ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 24 July 2009

“ အမေများ ”

အမေများ တဲ့ - - -

ချမ်းသာတဲ့ အမေ၊ ဆင်းရဲတဲ့ အမေ

ဂုဏ်ရှိတဲ့ အမေ၊ ဂုဏ်မဲ့တဲ့ အမေ

ပညာရှိတဲ့ အမေ၊ ပညာမဲ့ အမေ

ရုပ်ရှိတဲ့ အမေ၊ ရုပ်နွမ်းတဲ့ အမေ။


အမေတွေ - - - -

အမေတွေ - - - -

အမေတွေ - - - -


ခြေနေကွဲပြား၊ မတူငြားလည်း

ကိုယ်ပွားဟူက၊ ဘယ်ရွေ့မျှထိ

မ၀ ချစ်ခင်၊ ထပ်တူပင်တည့်

စွမ်းအင်ရှိလွန်းကြ တကား။


ပင်ညို ထွေးသိပ်၊ အေးမြရိပ်မှာ

ချွေးသိပ်ခိုနား၊ ခရီးသွားများ။


ဖေ မေ ထွေးသိပ်၊ မေတ္တာရိပ်မှာ

မှေးမှိတ်ခိုနား၊ သမီးသားမျာ။


အသက်ရှစ်ဆယ်

ဇရာနယ်ခို၊ အမေအို။


ပြန်ချိန်တန်လျက်

ပြန်မလာသေး၍၊ တငွေ့ငွေ့တွေး

မျှော်ငေးရင်မ၊ စိတ်မချဖြစ်

ကြောင့်ကြရစ်နွယ်

သက်ခြောက်ဆယ်နီး သားကြီးကို။


သြော် - - -

ဘယ်သား သမီး၊ ဘယ်မျှကြီး၍

ဇရာငွေ့ခြယ်၊ ဘယ်အရွယ်ဖြစ်စေ

အမေသည်ကား၊ နှလုံးသားထဲ

အတွေးထဲမှာ၊ ငေးမြဲငေးရှာ

“ကလေး” ဟုပဲ၊ ထင်မှတ်ဆဲလေ။

No comments:

Post a Comment