ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 31 July 2009

“ ရွှေနားတော် လေချော်လိုက်ပုံက ”

Photobucket
“ဟူး.... ဒီတစ်ခေါက် ရန်ကုန်ပြန်နားရတာ မချောင်ပါလား ...”
ကိုသက်ပန် အသံထွက်၍ပင် ညည်းမိသည်။ ဟုတ်ပါ့ဗျာ ... အရင့်အရင်ခေါက်တွေဆို သင်္ဘောမှာ နှစ်စေ့၍ကိုယ့်နိုင်ငံ ပြန်လာလျှင် ပြန်ရောက်ခါစ တစ်ပတ်နှစ်ပတ်လောက်သာ အလုပ်များလေ့ရှိသည်။
S.E.C.D(သင်္ဘောသားရုံး)၊ ခြောက်ထက်ရုံးနှင့် မိခင်ကုမ္ပဏီ၊ နိုင်ငံခြား ကုသွယ်မယ့်ဘဏ်တို့ကို ပတ်ချာလည် လည့်ပြေး ရသည်။
အခုတစ်ခေါက်တော့ ဒီလိုမဟုတ်ပြီ။ အရင်တစ်ခေါက်တွေကမတတ်ဖြစ်ခဲ့သော ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအားလုံးကို တစ်ခုပြီးတစ်ခု ဆက်တိုက်တက်နေရသည်။ သင်တန်းများကတော့ မြန်မာသင်္ဘောသားနှင့် အရာရှိအားလုံးအတွက် ပင်လယ်ပြင်တွင် အသက်အန္တရယ် ကာကွယ်တားဆီးရေး။ ရှေးဦးသူနာပြုသင်တန်း စသည့် တို့ဖြစ်သည်။ မိမိတို့လုပ်ငန်းဆိုင်ရာ၊ ရာထူးအလိုက် ထက်သက်ရသော မွမ်းမံသင်တန်းများလည်း ရှိသေးသည်။ သင်တန်းများအားလုံး၏ ရည်ရွယ်ချက်မှာ မြန်မာသင်္ဘောသားအားလုံး ကမ္ဘာ့ပင်လယ်ပြင်တွင် မျက်နှာမငယ်ရဘဲ ရဲဝံ့စွာ စိုးမိုးလာနိုင်စေရေးအတွက်ပင်ဖြစ်သည်။
ထိုသင်တန်းများပြီး၍ နားမည်ရမလားမှတ်ပါတယ်။ နောက်ထက်တစ်မျိုးက လာပြန်ပါပြီ၊ ကိုသက်ပန်တို့ ကုမ္ပဏီမှ ကြီးကြပ်စီစဉ်၍ စစ်ဆေးသော အင်္ဂလိပ်စာနှင့် စကားပြောကျွမ်းကျင်မှု စာမေးပွဲတဲ့။ အရင်အခေါက်တွေက ပြန်လာရင် ဒါမျိုးမရှိခဲ့။ သည်တစ်ခေါက်တော့ ကြီးကောင်ကြီးမားနှင့် အင်္ဂလိပ်စာပြန်ကျက်ရမည့် ကိန်းပါပဲ စိတ်ညစ်ပါရဲ့။
အင်္ဂလိပ်စာကျွမ်းကျင်မှုကိုကွန်ပျူတာနှင့်စစ်သည်။ စကားပြောကျွမ်းကျင်မှုကို လူတွေ့စစ်ဆေးသည်။ ရာထူးကြီးငယ်အလိုက် အောင်မှတ်စံနှုန်းကို မြှင့်သွားသည်။ ကျလို့ကတော့ အင်္ဂလိပ်စာသင်တန်း ပြန်တတ်ပေတော့။ ပထမတော့ ကိုသက်ပန် ဘ၀င်မကျဖြစ်မိသည်။ သင်္ဘောစလိုက်ခါစကတည်းက သင်္ဘောပေါ်တွင် တွေ့သည့်လူမျိုးနှင့် ကြုံရသလို တွဲလုပ်ရသည်။ သူလည်း သူတတ်သလိုပြော၊ ကိုယ်လည်း ကိုယ်နားလည်သရွေ့ ထော့ကျိုးအင်္ဂလိပ်စကားနှင့်ယူနိုး၊ အိုင်နိုးနှစ်ယောက် နိုးတော့ သူခိုးပက်လက်လန် ဆိုတာမျိုးလိုပေါ့။ အဲ့ဒီလို လုပ်လဲ့ကြသည်။ အလုပ်တော့ဖြစ်သွားသည်။
ဒါပေမယ့် တစ်ကယ်စေ့စေ့ တွေးကြည့်တော့လည်း အင်္ဂလိပ်စာ စကားပြောကျွမ်းကျင်မှုက အရေးပါသောကဏ္ဍတွင် ရှိနေသည်ဆိုတာကို ငြင်းပယ်၍ မရပြန်။ မြန်မာသင်္ဘောသား အများစု၏ သင်္ဘောလုပ်ငန်းကျမ်းကျင်မှု အရည်အသွေးမှာ အကောင်းဆုံးအဆင့်တွင် ရှိနေသည်။ တစ်ခါတစ်ရံ ရွှေမြန်မာတွေလောက်မှ အရည်အချင်းမရှိဘဲနှင့် အင်္ဂလိပ်စကားပြောနိုင်တာ တစ်ချက်နှင့် ကိုယ့်အပေါ် လူဇော်လာလုပ်သော နိုင်ငံခြားသားမျိုးတွေနှင့် တွေ့လျှင် တော်အသည်းနာစရာကောင်းသည်။
ထိုအခါမျိုးတွင် အင်္ဂလိပ်လို ကောင်းကောင်းပြောဆိုနိုင်လျှင်ဖြင့် သည်အကောင်မျိုးတွေကို လုံးဝမှုစရာမရှိဟူသော အတွေးမျိုး ကိုသက်ပန် ခေါင်ထဲဝင်မိသည်။
အင်္ဂလိပ်လိုပြောသည်ကို နားလည်မှုလွဲသွားသဖြင့် နိုင်ငံခြားသားကပ္ပတိန်တစ်ယောက် ဒုက္ခများခဲ့ဖူးသည်။ ကိုသက်ပန်စီးခဲ့ဖူးသော သင်္ဘောတစ်စီးတွင်ဖြစ်သည်။ ထိုအကြောင်းကို တွေးမိတိုင်း ကိုသက်ပန်ပြုံး မိလေသည်။
၁၉၉၂ နှစ်ဦးပိုင်းလောက်ဖြစ်မည်။ ကိုသက်ပန်သင်္ဘောသည် ကနေဒါနိုင်ငံ၊ ဗန်ကူးပါးမြို့မှ ပြောင်းဖးစေ့များကို တင်ဆောင်ပြီး ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့သို့သွားနေချိန်ဖြစ်ြသည်။ သင်္ဘောကပ္ပတိန်မှာ ဂျာပန်လူမျိုး ဖြစ်သည်။ အလွန်စိတ်သဘော ကောင်းလှပြီး မြန်မာလူမျိုးများကို တော်ချစ်သော ကပ္ပတိန်ဖြစ်သည်။ မြန်မာကိုဘယ်လောက်အထိ ချစ်လည်းဆိုသော် သင်္ဘောပေါ်တွင် မြန်မာသင်္ကြန်လိုအခါမျိုး၊ လွတ်လပ်ရေးနေ့လိုမျိုး နေ့ထူးနေ့မြတ် အထိမ်းအမှတ် ပါတီလုပ်လျှင် ထိုကပ္ပတိန်မှာ မြန်မာတိုက်ပုံ၊လုံချည်တို့ဖြင့် ဖြည့်စုံစွာ ၀တ်ဆင်ပြီး ပါတီတတ်၏။ ကိုသက်ပန်တို့ မြန်မာအများစုက ဘောင်းဘီတို/ရှည် ဘွတ်ရှူးတို့ဖြင့် ပါတီတတ်၏။ ကောင်းလေစွ။
ကပ္ပတိန်၏ ဘောင်းဘီပွပွကြီး၏ ဘေးနှစ်ဖက်တွင် ချောကလက် သကြားလုံး မမြေဲအပြည့်ရှိ၏။သင်္ဘောပေါ်တွင် လည့်ပတ် စစ်ဆေးရင်း တွေ့သည့်လူကို ချောကလက်၊သကြားလုံးနှိုက်၍ ဝေသွားလေ့ရှိသည်။ ဆန်တာကလော့ ဘိုးဘိုးကြီးလိုပါပဲ။ သူ့မျက်နှာကလည်း အမြဲပြုံးချိုနေသည်။
စောစောကပြောခဲ့သော ခရီးစဉ်တွင် ကနေဒါကထွက်လာပြီး သုံးရက်ခန့်တွင် ကိုသက်ပန်တို့ သင်္ဘောမုန်တိုင်းမိသည်။နှစ်ရက်တိတိ လူးလူးလိမ့်လိမ့်ဖြင့် တော်ခံရသည်။ မဏိမေခလာနတ်သမီးလည်း သူ့ပိုင်နက် မဟုတ်၍ ပေါ်မလား။ ဘုရားသာကျုံး၍ ကန်တော့ရတော့သည်။
မုန်တိုင်းစဲသွားပြီး သင်္ဘောအခြေနေ ပုံမှန်ဖြစ်လာတော့ တင်လာသောကုန်များ ရေစို၍ ပျက်စီးမှု ရှိ/မရှိ ကပ္ပတိန်ကကိုယ်တိုင်စစ်ဆေးမည်ဟုဆိုလာသည်။ ပထမ ကုန်းပတ်အရာရှိနှင့် ဘိုဆင်(ကုန်းပတ်မှုး)တို့က ကုန်ပေါက် တစ်ခုချင်းကို ကုန်ပေါက်အဖုံး တစ်ခြမ်းစီဖွင့်ပေးထားရသည်။ ပြောင်းဖူးစေ့များ ကုန်ပေါက်နှုတ်ခမ်းဝအနီးအထိရှိသည်။ ဘိုဆင်ကိုစိုးဝင်းနှင့် အဖွင့်က အမှတ်လေးကူန်ပေါက်အဖုံးကို တစ်ခြမ်းဖွင့်ထားပေးခဲ့ပြီ သင်္ဘောဦးပိုင်းသို့ ထွက်သွားသည်။ အမှတ်လေး ကုန်ပေါက်အနီးရှိ ကုန်းအနီးရှိကုန်းပတ်ပေါ်တွင် သံချေးခေါက်၍သန့်ရှင်းရေးလုပ်ရန် ကဒက် ကျော်ဦးကို ဘိုဆင်ကခိုင်းသွားသည်။ ကျော်ဦးမှာ သင်္ဘေသို့ရောက်သည်မှာ တစ်လပင်မပြည့်သေး သဘောကောင်းပြီး ပေါတောတော နေတတ်သုမို့ ဟိုလူကစ၊ သည်လူကနောက်ဖြင့် လူချစ်လူခင်များသူဖြစ်သည်။
ကျော်ဦး တဒေါက်ဒေါက်နှင့် သံချေးခေါက်၍ ကောင်းနေဆဲ ကပ္ပတိန် ကုန်းပတ်ပေါ်သို့ ဆင်းလာသည်။ မကြာမီပင် ကျော်ဦးအနားသို့ ရောက်လာသည်။ ကျော်ဦးလုံးဝမော့မကြည့် အလုပ်ကြိုးစားမှန်းသိအောင် သင်္ဘောကြမ်းပေါက်မတတ် သံချေးခေါက်နေသည်။ ကပ္ပတိန်က ကျော်ဦးပခုံးကို လှမ်းပုတ်လိုက်မှ မော့ကြည့်လိုက်သည်း။
ကပ္ပတိန်က သူ့ဘောင်းဘီအိတ်ထဲမှဂျယ်လီနှင့် သကြားလုံး လုက်တစ်ဆုပ်ခန့်ကိုနှိုက်၍ ကျော်ဦးကိုလှမ်းပေးလိုက်သည်။ ပြုံးပြုံးကြီးနှင့် သူ့လက်မကိုလည်း ထောင်ပြသွားသည်။ တော်တယ်ပေါ့လေ........ ။ ကျော်ဦးတော် မနော်ခွေ့သွားသည်။ ကပ္ပတိန်ကတော့ ငါအလုပ်လုပ်တာကြိုက်သွားပြီ “ငါကွ” ဟု ဘ၀င်မြင့်ချင်သလိုဖြစ်သွားသည်။ ကပ္ပတိန်က အမှတ်(၄) ကုန်းပေါက်အဖုံးပေါ်သို့ တက်သွားသဖြင့် ကျော်ဦးလည်း သူ့အလုပ်သူဆက်လုပ်နေသည်။ ငါးမိနစ်ခန့်အကြာလောက်တွင် သူ့နောက်ဘက်မှ အော်ခေါ်သံလိုလိုကြားရသဖြင့် ကျော်ဦး သံချေးခေါက်တာ ခဏရပ်လိုက်ရင်း နားစွင့်လိုက်မိသည်။
“ အလို.......... ဟက်ပီး.....ဟက်ပီး (Happy Happy) ဆိုပါလား.......ဒါကကပ္ပတိန်အသံပဲ....”
ကျော်ဦး မတ်တတ်ရပ်လိုက်ရင်း တစ်ခြမ်းဖွင့်ထားသော အမှတ်-၄ ကုန်ပေါက်ထဲကို လှမ်းကြည့်လိုက်သည်။ ကပ္ပတိန်၏ အပေါ်ပိုင်းကို လှမ်းမြင်နေရသည်။ ကပ္ပတိန်က လက်နှစ်ဖက်ကိုဝှေ့ရမ်းရင်း သူ့ကိုလှမ်းအော်နေသည်။ ကျော်ဦး က ကပ္ပတိန်ကို စပ်ဖြီးဖြီးနှင့် ရယ်ပြလိုက်ရင်း ပြီးထိုင်၍ သူ့အလုပ်ကိုသူဆက်လုပ်နေသည်။ ကပ္ပတိန်၏ အော်သံကမှု မရပ်သေး။ ပြောင်းဖူးစေ့နှင့် သူရှိရာဘက်သို့ ကပ္ပတိန်က လှမ်းပေါက်နေသည်။ အတော်ပျော်တတ်၊ နောက်တတ်တဲ့ ကပ္ပတိန်ကြီးပဲဟုကျော်ဦးတွေးနေမိသည်။
ထိုစဉ် သင်္ဘောဦးဘက်မှ ဘိုဆင်ကိုစိုးဝင်း သူရှိရာဘက်သို့ လျှောက်လာသည်။ ကျော်ဦးက ဘိုဆင်ကိုမြင်မှ မတ်တတ်ထရပ်လိုက်ရင်း...
“ဘိုဆင် ကပ္ပတိန်ကြီးအတော် ပျော်နေတယ်ဗျ...ဟက်ပီးဟက်ပီးလည်း အော်တယ်။ ကျွန်တော့်ကိုလည်း ပြောင်းဖးစေ့တွေနဲ့ပေါက်တယ်ဗျ...”
ဘိုဆင် ကိုစိုးဝင်း အူကြောင်ကြောင်ဖြစ်သွားသည်။ ကပ္ပတိန် ဒီလောက်အထိတော့ မပေါပါဘူး။ ဘယ်လိုများပါလိမ့်ဟု တွေးနေဆဲ ကပ္ပတိန်အော်သံကို သူကိုယ်တိုင်နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည်။
“ဟော...ကြားလား ဘိုဆင်...ဟက်ပီး...ဟက်ပီးနဲ့အော်နေတယ်လေ”
ကျော်ဦးက ၀င်ပြောလိုက်သည်။ အမှတ်(၄)က်ုပေါက်ထဲက ကြားရခြင်းဖြစ်သည်။ ဘိုဆင်က ကုန်ပေါက်နှုတ်ခမ်းဝပေါ် တွယ်တက်ရင်း အတွင်းသို့လှမ်းကြည့်လိုက်သည့် တစ်ခဏ။ သူတွေ့လိုက်ရသည့် မြင်ကွင်းကား မထိတ်သာ မလန့်သာ။ ဘိုဆင်၏ မျက်စိအစုံမှာ ပုစွန်မျက်လုံးနှယ် ပြူးထွက်လာသည်။
“အောင်မယ်လေးဗျာ...ကပ္ပတိန်သေတော့မယ်...ဟေ့ကောင်...ကျော်ဦးခွေးမသားလေးရဲ့ဟက်ပီး...ဟက်ပီး အော်တာမဟုတ်ဘူး...ဟဲလ်မီး...ဟဲလ်မီး (HELP ME,HELP ME) အော်နေတာဟဲ့...သေချင်းဆိုးရဲ့...”
ကပ္ပတိန်မှာ ပြောင်းဖူးစေ့တွေ ကြားထဲတွင် တစ်ကိုယ်လုံး မြုပ်နေသည်မှာ ချိုင်းနားအထိရောက်နေပြီ ဖြစ်သည်။ လှုပ်လိုက်တိုင်း မြုပ်ဝင်နေခြင်းဖြစ်သည်။
“ဟေ့ကောင်...ကျော်ဦး ဘာကြောင်းတောင်တောင်လုပ်နေတာလဲ...သွား...သွား...ရှေ့က အေ.ဘီ (ABLE SEAMAN) တွေ သွားခေါ်စမ်း...အမြန်ဆုံးဒီကိုလာကြလို့...”
ဘိုဆင်က ပြောပြောဆိုဆိုနှင့် ဘိုဆင်စတိုးထဲမှ ကြိုးတစ်ချောင်းအမြန်ပြေးယူပြိး ကပ္ပတိန်ရှိရာသို့ လှမ်းပစ်ပေးလိုက်သည်။ ကပ္ပတိန်ကို ချိုင်းအောက်ဘက်မှ လျှို၍ သိုင်းချည်ခိုင်းရသည်။ အေ-ဘီ နှစ်ယောက်နှင့် ကျော်ဦးလည်း အပြေးအလွှား ရောက်ရှိလာကြသည်။
သူတိုပလေးယောက်အားနှင့် တဖြည်းဖြည်းချင်း ကုန်ပေါက်နှုတ်ခမ်းအနီးသို့ ဆွဲယူရသည်။ ကပ္ပတိန်သည် ယက်ကန်၊ ယက်ကန်နှင့် ပါလာသည်။ မျက်နှာကြီးလည်း နီရဲ၍နဖူးမှ ချွေးသီးများလည်း ဇီးကင်းခန့်သီးနေချိန်တွင် ကျော်ဦး၏ နဖူးမှချွေးက မြရာသီလောက်ဖြစ်နေပေပြီ။ မျက်နှာလည်း သွေးမရှိတော့။
“လုပ်...လုပ်ပါဦး ဘိုဆင်ရယ်...ကျွန်တော့်ကို ကယ်ပါဥိးဗျာ...ကပ္ပတိန်ကြီးစိတ်ဆိုးပြီး ကျွန်တော့်ကို မြန်မာပြည် ပြန်ပို့တော့မလားမသိဘူး...ပြောပြပေးပါဗျာ...နော်...နော်”
ဘိုဆင်ကိုစိုးဝင်း ကျော်ဦးမျက်နှာကြည့်၍ ဆွဲပဲထိုးရတော့မလို၊ သနားပဲသနားရတော့မလို ဖြစ်ရသည်။ ဒါပေမဲ့ ကပ္ပတိန်အား အဖြစ်မှန်ကို ရှင်းပြလိုက်သည်။ ကျော်ဦး ရွှေနားတော်လေးချော်သည့် ကိစ္စကိုပေါ့။
တော်ပါသေးသည်။ ကပ္ပတိန်က သူ့လက်သီးကြီးထန်းသီးလုံးခန့်နှင့် ကျော်ဦးငယ်ထိပ်ကို မနာအောင် ခပ်ဆတ်ဆတ်ထုလိုက်ရင်း ဘိုဆင်ဘက်သို့ လှည့်၍ စကားတစ်ခွန်း ပြောလိုက်သည်။
“ဘိုဆင် မနက်ဖြန်ကစပြီး ဒီကဒက်ကို ငါ့ဆီမှာ တစ်ရက်ကို တစ်နာရီ အင်္ဂလိပ်စကားပြော လာလေ့ကျင့်ခိုင်းရမည်ဟု...”
အားလုံးရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။
ဟင်...တော်ပါသေးရဲ့။

No comments:

Post a Comment