ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 31 July 2009

" ၀တ်ကြမလားဂျင်းဘောင်းဘီ"

သည်တစ်ခေါက် ကိုသက်ပန်တို့ သင်္ဘော CCNI-AUSTRAL အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို ဆိပ်ကမ်းသို့ ၀င်ဖြစ်သည်။ ကွန်တိန်နာ အလုံးတစ်ရာခန့် တင်ရန်ရှိ၍ ဖြစ်သည်။ သင်္ဘော နောက်ဆုံးထွက်ခွာခဲ့ရာ ဆိပ်ကမ်းမှာ ချီလီနိုင်ငံ၊ အန်တိုဖားဂါးစတား ဆိပ်ကမ်းပါ။ ကိုသက်ပန်တို့သည် လက်တင်အမေရီကားတစ်ကြောတွင် တစ်လနည်းပါးကြာနေခဲ့ပြိး။ ပီရူး၊ ချီလီ၊ ပနားမား၊ ကိုလံဘီယာ စသည်ဖြင့် နိုင်ငံအတော်များမျာသို့ ၀င်ခဲ့ရသည်။ ယခုဆန်ဖရန်စစ္စကိုကတော့ သည်ဘက်တစ်ကြောတွင် နောက်ဆုံး PORT ပါပဲ၊ ပြီးသည်နှင့်တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်စသော အရှေ့တစ်ကြောနိုင်ငံများဘက်သို့ ခရီးဆက်ရပါဦးမည်။
ဆန်မရမ်စစ္စကို ဆိပ်ကမ်းတွင်လည်း ကမ်းဆင်းခွင့်ရဖို့၊ ကိုသက်ပန်မမျှော်လင့်မိ၊ သင်္ဘောရပ်မှ လုပ်လို့ရမည့် MAN ENGINE နှင့်ပတ်သတ်သည့် လုပ်ငန်းတွေကလည်း ရှိသည်။ ပြီးတော့ PORTSTAGE CONTROL တို့ လူဝင်မှုကြီးကြပ်ရေးတို့စသော၊ အမျိုးကောင်းသား အဖွဲ့အစည်း အမျိုးမျိုးတို့ကလည်း လာ၍ ဒုက္ခပေးကြဦးမည်။ သည့်အတွက် ကြိုတင်ပြင်ဆင်ထားရမည့် ကိစ္စတွေရှိသေးသည်။ သင်္ဘောကလည်း ဆိပ်ကမ်းတွင် အလွန်ဆုံးကြာလှမှ ရှစ်နာရီခန့်သာ၊ သည်တော့လည်းကမ်းဆင်းခွင့်ရဖို့ အရေးသည် “ရွေပြည်တော်မျှော်တိုင်းဝေး”ပါပဲ။
ကုန်းပတ် တတိယအရာရှိလေး အောင်သက်နိုင်ကတော့ သူ့ဂျူတီပြီးလျှင် ကမ်းဆင်းမည်ဟုသိရသည်။ ဂျင်းဘောင်းဘီနဲ့ တီရှပ်သွားဝယ်မည်ဆိုလား...သည်ငတိလေးက ပုံဆန်းဆန်း အ၀တ်အစားမျိုးဆိုလျှင် တကယ့်ကို အရူးအမှုး၊ သူအ၀တ်အစားသစ်၊ ဘောင်းဘီသစ်များ ၀ယ်လာပြီးဆိုလျှင်ဖြင့် ကိုသက်ပန်တို့ မျက်စေ့ရူပ်ဖို့သာပြင်၊ ထိုအ၀တ်အစားသစ်များကို ၀တ်ဆင်ပြီး မြန်မာပြည့်တွင် ရေပန်းစားနေသော သရုပ်ဆောင်တစ်ယောက်၏ အိုက်တင်ကို သူငယ်နာနှင့်ထောင့်တန်း တူးအင်းဝမ်း ရောနှောထားသော ဟန်ဖြင့် အမျိုးမျိုးလုပ်ပြသေးသည်။
သင်္ဘောမှာ အရာရှိအေးအေးလေး လုပ်မစားချင်ပဲ၊ မြန်မာပြည်မှာ မော်ဒယ်ဘွိုင်းလုပ်ချင်ကြောင်းလည်း နားမချမ်းသာအောင်းပြောသေးသည်။ ရှာထားသမျှ ငွေလေး ကုန်ချင်လို့နဲ့ တူပါရဲ့။ သူ့အကြောင်းတွေးနေခါမှ မောင်မင်းကြီးသားက ၀တ်စားကြော့မော့ပြီး CREW MESS ထဲဝင်လာသည်။ “ ဘယ်လိုလည်း.... ညီလေး ဒိုးတော့မှာလား.... Show Pass ကောရပြီလား. သူကြီးနဲ့ပိုင်တော့ အိုကေပေါ့ကွာ... ” ကိုသက်ပန်တို့ သူ့ကို လှမ်းနောက်လိုက်ခြင်းပါ။ “ ဟာ...သာ့ဒ်အီးကလည်း ကျွန်တော်ကို သူကြီးက... သင်္ဘောအတွတ် စာအုပ်တစ်ချို့သွားဝယ်ခိုင်းထားလို့ပါ.... အကိုကောဘာမှာဦးမလည်း... ဒီနိုင်ငံကိုရောက်ရင် ‘ လီဗိုက် ’ ဂျင်းဘောင်းဘီ အစစ်ဝယ်ပါလား.... ကျွန်တော် တစ်ထည် ၀ယ်မလို့... အစစ်ဆိုတော့ ဈေးတော့ မြောက်မယ်... ဒေါ်လာငါးဆယ်နဲ့ ခုနှစ်ဆယ်ကြားမှာရှိမယ်...”
သူပြောမှာ ကိုသက်ပန် သတိရသွားသည်။ ရန်ကုန်အပြန်အတွတ် ဘောင်ဘီ ကောင်းကောင်းကန်းကန်း မရှိသည့် အဖြစ်ကိုပါ။ အခုသင်္ဘောပေါ်မှာ ရှစ်လဆိုတော့ ပြန်ရဖို့ရက်က နီးလာခဲ့ပြီ။ ကြုံတုန်း ဂျင်းဘောင်ဘီ တစ်ထည်လောက် မှာလိုက်ရင်ကောင်းမည်။ “ ဟာ.... အကိုရာ မြန်မြန်ပြောဗျာ.... ဂျင်းဘောင်ဘီ ၀ယ်မှာလား.... ‘လီဗိုက်’ လား ‘၀င်ဂလာ’ လား... ကျွန်တော်လစ်တော့မှာ...။” အောင်သက်နိုင်က လောတော့သည်။ “ဟိုဒင်းချေး (ချီး) ထွက်ဂျင်းသား ၀ယ်ခဲ့ပါကွာ..။” အောင်သက်နိုင် ပြူးတူး ကြောင်တောင်နှင့် ကိုသက်ပန်ကို ကြည့်ရင်း... ။ “ဘာ....ချေးထွက်ဂျင်း ဟုတ်လား.... အဲ့ဒီဂျင်း နာမည်မျိုးမကြားဖးပါဘူးဗျာ... သာ့ဒ်အီးကတော့ လုပ်ပြီ...” “ဟား...ဟား.. ဆောရီးညီလေးရာ ကိုယ်သတိရသွားတာလေး တစ်ခုကြောင့် ပါးစပ်က ထွတ်သွားတာ... လီဗိုက်ဂျင်းဝယ်ခဲ့ပါ...ခါးသုံးဆယ့်နှစ်... အရှည်ကသုံးဆယ့်နှစ်ဆိုရတယ်... ပြန်လာမှပိုက်ဆံယူ ဟုတ်လား..” “အိုကေ... သာ့ဒ်အီးရေ... ၀ယ်ခဲ့မယ်... ဟို.. ခုဏပြောတဲ့ ချေးထွက် ဂျင်းအကြောင်း ကျွန်တော်ပြန်လာရင်ပြောရမယ်... သာ့ဒ်အီး ပြောရင်တော့ ရယ်စရာပဲ ဖြစ်မှာပဲ....လစ်ပြီဗျို့...” အောင်သက်နိုင် နောက်ကျောကို ကြည့်ရင်း.... ကိုသက်ပန် ပြုံး၍ကျန်ခဲ့ရပါသည်။ ဂျင်းဘောင်းဘီ ၀ယ်ဖို့အကြောင်း ဖန်လာတော့မှ လွန်ခဲ့သည့် လေးနှစ်ခန့်က စီးခဲ့ရသော M.V PRO PACAFICA သင်္ဘောပေါ်တွင် ကြုံခဲ့ဖူးသော ဟာသ အတွေ့အကြုံလေးကို တစိမ့်စိမ့် တွေးမိပါသည်။ ဂျင်းဘောင်းဘီနှင့် ပက်သက်သော အဖြစ်အပျက် လေးတစ်ခုပါပဲ။
အဲဒီတုန်းက ကိုသက်ပန်တို့ သင်္ဘေခရီးစဉ်က အရှေ့ဘက်မှ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တရုတ်၊ ကိုရီးယား၊ အင်ဒိုနီးရှား အနောက်ဘက်မှာ တောင်အာဖရိက၊အာဂျီနီးနား၊ ဥရုဂွေး၊ ဘာရာဇီး စသောနိုင်ငံတွေပါ သုံးလတစ်ကြိမ် ခရီးစဉ် ဖြစ်သည်။ စင်္ကာပူတွင် မြန်မာပြည်မှ သင်္ဘေသား လူသစ်ငါးဦး လာသည်။ လေးဦးက ဒီသင်္ဘောမှာသာ လူသစ်ခေါ်ရသည်။ ကိုသက်ပန်တို့ ကုမ္ပဏီရဲ့ လူဟောင်းတွေပါပဲ။ သင်္ဘောလုံးဝမစီးဘူးသေးသည့် လူသစ်ကလေး တစ်ယောက်လည်း ပါတယ်။ သူ့နာမည်က ဇော်မျိုးနောင် ပါတဲ့။ ယခင် ပုသိမ်၊ ချောင်းသာ ဟိုတယ်တွင်လုပ်ခဲ့ဖူးပြီး၊ ယခု ကိုသက်ပန်တို့ သင်္ဘောပေါ်ကို TRAINING MESS MAN ရာထူးနှင့် တာဝန်ထမ်းဆောင်ဖို့ တက်လာသူဖြစ်သည်။ လူကောင်သေးသေး၊ အသားဖြူဖြူ၊ မျက်လုံးပြူးပြူးနှင့်သွက်လက်မည့် ပုံစံကလေးပါ။
သူဇော်မျိုးနောင်က ရန်ကုန်က ထွက်လာတုန်းက ၀တ်လာသည့် အ၀တ်အစားအပြင် သိပ်ပြီးကောင်းသော အ၀တ်အစားမရှိ၍ အဆင်ပြေသော ဆိပ်ကမ်းတွင် အ၀တ်အစားနည်းနည်း ၀ယ်ချင်ကြောင်း တဖွဖွပြောနေသဖြင့် ကိုသက်ပန်က အကြံပေးလိုက်ပါသည်။ နားလည်အတော်ပူလာလို့ပါ။
“ဟေ့ကောင်လေး...မနက်ဖြန်ခါ ဖူဆန်း(ကိုရီးယား)ကို သင်္ဘောဝင်မှာ...အဲဒီကြရင် အင်တာနေရှင်နယ် မားကက်ဆိုတဲ့ ရပ်ကွက်ကြီးတစ်ခုစာ ဈေးကြီးရှိတယ်...မင်းလိုချင်တာ အပ်ကနေ လေယာဉ်ပျံအထိ ၀ယ်လို့ရတယ်...အဲ့ဒီကိုသွား...”
“ကျွန်တော်မှ မသွားတတ်ပဲ သာ့ဒ်အီရာ...လိုက်ပို့ပါနော်...နော်”
“အေး...အေး...ပို့မည်ပို့ သင်္ချိုင်းကုန်းအထိပို့ အဲလေ...ကူးတို့အထိ ပို့ပေးရမှာပေါ့ကွာ...”
“ကျွန်တော်က ဂျင်းဘောင်းဘီ ကောင်းကောင်းဝယ်ချင်တာအစ်ကိုရ...ကျွန်တော်ရန်ကုန်မှာ ဆိုလည်း...ဂျင်းဘောင်းဘီပဲ ၀တ်တာ...”
သြော်...သည်ငတိက ဂျင်းဘောင်းညီ ခရေဇီသမား “ဟေ့ကောင်...မင်းလစာနည်းနည်းနဲ့ အမေရီကန်ဂျင်း အစစ်သွားမ၀ယ်နဲ့...ဈေးအရမ်းကြီးတာ...ကိုရီးယား မိတ်ဂျင်းဘောင်းဘီတွေလည်း မဆိုးပါဘူး။ ဈေးလည်းချိုတယ် အဲ့ဒါဝယ်...”
သည်လိုနှင့် ကိုရီးယားရောက်တော့ ကတိစကားအတိုင်း ဇော်မျိုးနောင်ကို ကိုသက်ပန် ဖူဆန်းမြို့ထဲခေါ်သွားရသည်။ အင်တာနေရှင်နယ် မားကက်ကိုရောက်တော့...ဂျင်းဘောင်းဘီချည်း သက်သက်ရောင်းသော ဆိုင်ကြီးတစ်ဆိုင်ကို ပို့းပေးလိုက်သည်။
“ကိုင်း...ကိုယ့်လူသဘောရှိ ရွေးစမ်း...ကြိုက်တာတွေ့ရင်ပြော...ငါဈေးဆစ်ပေးမယ်...”
ဟုတ်သည်။ ကိုရိးယားမှာ ဈေးဝယ်ရတာက ရန်ကုန်မျာလိုပါပဲ။ ဈေးဆစ်နိုင်ပါမှ၊ ၀ယ်ယူလိုသည့် ပစ္စည်းပေါ်တွင် ဈေးနှုန်းကို ကပ်ထားလင့်ကစား၊ ဈေးဆစ်၍ရသည်။ ကိုသက်ပန်ကတော့ ကိုရီး.ယားမှာ ဈေးဝယ်ရတာ၊ နည်းနည်းတော့ အထာကျနေပါပြီ။
“သာ့ဒ်အီးရေ ကျွန်တော် ဒီဂျင်းဘောင်းဘီလေး ကြိုက်တယ်ဗျာ...”
ဇော်မျိုးနောင် သာကောင့်သားထံမှ အသံထွက်လာသည်။
“ကြိုက်ရင်ဝတ်ကြည့်လေကွာ...တော်...မတော်ပေါ့...”
“၀တ်ကြည့်ပြီးပြီ...ဖဒ်ဒ်ပဲ...”
ကိုသက်ပန်က သူကြိုက်သည်ဆိုပြီး ရွေးထားသည့် ဘောင်းဘီကိုကြည့်ရင်း နှာခေါင်းရူံသွားးမိသည်။ ဘောင်းဘီပုံစံက အခုချိန် ခေတ်မစားတော့သော ခြေးအိုးအ၀ကျဉ်းကျဉ်းနျင့် ဖင်ကြပ်ဘောင်းဘီပုံ ချာလီပင်ပုံပဲ ခေါ်မလား။
“မင်းဘောင်းဘီကလည်းကွာ...အတော်ဝတ်ရ...ချွတ်ရ ခက်မယ့်ပုံပါလား...တခြားရွေးပါဦးလား...”
“ကျွန်တော်က အဲ့ဒီပုံစံမျိုးပဲ ကြိုက်တာ...ချပ်ချပ်ရပ်ရပ်နဲ့...”
သူကြိုက်တာဆိုတော့လည်း ဈေးဆစ်ပေးလိုက်ရသည်။ ဆယ့်သုံးဒေါ်လာခန့်နှင့်ရသည်။ သင်္ဘောကို ပြန်ရောက်တော့ ဇော်မျိုးနောင် သူ့ဂျင်းဘောင်းဘီ အသစ်ကို တံဆိပ်တန်း လန်းနှင့်ဝတ်ရင်း ရိုးအမျိုးမျိုးပြနေသည်။ ပေါပါ့ကွာ။ သင်္ဘောကလည်း အခုဆိပ်ကမ်းက ထါက်ကတည်းက ပင်လယ်ရက်ရှည် ခရီးစပြီ။ တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့အထိ သွားမှာဆိုတော့ သူ့ဘောင်းဘီကို ကမ်းနားဆင်းရင်း ၀တ်ခွင့်မကြုံဖြစ်နေရှာ၏။
ကိုင်း...ချုံပြီး ပြောပြရင်ဖြင့်၊ ကိုသက်ပန်တို့ သင်္ဘောကြီး ဒါဘန်ဆိပ်ကမ်းကို ကပ်သည့်နေ့...အဲသည်ညမှာပဲ ဇော်မျိုးနောင်တစ်ယောက် သူ့ဂျင်းဘောင်းဘီအသစ်ကို စတိုင်ကျကျဝတ်ရင်း၊ ကဒက် (CADET) အဖွဲ့နှင့် ပါသွားသည်။ နိုက်ကလပ်မှာ ဒန့်ကြမည်တဲ့။ ကိုသက်ပန် ဂျူတီရှိ၍ မလိုက်ဖြစ်ပါ။ ညဆယ်နာရီခန့်မှာ အင်ဂျင်ခန်းသို့ဆင်း၍ ပုံမှန် ROUND CHECK လုပ်သည်။ ပြီး DECK ပေါ်တက်၍ ကုန်းပတ်တာဝန်ကျ အရာရှိကိုမင်းနိုင်နှင့် လေပေးနေမိသည်။
“ကိုသက်ပန်ရေ...ဟိုကောင် ဇော်မျိုးနောင်တော့ သူ့ဂျင်းဘောင်းဘီအသစ် ၀တ်ပြီး ရိုးစမိုးနဲ့ဆင်းသွားပြီဗျ...”
“ဟုတ်ပါ့ဗျာ...သူ့မှာ ဒီဘောင်းဘီကို ၀တ်ချင်လွန်းလို့ သင်္ဘောမြန်မြန်ကမ်းကပ်ပါစေ...ဆုတောင်းနေတာ ကလား...”
“ခုချိန်ထိ မလာကြသေးဘူး...ဘယ်နိုက်ကလပ်သွားကဲနေကြသလဲ မသိဘူးဗျ...ဒီမြို့က ကလပ်ကပေါပေါနဲ့...”
“လာတော့မှာပါ...မနက်လည်း အစောကြီး ထကြရဦးမှာ...”
ဟော...ပြောရင်းဆိုရင်း...မောင်မင်းကြီးသား အသက်ရှည်ဦးမည်။ သင်္ဘောရှိရာဘက်သို့ ဆိပ်ကမ်း ဂိတ်ပေါက်ဝဘက်မျ ကသောကမျော၊ မပြေးရုံတမယ် ခြေလှမ်းများဖြင့် လာနေသော ဇော်မျိုးနောင်ကို ကိုသက်ပန်တို့ တွေ့လိုက်ရသည်။ အုပ်စုကွဲလာပြီး ဒရောသောပါး လစ်လာပုံထောက်တော့ သည်ကောင်တွေ...ကလပ်မှာများ ရန်ဖြစ်လာကြပြီလားဟု...ကိုသက်ပန်ရော ကိုမင်းနိုင်ပါ ရင်ထိပ်သွားကြသည်။ ဇော်မျိုးနောင် သင်္ဘောပေါ်သို့ GAUNGWAY လှေကားမှ တ၀ုန်းဝုန်းပြေးတက်လာနေကြသည်။ မျက်နျာမှာလည်း ချွေးသီးတွေ အလုံးလိုက်နှင့် မျက်စိပျက်၊ မျက်နှာပျက် ဟုတ်ပါပြီ ဒီကောင်ကမ်းပေါ်မှာ တစ်ခုခုတော့ ဖြစ်လာပါပြီ။
“ဟေ့ကောင်...ဇော်မျိုးနောင် ဘာဖြစ်လာသလဲ...ပြောစမ်း...”
ကိုမင်းနိုင်ရော ကိုသက်ပန်ပါ လှမ်းအော်မေးသည်ကို ဂရုမထား တကြိုးတည်း သူ့အခန်းရှိရာသို့ ပြေးပါတော့သည်။ ကိုမင်းနိုင် အတော်စိုးရိမ်သွားပြီး အေဘီ (ABLE SEAMAN) စောဖေလင်းကို ဝေါ်ကီတော့ကီမှနေ၍ လှမ်းခေါ်လိုက်သည်။ စောဖလင်း ရောက်လာတော့...။
“ဟေ့...စောဖေလင်း ဟိုကောင် ဇော်မျိုးနောင် အခန်းကို သွားစမ်း...ဒီကောင်တွေအဖွဲ့ ကပ်းပေါ်မှာ ဘာဖြစ်သလဲမသိဘူး...ဒီကောင် တစ်ကောင်တည်း ပြန်လာပြီး သူ့အခန်းကိုပြေးတယ်...ဘာမှ မေးလို့လည်း မရဘူး...ဒီကောင လက်နက်တစ်ခုခု လာပြန်ယူတာလား မသိဘူး...သွားသွား မြန်မြန် သွားမေးစမ်း...အရေးကြီးတယ်...ငါသူကြီး (CAPTAIN) ဆီရီ ပို့လ်လုပ်သင့်ရင် လုပ်ထားရမှာ...”
စောဖေလင်း၊ ဇော်မျိုးနောင် အခန်းရှိရာသို့ အပြေးအလွှားလိုက်ချသွားသည်။ စောဖေလင်း ပြန်အလာကို စိုးတထင့်ထင့်နှင့် ကိုသက်ပန်တို့ စောင့်နေမိသည်။ အင်း...ရင်ထိပ်လိုက်ပါဘိ။ ငါးမိနစ်ခန့်ပဲကြာပါမည်။ စောဖေလင်း ပြန်ဆင်းလာသည်။ ကိုသက်ပန်တို့ မေးရန်ဟန်ပြင်လိုက်ခါမှ ငနဲက အတောမသတ် ခွတ်ထိုးခွက်လန် ရယ်ပါလေရော ခင်ဗျာ...။
“ဟား...ဟား...ဟား...ဟိုကောင်လေး...ဟိုကောင်လေး ဇော်မျိုးနောင်...ဟား...ဟား...ဟား...”
စကားပင်မပြောနိုင်ဘဲ၊ သူ့ဗိုက်ကို သူနှိပ်၍အူလှိုက်၊ သည်းလှိုက် ရယ်နေပါသည်။ မျက်ရည်များပင် ထွက်လို့။
“ဟာ...ဒီကောင် ဘာဖြစ်တာလဲ...ပြောဦးကွ...နင့်မေကလွှား...ဒီလောက်တောင် ရီရသလား...”
ကိုမင်းနိုင် ငေါက်လိုက်တော့သည်။
“ဟား...ဟာ...တကယ်ကို ရယ်ရလို့ပါ...သာ့ဒ်မိတ်ရာ...ဒီကောင်...ရန်ဖြစ်လာတာ မဟုတ်ပါဘူး...သူဟာသူပြန်လာတာတဲ့...သူတို့သွားတဲ့ ဘားက ဒီဂိတ်ဝနားတင်ပဲ...လမ်းမှာဗိုက်နာလာလို့ သင်္ဘောကို ပြန်ပြေးတာ...ဟီး..ဟီး...”
ကိုသက်ပန်တို့ နှစ်ဦးစလုံး အလုံးကြီးကျသွားသည်။ တောပါသေးရဲ့။
“ဟား...ဟား...ဟား...တကယ်ရယ်ရတယ်...နံလည်းနံလိုက်တာဗျာ...ဒီကောင်ချေး (ချီး) လူးနေပြီ...”
စောဖေလင်း အပြောကြောင့်၊ ကိုသက်ပန် အံ့သြသွားရပါသည်။
“ဟင်...ဘာလို့လည်းဟ...”
“ဘာဖြစ်ရမှာလဲ...သူ့ဂျင်းဘောင်းဘီ အသစ်စက်စက်က ကြပ်ထုပ်နေတော့ တော်တော်နဲ့ ချွတ်မရဘဲ...မအောင့်နိုင်လို့ ချေးတေါထွက်ကျကုန်တာ သူ့ဘောင်းဘီမှာရော အခန်းထဲက ကော်ဇောတွေမှာပါ ပေလူးကုန်တာ...သူ့ကိစ္စကြီးက အိမ်သာခန်းထဲ မရောက်ခင်း အထမြောက်သွားတာဗျ...ဟီး...ဟီး...ဟီး...”
ကိုသက်ပန်နှင့် ကိုမင်းနိုင် တ၀ါးဝါး တဟားဟားရယ်မိ ပါလေတော့သည်။ သူစိတကြိုက်ဝယ်ထားသော ဘောင်းဘီက သူ့ကို ဒုက္ခပေးသွားခြင်းပါတကား။
ရယ်နေရာမှ ကိုမင်းနိုင် မျက်နှာကြီးက အိုသွားပြီး မဲ့လာသည်။
“ဟင်...ဘာဖြစ်ရပြန်တာလဲဗျ...”
“မနက်ကြရင်...ဒီကောင် သူ့ချေးတွေစင်အောင်မှ ဆေးပါ့မလား...မသိဘူးဗျာ...သူ့ချေးပေလက်တွေနဲ့ ဘရိတ်ဖတ်စ်မျာ ကျွန်တော်တို့စားမယ့် ပန်ကန်တွေလာချပေးရင် ဒုက္ခပဲ...”
“အောင်မယ်လေးဗျာ...ဟုတ်ပါရဲ့...”
ဘယ်လိုပဲဖြစ်ဖြစ် နောင်တွင်ကိုသက်ပန်တို့ သင်္ဘောဦးမှာ တစ်ဦးတစ်ယောက် ဂျင်းဘောင်းဘီဝတ်ပြီးလား ဆိုမှဖြင့် မေးကြမြဲ စကားတစ်ခွန်းက ပုံသေလို ဖြစ်သွားသည်။ ပြန်ဖြေသူကလည်း အဖြေတစ်ခုတည်း။
မေး...
“ဟေ့ကောင်...မင်းဝတ်ထားတာ ဘာဂျင်းလဲ...”
ဖြေ...
“ဘဂျင်းရမလဲ...ချေး (ချီး) ထွက်ဂျင်းပေါ့ဗျ...”
ထိုသို့သော မေး၊ ဖြေသံများကို ကြားရလျှင် ဇော်မျိုးနောင် မျက်နှာကြီးက လမုသီးကို ဖနှောင့်နှင့်
“ ရွှေနားတော် လေချော်လိုက်ပုံက ”
“ဟူး.... ဒီတစ်ခေါက် ရန်ကုန်ပြန်နားရတာ မချောင်ပါလား ...”
ကိုသက်ပန် အသံထွက်၍ပင် ညည်းမိသည်။ ဟုတ်ပါ့ဗျာ ... အရင့်အရင်ခေါက်တွေဆို သင်္ဘောမှာ နှစ်စေ့၍ကိုယ့်နိုင်ငံ ပြန်လာလျှင် ပြန်ရောက်ခါစ တစ်ပတ်နှစ်ပတ်လောက်သာ အလုပ်များလေ့ရှိသည်။
S.E.C.D(သင်္ဘောသားရုံး)၊ ခြောက်ထက်ရုံးနှင့် မိခင်ကုမ္ပဏီ၊ နိုင်ငံခြား ကုသွယ်မယ့်ဘဏ်တို့ကို ပတ်ချာလည် လည့်ပြေး ရသည်။
အခုတစ်ခေါက်တော့ ဒီလိုမဟုတ်ပြီ။ အရင်တစ်ခေါက်တွေကမတတ်ဖြစ်ခဲ့သော ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအားလုံးကို တစ်ခုပြီးတစ်ခု ဆက်တိုက်တက်နေရသည်။ သင်တန်းများကတော့ မြန်မာသင်္ဘောသားနှင့် အရာရှိအားလုံးအတွက် ပင်လယ်ပြင်တွင် အသက်အန္တရယ် ကာကွယ်တားဆီးရေး။ ရှေးဦးသူနာပြုသင်တန်း စသည့် တို့ဖြစ်သည်။ မိမိတို့လုပ်ငန်းဆိုင်ရာ၊ ရာထူးအလိုက် ထက်သက်ရသော မွမ်းမံသင်တန်းများလည်း ရှိသေးသည်။ သင်တန်းများအားလုံး၏ ရည်ရွယ်ချက်မှာ မြန်မာသင်္ဘောသားအားလုံး ကမ္ဘာ့ပင်လယ်ပြင်တွင် မျက်နှာမငယ်ရဘဲ ရဲဝံ့စွာ စိုးမိုးလာနိုင်စေရေးအတွက်ပင်ဖြစ်သည်။
ထိုသင်တန်းများပြီး၍ နားမည်ရမလားမှတ်ပါတယ်။ နောက်ထက်တစ်မျိုးက လာပြန်ပါပြီ၊ ကိုသက်ပန်တို့ ကုမ္ပဏီမှ ကြီးကြပ်စီစဉ်၍ စစ်ဆေးသော အင်္ဂလိပ်စာနှင့် စကားပြောကျွမ်းကျင်မှု စာမေးပွဲတဲ့။ အရင်အခေါက်တွေက ပြန်လာရင် ဒါမျိုးမရှိခဲ့။ သည်တစ်ခေါက်တော့ ကြီးကောင်ကြီးမားနှင့် အင်္ဂလိပ်စာပြန်ကျက်ရမည့် ကိန်းပါပဲ စိတ်ညစ်ပါရဲ့။
အင်္ဂလိပ်စာကျွမ်းကျင်မှုကိုကွန်ပျူတာနှင့်စစ်သည်။ စကားပြောကျွမ်းကျင်မှုကို လူတွေ့စစ်ဆေးသည်။ ရာထူးကြီးငယ်အလိုက် အောင်မှတ်စံနှုန်းကို မြှင့်သွားသည်။ ကျလို့ကတော့ အင်္ဂလိပ်စာသင်တန်း ပြန်တတ်ပေတော့။ ပထမတော့ ကိုသက်ပန် ဘ၀င်မကျဖြစ်မိသည်။ သင်္ဘောစလိုက်ခါစကတည်းက သင်္ဘောပေါ်တွင် တွေ့သည့်လူမျိုးနှင့် ကြုံရသလို တွဲလုပ်ရသည်။ သူလည်း သူတတ်သလိုပြော၊ ကိုယ်လည်း ကိုယ်နားလည်သရွေ့ ထော့ကျိုးအင်္ဂလိပ်စကားနှင့်ယူနိုး၊ အိုင်နိုးနှစ်ယောက် နိုးတော့ သူခိုးပက်လက်လန် ဆိုတာမျိုးလိုပေါ့။ အဲ့ဒီလို လုပ်လဲ့ကြသည်။ အလုပ်တော့ဖြစ်သွားသည်။
ဒါပေမယ့် တစ်ကယ်စေ့စေ့ တွေးကြည့်တော့လည်း အင်္ဂလိပ်စာ စကားပြောကျွမ်းကျင်မှုက အရေးပါသောကဏ္ဍတွင် ရှိနေသည်ဆိုတာကို ငြင်းပယ်၍ မရပြန်။ မြန်မာသင်္ဘောသား အများစု၏ သင်္ဘောလုပ်ငန်းကျမ်းကျင်မှု အရည်အသွေးမှာ အကောင်းဆုံးအဆင့်တွင် ရှိနေသည်။ တစ်ခါတစ်ရံ ရွှေမြန်မာတွေလောက်မှ အရည်အချင်းမရှိဘဲနှင့် အင်္ဂလိပ်စကားပြောနိုင်တာ တစ်ချက်နှင့် ကိုယ့်အပေါ် လူဇော်လာလုပ်သော နိုင်ငံခြားသားမျိုးတွေနှင့် တွေ့လျှင် တော်အသည်းနာစရာကောင်းသည်။
ထိုအခါမျိုးတွင် အင်္ဂလိပ်လို ကောင်းကောင်းပြောဆိုနိုင်လျှင်ဖြင့် သည်အကောင်မျိုးတွေကို လုံးဝမှုစရာမရှိဟူသော အတွေးမျိုး ကိုသက်ပန် ခေါင်ထဲဝင်မိသည်။
အင်္ဂလိပ်လိုပြောသည်ကို နားလည်မှုလွဲသွားသဖြင့် နိုင်ငံခြားသားကပ္ပတိန်တစ်ယောက် ဒုက္ခများခဲ့ဖူးသည်။ ကိုသက်ပန်စီးခဲ့ဖူးသော သင်္ဘောတစ်စီးတွင်ဖြစ်သည်။ ထိုအကြောင်းကို တွေးမိတိုင်း ကိုသက်ပန်ပြုံး မိလေသည်။
၁၉၉၂ နှစ်ဦးပိုင်းလောက်ဖြစ်မည်။ ကိုသက်ပန်သင်္ဘောသည် ကနေဒါနိုင်ငံ၊ ဗန်ကူးပါးမြို့မှ ပြောင်းဖးစေ့များကို တင်ဆောင်ပြီး ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့သို့သွားနေချိန်ဖြစ်ြသည်။ သင်္ဘောကပ္ပတိန်မှာ ဂျာပန်လူမျိုး ဖြစ်သည်။ အလွန်စိတ်သဘော ကောင်းလှပြီး မြန်မာလူမျိုးများကို တော်ချစ်သော ကပ္ပတိန်ဖြစ်သည်။ မြန်မာကိုဘယ်လောက်အထိ ချစ်လည်းဆိုသော် သင်္ဘောပေါ်တွင် မြန်မာသင်္ကြန်လိုအခါမျိုး၊ လွတ်လပ်ရေးနေ့လိုမျိုး နေ့ထူးနေ့မြတ် အထိမ်းအမှတ် ပါတီလုပ်လျှင် ထိုကပ္ပတိန်မှာ မြန်မာတိုက်ပုံ၊လုံချည်တို့ဖြင့် ဖြည့်စုံစွာ ၀တ်ဆင်ပြီး ပါတီတတ်၏။ ကိုသက်ပန်တို့ မြန်မာအများစုက ဘောင်းဘီတို/ရှည် ဘွတ်ရှူးတို့ဖြင့် ပါတီတတ်၏။ ကောင်းလေစွ။
ကပ္ပတိန်၏ ဘောင်းဘီပွပွကြီး၏ ဘေးနှစ်ဖက်တွင် ချောကလက် သကြားလုံး မမြေဲအပြည့်ရှိ၏။သင်္ဘောပေါ်တွင် လည့်ပတ် စစ်ဆေးရင်း တွေ့သည့်လူကို ချောကလက်၊သကြားလုံးနှိုက်၍ ဝေသွားလေ့ရှိသည်။ ဆန်တာကလော့ ဘိုးဘိုးကြီးလိုပါပဲ။ သူ့မျက်နှာကလည်း အမြဲပြုံးချိုနေသည်။
စောစောကပြောခဲ့သော ခရီးစဉ်တွင် ကနေဒါကထွက်လာပြီး သုံးရက်ခန့်တွင် ကိုသက်ပန်တို့ သင်္ဘောမုန်တိုင်းမိသည်။နှစ်ရက်တိတိ လူးလူးလိမ့်လိမ့်ဖြင့် တော်ခံရသည်။ မဏိမေခလာနတ်သမီးလည်း သူ့ပိုင်နက် မဟုတ်၍ ပေါ်မလား။ ဘုရားသာကျုံး၍ ကန်တော့ရတော့သည်။
မုန်တိုင်းစဲသွားပြီး သင်္ဘောအခြေနေ ပုံမှန်ဖြစ်လာတော့ တင်လာသောကုန်များ ရေစို၍ ပျက်စီးမှု ရှိ/မရှိ ကပ္ပတိန်ကကိုယ်တိုင်စစ်ဆေးမည်ဟုဆိုလာသည်။ ပထမ ကုန်းပတ်အရာရှိနှင့် ဘိုဆင်(ကုန်းပတ်မှုး)တို့က ကုန်ပေါက် တစ်ခုချင်းကို ကုန်ပေါက်အဖုံး တစ်ခြမ်းစီဖွင့်ပေးထားရသည်။ ပြောင်းဖူးစေ့များ ကုန်ပေါက်နှုတ်ခမ်းဝအနီးအထိရှိသည်။ ဘိုဆင်ကိုစိုးဝင်းနှင့် အဖွင့်က အမှတ်လေးကူန်ပေါက်အဖုံးကို တစ်ခြမ်းဖွင့်ထားပေးခဲ့ပြီ သင်္ဘောဦးပိုင်းသို့ ထွက်သွားသည်။ အမှတ်လေး ကုန်ပေါက်အနီးရှိ ကုန်းအနီးရှိကုန်းပတ်ပေါ်တွင် သံချေးခေါက်၍သန့်ရှင်းရေးလုပ်ရန် ကဒက် ကျော်ဦးကို ဘိုဆင်ကခိုင်းသွားသည်။ ကျော်ဦးမှာ သင်္ဘေသို့ရောက်သည်မှာ တစ်လပင်မပြည့်သေး သဘောကောင်းပြီး ပေါတောတော နေတတ်သုမို့ ဟိုလူကစ၊ သည်လူကနောက်ဖြင့် လူချစ်လူခင်များသူဖြစ်သည်။
ကျော်ဦး တဒေါက်ဒေါက်နှင့် သံချေးခေါက်၍ ကောင်းနေဆဲ ကပ္ပတိန် ကုန်းပတ်ပေါ်သို့ ဆင်းလာသည်။ မကြာမီပင် ကျော်ဦးအနားသို့ ရောက်လာသည်။ ကျော်ဦးလုံးဝမော့မကြည့် အလုပ်ကြိုးစားမှန်းသိအောင် သင်္ဘောကြမ်းပေါက်မတတ် သံချေးခေါက်နေသည်။ ကပ္ပတိန်က ကျော်ဦးပခုံးကို လှမ်းပုတ်လိုက်မှ မော့ကြည့်လိုက်သည်း။
ကပ္ပတိန်က သူ့ဘောင်းဘီအိတ်ထဲမှဂျယ်လီနှင့် သကြားလုံး လုက်တစ်ဆုပ်ခန့်ကိုနှိုက်၍ ကျော်ဦးကိုလှမ်းပေးလိုက်သည်။ ပြုံးပြုံးကြီးနှင့် သူ့လက်မကိုလည်း ထောင်ပြသွားသည်။ တော်တယ်ပေါ့လေ........ ။ ကျော်ဦးတော် မနော်ခွေ့သွားသည်။ ကပ္ပတိန်ကတော့ ငါအလုပ်လုပ်တာကြိုက်သွားပြီ “ငါကွ” ဟု ဘ၀င်မြင့်ချင်သလိုဖြစ်သွားသည်။ ကပ္ပတိန်က အမှတ်(၄) ကုန်းပေါက်အဖုံးပေါ်သို့ တက်သွားသဖြင့် ကျော်ဦးလည်း သူ့အလုပ်သူဆက်လုပ်နေသည်။ ငါးမိနစ်ခန့်အကြာလောက်တွင် သူ့နောက်ဘက်မှ အော်ခေါ်သံလိုလိုကြားရသဖြင့် ကျော်ဦး သံချေးခေါက်တာ ခဏရပ်လိုက်ရင်း နားစွင့်လိုက်မိသည်။
“ အလို.......... ဟက်ပီး.....ဟက်ပီး (Happy Happy) ဆိုပါလား.......ဒါကကပ္ပတိန်အသံပဲ....”
ကျော်ဦး မတ်တတ်ရပ်လိုက်ရင်း တစ်ခြမ်းဖွင့်ထားသော အမှတ်-၄ ကုန်ပေါက်ထဲကို လှမ်းကြည့်လိုက်သည်။ ကပ္ပတိန်၏ အပေါ်ပိုင်းကို လှမ်းမြင်နေရသည်။ ကပ္ပတိန်က လက်နှစ်ဖက်ကိုဝှေ့ရမ်းရင်း သူ့ကိုလှမ်းအော်နေသည်။ ကျော်ဦး က ကပ္ပတိန်ကို စပ်ဖြီးဖြီးနှင့် ရယ်ပြလိုက်ရင်း ပြီးထိုင်၍ သူ့အလုပ်ကိုသူဆက်လုပ်နေသည်။ ကပ္ပတိန်၏ အော်သံကမှု မရပ်သေး။ ပြောင်းဖူးစေ့နှင့် သူရှိရာဘက်သို့ ကပ္ပတိန်က လှမ်းပေါက်နေသည်။ အတော်ပျော်တတ်၊ နောက်တတ်တဲ့ ကပ္ပတိန်ကြီးပဲဟုကျော်ဦးတွေးနေမိသည်။
ထိုစဉ် သင်္ဘောဦးဘက်မှ ဘိုဆင်ကိုစိုးဝင်း သူရှိရာဘက်သို့ လျှောက်လာသည်။ ကျော်ဦးက ဘိုဆင်ကိုမြင်မှ မတ်တတ်ထရပ်လိုက်ရင်း...
“ဘိုဆင် ကပ္ပတိန်ကြီးအတော် ပျော်နေတယ်ဗျ...ဟက်ပီးဟက်ပီးလည်း အော်တယ်။ ကျွန်တော့်ကိုလည်း ပြောင်းဖးစေ့တွေနဲ့ပေါက်တယ်ဗျ...”
ဘိုဆင် ကိုစိုးဝင်း အူကြောင်ကြောင်ဖြစ်သွားသည်။ ကပ္ပတိန် ဒီလောက်အထိတော့ မပေါပါဘူး။ ဘယ်လိုများပါလိမ့်ဟု တွေးနေဆဲ ကပ္ပတိန်အော်သံကို သူကိုယ်တိုင်နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည်။
“ဟော...ကြားလား ဘိုဆင်...ဟက်ပီး...ဟက်ပီးနဲ့အော်နေတယ်လေ”
ကျော်ဦးက ၀င်ပြောလိုက်သည်။ အမှတ်(၄)က်ုပေါက်ထဲက ကြားရခြင်းဖြစ်သည်။ ဘိုဆင်က ကုန်ပေါက်နှုတ်ခမ်းဝပေါ် တွယ်တက်ရင်း အတွင်းသို့လှမ်းကြည့်လိုက်သည့် တစ်ခဏ။ သူတွေ့လိုက်ရသည့် မြင်ကွင်းကား မထိတ်သာ မလန့်သာ။ ဘိုဆင်၏ မျက်စိအစုံမှာ ပုစွန်မျက်လုံးနှယ် ပြူးထွက်လာသည်။
“အောင်မယ်လေးဗျာ...ကပ္ပတိန်သေတော့မယ်...ဟေ့ကောင်...ကျော်ဦးခွေးမသားလေးရဲ့ဟက်ပီး...ဟက်ပီး အော်တာမဟုတ်ဘူး...ဟဲလ်မီး...ဟဲလ်မီး (HELP ME,HELP ME) အော်နေတာဟဲ့...သေချင်းဆိုးရဲ့...”
ကပ္ပတိန်မှာ ပြောင်းဖူးစေ့တွေ ကြားထဲတွင် တစ်ကိုယ်လုံး မြုပ်နေသည်မှာ ချိုင်းနားအထိရောက်နေပြီ ဖြစ်သည်။ လှုပ်လိုက်တိုင်း မြုပ်ဝင်နေခြင်းဖြစ်သည်။
“ဟေ့ကောင်...ကျော်ဦး ဘာကြောင်းတောင်တောင်လုပ်နေတာလဲ...သွား...သွား...ရှေ့က အေ.ဘီ (ABLE SEAMAN) တွေ သွားခေါ်စမ်း...အမြန်ဆုံးဒီကိုလာကြလို့...”
ဘိုဆင်က ပြောပြောဆိုဆိုနှင့် ဘိုဆင်စတိုးထဲမှ ကြိုးတစ်ချောင်းအမြန်ပြေးယူပြိး ကပ္ပတိန်ရှိရာသို့ လှမ်းပစ်ပေးလိုက်သည်။ ကပ္ပတိန်ကို ချိုင်းအောက်ဘက်မှ လျှို၍ သိုင်းချည်ခိုင်းရသည်။ အေ-ဘီ နှစ်ယောက်နှင့် ကျော်ဦးလည်း အပြေးအလွှား ရောက်ရှိလာကြသည်။
သူတိုပလေးယောက်အားနှင့် တဖြည်းဖြည်းချင်း ကုန်ပေါက်နှုတ်ခမ်းအနီးသို့ ဆွဲယူရသည်။ ကပ္ပတိန်သည် ယက်ကန်၊ ယက်ကန်နှင့် ပါလာသည်။ မျက်နှာကြီးလည်း နီရဲ၍နဖူးမှ ချွေးသီးများလည်း ဇီးကင်းခန့်သီးနေချိန်တွင် ကျော်ဦး၏ နဖူးမှချွေးက မြရာသီလောက်ဖြစ်နေပေပြီ။ မျက်နှာလည်း သွေးမရှိတော့။
“လုပ်...လုပ်ပါဦး ဘိုဆင်ရယ်...ကျွန်တော့်ကို ကယ်ပါဥိးဗျာ...ကပ္ပတိန်ကြီးစိတ်ဆိုးပြီး ကျွန်တော့်ကို မြန်မာပြည် ပြန်ပို့တော့မလားမသိဘူး...ပြောပြပေးပါဗျာ...နော်...နော်”
ဘိုဆင်ကိုစိုးဝင်း ကျော်ဦးမျက်နှာကြည့်၍ ဆွဲပဲထိုးရတော့မလို၊ သနားပဲသနားရတော့မလို ဖြစ်ရသည်။ ဒါပေမဲ့ ကပ္ပတိန်အား အဖြစ်မှန်ကို ရှင်းပြလိုက်သည်။ ကျော်ဦး ရွှေနားတော်လေးချော်သည့် ကိစ္စကိုပေါ့။
တော်ပါသေးသည်။ ကပ္ပတိန်က သူ့လက်သီးကြီးထန်းသီးလုံးခန့်နှင့် ကျော်ဦးငယ်ထိပ်ကို မနာအောင် ခပ်ဆတ်ဆတ်ထုလိုက်ရင်း ဘိုဆင်ဘက်သို့ လှည့်၍ စကားတစ်ခွန်း ပြောလိုက်သည်။
“ဘိုဆင် မနက်ဖြန်ကစပြီး ဒီကဒက်ကို ငါ့ဆီမှာ တစ်ရက်ကို တစ်နာရီ အင်္ဂလိပ်စကားပြော လာလေ့ကျင့်ခိုင်းရမည်ဟု...”
အားလုံးရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။
ဟင်...တော်ပါသေးရဲ့။
အပေါက်ခံထားရသည့်နှယ်...နောက်နောင်လည်း သူ့ဂျင်းဘောင်းဘီကို တစ်ခါမှဝတ်သည်ကို မတွေ့ရတော့၊ အတော်စိတ်နာသွားပုံရသည် ကိုသက်ပန်တိုပ နှုတ်ဖျားမှာတော့ “ဂျင်း...ဂျင်း...ဘာဂျင်းလဲတဲ့...ချစ်တဲ့စာဖတ်သူတွေကကော ဘာဂျင်းဘောင်းဘီ အမျိုးအစားများ နှစ်သက်ပါသလဲ...ဟဲ...ဟဲ..ဟဲ...”

No comments:

Post a Comment