ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 11 August 2012

လက်နှစ်ဖက်မရှိသော်လည်း လေယာဉ်မောင်းလိုင်စင်ရထားသူ

အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့် ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ် အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့ ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။ သူမောင်းတဲ့လေယာဉ် အမျိုးအစားကတော့ Ercoupeလို့ခေါ်ပြီး ခြေနင်းမပါရှိတဲ့ လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်း မပါသော်လည်း Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။ အဲ့ဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့ ခြောက်လလောက် သူရဲ့ ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့ လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့ ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

  


                ဒီလို ကွန်ပြူတာ သုံးပါတယ်။

                  ဒီလို လိုင်နာ ဆွဲပါတယ်။ (သူလဲ မိန်းခလေးဘဲ လှချင်တာာပေါ့)

     ဒီလို ခေါင်းဖီးပါတယ်။

     စာရေးတော့လဲ ဒီလိုဘဲ

           ဒီလိုမျိုးလည်း ကားမောင်းတတ်တယ်

လက်နှစ်ဖက်ရှိတာတောင် သူ့လိုလေယာဉ်မမောင်းတတ်သူတွေအများကြီးပါ..

     နှံချပ်ကူ လဲကစားတတ်တယ်နော် လက်နှစ်ဖက်မရှိဘူးဆိုပြီးအနိုင်တော့လာမကျင့်နဲ့ သေသွားမယ်

လောကကြီးမှာစိတ်ပျက်အားငယ်တတ်ကြတဲ့သူတွေအထဲမှာမပါဘဲကိုယ့်မွေးရာပါ
အရည်အချင်းတွေနဲ့  အနိုင်မခံအရှုံးမပေးဘဲ လက်နှစ်ဖက်မပါသော်လည်း အတုယူဖွယ်
ကောင်းသော ကြံ့ခိုင်သောစိတ်ဓါတ်ကိုဖြင့် မိမိ ဘ၀ကိုရပ်တည်နေတဲ့ ဒီညီမငယ်ကို
ဂုဏ်ပြုသောအားဖြင့် ထပ်ဆင့်တင်ပြပေးလိုက်ပါတယ်ခင်ဗျား......
  
အင်္ဂါအစုံအလင်ပါပြီး ရေသာခိုအချောင်လိုက်နေတဲ့ သူတွေအတွက်တော့ ကောင်းကောင်း
သင်္ခန်းစာပါဘဲ....ဒါကြောင့် ဒီက ညီမငယ်လိုပဲ ကျနော်တို့တတွေလည်း ဇွဲ၊ လုံ့လ၊ ၀ီရိယ မလျှော့ပဲ ကြိုးစားကြရအောင်လို့
 ပြောကြားရင်း.......
                                                                                   အားလုံးကိုခင်မင်လေးစားလျှက်

မူရင်းလင့်ခ် စိုင်းဆေခမ်း ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment