
Just for funny !!!!!
>
> တောက်.. ဒီကွန်နက်ရှင်နဲ့တော့ သောက်ရေးကိုမပါဘူး ..
>
> ကောင်မလေး ဖုန်းနံပါတ်ပေးတော့မယ် ဆိုကျပြီ ..
>
> ရည်းစားစကားပြောခါနီးရင် ကျပြီ..
>
> အီလို့ ကောင်းနေတုန်းဆို ကျပြီ ? ကျကိုကျနိုင်လွန်းတဲ့ ကောင်..
> ဖြစ်နိုင်ရင် အ၀ီစိချိုးကပ်နေအောင် ကျချင်နေတဲ့ကောင် ? ။
>
> အခုလည်း ကြည့်.. သူ ကောင်မလေးနဲ့အဆင်ပြေနေတုန်း ကျပြန်ပြီ ။ ဒီကောင်တော့
> ဘယ်ဘ၀ကများ ငါ့ကိုအမြင်ကပ်ခဲ့လဲမသိဘူး ။
>
> ဟော.. အိပဲ့အိပဲ့နဲ့တော့ ပြန်တက်လာပြီ ။
>
> တော်ပါသေးရဲ့?ကောင်မလေး ရှိပေသေးလို့ ။ မဟုတ်ရင်
> အိပ်မပျော်ဘူးလို့မထင်နဲ့ နောက်တစ်နစ်ခ်ပြောင်းကျူရမှာစိုးလို့ဗျ.. အစကနေ
> ပြန်ပြောရမှာ.. ဘယ်လောက်ပင်ပန်းလဲ ။
>
> အခုတော့ တော်ပါသေးတယ်.. ကောင်မလေးက သူ့ကိုစောင့်နေလားမသိဘူး
> (ကိုယ့်ဘက်ကိုယ်တွေးတယ်ဗျာ.. ဘာပြောချင်လဲ )
>
> Me : ချစ်လေး.. ကိုယ် Connection ကျသွားလို့နော် စိတ်ဆိုးနေလားဟင်..
>
> Kgmalay : ဒီလူကြီးနော်.. ဘာကြီးမှန်းတိဝူး.. ဘီတူက ရှင့်ချစ်လေးလဲလို့
>
> Me : အာာ.. ဒီကချစ်လေး ကိုပြောတာပေါ့ဗျ..ကိုယ်က
> ချစ်လေးတစ်ယောက်တည်းနဲ့ပဲပြောနေတဲ့ဟာ
>
> ဘာလဲ ချစ်လေးက ချစ်လေးလို့ ခေါ်ခံချင်ဘူးလား ဒါဆို သည်းလေးလို့ခေါ်မယ် လေနော်
>
> Kgmalay : လူလည်ကြီး ..ဟွန့် မုန်းချင်ချာဂျီး ..
>
> Me : မုန်းပါနဲ့ဗျာ.. ချစ်ပါနော်.. ချစ်တယ်မလားဟင်
>
> (အမလေးဗျာ.. ချွဲလိုက်တာ တရော်များဖျော်သောက်ထားလားသိဘူး)
>
> Kgmalay : သွားးးပါ? ချစ်ဘူး သူက အကုန်လုံးကို ချစ်တယ်ပြောနေတာမလား ဒီကသိသားပဲ
>
> Me : သိဘူးဗျာ.. ချစ်တယ်ပဲ မှတ်တော့မယ် ချစ်တယ်နော်
>
> Kgmalay : ယုံဝူးးးး ရှင့်
>
> Me : ယုံပါဗျာ?မယုံရင် ဖက်နမ်းပစ်မှာနော်
>
> Kgmalay : အယ်?ဒီလူကြီးဆိုးလာပီး သွားးးတော့
>
> Me : သွားပါဘူး.. ချစ်လေးနဲ့မခွဲနိုင်သေးဘူး (အမေရေ သားဗိုက်ဆာပြီဗျ..
> အခုထိကွန်ပျူတာရှေ့ကခွာနိုင်သေးဘူး မယ်မင်းကြီးမရယ် မြန်မြန်ပြန်ပါတော့
> )
>
> ချစ်တယ်နော်?ပြန်ပြောပါလား ချစ်တယ်လို့
>
> Kgmalay : ပြောဝူးးး? ချစ်တယ်လို့
>
> Me : ပြောပါ ချစ်တယ်လို့
>
> Kgmalay : ပြောဝူးးးးးးးးး ချစ်တယ်
>
> Me :အဲဗျာ?တကယ်ချစ်တာလား..ချစ်တယ်နော်?ဟုတ်တယ်မလား
>
> ဟေးးးးးးးးးးးးးးးး အရမ်းပျော်သွားတယ်ကွာ
>
> ချစ်လေးကို အရမ်းချစ်တယ်နော်...
>
> Kgmalay : အဲ.. ဘယ်မှာပြောလို့လဲရှင့် ..
>
> Me : ပြောပါတယ်?မတွေ့ဘူးလား ခုနကပဲပြောလိုက်ပြီးတော့
>
> Kgmalay : ပြောပါဘူးနော်ဘယ်မှာလဲ
>
> Me : ချစ်တယ်
>
> Kgmalay : ဘာလဲလို့
>
> Me : ချစ်တယ်?
>
> Kgmalay : အာာ..တော်ပီ စိတ်ကောက်လိုက်မှာနော်...
>
> Me : ကောက်ပါဗျာ?ချစ်လေး ကြိုက်သလောက်ကောက်
>
> Kgmalay : တော်ပီ.. ပြန်တော့မယ်
>
> Me : အာာ ပြန်တော့မလို့လား ( တော်ပါသေးရဲ့ အခုမှပဲထမင်းစားရတော့မယ်)
>
> မနက်ဖြန် ချစ်လေး ဘယ်ချိန်လာမှာလဲ
>
> Me :း မနက်ဖြန်မလာဘူး သွားစရာရှိလို့
>
> ဟင်.. ဟုတ်လား ကို တော့လွမ်း နေတော့မှာပဲ.. ချစ်လေးက ဘယ်သွားမှာလဲ
>
> Kgmalay : အင်း Dagon center သွားမလားလို့ဝယ်စရာနည်းနည်းရှိလို့
>
> Me : ကို လိုက်ပို့မယ်လေ?( သေပီဆရာပဲ?ဘိုင်ပျက်နေပါတယ်ဆိုမှ )
>
> Kgmalay : ဒါဆို 10 နာရီလောက် ice-berry မှာစောင့်နေမယ်လေ နော် ယူ
>ုစောစောတော့လာခဲ့နော်
>
> Me : အဲ.. ချစ်လေးကိုမှ မမြင်ဖူးတာ ဘယ်လိုသိမလဲ
>
> Kgmalay : I က အကျီ အနီဝတ်ခဲ့မယ်လေနော် အောက် ဂျင်းဘောင်းဘီအကျပ်လေးနဲ့
>
> (ဂလု?မနက်ဖြန်ကို တွေးရင်းနဲ့တောင် ရင်ခုန်လာပြီ.. ခွိ..ခွိ ) ငါကွ
>
> Me : Ok Ok ကိုယ်က Tshirt အဖြူနဲ့ ဂျင်းဘောင်းဘီဝတ်ခဲ့မယ်
>
> ဒါဆို bie bie နော် မနက်ဖြန် မှတွေ့မယ် ချစ်လေး ကိုယ်လည်း ထမင်းစားဦးမယ်
>
> တာ့တာ?see U
>
>
>
> Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
>
>
>
> မနက်စောစော ထပြီး.. သူ တက်ကြွနေသည် ။ အော်.. On lie?on lie
>
> အွန်လိုင်းကြောင့် သူ ငါးပါးသီလမလုံတာကြာပြီ.. ဟဲဟဲ
>
> ကောင်မလေးတွေကလည်း ယုံလိုက်တာ လွန်ရော
>
> စကားပြောကောင်းတဲ့ သူ့လိုကောင်ဆို တဖြုတ်ဖြုတ်နဲ့ အနားမှာ ကြွေလို့
> (ယင်ကောင်တွေ မဟုတ်ဖူးလို့ )
>
> နည်းနည်းပါးပါး ပြောလိုက်တာနဲ့ အနောက်မှာ တကောက်ကောက်နဲ့ ပါလာပြီ
> (ခွေးတွေမဟုတ်ပါဘူးဗျာ)
>
> နည်းနည်းတော့ လုံ့လ ၀ီရိယ ဇွဲ ရှိရတယ်ဗျ
>
> ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းရည်းစားဖြစ်ချင်ရင် လွယ်လွယ်လေးဗျ..
>
> သိချင်ရင် ကျွန်တော့ဆီ တပည့်လာခံ?ဟဲဟဲ
>
>
>
> မနေနိုင်လို့ ဆရာတော့လုပ်ဦးမယ်..
>
> အရင်ဆုံး target ပစ်မှတ်တစ်ခုထားရမယ် ဖြစ်နိုင်ရင် သူ့တစ်ယောက်တည်းကိုပဲ
> အာရုံစိုက်ပြီး chat ရမယ် ။
>
> ဒါမှ ကောင်မလေးက ကိုယ်ဆီပဲစိတ်ကရှိနေမှာပေါ့ သူက
> လူအများကြီးနဲ့ချက်နေမယ်ဆိုရင်တောင် ကိုယ်က သူနဲ့စကားပြောမပျက်တဲ့အတွက်
> သူက သတိထားမိလာလိမ့်မယ် .. နောက်တစ်ဆင့်က ခင်မင်လာလိမ့်မယ် ။
>
> ( ဘယ်နှစ်ယောက် နဲ့ချက်ပါလို့ မပြောလိုဘူးဗျ?ဒါက typing skill
> ပေါ်မှာမူတည်တယ်လေ ဒါကြောင့် ကိုယ်စာရိုက်တဲ့နူန်းမြန်ရင် သုံးလေးယောက်နဲ့
> ချက်နေလည်း အိုကေပေါ့ )
>
> ပြီးတော့ စကားပြောနေရင်း ထိကပါး ရိကပါးလေးတွေ ပြောတက်ရတယ် အွန်လိုင်းမှာ
> ပါးရိုက်လို့မှ မရတာနော့်.. သိပ်ကြောက်စရာတော့မရှိပါဘူး ။ (နှမချင်
>းစာနာစိတ်တော့ရှိကြပါဗျ)
>
> ဥပမာဗျာ.. ကိုယ့်မှာရည်းစားမရှိဘူး.. မယုံရင် ချစ်ကြည့်လေ..ဆိုတာမျိုး
>
> ဒါမှမဟုတ် ကျိန်ပြောတယ်ဗျာ.. တကယ်ပါ ရည်းစားမရှိဘူး ဤစကားမှန်ရင်
> ခင်ဗျားလေးက ကျုပ်ကိုချစ်လာပါစေ ဆိုတာမျိုးပေါ့?အဲ့လို အဲ့လိုပေါ့ဗျာ
>
> ကျွန်တော်လည်း သိပ်ပြောတက်ဘူးဗျ?အခြေအနေနဲ့အချိန်အခါပေါ်နင်းပြီး ပြောတက်ရတယ် ။
>
> ကျွန်တော်ဆိုလိုတာက ဗျာ.. စကားလှလှလေးတွေ နုနုရွရွလေးတွေ ပြောတက်ရတယ်ပေါ့ ။
>
> စကားလှလှလေးတွေပြောတက်ဖို့ဆိုရင် စာများများဖတ်ရတယ်ဗျ.. (
> အချစ်ဝတ္တုလေးတွေဆို ပိုကောင်းတယ်ဗျ.. စကားလုံးလှတာတွေ့ရင်
> အလွတ်သာကျက်ထားပေတော့ )
>
> ပြီးတော့ ဟာသဥာဏ်လည်းရှိတက်ရတယ် ။ သူ့ကို ဟာသတစ်ပုဒ်ကို copy paste
> လုပ်ပြီး တင်ပေးမယ့်အစား ကိုယ်က စာရိုက်ပြီး ပြန်ပြောပြကြည့်ပါ ။
> တဖြည်းဖြည်း ရင်းနှီးမှုတိုးလာလိမ့်မယ်ဗျ ။
>
> နောက်ပြီး.. အရေးအကြီးဆုံး အချက်က ကောင်မလေးကိုယ့်ကိုအထင်ကြီးလာဖို့ပဲ။
> ကောင်မလေးတွေက များသောအားဖြင့် သူတို့အထင်ကြီးတဲ့ကောင်လေးတွေကို
> ကြိုက်လေ့ရှိကြတယ် ။ ဒါပေမယ့် ကြွားတာကိုတော့ မကြိုက်ကြဘူးဗျ။ ဒါကြောင့်
> စကားပြောရင် သတိထားရတယ် ။
>
> ဥပမာ ပြောရမယ်ဆိုရင်ဗျာ?ကိုယ် အလုပ်နည်းနည်းရှုပ်နေတယ်။ ခဏနော်ဒယ်ဒီ့ကို
> ကူလုပ်ပေးနေလို့ ခဏလေးစောင့်နော်? အဲ့လိုပေါ့ ။ ပါးပါးနပ်နပ်နဲ့
> တစ်ခြားကောင်မလေးကို Q ဖို့ ကောင်မလေးကို
> အလိမ္မာသုံးပြီးစောင့်ခိုင်းတာပေါ့ ။
>
> နောက်ပြီး ဖုန်းနံပါတ်ကို သိနေရုံလောက်နဲ့မတောင်းသင့်ဘူးဗျ ။
> ဘာလို့လဲဆိုတော့ သူနဲ့ကိုယ့်မှာ စကားပြောစရာသိပ်မရှိသေးဘူးလေ ။
> တော်တော်ကြာကြာရင်းနှီးပီးမှ တောင်းတာကောင်းတယ် ။ ဒီကြားထဲမှာ
> အဆင်ပြေသွားတယ်ဆိုရင်လည်း တစ်မျိုးပေါ့ဗျာ။
>
> ပြီးတော့ ဘယ်မှာနေလဲ ဆိုပီး အိမ်လိပ်စာအတင်းမမေးနဲ့ဗျာ။ ကောင်မလေး
> လိပ်စာသိတော့လည်း ကိုယ်က သွားလည်လို့ရတာကြလို့ ။ အကျိုးမရှိတာ
> သိပ်မပြောနဲ့ဗျ ။
>
> ပြီးတော့ အားရင် သီချင်းတို့ ပုံ တို့ကို ပို့ပေးရတယ်ဗျ.. ။ ( FWD
> မေးလ်သိပ်မပို့သင့်ဘူး ဘာလို့လဲဆိုတော့ အများကြီးပို့တဲ့အခါ
> သူကစိတ်ဝင်စားမှာမဟုတ်တော့ဘူးဗျ ။ mail ပို့မယ်ဆို
> သူ့တစ်ယောက်တည်းအတွက်ပဲ ရည်ရွယ်ပြီး ပို့တဲ့ mail ဖြစ်သင့်တယ်ဗျ ။
>
> တစ်ယောက်ပို့ပြီး sent mail ကနေ နောက်တစ်ယောက်ကို ထပ်ပို့တော့လည်း သူသိမှာကြလို့
>
> အရေးကြီးတာ လိမ္မာပါးနပ်ဖို့ပဲ )
>
> အဲဗျာ.. တော်ပီဗျ.. တော်ကြာ ကျွန်တော့ပညာ အကုန်ကုန်ဦးမယ် ။ ဆရာစားတော့
> ချန်ထားရမယ် ။
>
>
>
>
>
> ဒီလိုနဲ့
>
> သူ ၀ီရိယ ပိုစွာဖြင့် 9:30 လောက်ထဲက ice-berry ကိုရောက်နေလေရဲ့ ..
>
> အအေးတစ်ခွက်မှာရင်း Dagon center ကိုလာသမျှ ကောင်မလေးတွေကို ငေးရင်းး
> သူ့အရှေ့က အအေးခွက်မှာ ရေခဲတောင် အရည်ပျော်လာတယ် ။ အော်..
> အချိန်ကြာလို့ပြောပါတယ် ။
>
> ဒီလိုနဲ့?နာရီ သံက တချက်ချက်နဲ့ 10 နားကို ရွေ့လာတယ် ။
>
> ဟောဟိုမှာ
>
> နီနီလေး.. တရွေ့ရွေ့နဲ့ ရွေ့လာတယ် ။ သူ့ကောင်မလေးများလား
> ရင်ခုန်သံအပြည့်နဲ့ စူးစိုက်ပြီးကြည့်နေလိုက်တယ် ။
>
> ဟုတ်ပါ့ဗျာ
>
> အနီရောင်လေး?အကျီကိုယ်ကျပ်လေးနဲ့
>
> အောက် ဂျင်းဘောင်းဘီ ဒူးခေါင်းလောက် အတိုလေး..
>
> နည်းနည်းဝေးသေးတော့ သူ့အမြင်က သိပ်မကောင်းချင်ဘူး ။
>
> အနီလေးက တဖြည်းဖြည်းသူ့မြင်ကွင်းထဲမှာ ကြည်လာတယ် ။
>
> ဖိနပ်လေးက ဒေါက်အဖြူလေးနဲ့
>
> အပေါ်နည်းနည်းတက်ကြည့်တော့.. အော် ခြေသလုံးက အမွှေးတွေနဲ့ သိပ်မဖြူပါလားထားပါလေ
>
> အပေါ် နည်းနည်း ထပ်တက်တယ် ။ ပေါင်ရင်းက နည်းနည်းတော့တုတ်တယ် ။ မဆိုးတော့
> မဆိုးပါဘူးလေ ။
>
> အင်းထပ်တက်လိုက်တော့ ဗိုက်ခေါက်.. နည်းနည်းထွက်ချင်သလို
>
> ကောင်မလေးက ၀တုတ်တုတ်လေးထင်တယ် ။ အေးပေါ့ဝက်မလေးလို ချစ်စရာလေးနေမှာပေါ့ ။
>
> ကောင်မလေးက မဆိုးဘူးဗျ.. သူ့ကို သူ့ကို သိသလိုနဲ့ စားပွဲနားရောက်လာတယ် ။
>
> အမလေးဗျာ?ရင်တွေ တထိတ်ထိတ်နဲ့ အခုထိ ကောင်မလေး မျက်နှာကိုမကြည့်ရဲတော့ဘူး
>
> ဘယ်လိုလေးနေမလဲ စိုးမြတ်နန္ဒာလေး လိုလား.. မိုးဟေကိုလို
> ညှို့ဓာတ်အပြည့်နဲ့လား .. ဒါမှမဟုတ် သင်ဇာဝင့်ကျော်လေးလို ညိုချောလေးလား
>
> ဟင်းးနော်?အသည်းယားလာပြီ ။
>
> ရုပ်ရှင်ထဲမှာလို?တဖြည်းဖြည်းမော့ကြည့် 厖厖?
>
> အမလေး厖.. အောင်မရေးးးးးးးးးးးးး
>
> အ ခြောက် မ ကြီး ဗျာ?
>
> အမလေး ဗျ? ?ကံကဆိုးလိုက်လေခြင်းးးး ဟင်းးး ဟင်းး?
ပျော်ရွှင်ချမ်းမြေ့ကြပါစေ..ပြန်လည်မျှဝေပါတီ။။
No comments:
Post a Comment