ရိုးသား အသိ၊ နိုးကြားမိခဲ့
ကြုံသည့်လောကဓံ၊ ကြံ့ကြံ့ခံ၍
အားမာန်ကိုမွေး၊ လုပ်အားချွေးနှင့်
ပေးဆက် ကြည်ဖြူခဲ့ပါသည်။
အမေ့ကိုယ်ပွား၊ နှလုံးသားဖြင့်
ခံစား အသိ၊ စိတ်ထားမိခဲ့
ပွားသည့်မေတ္တာ၊ စေတနာနှင့်
သစ္စာရောင်ထိန်၊ လောကအိမ်မှာ
စိန်အလက်နှယ် ချိန်စက် ကြည်ဖြူခဲ့ပါသည်။
မိရိပ် ဖရိပ်၊ ဘ၀ ရိပ်တွင်
ချွေးသိပ်ခိုလှုံ၊ သမီးပြည့်စုံရန်
ပုံပြင်မျိုးချ၊ မျိုးစေ့ပြ၍
ဘ၀မအို၊ စဉ်ရွန်းစိုရန်
နုပျိုရွှင်ပျ၊ လောကလှရန်။
ရှင်သန်ရည်စူး၊ ပန်းတွေဖူးလို့
သိကြူး မ၀၊ နမ်း မ၀ပါ
ပန်းလှမွှေးမွှေး၊ ရပ်နှံ့ဖွေ။
No comments:
Post a Comment