ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 11 August 2009

ချစ်သူကိုလိုအပ်ချက်သာပေးပါ

ချစ်သူကိုပိုင်ဆိုင်ဖို့ ဆိုတာ အချစ်တခုထဲနဲ့ ပြီးပြည့်စုံလား။ သူ့ အတိုင်းအ၀ိုင်းကိုထည့်တွက်ဖို့ လိုလား။ တကယ်ကတော့ သူနဲ့ ကိုနဲ့ ပဲပေါင်းရမှာလေ။ ဒါကိုဘာကြောင့်များပတ်ဝန်းကျင်ကို ထည့်တွက်နေကြပါလိမ့်နော်။ တကယ်သာကိုယ့်ခြေထောက် ပေါ်ကိုကိုသာရပ်နိုင်ခဲ့ရင်ဒါတွေက လိုအုံးမလား။
စဉ်းစားခြင်းရဲ့၇၀ရာနှုန်းလောက်မှာ ငွေကကြီးစိုးထားတယ်နော်။ ငွေကအဲ့လောက်တောင်အရေးကြီးလား။ တကယ်ကချစ်ခဲ့ကြထဲကမစဉ်းစားထားတဲ့ အကြောင်းအရာတခုပါ။ ဘာလို့ များရေးကြီခွင်ကျယ်လုပ်နေရတာလဲ။ မပေါင်းနိင်တာလား၊ မပေါင်းဖြစ်တာလားသေချာစဉ်းစားပါအုံး။
မပေါင်းနိုင်ဘူးဆိုတာအခြေအနေအရ အဆင်မပြေလို့ ။ မပေါင်းဖြစ်တာက တဲ့လွဲလေးတွေလွဲသွားလို့ ။
ဘာလို့ ဝေးသွားလဲ သေချာစဉ်းစားလေ။ အတွေးတွေကြောင့်ပဲဒီလောကကြီးသာယာနေတာပါလေ။
မျော်လင့်ချက်ဆိုတာစိတ်ကူးရင်မဟုတ်ဘူး။ ကြိုးစားဖို့ ခွန်အား။
ဒီတိုင်းထားလိုက်ရင်ဒီတိုင်းပဲဖြစ်မှာပေါ့။ အရာရာဟာ အတောင်ပေါက်ပြီးတော့မလာနိုင်ဘူး။ အဲ့တော့ကြိုးစားစမ်းပါကွယ်။
ကြိုးစားနေတယ်ဆိုတာလဲသူသိပါ့စေနော်။ ဒါမှသူလဲအားရှိမှာ။ ကြုံတိုင်းပြောပြပါ။
ချစ်သူရဲ့အားပေးစကားကို ဘယ်သူမှမလိုချင်တာမရှိပါလေ။ ဒါကြောင့်ဘယ်လောက်ပဲဝေးပါစေယုံကြည့်မှု ကအဓိကပဲနော်။
အဲ့တော့သဘောပေါက်တယ်ဟုတ်။ ကိုယ့်ချစ်သူကိုချစ်တယ်ဆိုရင် ယုံကြည်မှုသာပေးလိုက်ပါကွယ်..
မြို့စားလေး

No comments:

Post a Comment