ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 23 August 2009

ယောက်ျား၊ မိန်းမ မာယာများ

ယောင်္ကျားမာယာ

ယောင်္ကျားမာယာဟာ ထောက်ထားစရာရယ်လို့မရှိဘူး။ ယောင်္ကျားယုတ်ရင် မိန်းမထက်တောင်ပုတ်လို့ ဆိုသူက ဆိုကြတယ်။ ယောင်္ကျားဆိုတာဟာ မိန်းမတွေ အထင်ကြီးတက်တဲ့အရာမို့ မာယာသုံးတာကို နားမလည်လိုက်ရင် အခါခါ ဆုံးရှုံးတတ်ပါတယ်။ ယောင်္ကျားကြီးတန်မဲ့ မာယာများတာမျိုးဟာ အရုပ်ဆိုးသလိုအောက်
တန်းလည်း အလွန်ကျလှပါတယ်။ယောင်္ကျားဆိုးရဲ့ မာယာကို မိတဲ့ မိန်းကလေးဟာ ပန်းကောင်းအညွန့်ကျိုး ဖြစ်တတ်တယ်။ မာယာကိုမသိဘဲ ယုံမှတ်လို့ ပုံအပ်လိုက်ရင် မျက်ရည်နဲ့ဒူးသုတ်ရတဲ့ အဖြစ်မျိုးကို ရောက်ရမှာပဲ။ ယောင်္ကျားဆိုတာ အပြင်လောကကို ထိတွေ့သူများတဲ့သူများတဲ့အတွက် မာယာသုံးရင် အချို့မိန်းကလေးတွေထက် ပိုပြီး သုံးတက်တယ်။ ယောင်္ကျားတွေဟာလည်း မာယာမရှိတက်ဘူးလို့ မထင်လေနဲ့။ သူတို့မှာလည်းရှိတာပဲ။ အကောင်းအဆိုးဟာ အရာရာတိုင်းမှာရှိတလို မာယာရှိတဲ့ ယောင်္ကျားတွေလည်း ရှိတတ်တယ်။ သစ္စာမဲ့ယောင်္ကျားတွေလည်းရှိတယ်။ ယနေ့ယောင်္ကျားတွေမှာ အရည်အချင်းနဲ့ ဥစ္စာစည်းစိမ်ကို မက်လုံးပေးတာများနေတယ်။ အပေးလေးရက်ရောရင် အပြေးလေးရောယှက်ချင်တတ်တဲ့ မချောလေးတွေဟာ ယောင်္ကျားမာယာ မိတာများတယ်။ ဂုဏ်ရှိန်ဟာ အချစ်မဟုတ်ဘူး။ ဥစ္စာစည်းစိမ်ဟာ အချစ်မဟုတ်ဘူး။ အချစ်ဆိုတာအသည်းနှလုံးက လာတာ၊ ရင်ထဲကလာတာတွေပါ။ အချို့ယောင်္ကျားလေးတွေဟာ ဘ၀အတွေ့ အကြုံများပြီး အပြောမှာ ချောနေတယ်။ အပြောချောတာကို သဘောအမှန်ထင်ခဲ့ မိရင် မောရမှာ ကျောချမှန်းသိလာလိမ့်မယ်။ အပြောကိုမယုံဘဲ လက်တွေ့ကို ယုံတတ်တဲ့အကျင့် ကျင့်ယူပါ။ မာယာများတဲ့ ကျားဟာစဉ်းလဲကောက်ကျစ်သလောက် ရက်စက်ယုတ်မာတယ်။ ကျားမိုက်ရဲ့ တအားကိုက်ခံရတဲ့ စေဒနာမျိုးဆိုတာ အသည်းချုက်အောင်ံစားရပြီး ဆေးလိုက်လို့လည်းမတိုးတော့ဘူး။မိန်းမဆိုတာ အနှမျိုးဖြစ်တယ်။ ယောင်္ကျားကိုအားကိုးပြုရတယ်။ အဲသည်လို အားကိုးပြုရတဲ့ လင်ယောင်္ကျားက မာယာများရင် ဘယ်မှာလာကောင်းတော့မှာလဲ။ မာယာသမားဟာ ညှာတာခြင်းကင်းတယ်။ လောကမှာ လင်ငတ်လို့မသေနိုင်ဘူး။ မာယာများတဲ့လင်မျိုးကို ယူမိရင်တော့ လင်ဆိုးမယား
တဖားဖား ဖြစ်ပြီး အသက်တောင် တိုနိုင်ပါတယ်။ ပညာမဲ့ယောင်္ကျားတစ်ယောက်ရဲ့ မာယာထက် ပညာတတ် ယောင်္ကျားတစ်ယောက်ရဲ့ မာယာက ပို ကြောက်စရာ
ကောင်းတယ်။ ယောင်္ကျားတစ်ယောက် မာယာရှိမရှိကို ချစ်သူဘ၀ထဲကအကဲခတ်ပါ။ မာယာတွေ အကြိမ်ကြိမ် သုံးလားရင် ရဲရဲဝင့်ဝင့် ဖြတ်ပါ။ ဘ၀ခရီးအတွက် လက်
မတွဲပါနဲ့။ မာယာသမားဆိုတာ သစ္စာတရားနဲ့ အကြင်နာတရား မရှိတဲ့အတွက် မာယာသုံးတာဖြစ်တယ်။ စေတနာမပါဘဲ ဖော်စပ်ထားတဲ့ဆေးဟာ ဝေဒနာ မပျောက်သလို
မာယာများတဲ့ အချစ်ဟာ အချစ်စစ် အချစ်မှန် မဟုတ်ဘူး။ ယောကျာ်းမာယာကို သိအောင် စိတ်နဲ့ အပြုအမူကို အကဲခတ်ရမှာ ဖြစ်တယ်။ ကျားဆိုတာ မ ထက်ပိုပြီး လှုပ်ရှားမူ
ကိုအပြုအမူ များတတ်ပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူတွေဟာ သူ့ စိတ်ကိုလည်းပြနေတယ်။ အထူးသတိထားရမှက မာယာစကားသံကို သတိထားပါ။ စိတ်ရဲ့ အဆင်းရောင်ဟာ မျက်နှာမှာ ပေါ်တာထက် စကားသံမှာ ပိုပေါ်တတ်တယ်။ လူတစ်ယောက် ဟာ စာပေးရာမှာ စိတ်တစ်မျိုး စကားတစ်မျိုး သုံးနိုင်တယ်။ ဒါပေမယ့် အတူတူ
မျက်နှာချင်းဆိုင်ပြီး ပြောကြရင်တော့ ဟန်ဆောင်ခြင်းကို လွယ်ကူစွာ မတတ်နိုင်ဘူး။ စိတ်သဘောရင်းဟာ အသံမှာ ပေါ်လာတတ်တယ်။ အချို့ဆို သိသိသာသာကို ပေါ်တယ်။
မာယာစကားပြောနေတာကို သတိပြုနိုင်ခဲ့ရင် ကိုယ်ဟာမာယာစက်ကွင်းက လွတ်မယ်။ ကျားမာယာကို သတိထား။ အချစ်ကို လွယ်လွယ်လက်ခံသူကို လွယ်လွယ်ပဲ စွန့်ခွာတတ်ကြတယ်။ အချစ်စိတ်ဟာ များစွာပြင်းထန်တော့ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ချစ်ဒုက္ခရေရေလည်လည် ခံရတတ်တယ်။
တောသူမလေးမှ သူငယ်ချင်းများကို သိစေချင်သောဆန္ဒဖြင့် သူသေသီဘုနုးမြင့်သွေး စာအုပ်မှ တင်ပြလိုက်ပါတယ်။
ပျော်ရွှင်သောအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ................

မိန်းမမာယာ

ရှေးသျှတ္တရဆရာတွေကတော့ မာယာ(၄၀)ရှိတယ်လို့ဆိုတယ်။ ရှေးကဆိုခဲ့တဲ့ မာယာတွေထက် ယနေ့မိန်းကလေး အချို့ရဲ့မာယာတွေကပိုများလာတယ်။ မချစ်ပဲချစ်ဟန်ဆောင်
တတ်ကြတယ်။ လိုချင်တဲ့အရာတစ်ခုကို အပြုံးအရယ်တွေနဲ့ ဖုံးကွယ်ပြီး ရအောင်ယူတက်ကြတယ်။ အပြောချိုရုံမကဘဲ မနောပါ ပိုပြတတ်တယ်။ အဲဒီမှာ ယုံလို့ ပုံလိုက်ရင်တော့
ကုန်ပြီတာမှတ်ပေတော့။ ကြောက်ဆရာအကောင်းဆုံးကတော့ အချို့မိန်းကလေးတွေဟာ ခန္ဓာကိုယ်ပေးဖို့တောင် ၀န်မလေးတဲ့ ကိစ္စပါပဲ။ အကုန်လုံးကို ရင်းပြီးတော့
ယူတာပဲ။ ××ဘယ်သူတော့ဘယ်လောက်ပါသွားပြီ ×× ××ကိုဘယ်အ၀ှါတော့် ဘယ်လိုခံရပြီ××နဲ့ ကြားလိုက်ရတိုင်း မိန်းမမာယာမိသွားကြတာများတယ်။ မိတ်ဆွေ
တစ်ဦး ပြောပြတဲ့ အဖြစ်ကတော့ အံ့သြစရာပဲ။ မိန်းကလေးတစ်ယောက်ဟာ မာယာနဲ့ ကန်ထရိုက်တိုက်ခန်း တစ်ခန်းကို အပိုင်ရအောင်ယူသွားသတဲ့။ သူ့မာယာ
တွေက ပိရိလွန်းတော့ ဘယ်သူမှမရိပ်မိကြဘူးတဲ့။ တိုက်ခန်းလည်းပိုင်ရော၊ အမျိုးသားနဲ့ မကွဲကွဲအောင် ပြုလိုက်ရော ။ ရွှေကဲ စိကဲ ခတ်ဖို့လွယ်တယ်၊ မိန်းမကဲခတ်
ဖို့အလွန်ခက်ပါတယ်။ မိန်းမကြီးတွေတာမာယာတတ်တာ မဟုတ်ဘဲ မိန်းမငယ်လေးတွေလည်း မာယာတတ်ပါတယ်။ အချို့မိန်းမကောင်းတွေဟာ မာယာလုံးဝမသုံး
ကြပါဘူး။ မန်း၊ ကလေးစိတ်ဆိုတာ လွန်စွာအသိခက်တယ်။ လွယ်လွယ်မသိနိုင်ဘူး။ အချစ်ကိစ္စမှာ လိုက်လျောသလိုလိုနဲ့ တကယ်တမ်းမှာ မလိုက်လျောတတ်ပြန်
ဘူး။ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုပြုံးနေလို့ ၊စကားပြောနေလို့ ၊ ကိုယ်က နောက်ပြောင်စတာကိုခံနေလို့ ပြေလည်အဆင်ပြေပြီမထင်နဲ့ ။ အချို့မိန်းလေး
တွေဟာ မာယာနဲ့သီးခံပြီး ပေါင်းတတ်တယ်။ အချို့မိန်းကလေးတွေဟာ သူတို့ကိုစိတ်ဝင်စားလာအောင် ဂရုစိုက်လာအောင် ပြုတတ်တယ် ဒါပေမယအဲဒီယောင်္ကျား
လေးကို ကြိုက်လို့လားဆိုတော့ မဟုတ်ဘူး။တကယ်မကြိုက်ဘူး။ မာယာလုပ်တာပဲဖြစ်တယ်။ သည်တစ်ယောက်ကိုမာယာလုပ်တစ်လို အခြားတစ်ယောက်ကိုလည်း
မာယာလုပ်တတ်ပြန်တယ် ။ အဲဒါမျိုးတွေ့ရင် ရိုးသားတဲ့ ဘသားချောကတော့ အဟုတ်ထင်ပြီးခံရတာပဲ။ ဂျာမန်စကားပုံမှာ.. * မိန်းမတွေဟာ သူမတို့ရဲ့ စားရှည်များ
ကို ပါးစပ်ဖျားအတွင်းမှာ ဆောင်ထားကြတယ်လို့ဆိုတယ်။ နောက်စကားပုံတစ်ခုက... * မိန်းမ အတော်များများရဲ့ အကျင့်သီလသမာဓိဟာ စိန်ဆွဲကြိုးနဲ့ သီကုံးထား
သတဲ့။ * မိန်းမတွေရဲ့ ငိုကြွေးခြင်းဆိုတာက လှောင်ပြောင်ရယ်မောခြင်း တစ်မျိုးဖြစ်သတဲ့။ မိန်းမမာယာဟာ များပြားလွန်းလှပါတယ်။များလို့လည်းစာဖွဲ့ မကုန်ဘူး
မာယာဆန်းတွေ အများကြီးရှိတယ်။ အချို့ကလှတစ်လောက်ကို မာယာများတယ်။ လှပတဲ့မျက်နှာပိုင်ရှင်မို့ စိတ်နှလုံးကောင်းမယ်လို့ ပုံသေတွက်မရဘူး။ လှပတဲ့
မိန်းမအချို့မှာ လှပတဲ့ အန္တရယ်ရှိတယ်။ အရုပ်ဆိုးတဲ့ အန္တရယ်ကို လှပတဲ့ အန္တရယ် နဲ့ သေါးဆောင်ခေါ်သါားတတ်တယ်။ အချို့မိန်းမတွေရဲ့ စကားမှာပျားရည်တွေ
ပါနေပေမယ့် အဆိပ်တွေရှိနေတတ်တယ်။ အီတာလျံစကားပုံတစ်ခုမှာ.... * လှပချောမောတဲ့ မိန်းမတစ်ယောက်ရဲ့ အပြုံးတွေဟာ ပိုက်ဆံအိတ်ရဲ့ မျက်ရ်ာတွေပဲတဲ့
အလွန်ကြံကြံဖန်ဖန်နဲ့ လေးနက်တဲ့ စကားပုံတစ်ခုပါပဲ့
အချို့မိန်းကလေးတွေဟာ လိုချင်မက်မောစရာရှိလာရင် မာယာလက်နက်မျိုးစုံနဲ့ မထိထိအောင်ကိုပစ်တော့တာပါပဲ။ မိန်းကလေးစကားဆိုတာ များသောအား
ဖြင့် နားဝင်ချိုတက်ပါတယ်။ စကားကျယ်ကျယ်ပြောတဲ့ မိန်းကလေး အလွန်နည်းပါးပြီး တိုးတိုးညင်သာပြောတတ်တဲ့မိန်းက လေးကများတယ်။ မိန်းကလေးတစ်
ယောက်ရဲ့ ပျားရည်လူးထားတဲ့ မာယာစကားကို ယုံမိလို့ ဒုက္ခရောက်တက်တယ်။ မိန်းကလေးတွေနဲ့ ပေါင်းရင် အထူးသတိထားရမှာက သူ့ဆီမှာ မာယာရှိမရှိ
မာယာသုံးနေခြင်း မသုံးနေခြင်းပါပဲ။ အကျိုးပျက်လောက်အောင် မာယာသုံးတတ်တဲ့ မိန်းကလေးမျိုး တွေ့ရင်တော့ ချက်ချင်းသာ ဖြတ်ပစ်လိုက်ပါ။ နောက်ပြန်
တောင်လှည့်မကြည့်ပါနဲ့တော့။ ငယ်ကတည်းက မာယာများတဲ့ မိန်းကလေးဟာ ကြီးလာရင်လည်း မာယာသုံးတတ်မှာပဲ။ မာယာဆိုတာစာနာခြင်းကင်းသူတွေ လုပ်တဲ့အလုပ်ပါပဲ။
မှသူငယ်ချင်းများကိုသိစေချင်သောစေတနာနဲ့ပါ ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး

No comments:

Post a Comment