသာရေးဆောင်းပါးအပြင်
ပညာပေးဆောင်းပါးလေးတွေ ရေးဖို့ရှိလားပြောပြပေးပါနော်။

အရင်ကတော့ ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို စတာလေးတွေတော့ ရေးဖူးပါတယ်။
စိတ်ကူးထဲရှိတာလေးတွေကို စာပေအဖြစ် ပုံဖော်ရေးသားရင်း သူတစ်ပါးအတွက်
ပညာပေးလေးတွေ အနေနဲ့ပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ သူ့အလိုလို
ဘာသာရေးစာတွေကို ဖတ်တာများသွားပြီး ဘာသာရေးဆောင်းပါးလေးတွေပဲ
ဆက်ရေးဖြစ်သွားခဲ့တာပါ။ နောက်ပိုင်းကျရင်တော့
ပြန်လည်ရေးသားဖြစ်မယ်ထင်ပါတယ်ရှင်။

၁၂။ အခုလိုအွန်လိုင်းပေါ်မှာ ဘာသာရေးဆောင်းပါးတွေ မျှဝေပေးရတဲ့ ညီမလေးရဲ့
အပြုံးပီတိလေးကို သိချင်ပါတယ်။

ညီမလေး အွန်လိုင်းပေါ်က ဆိုဒ်တွေတိုင်းမှာလိုလို ဘာသာရေးဆောင်းပါးလေးတွေ
မျှဝေရေးသားနေပါတယ်။ ကိုယ်ပိုင်ဘာသာရေးဆိုဒ်လေးမှာလည်း တော်တော်များများ
အားရင်အားသလို ရေးသားဖြစ်ပါတယ်။ ညီမရေးတင်လိုက်တဲ့
ဘာသာရေးဆောင်းပါးတစ်ပုဒ်ကို လူတစ်ဦးတစ်ယောက်က ဖတ်ရူလိုက်လို့ ဘာသာရေးနဲ့
ပက်သတ်ပြီးမှ သူ့စိတ်ထဲမှာ သူသိချင်နေတဲ့ အကြောင်းအရာ၊ သူ့တွက်
အမှားအမှန်ဝေဖန်ရခက်ပြီး တွေဝေနေရတဲ့ ကိစ္စမျိုးတွေကို
ညီမလေးရေးသားမျှဝေပေးလိုက်တဲ့ စာတစ်ပုဒ်ထဲကမှ ဗုဒ္ဓရဲ့ဆုံးအမ
သဘာဝတရားဓမ္မနဲ့အညီ မှန်ကန်တဲ့ အတွေးအမြင်လေးတစ်ခုလောက်ကိုပဲ
အချိန်ပေးရတာနဲ့အမျှ ရရှိသွားခဲ့မယ်ဆိုရင်ကို
ကျေနပ်ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။

အခုလက်ရှိကတော့ ချစ်သူ မရှိပါဘူး။ တစ်ကယ်လို့
ချစ်သူထားခဲ့မယ်ဆိုရင်တောင်မှ ညီမဘ၀လက်တွဲဖော်တစ်ယောက်ဟာ ရုပ်ချောတာ
လှတာထက် သူ့ရဲ့ စိတ်နေစိတ်ထား ဖြူစင်တာ လှပတာကိုသာ ရွေးချယ်မိမှာပါ။
ရုပ်အလှကမတည်မြဲပါဖူး လူတစ်ယောက်အတွက် ထာဝရအလှဟာ စိတ်ထားပဲဖြစ်လို့ပါ။
တစ်ဦးပေါ်တစ်ဦး နားလည်မူတွေအပြန်အလှန်ထားရှိရင်း ဘ၀အခက်အခဲဟူသမျှကို
အေးအတူပူအမျှကြိုးစားနေထိုင်ရင်းနဲ့ ချစ်သူတွေမှာထားရှိတဲ့
ရယူပိုင်ဆိုင်လိုစိတ်များတဲ့ အချစ်ထက် မေတ္တာတွေထုံမွှမ်နေတဲ့ မိဘတစ်ယောက်က
သားသမီးကိုချစ်သလိုမျိုး ပေးဆပ်မူတွေနဲ့ နားလည်ခွင့်လွှတ်တက်တဲ့
ဘ၀လက်တွဲဖော်မျိုးကိုသာ ပိုင်ဆိုင်ချင်ပါတယ်။ ရွေးချယ်မယ်ဆိုပြောတာပါ။
အခုလောလောဆယ်တော့ တစ်ခါအသဲကွဲထားလို့ စစ်ကိုင်းတောင်ကိုပဲ
မျက်စောင်းထိုးနေမိပါတယ်။ လူတွေရဲ့ ပါးစပ်ဖျားက အချစ်ဆိုတာလည်း
ကြောက်သွားလို့ပါ။ ခုသေချာတာကတော့ သီလရှင်ကျောင်းပဲရွေးမိမယ်
ထင်ပါတယ်ရှင်။

၁၄။ ဒီဆိုဒ်လေးထဲမှာ ကြိုဆိုအက်ဒမင် စဖြစ်ခဲ့ပုံလေးနဲ့
ရွှေမြန်မာဥယျာဉ်ကို ရောက်လာပုံလေး ပြောပြပေးပါလား။

ဒီရွှေမြန်မာဥယျာဉ်လေးထဲကို စရောက်လာတာကတော့ အဖြုရောင်သံစဉ်က
(မမသံယောဇဉ်)နဲ့က တော်တော်လေးကို ခင်ပါတယ်။ တစ်နေ့ စကားပြောနေရင်း
မမသံယောဇဉ်က ပြောလာပါတယ်။ ညီမလေးရဲ့ စွယ်တော်ပုံလေးတွေတင်ထားတဲ့
ပိုစ့်လေးကို ဒီဆိုဒ်မှာ မန်ဘာတစ်ယောက်က တင်ထားတယ်ဆိုပြီး ညီမလေးကို
ဆိုဒ်လိပ်စာလေးပေးပါတယ်။ အဲ့နေ့လေးက ၈.၁၂.၂၀၁၁ ရက်နေ့မှာ မန်ဘာဝင်အနေနဲ့
စရောက်ခဲ့တာပါ။ ဆိုဒ်ထဲရောက်လာတာ ဒီနေ့ထိဆိုရင် ၇လ
လောက်ပဲရှိဦးမယ်ထင်ပါတယ်။ ကြိုဆိုရေးအက်မင်ဖြစ်ခဲ့တာကတော့ ညီမလေးက
တစ်နေ့လုံးလိုင်းပေါ်မှာ ၀င်ထားတာဆိုတော့ အက်ဒမင်မမ
အချစ်ကိုကိုးကွယ်သူလေးက မမတို့ဆိုဒ်ထဲမှာ မန်ဘာကြိုပေးပါလား
ညီမလေးဆိုပြီး အကူအညီတောင်းလာတော့ ညီမလေးကလည်း ဒီဆိုဒ်လေးကို
သံယောဇဉ်ဖြစ်နေမိတာကြောင့် အခုလို ကြိုဆိုရေးအက်ဒမင်
အဖြစ်လက်ခံကူညီပေးခဲ့တာပါရှင်။

၁၅။ လက်ရှိတာဝန် ယူထားကြတဲ့ အက်ဒမင်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့
လုပ်ဆောင်ချက်တွေအပေါ် လိုအပ်တာများရှိရင် အကြံဥာဏ်ပေးပါလား။

လက်ရှိ တာဝန်ယူထားတဲ့ အက်ဒမင် အစ်ကိုအစ်မတွေအားလုံးပဲ သဘောကောင်း
ဖော်ရွေပြီး တော်ကြပါတယ်။ နောက်ပြီး မန်ဘာတွေအပေါ်မှာလည်း
တာဝန်ကျေတာကြောင့် အက်ဒမင်တွေရဲ့ လုပ်ဆောင်ချက်တွေအနေနဲ့တော့
လိုအပ်တာမရှိသလောက်ပါပဲရှင်။

၁၆။ ရွှေမြန်မာဥယျာဉ်လေးထဲမှာ အပန်းဖြေနေကြတဲ့ သူတွေအတွက် အမှတ်တရ
စကားလက်ဆောင်လေး ပြောပေးပါအုံး။

ရွှေမိသားစုကြီးအတွက် စကားလက်ဆောင်လေးတစ်ခုပြောပါဆိုရင်တော့ တောသူမလေး
အကြိုက်ဆုံး ဆောင်ပုဒ်လေးဖြစ်တဲ့ “မကောင်းမူရှောင်၊ ကောင်းမူဆောင်၊
ဖြူအောင်စိတ်ကိုထား” ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီ မကောင်းမူများကို
ရှောင်ကြဉ်၍ ကောင်းမူများကိုဆောင်ကာ အဖြူစင်ဆုံးသော
စိတ်ထားလေးကိုမွေးမြူရင်းနဲ့ အေးချမ်းလှပတဲ့ ဘ၀ခရီးလက်ကို
သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါရစေရှင်။

၁၇။ ညီမလေးရဲ့ဘဝမှတ်တမ်း(သို့မဟုတ်) ကိုယ်ပိုင်ဘလော့လေး သိပါရစေ
လင့်လေးပါချိတ်ပေးပါနော်။

ညီမလေးရဲ့ ဗုဒ္ဓဘုရားရဲ့ မေတ္တာရိပ်အောက်မှာ ထာဝရတည်ရှိနေတဲ့ မေတ္တာရိပ်
ဆိုဒ်လေးကနေ ရွှေမန်ဘာများကို နွေးထွေးပျူငှာစွာဖြင့်
ကြိုဆိုအပ်ပါတယ်ရှင်။ ညီမလေးရဲ့ ကိုယ်ပိုင်ဆိုဒ်လေးကတော့
http://www.myittaryik.blogspot.com ဖြစ်ပါတယ်ရှင်။

၁၈။ အခုလိုမေးသမျှကို ဖြေပေးတဲ့ကြိုဆိုရေးတာဝန်ခံ တောသူမလေးကို
အစ်ကိုတို့ ရွှေမြန်မာဥယျာဉ်မှ အထူးကျေးဇူးတင်ပါခင်ဗျာ။

ဟုတ်ကဲ့ပါရှင့်… အခုလို မအားတဲ့ကြားကနေ အချိန်ပေးပြီး ညီမလေးကို
တွေ့ဆုံမေးမြန်းပေးခဲ့တဲ့ အက်ဒမင် အစ်ကိုရဲဇော်နှင့်အတူ
ရွှေမြန်မာဥယျာဉ်မှ တာဝန်ရှိသူ အက်ဒမင်များနှင့်အတူ
အင်တာဗျူးအစီအစဉ်လေးကို ဖတ်ရူအားပေးကြတဲ့ ရွှေမန်ဘာဝင်
ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း တောသူမလေးမှ အထူးကျေးဇူးတင်ပါတယ်။
ပထမဆုံး ဖြေပေးခြင်းဖြစ်တာမို့ တောသူမလေးဖြေဆိုမူများထဲတွင် မထင်မှတ်ပဲ
အမှားများပါခဲ့သည်ရှိသော် မေတ္တာတရားရှေ့ထား၍ နားလည်ခွင့်လွှတ်ပေးကြပါရန်
မေတ္တာရပ်ခံရင်း ကျေးဇူးတင်ပါတယ်လို့ ပြောရင်း ရွှေမိသားစုကြီးကို
နူတ်ဆက်လိုက်ပါရစေရှင်။

အခုလိုဖြေကြားပေးတဲ့ကြိုဆိုရေးတာဝန်ခံတောသူမလေးအား
ရွှေမြန်မာဥယျာဉ်မှတာဝန်ရှိသူတွေကိုယ်စား
ကျွန်တော်ရဲဇော်ကို(မလေး)
အထူးကျေးဇူးတင်ရှိပါကြောင်း...
.
အားလုံးပဲပျော်ချမ်းမြေ့ပါစေ...
ရဲဇော်ကို(မလေး)
No comments:
Post a Comment