ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 16 October 2012

မုဒိတာအကြောင်း

ပြည့်စုံ ကြွယ်ဝ ချမ်းသာသူများကို မြင်ရကြားရသောအခါ ၀မ်းမြောက် ခြင်းသဘောတရားသည် မုဒိတာတည်း။ ထို့ကြောင့် “၀မ်းသာ-မုဒိ”ဟု ဆိုခဲ့ပေသည်။ ချဲ့ဦးအံ့ - ဥစ္စာစည်းစိမ် ဂုဏ်သိမ်ဘက် ဖြစ်စေ၊ အမျိုးအဆွေ၊ အဆင်း၊ ကျန်းမာခြင်း၊ ပညာတတ်ခြင်း စသည်တို့တွင် တစ်မျိုးမျိုးဘက်ကဖြစ်စေ သမ္ပတ္တိဆိုက်နေသူကိုမြင်ရ ကြားရသောအခါ အဘိဇ္ဈာ ဣဿာအားကြီးသူတို့၌ မတရားလိုချင်မူ၊ မနာလိုမူ၊ မစားရသည့်အမဲ သဲနှင့်ပက်လိုမူ စသော အယုတ်တမာတရားတွေ ဖြစ်တတ်သော်လည်း စိတ်ထားဖြူလွင့် သူတော်စင်တှို့၌ကား “တော်ပါ ပေတယ်၊ တော်ပါပေတယ်၊ သာဓု သာဓု၊ ရှေးကောင်းမူကြောင့် ယခုလို ချမ်းသာတာပါပဲ”ဟု မုဒိတာ အစစ်ဖြစ်နိုင်ကြပေသည်။

မုဒိတာအတု
တစ်ခါတစ်ရံ၌ကား မိမိနှင့်စပ်သူတို့ သမ္ပတ္တိဆိုက်နေသည်ကို မြင်ရ၍ ၀မ်းသာအားရ ဖြစ်တတ်ကြသည်။ ထိုအဖြစ်ကား မုဒိတာနှင့် ဆင်တူရိုးမှား တဏှာလောဘ မကင်းသော နှစ်သက်ဖြင်း ပီတိ သောမနဿများတည်း။ နှစ်သက်ရုံတွင် သာမက အလွန်အမင်း အားရလှ၍ မျက်ရည်ပင် ကျလာတတ်ပါသေးသည်။ ဤကဲ့သို့ ဖြစ်ခြင်းကို “မုဒိတာတု”ဟု မှတ်ပါ။ သို့သော် ထိုသို့ ဖြစ်တိုင်းလည်း မုဒိတာအစစ်မဟုတ်ဟု မဆိုလို။ အခါများစွာပင် မုဒိတာအစစ်လည်း ဖြစ်ပါပေလိမ့်မည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment