ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 18 July 2009

" မိတ်ဆွေသူငယ်ချင်းပေါချင်ပါသလား.. "


glitter-graphics.com
သည်အချက်လေး (၂၅) ချက်ကိုလိုက်နာလုပ်ဆောင်ကြည့်ပါ သင့်ထံမိတ်ဆွေသူငယ်ချင်းများ ပေါများလာပါလိမ့်မည်။
၁။ ။ ချီးမွမ်းခြင်း ရိုးသားစွာ ချီးကျူးခြင်းတို့ဖြင့် စ၍ ပြောပါ။
၂။ ။ တဖက်သား တို့၏ အပြစ်များကို သွယ်ဝိုက်သော နည်းဖြင့် သတိရအောင် လုပ်ပါ။
၃။ ။ တဖက်သားကို အပြစ်မပြောမီသင်၏ အမှားမျာကို ဖော်ပြပါ။
၎။ ။ တိုက်ရိုက် သြဇာပေးမည့်အစား၊ လိုရင်းကိစ္စကို ပြီးစီးစေမည့် မေးခွန်းများကို မေးပါ။
၅။ ။ တဖက်သားအား သူ့ဂုဏ်ကို သူ ပြန်ဆယ်ပါစေ။
၆။ ။ တဖက်သား၏ တိုးတက်မှု အနည်းအများကို ပဓာန မထားဘဲ ချီးကျူးပါ။ ထိုသို့ချီးကျူးသောအခါ ရက်ရက် ရောရော ရှိပါစေ။
ရ။ ။ တဖက္သားကိုသိဒ္ဓိတင္ပါ။
၈။ ။ အားပေးစကားကိုပြောကြားပါ။
သင်ပြင်လိုသော တဖက်သား၏ အမှားသည် ပြင်ရန်လွယ်ကူသည်ဟု တဖက်သားကို သဘောပေါက်အောင်ပြောပါ။
သင်လုပ်စေချင်သော အလုပ်မှာ လုပ်ရန်လွယ်ကူသည့်အကြောင်းကိုလည်း တဖက်သား သဘောပေါက်ပါစေ။
၉။ ။သင်လုပ်စေလိုသော အလုပ်ကို တဖက်သားသည် ၀မ်းမြောက်ဝမ်းသာစွာနှင့် လုပ်ချင်အောင်ခိုင်းပါ။
၁၀။ ။ တဖက်သားကို မိမိဖက်သို့ ပါအောင်လုပ်ရန်အတွက် အကောင်းဆုံးသော နည်းတခုသည် "ငြင်းခုံနေခြင်းကို ရှောင်ရှားပါ "
၁၁။ ။ တဖက်သား၏ အယူအဆကို အလေးဂရုပြုပါ။
လူတဦးတယောက်အား မှားသည်ဟု ဘယ်အခါမျှ မပြောလေနှင့်။
၁၂။ ။ အကယ်၍ သင်သည်မှားခဲ့ပါလျှင် ထိုအမှားကို လျင်လျင်မြန်မြန်နှင့်လေးလေးနက်နက် ၀န်ခံပါ။
၁၃။ ။" ချိုချိုသာသာနှင့် စပါ "
၁၅။ ။ တဖက်သားအလျင်အမြန် " အင်း " လိုက်အောင် ကြိုးစားပါ။
၁၆။ ။ " တဖက်သားကို သူပြောချင်တာ ၀အောင်ပြောပါစေ ။ နားထောင်ပေးလိုက်ပါ။ "
၁၇။ ။ တဖက်သားအား ပေးအပ်သော အကြံသည် သူ၏အကြံသာဖြစ်သည်ဟု အထင်ရောက်နေပါစေ။
၁၈။ ။ တဖက်သားဖက်မှနေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။
၁၉။ ။ တဖက်သား၏ အယူအဆအလိုဆန္ဒတို့နှင့် စပ်လျဉ်း၍ ကိုယ်ချင်းစာ တတ်ပါစေ။
၂၀။ ။ မြင့်မြတ်သော စိတ်ဓာတ်ကို ထိခိုက်အောင် လုပ်ပေးပါ။
၂၁။ ။ သင်၏ အကြံအစည်များဖြင့် တဖက်သား၏ စိတ်အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။
၂၂။ ။ သူတို့၏ မခံချင်သော စိတ်ကိုဆွပေးပါ။
၂၃။ ။ အထူးသဖြင့်သူ၏ ခံစားချက်များကို အချိန်အားလျော်စွာ နားထောင်ပေးနိုင်သူဖြစ်ပါစေ။
၂၄။ ။ သူ၏ခံစားချက်များကို နားလည်မှုအပြည့်နှင့် အလေးအနက်နားထောင်ပေးလိုက်ပါ။
၂၅။ ။ အမှန်တော့ မိတ်ဆွေ၊ သူငယ်ချင်းကောင်းဆိုသည်မှာ တစ်ပါးသူ၏ ခံစားမှုစိတ်သဘောကို နားလည်ပေးနိုင်သူဖြစ်ရပါမည်။
သည်အချက်များကို လိုက်နာလေ့ကျင့်ကြည့်လိုက်ပါ သင့် ထံသို့ မိတ်ဆွေသူငယ်ချင်းများအပြင် ၊လူချစ်လူခင်ပေါလာပါလိမ့်မည်။

No comments:

Post a Comment