ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 23 August 2009

ပေးဆပ်ခြင်း၊ အနစ်နာခံခြင်းတွေနဲ့သာ

မိဘတွေက သားသမီးတွေဆီကနေ ဘာငွေကြေး၊ ဘာလက်ဆောင်မှ မမျှော်လင့်တတ်ကြဘူး။

သူက အဖမဲ့သား အမေနဲ့ပဲ ကြီးပြင်းခဲ့သူဖြစ်တယ်။ မူလတန်းကစအထက်တန်းပြီးတဲ့အထိ အမေရဲ့ပြုစုပျိုးထောင်မှုအောက်မှာ သူကြီးပြင်းခဲ့တယ်။
သူကြိုးစားခဲ့တယ်။ ပထမအဆင့်မှာ သူအမြဲ ရှိနေခဲ့တယ်။ အမေကသူ့ကိုချစ်လွန်းလို့ အိမ်အလုပ်တောင် ပေးမလုပ်ဘဲ ပညာကို သင်ယူစေခဲ့တယ်။
သူ့ကျောင်းစရိတ်အတွက် အမေ အလုပ်တွေပိုလုပ်ခဲ့တယ်။ အမေပင်ပန်းတာကိုကြည့်ပြီး သူ့ရင်ထဲမှာ သံဓိဌာန်တစ်ခုချခဲ့တယ်။ စာကြိုးစားမယ်၊ ပညာတတ်ကြီးဖြစ်ရင် အမေ့ကိုတစ်လှည့် ပြုစုမယ်လို့.....

အဲဒီနောက် သူ့ကြိုးစားမှုနဲ့ ရည်မှန်းထားတဲ့ တက္ကသိုလ်ကိုသူတက်ခွင့်ရခဲ့တယ်။ အမေက မိုင်ပေါင်းများစွာဝေးတဲ့ သူ့အဆောင်ကိုရထားတစ်တန်၊ ကားတစ်တန်စီးပြီး လာကြည့်ခဲ့တယ်။ သူကြိုက်တဲ့ အစားကောင်းတွေ
ယူလာပေးခဲ့တယ်။သူ့အဝတ်တွေလျှော်ပေးခဲ့တယ်။သန့်ရှင်းရေးတွေလုပ်ပေးခဲ့တယ်။အိမ်မပြန်ခင်အမေကသူ့ကို"အဆောင်ကကျွေးတဲ့ထမင်းဟင်းတွေစားမကောင်းရင်ဝယ်စားနော်သား၊ပိုက်ဆံတွေချွေတာသုံးစရာမလိုဘူး။
အမေအသက်ကြီးပြီး ပိုက်ဆံများများ မလိုတော့ဘူး" လို့ မှာတတ်တယ်။အမေမျက်နှာပေါ်က အရစ်ကြောင်းနဲ့ ဆံဖြူတွေကိုကြည့်ရင်း သူအဓိဌာန်ချမိပြန်တယ်။ အလုပ်ကောင်းကောင်းရှာပြီးအမေ့ကိုကျေးဇူးဆပ်မယ်လို့...

ရာသီအလီလီပြောင်းလို့ သူကျောင်းပြီး အလုပ်ရသွားခဲ့ပြီ။ စိတ်ကူးအိပ်မက်ထဲကလက်တွဲဖော်ချစ်သူနဲ့ သူ့ဘဝက အစစအရာရာ ပြည့်စုံနေခဲ့တယ်။မရင်းနှီးတဲ့မြို့ပြတစ်ခုမှာအခြေစိုက်ရပ်တည်ရင်းသူအလုပ်ကြိုးစားခဲ့တယ်။
တစ်နှစ်တစ်ခါနှစ်ကူးမှအမေ့အိမ်ကိုသူတစ်ခေါက်ပြန်နိုင်ခဲ့တယ်။အမေ့အိမ်ရောက်တိုင်းအမေက"သား..သားအလုပ်စလုပ်တာမကြာသေးဘူး။ဘယ်လောက်မှစုဆောင်းမိသေးမှာမဟုတ်ဘူး။အိမ်ပြန်ရင်ကားခကဈေးကြီးသဘိနဲ့။ ဟိုမှာလုပ်စရာရှိတာလုပ်ပါ။ အမေနေကောင်းကျန်းမာပါတယ်.. သားစိတ်ချပါ"

အမေ့စကားနားထောင်ပြီး သူ့စိတ်ထဲမှာ "အလုပ်ကောင်းကောင်းလုပ်ရာထူးတွေတိုးမှ အမေငါ့ကို မွေးရကျိုးနပ်မှာ" လို့ တွေးထင်ပြီး အလုပ်တွေပိုကြိုးစားခဲ့တယ်။ တစ်လတစ်ခါ အမေ့ကို ငွေပို့ပေးပြီး တစ်နှစ်မှတစ်ကြိမ်
အိမ်ပြန်ဖြစ်ခဲ့တယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် ကိုယ်ပိုင်တိုက်၊ကိုယ်ပိုင်ကားတွေသူပိုင်ဆိုင်လာခဲ့တယ်။ဒိ့ထက်ငွေတွေရှာပြီးအမေ့အတွက်တိုက်တစ်လုံးဝယ်မယ်၊အမေ့ကိုသူနဲ့ပဲလာနေစေတော့မယ်လို့သူအဓိဌာန်ချမိပြန်တယ်။

အဲဒီလိုနဲ့ တစ်နေ့မှာ အမေအသည်းအသန်ဖြစ်တဲ့ အကြောင်းကြားစာတစ်စောင် သူ့ဆီရောက်လာခဲ့တယ်။ သူစိတ်တွေလှုပ်ရှားပြီး အမေ့အိမ်ကိုမြန်မြန်ဆန်ဆန်ရောက်သွားချိန် အမေစကားတစ်ခွန်းမှ မပြောနိုင်တော့ဘူး။
အချိန်မီရောက်လာတဲ့ သူ့လက်ကို အမေဆုတ်ကိုင်ပြီး ခပ်ဖွဖွလေး ပြုံးပြတယ်။အဲဒီနောက် အပြုံးနဲ့ အမေထာဝရ အိပ်စက်သွားခဲ့တယ်။

သူ့ရင်တွေနာကျင်နေမိတယ်။အမေ့ကိုမပြုစု၊ကျေးဇူးမဆပ်လိုက်ရခင်သူ့အပါးကနေအမေထာဝရထွက်သွားခဲ့တဲ့အတွက်သူနောင်တရမိတယ်။သူ့မွေးနေ့တွေအကြိမ်ကြိမ်ကျင်းပခဲ့ဖူးပေမယ့်အမေ့မွေးနေ့ကိုသူတစ်ခါမှမကျင်းပပေးခဲ့ဖူးဘူး။ အဝတ်တစ်စုံ ဝယ်မပေးခဲ့ဖူးဘူး။ အမေနဲ့အတူလမ်းမလျှောက်ခဲ့ဖူးဘူး။ အမေ့ကျန်းမာရေးကို မမေးခဲ့ဖူးဘူး။ ဒါတွေသူလုပ်နိုင်ရက်နဲ့ သူမလုပ်ခဲ့မိဘူး။

နာကျင်ခြင်းတစ်မျိုးက ဘယ်လိုမှ အစားထိုးလို့မရဘူး။ ကိုယ်သတိရ၊အသိစိတ်ဝင်တဲ့အချိန် အရမ်းနှောင်းသွားခဲ့ပြီ။ မိဘတွေက သားသမီးတွေဆီကနေဘာငွေကြေး၊ ဘာလက်ဆောင်မှ မမျှော်လင့်တတ်ကြဘူး။ ဒါပေမယ့် သားသမီးတွေကသူတို့ကိုမကြာခဏအဖော်ပြုမယ်၊အိမ်ပြန်မယ်၊ချွေးထွက်ချိန်ကမ်းလိုက်တဲ့ပုဝါပါး၊လမ်းဖြတ်ကူးချိန်ဖေးမလိုက်တဲ့လက်တစ်စုံ၊မွေးနေ့မှာတောင်းဆုပြုတဲ့စကားတစ်ခွန်းကမိဘတွေရဲ့ရင်ကိုပိုနွေးထွေးစေပါ
တယ်။

မိဘတွေကျန်းမာဆဲ၊ မိဘတွေ ဒီကမ္ဘာမြေပေါ်ကနေ ထွက်မသွားခင်တုန်းမှာသူတို့နဲ့အတူနေတဲ့ တစ်စက္ကန့်၊ တစ်မိနစ် အချိန်ကို တန်ဖိုးထားပေးပါ။အဖော်ပြုပေးကြပါ။
လူသားအားလုံး သားသမိးအားလုံး မိဘမေတ္တာကိုနားလည်လို့ မိဘကျေးဇူးဆပ်နိုင်သူများဖြစ်ကြပါစေလို့.......

No comments:

Post a Comment