အဆုတ်ကို ကာကွယ်နိုင်စေဖို့ အောက်ပါအချက်တွေကို သတိထားရပါမယ်။
ရင်ကျပ်ပန်းနာရောဂါ
အဆုတ်လေပြွန်တွေ ရောင်ရမ်းတာာ အသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ရင်ကျပ်ပန်းနာရောဂါ ခံစားရတတ်သော လက္ခဏာများ
အနည်းငယ် ပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေကို ၁၅မိနစ်မျှပြုလုပ်လိုက်ရုံနဲ့ အသက်ရှူရခက်ခဲပင်ပန်းခြင်းနဲ့ ရင်ဘတ်တင်းကျပ်ကာ မောပန်းခြင်းတို့ကို ခံစားရတတ်ပါတယ်။
ရင်ကျပ်ပန်းနာရောဂါ သက်သာစေနိုင်သော နည်းလမ်း
လေ့ကျင့်ခန်းကြောင့်ဖြစ်တတ်တဲ့ ရင်ကျပ်ပန်းနာဖြစ်ခြင်းကို ငါးအဆီသောက်သုံးပါက အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ၆၄ရာခိုင်နူန်းအထိ တိုးတက်ကောင်းမွန်စေပါတယ်။
အဆုတ်လေပြွန်ရောင်ရမ်းနာ
အဆုတ်လေပြွန်တွေမှာ ကူးစက်ပိုးဝင်တာက အချွဲထခြင်းကို ဖြစ်စေနိုင်ပါတယ်။
အဆုတ်လေပြွန်ရောင်ရမ်းနာ ခံစားရတတ်သော လက္ခဏာများ
ချောင်းဆိုးတဲ့အခါ အစိမ်းရောင်သန်းတဲ့ ချွဲသလိပ်ထွက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ လည်ချောင်းနာခြင်းနဲ့ အသက်ရှူသံက တရွှီရွှီမြည်ခြင်းတို့ ခံစားရတတ်ပါတယ်။
အဆုတ်လေပြွန်ရောင်ရမ်းနာ သက်သာစေနိုင်သော နည်းလမ်း
အချွဲထွက်တာနည်းအောင် လေထုစိုထိုင်းစေတဲ့ စက်တပ်ဆင်ပေးပါ။ ဒါ့အပြင် လေပြွန်ရှင်းလင်းသွားအောင် ရေနွေးငွေ့ကို မိနစ် ၂၀လောက် ရှူရိုက်ပေးပါ။
အဆုတ်ကင်ဆာ
အဆုတ်တစ်သျူးတွေထဲမှာ မထိန်းချုပ်နိုင်လောက်အောင် ဆဲလ်တွေ ပေါက်ပွားနေတာကြောင့်ပါ။
အဆုတ်ကင်ဆာ ခံစားရတတ်သော လက္ခဏာရပ်များ
ကိုယ်အလေးချိန်လျော့ကျခြင်း၊ ကြာရှည်ညောင်းကိုက်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်းနဲ့ သွေးပါတဲ့ သလိပ်ထွက်ခြင်းတို့ကို ခံစားရတတ်ပါတယ်။
အဆုတ်ကင်ဆာ သက်သာစေနိုင်သော နည်းလမ်း
အဖြူရောင် ၀ိုင်အနည်းငယ်သောက်ပါ။ နယူးယောက်ရှိ ဘာဖလိုးတက္ကသိုလ်မှ လတ်တလော လေ့လာမူအရ တစ်နေ့ဝိုင်ဖြူ တစ်ခွက်သောက်သူတွေဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ၁၃ရာခိုင်နူတ်း လျော့ကျစေကြောင်း သိရပါတယ်။
နမိုးနီးယား အဆုတ်ရောင်ရမ်းနာ
အဆုတ်အတွင်းရှိ လေအိတ်ငယ်တွေမှာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်ရတာပါ။
နမိုးနီးယား အဆုတ်ရောင်ရမ်းနာ ခံစားရသောလက္ခဏာများ
ချောင်းခြောက်ဆိုးခြင်း၊ ညဘက်ချွေးထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
နမိုးနီးယား အဆုတ်ရောင်ရမ်းနာ သက်သာစေနိုင်သော နည်းလမ်းများ
ကိုယ်အလေးချိန် လျှော့ချပါ။ အသက် ၂၀ နောက်ပိုင်း ပေါင် ၄၀ကျော်တက်လာသူ အမျိုးသားတွေဟာ နမိုးနီးယားကို ပိုမို ခံစားရတတ်ကြောင်းသိရပါတယ်။
အဆုတ်သို့ သွားသော သွေးလွှတ်ကြောအတွင်း သွေးဖိအားတက်ခြင်း
နှလုံးနဲ့ အဆုတ်ကြားသွေးကြော ရောင်ရမ်းရတတ်ပါတယ်။
အဆုတ်သို့ သွားသော သွေးလွှတ်ကြောအတွင်း သွေးဖိအားတက်ခြင်း ခံစားရသော လက္ခဏာများ
အဆုတ်သို့ သွားသော သွေးလွှတ်ကြောအတွင်း သွေးဖိအားတက်ခြင်း သက်သာစေနိုင်သော နည်းလမ်း
ပိုတက်စီယမ်ဖြည့်စွက်ဆေးဟာကုန်ဆုံးသွားတဲ့အာဟာရဓာတ်တွေကို ပြန်ဖြည့်ပေးနိုင်ကာ ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။
No comments:
Post a Comment